Background
ကန်ဒေါ်လာ သုညဒသမ ၄၆၇ သန်းတန်ဖိုးရှိ နနွင်းတက် (ရှမ်းစ) ၃၀၁ တန်ကျော်ကို မေလ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း မူဆယ်မှအပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၉၀ ကျော်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ နနွင်းတက်အပြင် နနွင်းခေါင်း ၉ ဒသမ ၅ တန် ကန်ဒေါ်လာ သုည ဒသမ ၁၁၂၄ သန်း ဖိုးလည်းတင်ပို့နိုင်ခဲ့ပါတယ်။MIRT(DOBT)
ဒီတစ်ပတ်နဲ့ဆိုရင် နနွင်းက နှစ်ပတ်ဆက်တိုက် အပို့ပျောက်ခဲ့ပါတယ်။ လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဧပြီလအတွင်း နနွင်းတင်ပို့မှုတန်ချိန်က ၅၅တန် ရှိခဲ့ပြီးမတ်လအတွင်းနနွင်းတင်ပို့မှုကတန်ချိန် ၁၁၈ ဒသမ ၉၈ တန်ရှိခဲ့တာကြောင့် ဧပြီလ မှာ နနွင်းတင်ပို့မှုလျော့ခဲ့ပါတယ်။ MIRT (DOT)
မေလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၇ သန်းတန်ဖိုးရှိ မန်ကျည်းသီး (အစေ့ပါ) ၉ တန်နဲ့ ကန်ဒေါ်လာ သုညဒသမ ၀၀၂ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ တန် ၃၀ နီးပါးကို စစ်တွေနယ်စပ်မှတစ်ဆင့် တစ်ဘက်ဘင်္ဂလားသို့အပို့ရှိခဲ့ပါတယ်။ယခင်အပတ်ကထက်မန်ကျည်းမှည့် (အစေ့ပါ) ၃ တန်ကျော် အပို့ပိုသော်လည်း မန်ကျည်းစေ့ ၇၂ တန် အပို့လျော့ခဲ့ပါတယ်။MIRT(DOBT)
ဒီသီတင်းပတ်ဖြစ်တဲ့ ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်တာ ကာလအတွင်း မန်ကျည်း ၅၃၅ ဒသမ ၉ တန်ကိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံနဲ့ တန်ချိန်က စင်ကာပူနိုင်ငံကို ၁၆၈ တန်၊ မလေးရှားနိုင်ငံကို တန် ၅၀ နဲ့ အင်ဒိုနီးရှားနိုင်ငံကို ၃၁၇ ဒသမ ၉ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့ မှုက တန်ချိန် တစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ မန်ကျည်းတင်ပို့မှု လျော့ခဲ့ပါတယ်။ ၤဥြ ဈေးတစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၄၆၅ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ နှစ်သိန်းလေးသောင်းကျော်ရရှိခဲ့ ပါတယ်။ MIRT (DOT)
ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်ကို မကွေးတိုင်းဒေသကြီးမှ ငရုတ်ခြောက် များ ပိဿာ ၂၀ ဝင်အိတ် ၁၀၀ ခန့် ပုံမှန်အဝင်ရှိပြီး ဈေးနှုန်းမှာ ယခင်တစ်ပတ် အတိုင်း ဈေးငြိမ်ကာ ဟင်္သာတမြို့နဲ့ ရခိုင်ပြည်နယ်တို့ကို ပိဿာချိန် ၇၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်။ ငရုတ်သီးမှုန့်လုပ်ငန်းရှင်များနဲ့ လက်လီလက်ကား ရောင်းဝယ်သူများနဲ့သာ အရောင်းသွက်လျက်ရှိပြီး၊ တစ်ပိဿာကို ငရုတ်(ခြောက် အရှည်) ၁၉၀၀ ကျပ်၊ (မိုးထောင်) ၂၇၀၀ ကျပ် -၂၈၀၀ ကျပ်ရှိကြောင်း သိရပါ တယ်။ ဝင်းဝင်းခိုင်
