Background
မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၅၂၁ တန် တန်ဖိုး ကန်ဒေါ်လာ ၅ ဒသမ ၅၅၂ သန်းဖိုးကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၄၀၀ ခန့်တင်ပို့မှု မြင့်တက်ခဲ့ ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှု တွေကတော့ မလေးရှားကို ၂၉၆ တန်၊ တရုတ်ကို တန် ၉၀၀ နဲ့ စင်္ကာပူကို ၃၂၄ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါ တယ်။ တရုတ်နယ်စပ်ကလည်း တန် ၂၀၀၀ နီးပါး တင်ပို့နေတာ တွေ့ရပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ အနည်းငယ် ကျဆင်းသွားပြီး RSS-3 တစ်တန်ကို (၃၅၀၀-၃၆၀၀) ဒေါ်လာနဲ့ RSS-5 တစ်တန်ကို (၃၄၀၀-၃၅၀၀) ဒေါ်လာ အသီးသီး ဈေးပေါက်တယ်လို့ သိရပါတယ်။K.Z.W
၂၀၁၁ - ၂၀၁၂ မှာ တရုတ်ရဲ့ပြောင်းထုတ်လုပ်မှုက အစိုးရမှ ခန့်မှန်းထား တာထက် ၁၄ ရာခိုင်နှုန်း ထက်မနည်း ကျဆင်းခဲ့ကြောင်း စက်မှုလုပ်ငန်းများရဲ့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်း သိရပါတယ်။ ၎င်းရဲ့ အကျိုးဆက်ကြောင့် တရုတ်ရဲ့ ပြောင်းတင်သွင်းမှုက အမေရိကန်မှ ယခုတင်သွင်းတာထက် ပိုမိုတင်သွင်း ဖွယ်ရှိ ကြောင်း၊ အမေရိကန် စိုက်ပျိုးရေးဌာန
မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၇၄၁ သန်း တန်ဖိုးရှိပြောင်းဖူးစေ့တန်ချိန် ၆၂၁၃ တန်ကျော်ကို မတ်လ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၅၇၇၇ တန်၊ ချင်းရွှေဟော်မှ ၈၄
မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း၁၀၆၅ တန်တန်ဖိုးသုည ဒသမ ၂၉၃ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က တင်ပို့မှုလုံးဝမရှိဘဲ ယခုပြန်လည်တင်ပို့ နိုင်တာ ဖြစ်ပါတယ်။ တင်ပို့မှုတွေကတော့ ဗီယက်နမ်ကို တန် ၂၃၀ နဲ့ ဖိလစ်ပိုင်ကို ၈၃၅ တန် အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးအနေနဲ့လည်း တရုတ်နယ်စပ်မှ တန် ၆၂၀၀ ကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ ပြောင်း လဲမှု မရှိဘဲ တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅) ကြား ဈေးရလျက်ရှိပါတယ်။K.Z.W
ပြည်ငရုတ်ခြောက်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း မြန်အောင်ငရုတ်ခြောက်များပိဿာ ၂၀ ဝင်အိတ် ၂၀၀ ခန့် ပုံမှန်အဝင်ရှိနေပါတယ်။ ငရုတ်သီးမှုန့်လုပ်ငန်းများ လက်လီ လက်ကားရောင်းဝယ်သူများမှလည်း အဝင်ရှိ သလောက် အဝယ်ရှိလို့ ပွဲရုံများမှာ လက်ကျန်မရှိ တစ်ပတ်ချင်းကုန် ပစ္စည်း ပြတ်လျက်ရှိပါတယ်။ ပြည်ဈေးကွက် ငရုတ်ခြောက် ဈေးမှာ တစ်ပိဿာ(အရှည်) ၂၆၀၀ ကျပ်၊ (မိုးထောင်)
ကျောက်ဆည်ခရိုင်မှာ နနွင်းတက်ကုန်သည်ပွဲစားများ တစ်ရွာဝင်၊ တစ်ရွာထွက် ထော်လာဂျီယာဉ်များနဲ့ လိုက်လံဝယ်ယူပြီး၊ သိုလှောင်နေကြပါပြီ။ ရွာဈေးက တစ်ပိဿာ ၁၀၀၀ ကျပ်၊ ပွဲရုံဈေးတစ်ပိဿာ ၁၁၀၀ ကျပ်နဲ့ ရောင်းဝယ်နေကြရာ ကျောက် ဆည်မြို့ ဧမြကြည်လင်ဈေးရှိ နေလသုခပွဲရုံ၊ အောင်လံထူပွဲရုံ၊ ဗ၁ ပွဲရုံ၊ ဆင်နှစ်ကောင်ပွဲရုံများမှာ နနွင်းတက် တောင်သူများ စည်ကားလျက်ရှိပါတယ်။
ဒီတစ်ပတ်နနွင်းဈေးကလည်း နည်းနည်းအေးလာပါတယ်။ ဟိုပုံးဈေးကွက်မှာ နနွင်းခြောက်တွေ အဝင်များလာပြီး၊ ဈေးကလည်းအနည်းငယ်ပြန်ကျလာပါတယ်။ သြင်္ကန်မှာ အလှူအတန်းလုပ်ဖို့အတွက် ငွေလိုတဲ့တောင်သူတွေကလည်း ထုတ်ရောင်းနေကြတာရယ်၊ တရုတ်ဝယ်လက်က အဝယ်ရပ်သွားတာရယ်ကြောင့် ဈေးပြန်ကျလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၈၆ သန်းတန်ဖိုးရှိ နနွင်းတက် (ရှမ်း) ၁၈၄ တန်ကျော်နဲ့ မြန်မာ - ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၇ သန်း တန်ဖိုးရှိ ဒေသ ထွက်နနွင်းတက် ၁၀ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်မှသာ ၁၈၇ တန် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ၇ တန်မျှ ပိုမို တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOBT)
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မတ်လ ၁၁ ရက်မှ ၁၇ ရက်တာကာလအတွင်း နနွင်း ၅ တန်ကို တင်ပို့ ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံပဲဖြစ်ပါတယ်။ ယခင်သီတင်းပတ် နနွင်းတင်ပို့မှုမရှိဘဲ ဒီတစ်ပတ်မှသာ တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။ တစ်တန်ကို FOB ဈေး ပျမ်းမျှကန်ဒေါ်လာ ၇၀၀ နဲ့တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ သုံးထောင့်ငါးရာ ရရှိခဲ့ပါ တယ်။ MIRT (DOT)
ပြည်ကြက်သွန်နီဈေးကွက်သို့ ယခုတစ်ပတ်အတွင်း မကွေးတိုင်းဒေသကြီး ရေနံချောင်းမှ ကြက်သွန်နီ ၃၅ ပိဿာဝင်အိတ် ၄၀၀၀ ခန့် အဝင်ရှိပြီး တစ်နေ့အိတ် ၅၀၀ ခန့်နဲ့ အရောင်းသွက်နေပါတယ်။ အဝင်များတဲ့အတွက် ပြည်ဈေးကွက်အတွင်း ကြက်သွန်နီဈေးအနည်းငယ်ကျဆင်းနေပါတယ်။ ပွဲရုံများမှာ ကြက်သွန်နီတစ်ပိဿာ (ကြီး) ၃၅၀ ကျပ်၊ (လတ်) ၃၀၀ ကျပ်၊ (အသေး) ၂၀၀ ကျပ်တို့နဲ့ အရောင်းအဝယ် သွက်လျက်ရှိပါတယ်။ ဝင်းဝင်းခိုင်
