Main menu

Background

Monday, 27 Feb 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၀၀၁ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၁၄၈ တန်ကျော်ကို ဖေဖေါ်ဝါရီလ ၁၅ ရက်မှ၂၁ ရက်ထိကာလအတွင်း အပို့ရှိ ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ တန် ၆၈၀၀ ကျော်၊

Monday, 27 Feb 2012

    အိန္ဒိယနိုင်ငံမှာ မန်ကျည်းမှည့်ထွက်ရှိမှုပိုမိုခြင်းနဲ့ ပြည်ပအဝယ်အမှာ မရှိခြင်းတို့ကြောင့် မန်ကျည်းမှည့်ဈေး ၃၀ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် ဈေးနှုန်းအကျဘက်ဆင်းနေတာကြောင့် ကုန်သည်များကလည်း သိုလှောင်ထားရှိဖို့ တုံ့နှေးခြင်းက ဈေးကွက်အတွင်း ဈေးနှုန်းကိုပိုမိုကျဆင်းစေပါတယ်။ တမီလ်နာဒူးမှာ မန်ကျည်းမှည့်က ပုံမှန်ပမာဏရဲ့ ၈၀ ရာခိုင်နှုန်းသာရှိပေမဲ့ အင်ဒရာပရာဒေ့ရှ်၊ ကာနာတာကာနဲ့ ချန်တီဂရပ်တို့မှာ လက်ကျန်များနေတယ်လို့ မန်ကျည်းကုန်သည် Mr O.M.S Raja   က ဆိုပါတယ်။

Monday, 27 Feb 2012

    ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း မန်ကျည်း ၁၁၃၇ တန်ကို တင်ပို့ခဲ့ပါတယ်။ အိန္ဒိယကို ၂၄ တန်၊ အင်ဒိုနီးရှားကို တန် ၄၀၀၊ မလေးရှားကို ၃၄၂ တန်၊ ပါကစ္စတန် ကို တန် ၂၀၀၊ စင်ကာပူကို ၁၇၁ တန် အသီးသီး တင်ပို့နိုင်ခဲ့ပါတယ်။ ဒီ တစ်ပတ်မန်ကျည်းတင်ပို့မှုကိုကြည့်ရင် အင်ဒိုနီးရှားနိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ကိုးရာခြောက်ဆယ်ကျော်တင်ပို့ခဲ့တာကြောင့် ဒီတစ်ပတ် မှာ ယခင်တစ်ပတ်ထက် တန်တစ်ရာ့ခုနစ်ဆယ်ကျော် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ FOB ဈေးကလည်း ဒီတစ်ပတ်မှာ တစ်တန်ကို ပျမ်းမျှ ကန်ဒေါ်လာ ၅၇၀ ဝန်းကျင်ပဲရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ခြောက်သိန်းလေးသောင်း ကျော်သာ ရရှိခဲ့ပါတယ်။                                                                                                                MIRT (DOT)

Monday, 27 Feb 2012

    အိန္ဒိယနိုင်ငံ အီရော့ဈေးကွက်တွေကို နနွင်းဝင်ရောက်မှုများတာကြောင့် ဖေဖော်ဝါရီလ ၂၁ ရက်မှာ နနွင်းတစ်တန် ရူပီး ၃၀၀၀(ကန်ဒေါ်လာ ၆၁)ကျဆင်းခဲ့ပါတယ်။နနွင်းဈေးကွက် ၃ ရက်ကြာ ပိတ်ပြီးနောက်၊ နနွင်းအိတ် ၁၈၀၀၀ ခန့် ဝင် ရောက်ခဲ့ကြောင်းသိရပါတယ်။

Monday, 27 Feb 2012

    ဟိုပုံးနနွင်းနဲ့ နမ့်စန်နနွင်းအသစ်တွေသာ ဈေးကွက်ကို ဝင်လာပေမယ့်၊ အောင်ပန်းဈေးကွက်မှာတော့ အသစ်တွေ သိပ်မဝင်လာသေးပါဘူး။ လက်ကျန်အဟောင်းတွေကိုသာရောင်းနေတယ်လို့လည်း သိရပါတယ်။ လက်ကျန်တွေများနေ တာ ကြောင့် အသစ်တွေကိုလည်း သိပ်မဖော်ကြသေးပါဘူး။