ချင်း(စို)တွေ ဈေးကွက်မှာ အဝင်နည်းနေပြီလို့ သိရပါတယ်။ အဝင်နည်းပေ မယ့် အရောင်းကလည်း မသွက်ပါဘူး။ဒီတစ်ပတ်ဟိုပုံးဈေးကွက်မှာ ချင်း(စို)ကတော့ အဝင်လုံးဝမရှိတော့ပါဘူး။ ဒီနှစ်က ချင်းအထွက်လည်းနည်းပြီး၊ အခက်ကြီး၊ အခက် လှတွေလည်း နည်းပါတယ်။
ဧပြီ ၂၉ ရက်မှ မေ ၅ ရက်တာကာလအတွင်း ချင်းတင်ပို့မှုပျောက်ခဲ့ပါ တယ်။ ဧပြီပထမပတ်အတွင်းသာ တင်ပို့မှုရှိခဲ့တဲ့ ချင်းက ဒီတစ်ပတ်နဲ့ ဆိုရင် သုံးပတ် ဆက်တိုက်အပို့ပျောက်ခဲ့ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မတ်လအတွင်း ချင်းတင်ပို့မှုက ၁၅ ဒသမ ၅ တန်ရှိခဲ့ပြီး ဧပြီလအတွင်း ချင်းတင်ပို့မှုက ၁၈ တန် ရှိခဲ့တာကြောင့် ဧပြီလမှာ အပို့နည်းနည်းသာခဲ့တာ တွေ့ရပါတယ်။MIRT (DOT)
အိန္ဒိယနိုင်ငံရဲ့ တတိယအကြိမ်နောက်ဆုံး ခန့်မှန်းချက်အရ ၂၀၁၁-၁၂ ဆောင်း ပဲမျိုးစုံ စုစုပေါင်း စိုက်ပျိုးမှုဟာ ဟက်တာ ၁၄၉ ဒသမ ၁၂ သိန်းရှိလို့ ယခင်နှစ် စိုက်ပျိုးခဲ့တဲ့ ဟက်တာ ၁၄၀ ဒသမ ၈၂ သိန်းနဲ့ယှဉ်ရင် ၅ ဒသမ ၈၉ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဆောင်းရာသီအတွင်း မတ်ပဲစိုက် ဧရိယာယခင်နှစ်က ဟက်တာ ၇ ဒသမ ၄၁ သိန်းရှိခဲ့ရာမှ ၂၀၁၁-၁၂ ဆောင်းရာသီ မှာ ၅၃ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုပြီး၊ ဟက်တာ ၁၁ ဒသမ ၃၆ သိန်း စိုက်ပျိုးနိုင်ခဲ့ တယ်လို့ သိရပါတယ်။ ဒါကြောင့် မတ်ပဲထုတ်လုပ်မှုက စံချိန်တင် တိုးတက်ခဲ့တယ် လို့ ဆိုပါတယ်။
ပြည်ဈေးကွက် ကုလားပဲဈေးမှာ ယခင်တစ်ပတ်ဈေးတက်ပြီး သိသိသာသာ ဈေးကောင်း ရနေတာကိုတွေ့ရ ပါတယ်။ ယခင်တစ်ပတ်က တစ်တင်း ၁၇၃၀၀ ကျပ်ရှိခဲ့ရာမှ ယခုတစ်ပတ်မှာ တစ်တင်း ၁၉၆၀၀ ကျပ်ထိ ဈေးကောင်း ရနေပါ တယ်။ ဈေးကောင်းရနေခြင်းမှာ တိုင်းအတွင်းရှိ ခွဲစက်သမားများမှ အဝယ်သွက် နေသလို ရခိုင်ပြည်နယ်ဘက်မှလည်း အဝယ်လိုက်နေတာကြောင့် ဈေးကောင်းရနေ ခြင်း ဖြစ်ပါတယ်။ ရွှေတောင်၊ ကျီးသဲ၊ ကံမ၊ ပန်းတောင်းမြို့နယ်များမှလည်း အဝင်မပြတ်ကြောင်းသိရပါတယ်။ လွင်လွင်ဆန်း
အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ဆောင်းပဲဝင်ရောက်မှု တိုးလာတာကြောင့် ယခုတစ်ပတ်ကုလားပဲဈေးငြိမ်နေကြောင်း သိရပါတယ်။ ကြိုပွိုင့်ဈေးကွက်မှာ ဈေး အနည်းငယ် ကျဆင်းခဲ့ပါတယ်။ ရာဂျက်စသန်မှာ ကုလားပဲရိတ်သိမ်းမှု ပြီးစီးလုပြီ ဖြစ်ပြီး လာမယ့်သီတင်းပတ်မှာ ဝင်ရောက်မှု ပိုမိုလာတော့မယ်လို့ သိရပါတယ်။