Main menu

Background

Monday, 3 Sep 2012

သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်မှ  ကန်ဒေါ်လာသုညဒသမ ၀၆၆ သန်းတန်ဖိုးရှိ ချင်းခြောက် ၂၉ တန်နဲ့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းတန်ဖိုးရှိ ချင်းခြောက် ၁၀ တန်ကို အပို့ရှိခဲ့ပါတယ်။ ယခု အပတ်နယ်စပ်မှ ဂျင်းခြောက် ၃၉ တန်ခန့်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက်  ၄ တန်အပို့ပိုမိုခဲ့ပါတယ်။ သြဂုတ်လတစ်လလုံးမှာ ချင်းခြောက်တင်ပို့မှု တန် ၁၀၀ နီးပါးရှိတယ်လို့စာရင်းများအရ သိရှိရပါတယ်။      MIRT(DOBT)

Monday, 3 Sep 2012

ယခုရက်ပိုင်းအတွင်း မြို့နယ်တာဝန်အနေနဲ့ ကျေးရွာအတော်များများကို ကွင်းဆင်းဆောင်ရွက်ခဲ့ရလို့ သြဂုတ်လ ၂၆ ရက်က မြိုင်မြို့နယ်၊ ၂၉ ရက်မှာ ပခုက္ကူမြို့နယ်ထဲက ချိုင်းကျေးရွာအုပ်စုကိုရောက်ခဲ့ပါတယ်။ နယ်တွေကို ကွင်း ဆင်းရင်း ကျွဲကူးရေပါဆိုသလို စိုက်ရေးပျိုးရေး၊ သီးနှံအထွက်ဆိုတာတွေကို လေ့လာ စူးစမ်း မေးမြန်းဖြစ်ခဲ့ပါတယ်။

Monday, 3 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှသြဂုတ်လ ၂၂ ရက်မှ ၂၈ ရက် ထိကာလအတွင်းမှာ ပဲပုပ်စေ့၊ ထောပတ်ပဲ၊ ပဲယင်းနဲ့ပဲနီကြား များ ယခင်အပတ်ကထက် တင်ပို့မှုပိုမိုခဲ့ပါတယ်။

Monday, 3 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှသြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၃၅၀ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့်နဲ့လုံးခြမ်း ၄၁၅ တန်ကျော် အပို့ရှိခဲ့ပါတယ်။ယခင်အပတ် ကထက် ပဲတီစိမ်းလုံးပြည့်တန် ၆၀ ကျော်နဲ့ပဲတီစိမ်းခွဲခြမ်းတန် ၁၀၀ ကျော် တင် ပို့မှု လျော့ခဲ့ပါတယ်။

Monday, 3 Sep 2012

ရေတွက်ပုံ - VISSAစဉ်    အမျိုးအစား         တိုကျိုဈေးကွက်ဈေးနှုန်း    ညီမျှမြန်မာဈေးနှုန်း(ကျပ်)၁။     တိရစ္ဆာန်အစားအစာ (က) ပြောင်း(CIF)          US$ 0.64                           557 (ခ) ပဲပုပ် (CIF)             US$ 0.87                            757၂။    ပဲမျိုးစုံ (က) ထောပတ်ပဲ (CIF)    Yen 127.92                      1422 မှတ်ချက်။    ငွေလဲနှုန်း 1 USD = 78.25-78.27 Yen (6.7.12) 1USD = 870 KyatsSource : NIHON KEIZAL NEWSPAPER,MOC

Monday, 3 Sep 2012

သြဂုတ်လ လကုန်ပတ် မုံရွာကုန်စည်ဒိုင်ပဲဈေးကွက် မှာ ကုလားပဲဈေးဆက်လက်မာနေကာ ရန်ကုန်အဝယ် မရှိပေမဲ့ ဒေသတွင်း လုပ်ငန်းသုံးသမားတွေ အဝယ်ရှိလို့ နေ့စဉ် အရောင်း အဝယ်ပုံမှန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလထဲမှာ ပဲတစ်မျိုးခြင်း အလိုက်ဖြစ်ပေါ်ခဲ့တဲ့ အရောင်း အဝယ်နဲ့ပေါက် ဈေးတွေကိုလေ့လာတဲ့အခါ V2 ဟာ ဒီတစ်ပတ်မှာ တစ်တင်း ၂၂၀၀၀ ကျပ်ဈေးမှာတန့်နေပြီး၊ ဒီလထဲမှာ တစ်တင်းအနိမ့် ဆုံး ၂၁၈၀၀ ကျပ်ကနေ အမြင့်ဆုံး ၂၂၈၀၀ ကျပ်ထိပေါက်ခဲ့ ပါတယ်။

