Main menu

Background

Monday, 6 Feb 2012

    ယခင်သီတင်းပတ်များက ပဲစင်းငုံတန် တစ်သောင်းအထက်မှာ တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ်(ဇန်နဝါရီလ ၂၃-၂၇) အတွင်းမှာတော့ တန် ၉၀၀၀ ခန့်သာ တင်ပို့မှု ရှိခဲ့ပါတယ်။ ပြည်ပအဝယ်ပုံမှန်ရှိပေမဲ့ တင်ပို့မှုမှာတော့ လျော့ကျခဲ့ပါတယ်။    လက်ရှိ ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်ဇန်နဝါရီ ၂၇ ရက်အထိ ပဲစင်းငုံ တန်ချိန် ၂၄၀၀၀၀ ခန့်တင်ပို့ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၄၅ သန်းခန့် ရရှိထားကြောင်း သိရပါတယ်။

Monday, 6 Feb 2012

    ဟင်္သာတ ကုန်စည်ဒိုင်ဈေးကွက်သို့ မတ်ပဲအသစ်များ ဟင်္သာတမြို့အနီးရှိ ကျေးရွာများမှ တစ်ရက် အိတ် ၃၀၀ ခန့် ဝင်ရောက်ခဲ့တဲ့အတွက် ယခင်တစ်ပတ် မတ်ပဲသစ်ဝင်ရောက်မှု ပိုများလာပြီလို့သိရပါတယ်။ မတ်ပဲသစ်များ အဝင်များလာသ လို အဝယ်လည်း လိုက်လာပြီး ရန်ကုန်ဈေးကွက်သို့ နေ့စဉ်ပျမ်းမျှ အိတ် ၂၅၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။

Monday, 6 Feb 2012

    ပြည်ပွဲရုံများသို့ ပတ်ဝန်းကျင်ရွာများမှ မတ်ပဲသစ်များ တစ်နေ့အိတ် ၁၅၀ ခန့် အဝင်ရှိတယ်လို့သိရပါတယ်။ ပဲကုန်သည်တွေရဲ့လက်မှာ ပဲဟောင်းလက်ကျန် လည်း ရှိနေသေးတဲ့အတွက် ရန်ကုန်ဝယ်လက်များအား ပဲသစ် ပဲဟောင်း နှစ်မျိုး စလုံး အဝယ်ရှိနေပါတယ်။ ပဲတစ်တင်းကို ၁၂၉၀၀ ကျပ်ဈေးနဲ့တစ်နေ့အိတ် ၇၀၀-၈၀၀ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။

Monday, 6 Feb 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုသီတင်းပတ်အစပိုင်းမှာ မတ်ပဲဈေး လျော့ကျခဲ့ရာမှ သီတင်းပတ် နှောင်းပိုင်းမှာတော့ ပြန်မာလာခဲ့ပါတယ်။ တင်သွင်း ပဲများရောင်းချခြင်းနဲ့ မတ်ပဲခွဲခြမ်းကို အဝယ်လျော့ခြင်းတို့ကြောင့် သီတင်းပတ် အစပိုင်းမှာ မတ်ပဲဈေးလျော့ကျခဲ့တာဖြစ်ပါတယ်။

Monday, 6 Feb 2012

    ပြည်ပကို မတ်ပဲတင်ပို့မှုမှာ ယခင်တစ်ပတ်လောက်မများပေမဲ့ ပုံမှန်ပမာဏနဲ့ တင်ပို့မှုရှိနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၇၂၀၀ ခန့်ထိ တင်ပို့ခဲ့ပြီး ယခု တစ်ပတ် (ဇန်နဝါရီလ ၂၃ မှ ၂၇ ရက်) အတွင်းမှာတော့ တန်ချိန် ၅၀၀၀ ခန့်တင်ပို့ နိုင်ခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယဝယ်လက်တွေ အဝယ်ပုံမှန်ရှိနေလို့ တင်ပို့မှုလည်း ပုံမှန်သာတင်ပို့နေပါတယ်။

