Main menu

Background

Monday, 24 Oct 2011

           အောက်တိုဘာလ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၆၀၁ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၇၇၉ တန် ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၇၁ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။            ကုန်တင်ကားသယ်ယူစရိတ်များမှာ အာဆီယံစံသတ်မှတ်ချက်ကို ပြန်လည်ကျင့်သုံးသဖြင့် ယခင်အပတ်ကထက် ပဲတီစိမ်း ၁ ပိဿာကို ၁၀ ကျပ် မြင့်တက်သွားပြီး ၇၈ ကျပ်နှုန်းပေးဆောင်နေရတဲ့အတွက် ကုန်တက်များ လျော့ကျနေတယ်လို့ သိရ ပါတယ်။ယခင်အပတ်ကထက် မိမိဘက်မြေပြင်ပေါက်ဈေးမှာ ၁၅ ရာခိုင်နှုန်းလျော့ကျသွားပြီး တစ်ဖက်နိုင်ငံဈေးကတော့ ယခင်အပတ်အတိုင်း ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                    မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု            ယခင်     ပြောင်းလဲမှု  %     ယခု    ယခင်   ပြောင်းလဲမှု   %ပဲတီစိမ်း      ၆၁၃၀၆၆     ၇၀၂၅၂၇     ၈၉၄၆၁    ၁၅      ၈၉၄     ၈၉၄             -           - MIRT (DOBT)

Monday, 24 Oct 2011

         ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပြည်ပအဝယ်နည်းပေမဲ့ ယခင်တစ်ပတ်ထက် အရောင်းအဝယ်ပိုဖြစ်ခဲ့ပါတယ်။ ယခင်တစ်ပတ်က ပဲတီစိမ်းတန်ချိန် ၁၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ် အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အတွင်းမှာ ပဲတီရွှေဝါ တန် ၁၅၀၀ ကျော်၊ ပဲတီစိမ်း တန် ၅၀၀ ကျော်၊ ပဲတီစိမ်းခွဲခြမ်း တန် ၁၇၀ ခန့် စုစုပေါင်းတန်ချိန် ၂၂၀၀ ခန့် အရောင်းအဝယ်စာချုပ်ခဲ့တယ်လို့ သိရပါတယ်။         ပြည်ပဝယ်လိုအားနည်းသလို အရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်လို့ ယခုတစ်ပတ် FOB ဈေးကျဆင်းခဲ့တာ တွေ့ရပါတယ်။                         ဒေါ်လာ/ တန်                      ပဲတီစိမ်းအညာ       ပဲတီရွှေဝါအသေး         ပဲတီရွှေဝါအကြီး၂၁-၁၀-၁၁        ၇၂၀-၇၄၀              ၇၄၀-၇၆၀                 ၉၄၀-၉၆၀၁၄-၁၀-၁၁        ၇၅၀-၇၇၀               ၈၀၀-၈၂၀               ၁၀၀၀-၁၀၂၀MIRT(MAPT)

Monday, 24 Oct 2011

                လက်ရှိကာလဟာ အိန္ဒိယဈေးကွက်တွေကို ပဲတီစိမ်းအသစ်တွေ ဝင်ရောက်မှုများတဲ့ ကာလဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ဝယ်ယူမှုနည်းပြီး တင်ပို့မှုကျဆင်းတဲ့ ကာလဖြစ်နေပါတယ်။ ယခင်သီတင်းပတ်က ပဲတီစိမ်းတန်ချိန် ၂၁၀၀ ကျော်တင်ပို့ခဲ့ပြီး ယခုတစ်ပတ် (အောက်တိုဘာလ ၉ ရက်မှ ၁၄ ရက်) အတွင်းမှာတော့ တန်ချိန် ၁၁၆၀ ကျော်သာ အပို့ရှိခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၁၂ အတွင်း အောက်တိုဘာလ ၁၄ ရက်နေ့အထိ ပဲတီစိမ်းတန်ချိန် ၁၉၇၇၀၀ တင်ပို့ခဲ့ပြီးဖြစ်လို့ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တင်ပို့ခဲ့တဲ့ တန်ချိန် ၁၃၅၀၀၀ နဲ့ ယှဉ်ရင် ၆၂၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ လတ်တလောမှာ ပဲတီစိမ်းတင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT

Monday, 24 Oct 2011

               အိန္ဒိယနိုင်ငံ PEC  အေဂျင်စီမှ ပဲမျိုးစုံတန်ချိန် ၁၈၀၀၀ တင်သွင်းဖို့ တင်ဒါခေါ်ထားပါတယ်။ တင်သွင်း မယ့် ပဲများကတော့ မြန်မာ့မတ်ပဲ SQ တန် ၂၀၀၀၊ မတ်ပဲ FAQ တန် ၄၀၀၀၊ ကနေဒါ ပဲနီလေးဟောင်း တန် ၂၀၀၀၊ ပဲနီလေးသစ် တန် ၂၀၀၀၊ အမေရိကန် ပဲနီလေးဟောင်း တန် ၂၀၀၀၊ ပဲနီလေးသစ် တန် ၂၀၀၀၊ သြစတြေးလျ ဒေစီကုလားပဲ တန် ၂၀၀၀ နဲ့၊ တန်ဇန်းနီးယား ဒေစီကုလားပဲ တန် ၂၀၀၀ တို့ဖြစ်ပါတယ်။               တင်သွင်းမယ့် ပဲများကို မွန် ဘိုင်းနဲ့ ချန်နိုင်းဆိပ်ကမ်းများသို့ နိုဝင် ဘာလအရောက် ပေးပို့ရမယ်လို့ သိရပါတယ်။ ဝယ်ယူရေး တင်ဒါကို အောက်တိုဘာလ ၂၁ ရက်မှာ ပိတ်သိမ်းမှာဖြစ်ကြောင်း သိရပါတယ်။ ယမင်းခင် Source: nnscommodityonline

Monday, 24 Oct 2011

                လက်ကျန်ပဲလွန်းဖြူများ အပတ်စဉ် တင်ပို့လျက်ရှိရာမှ ယခင်သီတင်း ပတ်က တန်ချိန် ၄၁၀ ကျော်ထိ တင် ပို့မှု ရှိခဲ့ပြီး ယခုသီတင်းပတ် (အောက်တိုဘာလ ၉ ရက်မှ ၁၄ ၇က်) အတွင်း မှာလည်း တန်ချိန် ၂၀၀ ကျော် တင်ပို့ခဲ့ တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေ ကတော့ ကိုရီးယား၊ မလေးရှား၊ ဟောင်ကောင်နဲ့ စင်ကာပူဖြစ်ပြီး ပမာဏ အများဆုံးကိုတော့ ကိုရီးယားကို တင်ပို့ တာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် အတွင်း အောက်တိုဘာ၁၄ ရက်အထိ ပဲလွန်းဖြူတန်ချိန် ၁၅၄၀၀ ကျော် တင်ပို့ခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလ တူက တန်ချိန် ၁၆၀၀၀ ခန့် တင်ပို့ခဲ့ တာတွေ့ရပါတယ်။                တင်ပို့မှုရှိနေသလို အရောင်းအဝယ်ဖြစ်မှုမှာလည်း ရန်ကုန် FOB ဈေးကွက်ရဲ့ ယခုတစ်ပတ် (အောက်တို ဘာလ ၁၄ ရက်မှ ၂၀ ရက်) အတွင်း တန်ချိန် ၄၀၀ ကျော်ထိ ရှိခဲ့ပါတယ်။ လက်ကျန်နည်းနေပြီဖြစ်ပေမဲ့ အဝယ် လိုက်နေလို့ အရောင်း အဝယ် ဖြစ်နေပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုး ကျဆင်းတဲ့အတွက် FOB ဈေး ကတော့ ငြိမ်နေပါတယ်။ ယခင်သီတင်းပတ်လိုပဲ အောက်တိုဘာလ ၂၁ ရက် မှာလည်း ပဲလွန်းဖြူ FAQ တစ်တန် ကန်ဒေါ်လာ ၈၄၀-၈၆၀ နဲ့ SQ တစ် တန်ကန်ဒေါ်လာ၉၅၀-၉၇၀ ရှိကြောင်း သိရပါတယ်။ MIRT-DOBT