Monday, 3 Sep 2012

သြဂုတ်လရဲ့ နောက်ဆုံးရက်သတ္တပတ်၊ ပခုက္ကူကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်ခဲ့တာတွေက ပဲစင်းငုံနီနှမ်းဝါ၊ နှမ်းညို၊ ပဲတီစိမ်းသေး၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဝါ၊ ပဲယင်း (မြစ်ခြေ) တို့ဖြစ်ပါတယ်။ ပဲစင်းငုံနီနေ့စဉ်အိတ် ၃၀၀ မှ ၁၄၀၀ ခန့်ထိ အရောင်းအဝယ်ဖြစ်ပြီး၊ ရန်ကုန်ဝယ်လက်နဲ့ဒေသခံပွဲစားတွေ နဲ့ လှောင်လက်တွေ ဝယ်ယူကြပြီး၊ ရန်ကုန် အပို့မရှိတာကိုတွေ့ရပါတယ်။ ဈေးနှုန်းမှာ ၂၁၃၀၀ ကျပ်မှ ၂၂၅၀၀ ကျပ်ကြား အရောင်းအဝယ်ဖြစ်ပါတယ်။

Monday, 3 Sep 2012

Co 6 ပဲတီစိမ်းအခြေခံမျိုးစေ့ ထုတ်လုပ်မှု ပြပွဲကို အိန္ဒိယ နိုင်ငံ တမီလ်နာဒူး စိုက်ပျိုးရေးတက္ကသိုလ်(TNAU) မှာ လွန်ခဲ့တဲ့ သီတင်းပတ်မှာ ကျင်းပခဲ့ပါတယ်။ မျိုးစေ့စိုက်ပျိုးသူ များ၊ လယ်သမားများ၊ သိပ္ပံပညာရှင်များနဲ့ သုတေသနပညာ ရှင် စုစုပေါင်း ၁၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြောင်း သိရပါ တယ်။ ယင်းအခမ်းအနားမှာ Co 6 ပဲတီစိမ်းမျိုး စိုက်ပျိုးမှု အကျိုးအမြတ်အတွက် အဓိကထားပြောကြားကြောင်းသိရ ပါတယ်။ အိန္ဒိယမှာ ပဲမျိုးစုံထုတ်လုပ်မှုက ပြည်တွင်းဝယ်လို အားထက် အလွန်ပဲ နိမ့်ကျနေတယ်လို့ TNAU ဒုတိယ ခေါင်းဆောင် Subbian မှ ပြောကြား ပါတယ်။

Monday, 3 Sep 2012

ပြီးခဲ့တဲ့ ဇူလိုင်၊ သြဂုတ်လအတွင်း ပြည်တွင်းရန်ကုန်ပဲ ဈေး ကွက်က ဈေးအတက်အကျကြီးမားပြီး ကြိမ်နှုန်းများ ခဲ့တဲ့အပြင် ပြည်တွင်းပေါက်ဈေးက ရန်ကုန် FOB   ဈေးအထက်မှာရောက်လို့ နေပါတယ်။ အထူးသဖြင့်တော့ ပြည်တွင်းပဲလက်ကျန်များနေသေး တဲ့ မတ်ပဲဈေးကွက်မှာ သိသာခဲ့ပါတယ်။ ဇူလိုင်လလယ် အထိ မတ်ပဲတစ်တန် ၅ သိန်းအောက်မှာရှိခဲ့ရာမှ ဇူလိုင်လကုန်၊ သြဂုတ် လ ပထမပတ်လောက်အထိ တစ်တန် ၆ သိန်းကျော်ထိ တစ်ဟုန် ထိုး တက်လာခဲ့ကာ နောင်ပိုင်းမှာတော့ ၆ သိန်းအောက် ရောက် လိုက်၊ အထက်ရောက်လိုက်နဲ့ ဈေးအပြောင်းအလဲများခဲ့ပါတယ်။

Monday, 3 Sep 2012

အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်လည်း ပဲမျုးိစုံအရောင်းအဝယ်ဆက်ပြီး ထိုင်းနေပါတယ်။ ပဲကုန်ကြမ်း တွေကို ပဲခွဲစက်လုပ်ငန်းရှင်ရော ကုန်သည်တွေပါ အဝယ်မရှိ ဖြစ်နေတဲ့အပြင် ပြည်ပက တင်သွင်းပဲတွေ အမြောက်အမြား ဝင်ရောက်နေပြီး လှောင်လက်တွေ ထုတ်ရောင်းနေတဲ့ကာလ ဖြစ်လို့ ပဲဈေးတွေ လျော့ကျနေတယ်လို့ သိရပါတယ်။

Pages