Main menu

Background

Monday, 11 Sep 2023

ပြည်ပဲဈေးကွက်အတွင်း ယခုနှစ်တွင် ပဲဈေးများ ဈေးမြင့်တက်လာခဲ့ခြင်းကြောင့် ပြည်ပဝယ်လိုအား များသော ပဲများနှင့် ပြည်တွင်းအဓိက အဝယ်ရှိသော ပဲများပါ ဈေးကောင်းရလျက်ရှိနေသည်။ လက်လီပဲဈေးကွက်၌လည်း နေ့စဉ် လက်လီရောင်းဝယ်မှု အိတ် ၂၀၊ ၃၀ ခန့်ဖြစ်လျက်ရှိသော စားတော်ပဲသီးနှံဈေးသည် တစ်တင်း (ပိဿာ ၂၀) ကို ကျပ် ၁၃၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ 

Monday, 11 Sep 2023

ပြည်ခရိုင်ရှိ နွေစပါးများမှာ ယခုစက်တင်ဘာလဆန်းတွင် ၁၅၁၀ဝ၀ဝကျပ်ဖြင့် ဈေးငြိမ်နေပြီး ဆန်ဈေးများမှာ ကျပ် ၆၃၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိသည်။  နွေစပါးဈေးများမှာ   ယခင်နှစ်ဖြစ်သော  ၂၀၂၂ ခုနှစ်  စက်တင်ဘာလတွင် ကျပ် ၁၁၀ဝ၀ဝ၀၊ ဆန်တစ်အိတ်လျှင် ကျပ် ၄၈၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိခဲ့သည်။ 

Monday, 31 Jul 2023

စပျစ်သီးသည် ချိုချဉ်အရသာဖြင့် လူကြိုက် များသောအသီးဖြစ်သည်။ စပျစ်သီးကိုဖျော်ရည် အဖြစ်လည်းသောက်သုံးကြသည်။ များသောအား ဖြင့်တော့   အသီးအတိုင်း    စားလေ့ရှိကြသည်။  ထို့ပြင်   စပျစ်သီးကို ဝိုင်အဖြစ်လည်း    ပြုလုပ် သောက်သုံးကြသည်။   စပျစ်ဝိုင်သည်  နာမည်ကြီး လှသည်။  စပျစ်သီးသည်    ကျန်းမာရေးကိုလည်း များစွာအထောက်အကူပြုပါသည်။

Tuesday, 18 Jul 2023

ရော်ဘာ
ဇွန် ၁ ရက်မှ ၃၀ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၄၅ သန်း တန်ဖိုးရှိ ရော်ဘာ ၇၆၄၈ တန် တင်ပို့ခဲ့ကြောင်း သိရသည်။ ရော်ဘာတင်ပို့သော နိုင်ငံများမှာ တရုတ်နိုင်ငံသို့ ရော်ဘာ ၆၈၈၈ တန်ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့  ရော်ဘာတန်ချိန် ၃၀ဝ၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၆၀၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ ၅၈ တန်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရော်ဘာ ၃၉ တန် တင်ပို့ခဲ့သည်။

Monday, 17 Jul 2023

ပဲပုပ်ဟူသည့် သီးနှံကို ပဲအဖြစ်လည်းကောင်း၊ ဆီထွက်သီးနှံအဖြစ် လည်းကောင်း သိရှိကြသည်။ ကမ္ဘာပေါ်တွင် ပဲပုပ်ကို အများဆုံးစိုက်ပျိုးထုတ်လုပ်သော နိုင်ငံများမှာ အမေရိကန်ပြည်ထောင်စု၊ ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံတို့ဖြစ်သည်။ ပဲပုပ်သည် protein အသားဓာတ်ကြွယ်ဝပြီး အာဟာရပါဝင်မှုများပြားသဖြင့် ပဲပုပ်ဆီကို အဆင့်မြင့်စားသုံးဆီအဖြစ် သတ်မှတ်ကြသည်။ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ သံလွင်ဆီ၊ ကနိုလာဆီ၊စားအုန်းဆီများကဲ့သို့ Vegetable Oil အဖြစ် ပဲပုပ်ဆီကို သတ်မှတ်ထားသဖြင့် ပဲပုပ်ကို ပဲအုပ်စုတွင် ထည့်သွင်းခြင်းမပြုဘဲ ဆီထွက်သီးနှံအုပ်စုတွင် ကမ္ဘာ့နိုင်ငံများက ထည့်သွင်းဖော်ပြကြခြင်းဖြစ်သည်။ မြန်မာနိုင