Monday, 6 Feb 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကို ပုံမှန်အရောင်း အဝယ်ရှိနေပါတယ်။ ဇန်နဝါရီလ၂၇ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အတွင်း မတ်ပဲ SQ ၊ FAQ ၊ အခွံချွတ် စုစုပေါင်းတန်ချိန် ၆၅၀၀ ခန့်အရောင်းအဝယ်စာချုပ်နိုင်ခဲ့လို့ ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်မှုထက် တန် ၁၀၀၀ ခန့် ပိုမိုခဲ့ကြောင်း သိရပါ တယ်။

Saturday, 4 Feb 2012

        ဇန်နဝါရီလအတွင်း အာရှရော်ဘာဈေးနှုန်းများ တဖြည်းဖြည်း ဦးမော့လာခဲ့ရာ ဇန်နဝါရီ ၂၄ ရက်မှာ ထိုင်းရော်ဘာ RSS-1(မှိုင်းခံရော်ဘာအဆင့်-၁)ဈေးနှုန်းက တစ်တန်ကို ၃၉၁၇ ဒေါ်လာအထိ မြင့်မားသွားတယ်။ ထိုင်းရော်ဘာRSS-5 (မှိုင်းခံရော်ဘာအဆင့်-၅)ကလည်း တစ်တန်ကို ၃၈၅၆ ဒသမ ၅၀ ဒေါ်လာအထိ ရောက်ရှိလာခဲ့ရာ ယခင်အပတ် ဈေးနှုန်းထက် တစ်တန်ကို ၄၀၁ ဒေါ်လာ ဈေးမြင့်လာတယ်။           အမေရိကန်နိုင်ငံရဲ့ အလုပ်လက်မဲ့ဦးရေက ၄ နှစ်တွင်း အနိမ့်ဆုံးနှုန်းကိုရောက်ရှိသွားခြင်း ၊ ပြင်သစ်နဲ့ စပိန်တို့မှာ ငွေ ချေးယူ စရိတ်တွေလျော့ကျသွားရာ အီးယူဒေသတွင်း ကြွေးမြီအကျပ်အတည်းကို ထိန်းသိမ်းနိုင်မယ်လို့ အကောင်းမြင်လာကြ ခြင်းတို့ကြောင့် စွန့်စားရောင်းဝယ်ရတဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်လိုအားတိုးလာစေမယ်လို့ ခန့်မှန်းကြတယ်။ ကမ္ဘာ့ရော်ဘာ စိုက်ပျိုးထုတ်လုပ် တင်ပို့မှုအများဆုံး ထိုင်းနိုင်ငံကလည်း ရော်ဘာဈေးနှုန်း အထောက်အပံ့ ဖြစ်ရေးအတွက် ဈေးကွက်ပေါက်ဈေး ထက် ပိုမိုတဲ့နှုန်း (တစ်ကီလိုကို ၁၂၀ ဘတ်) ပေးပြီး ရော်ဘာ ဝယ်ယူသိုလှောင်ထားမယ့် အစီအစဉ်ကလည်း ရော်ဘာဈေးနှုန်းကို မြှင့်တင်ပေးခဲ့တယ်။ ဒါ့အပြင် ရော်ဘာဝယ်ယူမှုအများဆုံး တရုတ်နိုင်ငံကလည်း ပထမ ၃ လအတွင်း ပြည်သူကို ငွေထုတ် ချေးပေးမှုကို ယခင်နှစ်ကထက် ပိုမိုထုတ်ချေးသွားမယ့် သတင်းကလည်း ရော်ဘာဝယ်လိုအား အတွက် သတင်း ကောင်းကို ဖြစ်စေရာ ရော်ဘာဈေးနှုန်းတွေ မြင့်မားစေတယ်လို့ သိရတယ်။ ပပ Source:Bloomberg.com

