Main menu

Background

Sunday, 18 Dec 2011

    ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှု ယခုတစ်ပတ် (ဒီဇင်ဘာလ ၅ ရက်မှ ၉ ရက်) အတွင်း တန်ချိန် ၄၀၀၀ အောက်လျော့ကျခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ချိန် ၄၅၀၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ အတွင်း ဒီဇင်ဘာလ ၉ ရက်နေ့အထိ မတ်ပဲပြည်ပတင်ပို့ပြီးစီးမှု တန်ချိန် ၄၇၁၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၉၄ သန်းကျော်ရရှိထားကြောင်း သိရပါ တယ်။

Tuesday, 13 Dec 2011

     မန်းပြောင်းဈေးကွက်မှာ နိုဝင်ဘာတစ်လလုံး ပြောင်းရှမ်းတစ်ပိဿာ ၂၆၉ ကျပ်၊ ပြောင်းဗမာ ၂၅၉ ကျပ်၊ ပြောင်းစီပီ ၂၆၉ ကျပ်တို့ဖြင့် အမြင့်ဆုံး အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။

Tuesday, 13 Dec 2011

     ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှအပ ကျန်မြို့နယ်များမှာ ကြံစိုက်ပျိုးကြပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ် ချက်ကြံရင့် စိုက်ဧက ၁၈၀၀၀ ခန့် စိုက်ပျိုးပြီး ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ဧက ၁၈၀၀၀ ကျော်စိုက်ပျိုးခဲ့ရာ ဧက ၅၀၀ ကျော် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပါတယ်။

Monday, 12 Dec 2011

    မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာလမှာ ပြောင်းတန်ချိန် ၈၆၂၅၈ တန် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး အောက်တိုဘာလထက် တန် ၂၆၈၆၀ ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ ဒါ့အပြင် ယခင်နှစ်အလားတူကာလနဲ့ နှိုင်းယှဉ်ရင်လည်း ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။

Monday, 12 Dec 2011

    ယခုတစ်ပတ် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ကာလအတွင်း မူဆယ်နဲ့ ချင်းရွှေဟော် စခန်းတွေကနေ ပြောင်းတန်ချိန် ၂၀၆၃၆ တန်၊ တန်ဖိုးကန် ဒေါ်လာ ၅ဒသမ၇၇၈ သန်းဖိုးကိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂၅၀၀၀ ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ယခုအပတ်မှာ တန် ၅၀၀၀ ခန့်အပို့လျော့ခဲ့ပါတယ်။

Monday, 12 Dec 2011

    နိုဝင်ဘာ ၂၇ မှ ဒီဇင်ဘာ ၃ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၂၄၃၃ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၆၉၆ သန်းဖိုးတင်ပို့ခဲ့ပါ တယ်။ အများဆုံးတင်ပို့တာကတော့ စင်ကာပူနိုင်ငံဖြစ်ပြီး ဗီယက်နမ်ကိုလည်း တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။

Monday, 12 Dec 2011

                                                                ရန်ကုန် FOB ဈေးနှုန်း                                              ၉-၁၂-၂၀၁၁                       (ဒေါ်လာ/တန်) ယခင်အပတ်  ယခုအပတ် ပြောင်းလဲမှု မတ်ပဲ (အက်ဖ်အေကြူ)      570   590  မတ်ပဲ (အက်စ်ကြူ)    620    640  ပဲတီစိမ်း (ပခုက္ကူ)    720   720  ပဲတီစိမ်း (ရွှေဝါ)    800   780  ပဲတီစိမ်း (အညာ)   700   700  ပဲစင်းငုံ (အနီ) (သစ်)   540    540  ပဲစင်းငုံ (ဖြူနီ) (သစ်)   440   440  ပဲစင်းငုံ (ဖြူ) (သစ်)    440   440   ကုလားပဲဖြူလုံးကြီး   960   960   ပဲလွန်းဖြူ (အက်ဖ်အေကြူ)    790  790  ပဲလွန်းဖြူ (အက်စ်ကြူ)   900   900  မြေထောက်ပဲ     740  740  ထောပတ်ပဲ   730   730          သက်ဆိုင်ရာ နေ့ရက်များတွင် ရန်ကုန်တိုင်းဒေသကြီးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ခဲ့သည့် FOB အနိမ့်ဆုံး ဈေးနှုန်း ဖြစ်သည်။

Monday, 12 Dec 2011

                                                                  အိန္ဒိယမွန်ဘိုင်းဈေးကွက်                                                   ၈-၁၂-၂၀၁၁           (ဒေါ်လာ/တန်)   ၂၄-၁၁-၂၀၁၀ ၃၀-၁၁-၂၀၁၀  ပြောင်းလဲမှု   မတ်ပဲ     ၆၀၁     ၆၂၀ ပဲတီစိမ်းရိုးရိုး    ၇၈၄     ၇၇၂     - ပဲစင်းငုံ     ၅၉၁     ၆၁၉  ကုလားပဲဖြူလုံးကြီး      ၆၁၃     ၆၂၃

Monday, 12 Dec 2011

    ပြီးခဲ့တဲ့ရက်သတ္တပတ်က လယ်ယာထုတ်ကုန်ဈေးကွက်တစ်ခုဖြစ်တဲ့ Maharashtra ပြည်နယ်မှာ ကြက်သွန် နီသိုလှောင် ထားမှုနဲ့ ကြက်သွန်နီအသစ်ဝင်ရောက်မှုကြောင့် ကြက်သွန်နီဈေးနှုန်းတွေ တစ်ကီလိုဂရမ်ကို ၂ ရူပီး ကျဆင်းသွားခဲ့ကြောင်း သတင်းရရှိပါတယ်။ 

Monday, 12 Dec 2011

    အိန္ဒိယနနွင်း လက်ငင်းဈေးကွက်များမှာ စပ်မျိုးနနွင်းလက်ချောင်းကို ဝယ်လိုအားရှိလာလို့ တစ်တန် ရူပီး ၃၀၀၀ (ကန်ဒေါ် လာ ၅၈)ခန့် မြင့်တက်ခဲ့ပါတယ်။ဒါပေမယ့်စပ်မျိုးနနွင်းဥကိုတော့ အဝယ်မရှိလို့ တစ်တန် ရူပီး ၁၅၀၀ (ကန်ဒေါ်လာ ၂၉)လျော့ ကျခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဝယ်လက်များ ဝယ်ယူမှုမှာ အကန့်အသတ်သာရှိတာကြောင့် ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

Pages