Background
ဟင်္သာတကုန်စည်ဒိုင်ဈေးကွက်ကို အစေ့ထုတ်ပြောင်းများ မတ်လ ဒုတိယ ပတ်မှ ဈေးကွက်ကို စတင်ဝင် ရောက်လာပြီး၊ ပိဿာ ၂၀ ဝင်တစ်တင်းကို ၅၂၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပါတယ်။မတ်လနောက်ဆုံးပတ်မှာတစ်တင်းကို ၄၈၀၀ ကျပ်၊ ဧပြီ လဆန်းပိုင်းမှာ၄၉၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ပြုလုပ်ကြပြီး ယခုဧပြီလ တတိယ ပတ်သြင်္ကန်ကာလအလွန်မှာ အစေ့ထုတ်ပြောင်းဈေး တစ်တင်း ၅၃၀၀ ကျပ်ဈေး ကို မြင့်လာပြီး အရောင်းအဝယ်လည်း သွက်နေကြောင်း သိရှိရပါတယ်။ ရန်ကုန် ဝယ်လက် အစာစပ်ကုန်သည်လုပ်ငန်းရှင်ကြီးများရဲ့ ဝယ်လိုအားကြောင့် တစ်ရက် ပျမ်းမျှအိတ် ၂၀၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။ အေးအေးခိုင်
လွိုင်ကော်ခရိုင် ဒီမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ တောင်သူများသြင်္ကန် အကြိုမိုးကောင်းခဲ့လို့ (၈၈၈ အစေ့ထုတ်ပြောင်း)၊ ဧက ၁၀၀ ကျော်ကို ဧပြီ လဆန်းမှာ စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရပါတယ်။ ကယားပြည်နယ်မှာ အစေ့ထုတ် ပြောင်းစိုက်ပျိုးမှုကို မေလနဲ့ ဇွန်လများမှာ ပုံမှန်စိုက်ပျိုးကြသော်လည်း ဒီမော့ဆို မြို့နယ်မှာ ၂၀၁၀ ခုနှစ်က စလို့ အစေ့ထုတ်ပြောင်းကို မတ်လကုန် ဧပြီလဆန်းမှာ စမ်းသပ်စိုက်ပျိုးခဲ့ရာ အထွက်ကောင်း၊ ဈေးကောင်း ပြီး၊ တွက်ခြေကိုက်တာကြောင့် အစေ့ထုတ်ပြောင်း(မိုးကြို)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး နယ်စပ်များမှ ဧပြီလ ၁၈ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၉၉ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၆၃၄ ဒသမ ၂၅ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိ ပြောင်းဖူးကြိတ်ဖတ် တန် ၄၀ ဝန်းကျင်ကို မူဆယ် နယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ သြင်္ကန်ကာလအတွင်းမှာ တင်ပို့မှုထက် တန် ၆၀၀ ကျော်အပို့ပိုမိုခဲ့ပါတယ်။မြေပြင်ပေါက်ဈေးများကိုကြည့်ရာမှာ မိမိဘက် မြေပြင် ဈေးကျခဲ့သော်လည်း တစ်ဖက်နိုင်ငံဈေးပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ် -
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်နေ့မှ ၇ ရက်အတွင်းမှာ ပင်လယ် ရေကြောင်းမှ ပြောင်းတန်ချိန် ၁၆၁၅ တန်၊ တန်ဖိုး ဒေါ်လာ သုည ဒသမ ၄၄၆ သန်းဖိုးကို ပွဲဦးထွက်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ မတ်လကုန်အချိန်အထိ ပြောင်း ပို့တစ်ခါပြတ်တစ်လှည့်ဖြစ်နေရာကနေ ဧပြီလဆန်းမှာ ဈေးဦးပေါက်ကောင်း တယ်လို့ ဆိုရပါမယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ သြင်္ကန်ကာလအပါအဝင် ဧပြီတတိယပတ်အထိ တန် ၅၀၀၀ ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့ နယ်၊ ဆီဆိုင်မြို့နယ်မှာ စိုက်တဲ့ကြက်သွန်ဖြူအသစ် တွေက ၂ လပိုင်းအကုန်၊ ၃ လပိုင်းမှာစပြီးတော့ ဈေးကွက်ဝင်လာပါ တယ်။ မနှစ်က အဟောင်းလက်ကျန်တွေ ကလည်း ကျန် နေပါသေးတယ်။အဟောင်းဈေးကအဲဒီအချိန်မှာ တစ်ပိဿာ ကို အနိမ့်ဆုံး ၂၅၀ ကျပ်မှ အမြင့်ဆုံး ၉၀၀ ကျပ်ဈေးသာရှိပြီး အရောင်းအဝယ်ကလည်း သိပ်မဖြစ်ပါဘူး။
တမီလ်နာဒူးအစိုးရက နနွင်းတစ်တန် အနိမ့်ဆုံးထောက်ပံ့ဈေး ရူပီး ၁၀၀၀၀၀ (ကန်ဒေါ်လာ ၁၉၀၃)ဈေးနဲ့ ဝယ်ယူမယ် ဆိုတဲ့ သတင်းတွေကြောင့် အိန္ဒိယနနွင်းစိုက်ပျိုးသူများဟာ ၎င်းင်းတို့နနွင်းများကို ပြန်လည်သိုလှောင် ထားကြတယ်လို့သိရပါတယ်။ ဝင်ရောက်မှုအကန့်အသတ်သာရှိတဲ့တိုင် ဈေးကွက်မှာတော့ ၅၀ ရာခိုင်နှုန်းသာ ရောင်းချရတယ်လို့သိရပါတယ်။
ဟိုပုံး နနွင်းကတော့ မူဆယ်ဝယ်လက်တွေ အနည်းအကျဉ်းပြန်ဝယ်ယူလာတာကြောင့် အရောင်းအဝယ် ဖြစ်နေပါတယ်။ အဝင်ကတော့ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၁၅၀၀၀ ခန့် ဝင်နေတယ်လို့လည်း သိရပါတယ်။ သြင်္ကန်ပြီး စဖြစ်တာကြောင့် သယ်/ပို့ ဖို့ကားသိပ်မရှိသေးတာကြောင့် ထင်သလောက် အရောင်းအဝယ်မဖြစ်သေးဘူးလို့လည်း ဆိုကြပါတယ်။ နနွင်းခြောက် ဈေးကတော့ တစ်ပိဿာ ၈၈၀ ကျပ် ဈေးရှိတယ်လို့လည်း သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၅၁၄ သန်းတန်ဖိုးရှိ နနွင်းတက် တန် ၃၂၇ ဒသမ ၆၂၀ တန်နဲ့ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၆ သန်းတန်ဖိုးရှိ နနွင်းတက် ၃ တန် ကျော် ဧပြီလ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၁၁၆ တန်ကျော် အပို့ပိုခဲ့ပါတယ်။
ဧပြီလပထမပတ်ဖြစ်တဲ့ ဧပြီ ၁ ရက်မှ ၇ ရက်နေ့တာကာလအတွင်း နနွင်း တန် ၅၀ ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက ပါကစ္စတန်နိုင်ငံပဲ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် တစ်ရာ့တစ်ဆယ်ကျော် တင်ပို့နိုင် ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၄၅၀ ရရှိခဲ့လို့ စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ နှစ် ထောင်ကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
မန္တလေးတိုင်းဒေသကြီးရဲ့ မန်ကျည်းဈေးကွက်ကြီးတစ်ခုဖြစ်တဲ့ ကျောက်ပန်း တောင်းနယ်မှာ ယခုနှစ် မန်ကျည်းအရောင်းအဝယ်ပိုကောင်းတယ်လို့ သိရပါတယ်။ လက်ရှိအချိန်ဟာ မန်ကျည်းအထွက်လှိုင်ချိန်ဖြစ်ပြီး၊ ယခင်နှစ်ကထက်လည်း အသီးသီးနှုန်းအားကောင်းလို့ အထွက်ကောင်းပါတယ်။