Saturday, 4 Feb 2012

            ဇန်နဝါရီလ ၂၃ ရက်နေ့အစောပိုင်းက ရေနံစိမ်းဈေးနှုန်းကျဆင်းသွားမှုနဲ့ ဂရိကြွေးမြီအကျပ်အတည်းကြောင့် ရင်းနှီးမြှုပ်နှံသူတွေကို မသေချာမရေရာမှုတွေကြောင့် တိုကျိုရော်ဘာကြိုပွိုင့်ရောင်းဝယ်ရေးမှာ ရော်ဘာဈေးနှုန်းတွေ ၂ ဒသမ ၆ ရာခိုင်နှုန်း ဈေးကျသွားကြောင်း သတင်းရရှိပါတယ်။တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးမှာ ဇွန်လ သင်္ဘောတင်မယ့်ရော်ဘာဈေးနှုန်းက တစ်ကီလိုဂရမ်ကို ၃၀၈ ဒသမ ၄ ယန်း (တစ်တန်ကို ကန်ဒေါ်လာ ၄၀၀၇ ဒသမ ၇၉)နဲ့ ချုပ်ဆိုခဲ့ကြောင်းနဲ့ တစ်ကီလိုဂရမ်ကို ၆ ယန်း (၁ ဒသမ ၉ ရာခိုင်နှုန်း) ဈေးကျသွားကြောင်း သိရှိရတယ်။      ယခုရက်သတ္တပတ်မှာ ထိုင်းနိုင်ငံသဘာဝရော်ဘာကော်မတီက ရော်ဘာဈေးနှုန်းတွေ ထက်ဝက်လျော့ကျသွားခြင်းကြောင့် လယ်သမားတွေဆီမှ ရော်ဘာကိုဝယ်ယူဖို့ ကန်ဒေါ်လာ ၄၇၂ သန်းကို အစိုးရအဖွဲ့အစည်းအဝေးကို တင်ပြတောင်းခံ သွားမှာ ဖြစ်ကြောင်း သိရှိရတယ်။ တရုတ်မှ ကုန်ထုတ်လုပ်သူတွေရဲ့ ဝယ်လိုအားက ယခုနှစ်စမှာ နှေးကွေးနေခဲ့ပြီး ရေနံစိမ်းနဲ့ကြေးနီဈေးနှုန်း တွေအပေါ်မှာ ချိန်ဆနေကြကြောင်း စူးစမ်းလေ့လာမှုတွေအရ သိရှိရပါတယ်။ အေးမွန်မွန်လှိုင် Source: www.brecorder.com