Monday, 17 Jul 2023

ဇွန်လအတွင်း  ပင်လယ်ရေကြောင်း ကုန် သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေး   စခန်းများမှ ပဲတီစိမ်း တန်ချိန် ၄၃၇၀ဝကျော်၊ မတ်ပဲတန်ချိန် ၄၆၅၆၀ ကျော်၊   ပဲစင်းငုံတန်ချိန် ၁၅၀၅၀ ကျော် တင်ပို့ခဲ့သဖြင့် ပဲတန်ချိန်  စုစုပေါင်း တန် ၁၀၅၃၁၀ ကျော် တင်ပို့ခဲ့သည်။
ပဲတီစိမ်း

Monday, 17 Jul 2023

စားတော်ပဲကို  ဒေသအသီးသီးတွင် လူမျိုးမရွေး၊ ဘာသာမရွေး စားသုံးလျက်ရှိသည်။ မြန်မာလူမျိုးတို့သည် စားတော်ပဲကို  အခြေခံအစားအစာတစ်ခုအဖြစ် လည်းကောင်း၊ မနက်ခင်း အဆာပြေစာအဖြစ်လည်းကောင်း ထမင်းပူပူ၊ ထမင်းကြော်၊ အီကြာကွေး၊ ပလာတာ၊ နံပြား  စသည်တို့ဖြင့် စားသုံးကြသည်။

Wednesday, 21 Jun 2023

ပိန္နဲပင်တွင် အိမ်ပျော့မျိုးနှင့် အိမ်မာမျိုးဟူ၍ နှစ်မျိုးရှိပြီး လူအကြိုက်အများဆုံးမှာ အိမ်မာမျိုးဖြစ်သည်။ ပိန္နဲသီးအစိမ်းကို ဟင်းချက်၍ စားရသလို အမှည့်ကိုလည်း အချိုပွဲအဖြစ် စားသုံးကြသည်။ ထို့ပြင် ပိန္နဲသီးကို  ယိုထိုး၍လည်း ကောင်း၊ ဂျယ်လီပြုလုပ်၍လည်းကောင်း၊ ရေခဲမုန့်ပြုလုပ်၍ လည်းကောင်း၊  စည်သွတ်ဘူးများ  ပြုလုပ်၍လည်းကောင်း စားသုံးကြသည်။ ပိန္နဲပင်ကို အိမ်ခြံဝင်းထဲတွင် မိမိတို့အိမ်သားများ စားသုံးရန် တစ်ပင်၊ နှစ်ပင်ခန့် စိုက်ပျိုးကြသလို စီးပွားဖြစ်လည်း ဧကပြတ်စိုက်ပျိုးကြသည်။

Tuesday, 20 Jun 2023

မြန်မာ့ကြက်သွန်နီကို   ဖိလစ်ပိုင်နိုင်ငံသို့   တိုက်ရိုက် တင်ပို့နိုင်ရန်အတွက် ပြည်တွင်းရှိ ကြက်သွန် ကုန်သည်များနှင့် လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ကြက်သွန်ကုန်သည်များထံမှ သိရသည်။
ဖိလစ်ပိုင်နိုင်ငံသို့ မြန်မာ့ကြက်သွန်နီများ  တင်ပို့မှုကို လက်ရှိတွင်   တရုတ်၊ ထိုင်းနှင့်    ဗီယက်နမ် ကုန်သည်များမှ တစ်ဆင့် တင်ပို့နေရသည့်အတွက်    တိုက်ရိုက်တင်ပို့နိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

Tuesday, 20 Jun 2023

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် ဇွန် ၁၂ ရက်တွင် Thai Rice Exporter Association Website ၌ ဖော်ပြချက်အရ  ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၂ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၄၅၂ဒေါ်လာ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည် ကိုသိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၃ဒေါ်လာ ဖြင့်လည်း ကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၀၉ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၂ ဒေါ်လာဖြင့်

Pages