Monday, 24 Oct 2011

                 မုံရွာကုန်စည်ဒိုင် အောက်တိုဘာတတိယပတ် ပဲစင်းငုံနီဈေးကွက်အနေနဲ့ Export  ဝယ်လက်မရှိသလို ဒေသတွင်းအဝယ်လည်း အေးသွားခဲ့လို့ အရောင်း အဝယ်မဖြစ်သလောက် ပါးခဲ့တယ်လို့ဆိုပါတယ်။ ယခင်ရန်ကုန်နဲ့ ပခုက္ကူအတွက် ဒေသခံဝယ်လက်ကုန်သည်တွေက ပဲစင်းငုံနီအဟောင်းမှာ အရည်အသွေးမမှန်လို့ အဝယ် ခပ်အေးအေးဖြစ်ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တစ်တင်း ၁၂၃၀၀ ကျပ်ထိ ဈေးကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။ ကုန်သည်အချင်းချင်း မိတ်မပျက် အရောင်း အဝယ်ဖြစ်ခဲ့လို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်အိတ် ၂၀၀ မှ ၅၀၀ အတွင်းသာ ရှိခဲ့တယ်လို့ ဈေးကွက်ကသိရပါတယ်။                      ယခုတစ်ပတ်အတွင်း စီးဆင်းမှုအနေနဲ့ မန္တလေးကို တင်း ၁၂၀၀၊ ရန်ကုန်ကို တင်း ၁၀၀၀ သာ ရှိခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်

Monday, 24 Oct 2011

                အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ပဲစင်းငုံဈေးက ဈေးကွက်အလိုက် အတက် အကျရှိနေတာ တွေ့ရပါ တယ်။ ပဲထွက်ရှိရာဒေသတွေမှာ ပဲစင်းငုံအထွက်ကောင်းတဲ့ သတင်းများအရ လှောင်လက်များ လက်ကျန် ရှင်းထုတ်နေကြသလို ပဲခွဲစက်များ ကလည်း အဝယ်အေးတာကြောင့် အချို့ဈေးကွက်မှာ ဈေးအေးတယ်လို့ သိရပါတယ်။ နိုင်ငံအထက်ပိုင်း ပဲထုတ်လုပ်ရာဒေသများမှ ပဲဝင်ရောက်မှု မြင့်တက်နေတဲ့ အတွက် နောက် ၄ ရက်အတွင်း ပဲစင်းငုံဈေး အနည်းငယ်ကျဆင်းနိုင်တယ်လို့ ဈေးကွက်က သုံးသပ်ကြပါတယ်။ ဈေးကွက်အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန်                 ၂၁-၁၀-၁၁       ၁၉-၁၀-၁၁         ၁၈-၁၀-၁၁           ၁၇-၁၀-၁၁မွန်ဘိုင်း         ၆၁၁               ၆၁၁                   ၆၁၁                    ၆၂၀ဒေလီ           ၆၄၄-၆၄၆     ၆၅၆-၆၅၈           ၆၅၆-၆၅၈            ၆၅၆-၆၅၀ချန်နိုင်း             ၆၁၆            ၆၂၁                    ၆၁၁                    ၆၂၀MIRT(DOBT)