Saturday, 4 Feb 2012

             ရော်ဘာအများဆုံးသုံးစွဲသူဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားနည်းတာကြောင့် အရှေ့တောင်အာရှမှာ ထုတ်လုပ်မှု အနည်းဆုံး ကာလဖြစ်တဲ့ မတ်လကုန်လောက်မှာ ရော်ဘာဈေးနှုန်း တစ်ရှိန်တိုးကျဆင်းနိုင်ကြောင်း Golden Sachs အုပ်စုမှ ပြောကြားပါတယ်။ ထိပ်တန်းထုတ်လုပ်သူဖြစ်တဲ့               ထိုင်းနိုင်ငံက တောင်သူတွေကို ထောက်ပံ့တဲ့အနေနဲ့ ဈေးကွက်ဈေးနှုန်းအထက် ဝယ်ယူပေးမယ့် အစီအစဉ်ကို ကြေညာခဲ့ပြီး ရော်ဘာသုံးလုပ်ငန်းတွေကတော့နှစ်ကူးမတိုင်မီ သိုလှောင်မှုတွေ ပြုလုပ်နေကြ တာကြောင့် ဈေးနှုန်းခေတ္တ မြင့်တက်ခဲ့ခြင်း ဖြစ်တယ်လို့ ၎င်းင်းအုပ်စုမှ ပြောကြားပါတယ်။ အမေရိကန်ရဲ့ စီးပွားရေးပြန်တက် လာပြီး ဥရောပရဲ့ စီးပွားရေး အခြေအနေဆိုးကနေလွတ်မြောက်စပြုလာတာကြောင့် ကော့ပါး၊ ရေနံနဲ့ ရွှေကဲ့သို့သော ကုန် ပစ္စည်းတွေရဲ့ ဈေးနှုန်း ၁၅ ရာခိုင်နှုန်းမြင့်တက်လာဖွယ်ရှိကြောင်း သိရပါတယ်။ လက်ရှိမှာ ဈေးနှုန်းတွေ ပြန်တက်ပေမယ့်လည်း ဝယ်လိုအားမကောင်းသေးတာကြောင့် ဈေးနှုန်းအချိန်မရွေး ပြန်ပြုတ်ကျသွားနိုင်ကြောင်း သုတေသီများက ပြောကြားပါတယ်။ လွန်ခဲ့တဲ့နှစ်မှာ ရော်ဘာပြတ်လတ်မှု ၈၇၀၀၀ တန် ရှိရာကနေ ယခုနှစ် ၂၀၁၂ မှာ တန်ချိန် ၄၁၃၀၀၀ ပိုနိုင်ကြောင်း ခန့်မှန်းထားပြီး ၂၀၁၃ မှာ ၅၅၁၀၀၀ အထိ ပိုလျှံနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ လာမယ့်ကာလများမှာ တစ်ကီလိုဂရမ်ကို ၃ ဒသမ ၁၂ ဒေါ်လာအထိ ကျဆင်းနိုင်ကြောင်း သုတေသီနဲ့ ကုန်သည် ၁၄ ဦးပါဝင်တဲ့ ကွင်းဆင်း လေ့လာရေးအဖွဲ့က ပြောကြားပါတယ်။             တိုကျိုကုန်စည်ဒိုင်မှာတော့ ဇွန်လအတွက်ဈေးနှုန်းက ၂ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်ကီလိုကို ၃၀၆ ယန်းကို ရောက်ရှိနေကြောင်း သိရပါတယ်။ တရုတ်ရဲ့ဝယ်လိုအားက ၂၀၁၀ မှာ တန်ချိန် ၃ ဒသမ ၆၃ သန်းရှိရာကနေ တန်ချိန် ၃ ဒသမ ၅၉ သန်းကို ကျဆင်းခဲ့ကြောင်း သိရပါတယ်။ တရုတ်ရဲ့GDP က ၂၀၁၁ နောက်ဆုံးသုံးလအတွင်း ၈ ဒသမ ၉ရာခိုင်နှုန်းတိုးခဲ့ကြောင်း သိရပါတယ်။ ထိုင်းအစိုးရကတော့ ဈေးကွက်ဈေးအထက် ရော်ဘာဝယ်ယူပြီး ဈေးနှုန်းမြှင့်တင်ဖို့ ဒေါ်လာ ၅၄၁ သန်း အကုန်အကျခံဖို့ စီမံကိန်းချမှတ်ထားကြောင်း သတင်းရရှိပါတယ်။ Source:Bloomberg.com,K.Z.W

Saturday, 4 Feb 2012

               မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်စခန်းတွေကနေ ရော်ဘာ ၇၁၁ တန်ကျော် တန်ဖိုးဒေါ်လာ ၂ ဒသမ ၄၁၆ သန်းဖိုးကို ဇန်နဝါရီလ ၁၈ ၇က်မှ ၂၄ ရက်ထိကာလအတွင်း တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ထက် တန် ၇၀ လောက်လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ နယ်စပ်အလိုက် တင်ပို့မှုတွေကတော့ မူဆယ်မှ MSR-20 ၆၇ တန်နီးပါး၊RSS-3 ၂၂၁ တန်ကျော်နဲ့MSR-50 ၁၀၆ တန်ကျော်တင်ပို့ခဲ့ပြီး ချင်းရွှေဟော်ကနေ RSS-3 တစ်မျိုးတည်းသာ ၃၁၆ တန်ကျော် တင်ပို့ခဲ့ပါတယ်။ မိမိဘက်ဈေး ပြောင်းလဲမှု မရှိပေမယ့် တစ်ဖက်နိုင်ငံ ဈေးကျဆင်းသွားတာ တွေ့ရပါတယ်                              မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု           ယခင်     ပြောင်းလဲမှု    %     ယခု     ယခင်    ပြောင်းလဲမှု   %RSS - 3    ၂၅၉၇၄၀၂    ၂၅၉၇၄၀၂          -          -       ၃၁၆၂   ၃၂၂၈       ၆၆         ၂RSS - 5    ၂၄၆၇၅၃၂    ၂၄၆၇၅၃၂          -         -        ၃၀၀၄   ၃၀၆၆       ၆၂         ၂MIRT (DOBT)

Pages