Background
အိန္ဒိယဈေးကွက်တချို့ကို ပဲအသစ်များဝင်ရောက်မှု ရှိပေမဲ့ ဝယ်လိုအားနည်း တာကြောင့်ဈေးကျဆင်းခဲ့ရာမှ အရောင်းအဝယ်အသင့်အတင့်ပြန်ဖြစ်ခဲ့လို့ ဈေးပြန် မာလာခဲ့ပါတယ်။ အမ်ရာဝါတီ ပဲစင်းငုံများ စတင်ရိတ်သိမ်း နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဒေလီဈေးကွက်ကိုတော့ ထရပ်ကားတစ်စီးသာ အဝင်ရှိခဲ့တယ်လို့ သိရပါ တယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ယခု တစ်ပတ်လည်း ပဲစင်းငုံကို တောက်လျှောက်အဝယ်ရှိနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၄၃၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ပြီး ယခုတစ်ပတ် (ဒီဇင်ဘာလ ၂၃ မှ ၂၉ ရက်) အတွင်းမှာ တန်ချိန် ၆၅၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင် ခဲ့တယ်လို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း ပုံမှန် တင်ပို့နေပါတယ်။ အိန္ဒိယဝယ်လက်တွေ အဝယ်ဆက်ရှိနေတဲ့အတွက် မှန်မှန်တင်ပို့ မှုရှိနေပြီး ဒီဇင်ဘာလ ၁၉ ရက်မှ ၂၃ ရက်အတွင်း တန်ချိန် ၆၉၀၀ ခန့်တင်ပို့ခဲ့ပါ တယ်။
ပြည်ပဲဈေးကွက်မှာ မတ်ပဲအရောင်းအဝယ်အေးလျက်ရှိပြီး၊ တစ်တင်းကို ၁၃၂၀၀ ကျပ်သာရှိတယ်လို့သိရပါတယ်။အချို့ပွဲရုံတွေကတော့ ပဲဈေးက မကောင်း လို့ ပဲထုတ်ရောင်းချမှုမရှိတဲ့အတွက် ပွဲရုံတိုင်းမှာ အရောင်းအဝယ် မဖြစ်ဘူးလို့ သိရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တချို့ကို မတ်ပဲဝင်ရောက်မှု ဆက်လက်ရှိနေပြီး ဝယ်လိုအားပါးနေတဲ့အတွက် ယခုတစ်ပတ်မှာလည်း ဈေးဆက်လက်ကျဆင်းနေပါ တယ်။ ဒါ့အပြင် ဒေလီဈေးကွက်မှာ မတ်ပဲအိတ် ၂ သိန်း ဝန်းကျင် သိုလှောင် ထားရှိပြီး လှောင်လက်များမှ ထုတ်ရောင်းနေတဲ့အတွက် ဈေးကျဆင်းနေခြင်းဖြစ် တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် မတ်ပဲအရောင်းအဝယ် တက်လာကြောင်းသိရပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်မှ ၂၅ ရက်အတွင်း မတ်ပဲ SQ ၊ FAQ စုစုပေါင်း တန်ချိန် ၆၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့လို့ ယခင်တစ်ပတ်အရောင်းအဝယ်ဖြစ်တဲ့ တန်ချိန် ၃၈၀၀ ထက် ပိုမိုရောင်းဝယ်နိုင်ကြောင်း သိရပါတယ်။
ပြည်ပကို မတ်ပဲတင်ပို့မှုက ယခုတစ်ပတ်မှာလည်း ပုံမှန်ပမာဏနဲ့ ဆက်လက် တင်ပို့ နေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၈၂၀၀ ကျော်ထိ တင်ပို့မှု ရှိခဲ့ပြီး ယခု တစ်ပတ် ဒီဇင်ဘာလ ၁၉ ရက်မှ ၂၃ ရက်အတွင်းမှာ တန်ချိန် ၆၂၀၀ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယမွန်ဘိုင်းဈေးကွက် ၂၂-၁၂-၂၀၁၁ (ဒေါ်လာ/တန်) ၂၄-၁၁-၂၀၁၀ ၃၀-၁၁-၂၀၁၀ ပြောင်းလဲမှု မတ်ပဲ ၆၂၈ ၆၀၈ ပဲတီစိမ်းရိုးရိုး ၇၆၃ ၇၇၂ - ပဲတီရွှေဝါ ၈၂၈ ၈၄၈ ပဲစင်းငုံ ၆၂၈ ၆၁၀ ကုလားပဲဖြူလုံးကြီး ၆၀၁ ၆၇၂
ရန်ကုန် FOB ဈေးနှုန်း
၂၃-၁၂-၂၀၁၁ (ဒေါ်လာ/တန်)
ယခင်အပတ်
ယခုအပတ်
ပြောင်းလဲမှု
မတ်ပဲ (အက်ဖ်အေကြူ)
600
580
မတ်ပဲ (အက်စ်ကြူ)
650
630
ပဲတီစိမ်း (ပခုက္ကူ)
720
720
ပဲတီစိမ်း (ရွှေဝါ)
780
750
ပဲတီစိမ်း (အညာ)
700
700
ပဲစင်းငုံ (အနီ) (သစ်)
560
540
ပဲစင်းငုံ (ဖြူနီ) (သစ်)
460
440
ပဲစင်းငုံ (ဖြူ) (သစ်)
460
440
ကုလားပဲဖြူလုံးကြီး
760
760
ပဲလွန်းဖြူ (အက်ဖ်အေကြူ)
790
790
ပဲလွန်းဖြူ (အက်စ်ကြူ)
900
900
မြေထောက်ပဲ
740
740
ထောပတ်ပဲ
730
730
သက်ဆိုင်ရာ နေ့ရက်များတွင် ရန်ကုန်တိုင်းဒေသကြီးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ခဲ့သည့် FOB အနိမ့်ဆုံး ဈေးနှုန်း ဖြစ်သည်။
၂၀၁၂ ဒုတိယ ၃ လအတွင်း ကမ္ဘာ့သကြားဈေး အနိမ့်ဆုံးကို ကျဆင်းပြီး နောက် တတိယ ၃ လပတ်မှစပြီး၊ သကြားတစ်ပေါင်ကို ကန်ဒေါ်လာ ၂၅ ဆင့် (တစ်တန်ကန်ဒေါ်လာ ၅၅၁)အထက်ကို မြင့်တက်နိုင်တယ်လို့ Mocquarie Group မှ ပြောကြားပါတယ်။ ၂၀၁၂ ပထမ နှစ်ဝက်အတွင်းမှာတော့ ဥရောပသမဂ္ဂ၊ အမေရိကား အလယ်ပိုင်း၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံမှ သကြားရောင်းချမှုတိုးတာကြောင့် သကြားဈေး ဆက်လက်နိမ့်မယ်လို့ ဆိုပါတယ်။