Monday, 24 Oct 2011

            ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်က ပဲစင်းငုံနီအရောင်းအဝယ်မရှိသလောက်ပါးခဲ့ရာမှ ယခုတစ်ပတ် အောက်တိုဘာလ ၁၄ ရက်မှ ၂၀ ရက်အတွင်းမှာ ပဲစင်းငုံ ဖြူနီနဲ့ အဖြူ တန်ချိန် ၃၀၀၀ ကျော်ထိ အရောင်းအဝယ်စာချုပ်နိုင်ခဲ့ပါတယ်။ အိန္ဒိယပဲအသစ်မထွက်မီ စပ်ကူးမတ်ကူးကာလ လိုအပ်တဲ့ ပဲအချို့အတွက် ကြိုက်ဈေးရတဲ့ ပဲစင်းငုံကို အရောင်း အဝယ်ပိုဖြစ်တာ တွေ့ရပါတယ်။              အရောင်းအဝယ်ဖြစ်မှုနည်းပြီး ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး ကျဆင်းလာတာ ကြောင့် FOB ဈေးလည်း လျော့ကျခဲ့ပါတယ်။                                           ဒေါ်လာ/တန်                          ပဲစင်းငုံနီ              ဖြူနီ                        ငုံနီ(အဟောင်း)၂၁-၁၀-၁၁         ၅၆၀-၅၈၀         ၄၆၀-၄၈၀                      ၅၅၀-၅၇၀၁၄-၁၀-၁၁          ၅၈၀-၆၀၀        ၄၈၀-၅၀၀                       ၅၇၀-၅၉၀MIRT(DOBT)

Monday, 24 Oct 2011

                မကြာမီရက်ပိုင်းအတွင်း အိန္ဒိယမှာ ပဲစင်းငုံအသစ်များထွက်ပေါ်တော့မှာ ဖြစ် လို့ မြန်မာပဲစင်းငုံများ အဝယ်တန့်သွားတဲ့အတွက် ယခုတစ်ပတ် (အောက်တိုဘာလ ၉ ရက်မှ ၁၄ ရက်) အတွင်းမှာ တန် တစ်ထောင်ကျော်သာ တင်ပို့မှုရှိခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်အတွင်း ပဲစင်းငုံ တန်ချိန် ၅၁၀၀ ကျော်တင်ပို့နိုင် မှုနဲ့ ယှဉ်ရင် ပမာဏများများ လျော့ကျခဲ့တာဖြစ်ပါတယ်။                လက်ရှိ ဘဏ္ဍာနှစ်အတွင်း စက်တင်ဘာလ ၁၄ ရက်နေ့အထိ ပဲစင်းငုံ စုစုပေါင်း တင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် ၁၂၆၀၀၀ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် ၆၀၀၀၀ နီးပါးသာ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ လက်ရှိ အခြေအနေအရ ပဲစင်းငုံတင်ပို့မှုကတော့ လာမယ့်သီတင်းပတ်တွေမှာလည်း လျော့ကျနေဦးမယ်လို့ ကုန်သည်များ ခန့်မှန်းကြပါတယ်။ MIRT_DOBT

Monday, 24 Oct 2011

            ပြည်ပဲဈေးကွက်မှာ မတ်ပဲဈေးအနေဖြင့် ယခင်တစ်ပတ်ထက် ဈေးလျော့နေပြီး၊ ပဲတစ်တင်းကို ၁၇၇၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ ပြည်မြို့အနီး ဝက်ထီးကန်ဘက်မှ တောင်သူများလက်ဝယ်ရှိပဲများကို လာရောက်ရောင်းချ ကြ တယ်လို့သိရပါတယ်။ ရန်ကုန်ဝယ်လက်လည်း အဝယ်ရှိနေပြီး တစ်နေ့ကို အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ကာ ပြည်မှ ရန်ကုန်-ဘုရင့်နောင်သို့ ပဲစီးဆင်းမှု ကတော့တစ်နေ့ကိုအိတ် ၆၀၀ ခန့်တင်ပို့မှုရှိတယ်လို့သိရပါတယ်။ မိမိအေး

Pages