Background
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ထိုင်းနိုင်ငံသို့ မန်ကျည်း တင်ပို့မှု ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်နေ့တာ ကာလအတွင်း ၂၁ တန်ကို တင်ပို့ခဲ့ပါ တယ်။ ယခင်သီတင်းပတ်တန် တစ်ရာ့ခုနှစ်ဆယ်ကျော်တင်ပို့ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာ တင်ပို့မှုလျော့ကျခဲ့ပါတယ်။ ယခင်သီတင်းပတ် တစ်တန်ကို FOB ဈေးကန်ဒေါ်လာ ၄၅၀-၄၇၀ ရရှိခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာ တစ်တန်ကို FOB ဈေးကန်ဒေါ်လာ ၇၀၀ ဝန်းကျင်ရရှိခဲ့တယ်လို့သိရပါတယ်။ MIRT (DOT)
တစ်ပတ်လုံး မိုးအဆက်မပြတ်ရွာခဲ့တာကြောင့် ဟိုပုံးမှာလည်း ချင်း(ဥမ)တွေ ဈေးကွက်ကို စပြီးဝင်လာပါပြီ။ ဈေးကွက်ကို ဝင်လာပေမယ့် အဝယ်ကတော့ သိပ်မရှိ သေးပါဘူး။တစ်ပိဿာကိုလည်း ၈၀ကျပ် - ၁၀၀ ကျပ်ဈေးသာရှိသေးတာ ကြောင့်၊ ခြံရှင်တွေကလည်း အလုပ်သမားခနဲ့ ဈေးမကိုက်သေးတာကြောင့် သိပ်ပြီး မဖော်ကြ သေးပါဘူး။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၂၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါ တယ်။
ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ချင်းဝင်ရောက်မှုအနေနဲ့ အောင်ပန်းနဲ့ တောင်ကြီးဘက်မှ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့်ကို ချင်းတက် ချင်း (ဥမ) များ အပါအဝင် ယခင်အပတ်အတိုင်း ပုံမှန်ဝင်ရောက်မှုရှိခဲ့ပါတယ်။ ချင်းအတက် တစ် ပိဿာကို (ဂျွန်) ၆၀၀ ကျပ်၊ (ရှယ်) ၇၅၀ ကျပ်ဖြစ်ပြီး၊ ချင်း (ဥမ) မှာ ယခင် ၃၅၀ ကျပ်၊ ၅၀၀ ကျပ်မှ ယခု ၅၅၀ ကျပ်၊ ၆၀၀ ကျပ်နဲ့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ကို ချင်းအတက်နဲ့ ချင်းဥမများ ပိဿာချိန် ၉၀၀ ခန့်ကို ဈေးကွက်မှ တစ်ဆင့် ယခုတစ်ပတ်အတွင်း တင်ပို့မှုရှိသလို ပွဲရုံများမှာ တစ်ရက်ပိဿာချိန် ၅၀၀ ခန့်နဲ့ ပုံမှန်အရောင်းအဝယ်ရှိကြောင်းသိရပါတယ်။ဝင်းဝင်းခိုင်
ကန်ဒေါ်လာ သုည ဒသမ ၀၃၀ သန်းတန်ဖိုးရှိ ချင်းခြောက်များကို မူဆယ်နဲ့ မြဝတီနယ်စပ်တို့မှ ဇူလိုင် ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ၁၁၇ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၈၀ ကျော် ပိုမိုတင်ပို့ ခဲ့တယ်လို့သိရပါ တယ်။ မူဆယ်မှ ၁၁၄ တန်နဲ့ မြဝတီမှ ၃ တန်ကျော် တင်ပု့ိခဲ့တာဖြစ်ပါတယ်။MIRT(DOBT)
ပြည်မြို့မှ ပဲပွဲရုံများကို ပဲဝင်ရောက်မှု နည်းနေခဲ့ပြီး၊ ယခင်တစ်ပတ်က ပဲဈေးမြင့်လာတာကြောင့် လှောင်ပဲများကို ထုတ်ရောင်း ချကြလာကြပါတယ်။ ယခု တစ်ပတ်အတွင်း ပဲဈေးမှာ ဈေးမြင့်လာခဲ့ရာမှ ဈေးပြန်အေးသွားခဲ့တဲ့အတွက် လက် ကျန်ပဲအနည်းငယ် ထုတ်ရောင်းကြသူများလည်း ရှိနေသေးတာ တွေ့ရပါတယ်။
ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်ကို ပဲတီစိမ်းအသစ်များ ယခင်အပတ် ကထက် ဝင်ရောက်မှုများလာခဲ့ပါတယ်။ ဇူလိုင်လဆန်း မှစပြီး ပဲသစ်များ ဈေး ကွက်ကို စတင်ဝင်ရောက်ခဲ့ကြပြီး၊ ယခုဆိုရင် ဒေသတွင်း မြို့နယ်များမှပါ ထွက်ရှိ လာတဲ့အတွက် တစ်ရက်ကို အိတ် ၂၀၀ ခန့် ဝင်ရောက်လာခဲ့တာကို တွေ့ရပါ တယ်။
ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၂၃၃၀၀ ကျပ်နဲ့ အရောင်း အဝယ်ရှိပြီး၊ ယခုတစ်ပတ် မှာ ၂၄၅၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ကုလားပဲဝင်ရောက်မှု အနေနဲ့ အဝင်နည်းလာခဲ့ပြီး လက်ကျန်များနဲ့သာ အရောင်း အဝယ်ဖြစ်နေပါတယ်။ ယခုတစ်ပတ်အတွင်း ဒေသတွင်းခွဲစက်သမားများ အဝယ်ရှိ ပြီး၊ ရခိုင်ပြည်နယ်မှလည်းအနည်းငယ်အဝယ်ရှိကာတစ်နေ့အိတ် ၂၀၀ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။လွင်လွင်ဆန်း
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ ကန် ဒေါ်လာ ၁ ဒသမ ၁၅၃ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၄၇၂ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၄၂ သန်းတန်ဖိုးရှိ ပဲတီစိမ်းခြမ်း ၄၅ ဒသမ ၅၀၀ တန်ကို ဇူလိုင်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ပဲတီစိမ်း ၈၁၅ တန်နဲ့ ပဲတီစိမ်းလုံးခြမ်း ၂၁ တန်ခန့် တင်ပို့မှုလျော့ခဲ့ပါတယ်။ နှစ်ဘက်မြေပြင်ဈေးများ မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်-
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၀၉၀ သန်းတန်ဖိုးရှိ ပဲယင်း ၁၈၇ ဒသမ ၇၅၀ တန်၊ ကန်ဒေါ်လာသုညဒသမ ၀၅၀ သန်းတန်ဖိုးရှိ ပဲနီကြား ၆၄ တန်ကျော်နဲ့ ကန်ဒေါ်လာသုညဒသမ ၀၁၃၇ သန်းတန်ဖိုးရှိ ပဲကြီး ၁၄ တန် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပဲယင်း ၁၁၆ တန်ခန့်၊ ပဲနီကြား ၅ တန်ကျော် အပို့ပိုခဲ့ပြီး ပဲကြီးကိုတော့ ယခင်အပတ်က အပို့မရှိခဲ့ဘူးလို့ သိရပါ တယ်။ MIRT(DOBT)
အိန္ဒိယနိုင်ငံမှာ ၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အရေးကြီးတဲ့ မုတ်သုံမိုးပုံမှန်ထက်နည်းလို့ သီးနှံတွေ ထိခိုက်ပြီး စားသောက်ကုန်ဈေးတွေ မြင့်တက်ခဲ့ပါတယ်။ ယခုအချိန်ထိ မုတ်သုံမိုးက ပုံမှန်အောက် ၅ ပုံ ၁ ပုံ လျော့နည်းခဲ့ပါတယ်။ မကြာသေးမီက ရွာတဲ့မိုးကလည်း မလုံလောက်လို့ ဒီမိုးနည်းတဲ့ ပြဿနာဟာ လျော့မသွားဘူး ဖြစ်နေပါတယ်။ ဥပုသ်လ ရာသီလဲဖြစ်နေတော့ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ပဲဈေးတွေအတက်ကြမ်းပြီး တက်လိုက် ကျလိုက်ကစားနေပါတယ်။
