Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

ဇန်နဝါရီလအတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှုအခြေအနေ

Mon, 02/13/2023 - 12:56 -- journal_editor

ရော်ဘာ
ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၄၃၃ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၃၈၀ဝ ခန့် တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၉၂၂၀ ကျော်၊ မလေးရှားနိုင်ငံသို့  ရော်ဘာ ၃၃၇၇ တန်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၆၉၀ ကျော်၊ ဂျပန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၄၈၀ နှင့် သီရိလင်္ကာနိုင်ငံသို့ ရော်ဘာတန်ချိန် အနည်းငယ် တင်ပို့ခဲ့သည်။

မူဆယ်ကုန်သွယ်ရေးဇုန်မှ ယခုတစ်ပတ်အတွင်း ကုန်သွယ်မှုပမာဏ ပိုမိုဆောင်ရွက်

Sat, 02/04/2023 - 22:41 -- journal_editor

ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၁၅ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၈၉၇ သန်း ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃၁၂  သန်းဖြစ်သည်။ ယခင်တစ်ပတ်ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန်ဒေါ်လာ သုည ဒသမ ၇၃၈ သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၁၄ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှု ပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၅၂ သန်း ပိုမိုခဲ့ကြောင်းသိရသည်။ 

ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၅ သန်းကျော်ရရှိ

Mon, 01/30/2023 - 15:24 -- journal_editor

ဆန်
ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇၈၁ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၃၂၄၃၀ ခန့်တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၇၂၅၀ ကျော် နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၁၅၁၈၀ ကျော် တင်ပို့ခဲ့သည်။ 

ဒီဇင်ဘာလအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှု အမေရိကန်ဒေါ်လာ ၈၃ သန်းကျော်ရရှိ

Thu, 01/19/2023 - 13:02 -- journal_editor

ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၇၄၆ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၉၉၅၅၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၆၆၁၉၀ခန့်နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၃၃၃၆၀ ခန့် တင်ပို့ခဲ့သည်။ 

ဒီဇင်ဘာလအတွင်း ရော်ဘာနှင့် ပြောင်းတင်ပို့မှု

Thu, 01/19/2023 - 11:07 -- journal_editor

ရော်ဘာ
ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၃၇၇ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၇၆၀ဝကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာ တန်ချိန် ၁၁၂၃၀၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၄၄၈၀ ကျော်နှင့် အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၉၄၀ ကျော် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံးနိုဝင်ဘာလနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ကျပ် ၁၀ဝ၀ဝ ကျော် ပိုမိုတင်ပို့ခဲ့သည်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကာလတူထက် ကုန်သွယ်မှုပမာဏပိုမို

Thu, 01/05/2023 - 14:18 -- journal_editor

ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ  ပို့ကုန် အမေရိကန်ဒေါ်လာ  ၅ ဒသမ ၈၆၀ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၇၈ သန်း ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၃၈ သန်း ဖြစ်၍ ယခင်နှစ်ကာလတူ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၅၉ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၆၇ သန်း ပိုမိုခဲ့သဖြင့်  ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဒသမ ၅၂၆ သန်း ပိုမိုခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ တတိယပတ်အတွင်း ဘိလပ်မြေနှင့် ဓာတ်မြေသြဇာတင်သွင်းမှု အခြေအနေ

Tue, 01/03/2023 - 15:10 -- journal_editor

ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ  ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ  ၁၄ ဒသမ ၈၆၂ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၂၇၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် ဘရူနိုင်း နိုင်ငံမှ တန်ချိန် ၁၅၀ဝ၀ ကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၉၀ဝ၀ ခန့် ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ  တန်ချိန် ၁၀ဝ၀ ကျော်၊ ကနေဒါ နိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊  ဂျာမနီနိုင်ငံမှ တန်ချိန် ၃၀ဝ ကျော်နှင့် အီရန်နိုင်ငံမှ တန်ချိန် ၇၅၀ ကျော် တင်သွင်းခဲ့သည်။ ယခုတစ်ပတ်အတွင်း ဘရူနိုင်း နိုင်ငံမှ ဓာတ်မြေသြဇာ အများဆုံးတင်သွင်းကြောင်း သိရ သည်။  အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပ

မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂၅ သန်းကျော်ဖိုးဆောင်ရွက်

Tue, 01/03/2023 - 12:57 -- journal_editor

ဒီဇင်ဘာ ၁၇ ရက် မှ ၂၃ ရက်ထိကာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၇ ဒသမ ဝ၄၈ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၆၇၅ သန်း ဆောင်ရွက်နိုင်၍ ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန် ဒေါ်လာ ၂၅  ဒသမ ၇၂၃ သန်း ဆောင်ရွက်နိုင်ခဲ့သည်။ ယခင်တစ်ပတ်  ဆောင်ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၂၁ သန်းလျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၆၅ သန်း ပိုမိုခဲ့သဖြင့် စုစုပေါင်း ကုန်သွယ်မှုပမာဏအနေဖြင့်  အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၅၆သန်း လျော့နည်းခဲ့ကြောင်း သိရ သည်။

မြဝတီကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာလအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၆၆ သန်းကျော် ဆောင်ရွက်ခဲ့

Wed, 12/21/2022 - 10:44 -- journal_editor

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုဝင်ဘာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၃၅၂ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၂၆ ဒသမ ၃၈၉ သန်း ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၆ ဒသမ ၇၄၁ သန်းဖြစ်၍ ကုန်သွယ်မှုလျာထားချက်အပေါ် ၇၉ ဒသမ ဝ၂၄ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

မြဝတီကုန်သွယ်ရေးဇုန်မှ ယခုတစ်ပတ်အတွင်း ကုန်သွယ်မှု  ပိုမိုဆောင်ရွက်

Thu, 12/08/2022 - 12:24 -- journal_editor

နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၂၉ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၃၀ ဒသမ ၃၉၂ သန်းရှိပြီး ကုန်သွယ်မှုပမာဏ ၄၀ ဒသမ ၁၂၁ သန်း ဖြစ်ကာ အနီးစပ်ဆုံးကာလ ယခင်တစ်ပတ်ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၉၆ သန်း လျော့နည်းခဲ့သော်လည်း သွင်းကုန်အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၅၄ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၅၈ သန်း ပိုမိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