Monday, 27 Feb 2012

    အိန္ဒိယအစိုးရက အနည်းဆုံးပို့ကုန်ဈေးနှုန်း (MEP) ကို ကြက်သွန်နီတစ်တန် ၁၂၅ ဒေါ်လာနှုန်း လျှော့ချပေးခြင်းနဲ့ ကြက်သွန်နီတင်ပို့မှုနှေးကွေးနေခြင်းကို မြှင့် တင်လိုက်ကြောင်း နိုင်ငံခြားကုန်သွယ်ရေးဌာန (DGFT) ရဲ့ ညွှန်ချုပ်က ပြောကြား ခဲ့ပါတယ်။ ဇန်နဝါရီအစောပိုင်းမှာလည်း အိန္ဒိယက ကြက်သွန်နီသင်္ဘောတင် ဈေးနှုန်းကိုတစ်တန်ဒေါ်လာ ၂၅၀မှ ဒေါ်လာ ၁၅၀ အထိ လျှော့ချပေးခဲ့ပြီး ဖြစ်ပါ တယ်။

Monday, 27 Feb 2012

    မကွေးတိုင်းဒေသကြီး ရေနံချောင်းဘက်က ကြက်သွန်နီများပြည်ဈေးကွက်ကို ယခုတစ်ပတ်အတွင်း ၃၅ ပိဿာဝင်အိတ် ၁၀၀၀ ခန့် အဝင်ရှိပြီး၊ အရောင်းအဝယ် မှာ တစ်နေ့ကို အိတ် ၂၅၀ ခန့် ပုံမှန်အရောင်း အဝယ်ဖြစ်နေပါတယ်။ အဝင်များ တဲ့အတွက် ကြက်သွန်နီဈေးအနည်းငယ်ကျဆင်းသွားပါတယ်။ ပွဲရုံများမှာ ကြက် သွန်နီတစ်ပိဿာ (အကြီး) ၄၀၀ ကျပ်၊ (အလတ်) ၃၅၀ကျပ်၊ (သေး) ၃၀၀ ကျပ် တို့နဲ့ ရောင်းဝယ်လျက် ရှိနေပါတယ်။ဝင်းဝင်းခိုင်

Monday, 27 Feb 2012

    အောင်ပန်းဈေးကွက်မှာတော့ ချင်းက ပုံမှန်အဝင်ရှိနေပါတယ်။ ဈေးဖိတ်နဲ့ ဈေးနေ့တွေမှာ အဝင်ပိုများပြီး ပျမ်းမျှပိဿာ ၂၀၀၀-၃၀၀၀ အဝင်ရှိတယ်လို့လည်း သိရပါတယ်။ ချင်းထိုးဖို့အတွက် ပြည်နဲ့ မန္တလေးက အဝယ်ရှိတယ်လို့ သိရပါတယ်။ မန္တလေးဝယ်လက်တွေကတော့ ပြင်ဦးလွင်ချင်းနဲ့ အောင်းပန်းချင်းကိုယှဉ်ပြီး၊ ရောင်းဖို့ ဝယ်ယူနေတာလို့လည်း သိရပါတယ်။

Monday, 27 Feb 2012

    ပြည်ဈေးကွက်ကို အောင်ပန်းချင်းများ ယခုတစ်ပတ်မှာ ပိဿာ ၃၀ ဝင် အိတ် ၅၀ ခန့်သာဝင်ရောက်လို့ အဝင်နည်းလာတာတွေ့ရပါတယ်။ အရောင်း အဝယ်မှာလည်း တစ်နေ့ကို ပိဿာချိန် ၂၀၀ ခန့်နဲ့ အေးနေပါတယ်။ ဈေးနှုန်းမှာ ယခင်အပတ်ဈေးအတိုင်း တစ်ပိဿာကို ချင်း(ရှယ်) ၆၅၀ကျပ်၊ (ဂျွန်) ၅၅၀ ကျပ် တို့ ဖြစ်ပြီး၊ ရခိုင်ပြည်နယ်ကို စားသုံးမှုအဖြစ် တစ်နေ့ ပိဿာချိန် ၁၈၀ ခန့် တင် ပို့တယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်

Monday, 27 Feb 2012

    ဖွံ့ဖြိုးပြီးတဲ့ ဒေသတွေကို ပြောင်းရွှေ့ခြင်း၊ ခေါက်ဆွဲ၊ စွပ်ပြုတ်ပြုလုပ်ရာမှာ တန်ဖိုးမြင့်ပဲထုတ်ကုန်သစ်များ အသုံးပြုလုပ်ခြင်းနဲ့ စားသောက်ပုံအလေ့အထ ပြောင်း လဲမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ပဲဝယ်လိုအား တိုးတက်လာနေတယ်လို့ နိုင်ငံတကာ ပဲမျိုးစုံ၊ကုန်သွယ်ရေးနဲ့ စက်မှုလက်မှုအသင်းအဖွဲ့ ဥက္ကဌ Hakan  Bahceci မှ ပြော ကြားပါတယ်။

Pages