Background
နိုင်ငံတော်တော် များများက အကြိုက်တွေ့တဲ့ ပဲလွန်းဖြူကို ယခု တစ်ပတ်မှာ ထူးထူးခြားခြား အရောင်း အဝယ် ဖြစ်သလို တင်ပို့မှုလည်း ယခင် တစ်ပတ်ထက်ပိုလာတာတွေ့ရပါတယ်။ ပြည်ပတင်ပို့မှုအနေနဲ့ ယခင် တစ်ပတ် က တန်ချိန် ၉၀၀ ကျော် တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (ဖေဖော်ဝါရီ ၂၀-၂၄ ရက်) အတွင်းမှာ တန်ချိန် ၁၇၀၀ ကျော် တင်ပို့ခဲ့လို့ ယခုဘဏ္ဍာနှစ် ဖေဖော်ဝါ ရီ၂၄ ရက်အထိ စုစုပေါင်း တင်ပို့ပြီးစီး မှုမှ တန်ချိန် ၂၅၀၀၀ ကျော်ပြီးဖြစ်ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၂၂ သန်း ကျော်ရရှိတားကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း လွိုင်ကော်ဈေးကွက်သို့ ပဲစင်းငုံသစ်များ တစ်ရက်ပိဿာ ၃၀ ဝင်အိတ် ၁၀၀၀ ဝန်းကျင် ပုံမှန်ဝင်ရောက်နေပြီး ဈေးကလည်း အဖြူလုံးကြီးတစ်ပိဿာ ၅၂၅ ကျပ်၊ ၅၃၀ ကျပ်၊ အနီတစ်ပိဿာ ၆၅၀ ကျပ်၊ ၆၇၀ ကျပ်နဲ့ ဈေးငြိမ်နေတာတွေ့ရပါတယ်။ လွိုင်ကော်မြို့မှ ပဲစင်းငုံတင်ပို့နိုင်မှုမှာ ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၉ ရက်အထိ ပဲစင်းငုံ ၈၈၈၀ အိတ်ကို ရန်ကုန်နဲ့ မန္တလေးမြို့များသို့ တင်ပို့နိုင်ခဲ့ကြောင်းသိရ ပါတယ်။ မင်းအောင်
ပဲခူးတိုင်းဒေသကြီးအနောက်အတွင်း ပဲစင်းငုံသီးနှံစိုက်ဧက ၁၇၀၀၀ ကျော် စိုက်ပျိုး ခဲ့ပြီး၊ ဧကအားလုံးနီးပါး ရိတ်သိမ်းပြီးဖြစ်တဲ့အတွက် ဈေးကွက်အတွင်းကို ပဲစင်းငုံအသစ်များ ဖေဖော်ဝါရီလဆန်းမှစပြီး ဝင်ရောက်ခဲ့ကာယခုနောက်ဆုံးပတ် မှာတော့အိတ် ၅၀ ခန့်သာဝင်ရောက်မှုရှိလာခဲ့ပါတယ်
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း ဝယ်လိုအားနည်းပြီး ရောင်းချမှုများတာကြောင့် ပဲစင်းငုံဈေး အနည်းငယ်ဆင်းခဲ့ပါတယ်။ ပဲစင်းငုံလီမွန်ကို လည်း ဒေသတွင်းနဲ့ ပြည်ပက ပုံမှန်ဝင်ရောက်ပေမဲ့ ပဲခွဲစက်များနဲ့ ကုန်သည်များက အဝယ်မရှိတာကြောင့် ဈေးကျဆင်းခြင်းဖြစ်တယ်လို့ သိရပါတယ်။
ယခုလ အစောပိုင်းသီတင်းပတ်များမှာရန်ကုန် ၤဥြ ဈေးကွက်အတွင်း ပဲစင်းငုံ တန်တစ်သောင်းအထက်မှာ အရောင်းအဝယ်သွက်နေခဲ့ရာမှ ယခင်တစ်ပတ်မှ စပြီး အရောင်းအဝယ်ဖြစ်မှုလျော့လာခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၅၂၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ် (ဖေဖော်ဝါရီ ၂၄ မှ မတ် ၁ ရက်) အတွင်းမှာတော့ တန်ချိန် ၄၇၀၀ သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပင်လယ်ရေကြောင်းက ယခင်တစ်ပတ် ပဲစင်းငုံတန်ချိန် ၁၄၀၀၀ နီးပါး တင်ပို့ ခဲ့ရာမှ ယခုတစ်ပတ် (ဖေဖော်ဝါရီ ၂၀-၂၄ ရက်)အတွင်းမှာတော့ တန်ချိန် ၇၄၀၀ ကျော်ကို လျော့ကျတင်ပို့ခဲ့တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ ပဲစင်းငုံစုစုပေါင်း တင်ပို့မှုကိုကြည့်ရင် တန်ချိန် ၂၈၅၀၀၀ ခန့်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၇၀ သန်းကျော်ရရှိလို့ ယခင်ဘဏ္ဍာနှစ်ကာလတူအတွင်း တင်ပို့ခဲ့တဲ့ တန်ချိန် ၁၂၅၀၀၀၊ ဝင်ငွေ ကန်ဒေါ်လာ ၁၀၄ သန်းကျော်နဲ့ယှဉ်ရင် တင်ပို့မှု ပမာဏအားဖြင့် တန် တစ်သိန်းခြောက်သောင်းကျော် ပိုမိုတင်ပို့နိုင်ပေမဲ့ ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၆၀ ကျော်သာ ပိုမိုရရှိကြောင်း သိရပါတယ်။
ပဲခူးတိုင်းဒေသကြီး (အရှေ့) အတွင်း မိုးစပါးစိုက်ပြီးတဲ့အခါ ဆောင်းသီးနှံ၊ ပဲမျိုးစုံနှင့် နွေစပါးကိုသီးထပ်အဖြစ် စိုက်ပျိုးကြပါတယ်။တောင်သူများအဓိက အား ထားပြီး အများဆုံးစိုက်ပျိုးတဲ့ သီးနှံကတော့ မတ်ပဲဖြစ်ပြီး ပဲခူးခရိုင်မှာ စိုက်ဧက ၃ ဒသမ ၁ သိန်း၊ တောင်ငူခရိုင်မှာ စိုက်ဧက ၂ ဒသမ ၂ သိန်း၊ စုစုပေါင်း ၅ ဒသမ ၃ သိန်းခန့် စိုက်ပျိုးပါတယ်။
အိန္ဒိယ မတ်ပဲဈေးကွက်မှာ ယခုတစ်ပတ်လည်း ဈေးဆက်လက်လျော့ကျတာ တွေ့ရပါတယ်။ဈေးကွက်တွေမှာမတ်ပဲလက်ကျန်တွေရှိနေသေးတဲ့အပြင် ဝင်ရောက် မှုများပြီး အရောင်းအဝယ်ထိုင်းတာကြောင့် အစောပိုင်းရက်တွေမှာ ဈေး ကျဆင်း ခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးဘုရင့်နောင်ကုန်စည်ဒိုင်ၤဥြ ဈေးကွက်မှာ ယခုတစ် ပတ် မတ်ပဲ အရောင်းအဝယ် ဖြစ်မှု ပိုများလာပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၆၅၀၀ ကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ် ဖေဖော်ဝါရီလ ၂၄ ရက်မှမတ်လ၁ရက်အထိ မတ်ပဲ SQ ၊ FAQ ၊ အခွံချွတ်စုစုပေါင်း တန်ချိန် ၁၅၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယ တမီလ်နာဒူး ပြည်နယ်က မတ်ပဲခွဲခြမ်းတင်ဒါခေါ်ယူခြင်းနဲ့ ပတ်သက်လို့ အရောင်းအဝယ် အနည်း ငယ်သွက်လာတာကြောင့် ဖြစ်ပါတယ်။
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၇၂၀၀ ကျော်ကိုလျော့နည်းခဲ့ရာမှ ယခုတစ်ပတ် ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၄ ရက် အတွင်း တန်ချိန် ၉၀၀၀ ခန့်ကို တိုးတက်တင်ပို့ခဲ့ကြောင်းသိရပါတယ်။ ယခုဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၄၇၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၄၄၂ သန်းကျော်ရရှိကြောင်း သက်ဆိုင်ရာ ဌာန စာရင်းများအရ သိရပါတယ်။
