Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းက ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၀၁၁ သန်းတန်ဖိုးရှိ ကြက်သွန်နီတန် ၃၇၅၂ ဒသမ ၉၀၀ တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်သော သြဂုတ်လထက် တန် ၂၀၀၀ နီးပါးပိုမိုတင်ပို့နိုင်ခဲ့သလို ကာလ တူ ဖြစ်သော ၂၀၁၂ ခုနှစ် စက်တင်ဘာလထက်လည်းတန် ၃၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် အောက် တိုဘာလ ၂ ရက်မှ ၈ ရက်ထိ ကန်ဒေါ်လာ သုည ဒသမ ၂၄၅ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၅၁၂ တန်နီးပါး တင်ပို့နိုင်ခဲ့၍ ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက ၂ ဒသမ ၇၆ တန်ကျော် လျော့ နည်း တင်ပို့ခဲ့ပါတယ်။
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မန်ကျည်း ၅၅ တန်ကို စက်တင်ဘာ ၂၉ မှ အောက်တိုဘာ ၅ ရက်အတွင်းတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် တင်ပို့ခဲ့တဲ့နိုင်ငံမှာ ပါကစ္စတန်နိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့ မှုမှာ တန်ချိန် တစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ငါးဆယ်ကျော် တင်ပို့မလျော့နည်းခဲ့ပါတယ်။ စက်တင်ဘာလအတွင်း မန်ကျည်းတင်ပို့ခဲ့တဲ့ နိုင်ငံ များမှာ ပါကစ္စတန်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံများပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မန် ကျည်းတင်ပို့မှုကြောင့် ကန်ဒေါ်လာ နှစ်သောင်းလေးထောင့်နှစ်ရာဝင်ငွေရရှိခဲ့ပါ တယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် သြဂုတ်လအတွင်း မန်ကျည်းတင်ပို့တန်ချိန် မှာ ၃၉၄ တန်ကျော်ရှိခဲ့ပြီး စက်တင်ဘာလအတွင်း တင်ပို့မှုမှာ တန်ချိန် ၁၂၄ ကျော်ရှိခဲ့တာကြောင့် စက်တင်ဘာလမှာ တန်ချိန် ခုနှစ်ဆယ်ကျော်တင်ပို့မှုလျော့ ခဲ့ပါတယ်။ MIRT ( DOT)
အောင်ပန်းဈေးကွက်မှာ ချင်းကအဝင်များလာပါတယ်။ သီတင်းကျွတ်ခါနီးလာ တော့ ငွေလိုတဲ့တောင်သူ တွေကလည်း ဖော်ပြီးရောင်းနေကြတာကြောင့် အဝင်က လည်းလှိုင်နေပါတယ်။ အဖိတ်ဈေးနဲ့ ဈေးနေ့တွေမှာ ပိုပြီးအဝင်များလေ့ရှိပြီး၊ အဲဒီရက်တွေမှာ တစ်ရက်ကို ပိဿာချိန် တစ်သောင်းခန့်အဝင်ရှိနေတယ် လို့ သိရပါတယ်။ ဒါပေမဲ့ အခုလက်ရှိဝင်နေတဲ့ချင်းက ချင်းနုတွေသာဖြစ်တာကြောင့် ကြာရှည်လည်း အထားမခံသေးပါဘူး။
ပြည်ချင်းဈေးကွက်မှာ ယခင်အပတ်က ချင်းတက်တစ်ပိဿာကို (ရှယ်) ၁၆၀၀ ကျပ်၊ (ဂျွန်)၁၂၀၀ ကျပ်တို့ ဖြစ်ပြီး၊ယခုအပတ်မှာ(ရှယ်) ၁၃၀၀ ကျပ်၊ (ဂျွန်) ၁၀၅၀ ကျပ်တို့နှင့် ရောင်းဝယ်လျက်ရှိတာကြောင့် တစ်ပိဿာ ၃၀၀ ကျပ်ခန့်ဈေးကျသွား ပြီး၊ ယခုတစ်ပတ်အတွင်း အောင်ပန်း၊ တောင်ကြီးဘက်မှ ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်အဝင်ရှိခဲ့ပါတယ်။ တောင်ပေါ်ဈေးလည်းကျလို့ မှာယူတင်သွင်းမှုအပေါ် မူတည်ပြီး ဈေးအနည်းငယ် ကျသွားကြောင်း၊ သီတင်းကျွတ်ကာလရောက်ချိန် နီးလာလို့ ပိဿာချိန် ၃၅၀ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်ဈေးခ ကွက်မှ တစ်ဆင့် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တို့သို့ စားသုံးမှုအဖြစ် ယခုတစ်ပတ် အတွင်း ပိဿာချိန် ၃၀၀ ခန့် တင်ပို့ခဲ့ပါတယ်။ ဝင်းဝင်းခိုင်-ပြည်
မုံရွာကုန်စည်ဒိုင် အောက်တိုဘာ လ ၁၀ ရက် ပတ်ပဲဈေးကွက်မှာ လက် ကား ရောင်းဝယ်ကြတဲ့ ပဲအများစု ဈေး အေး အရောင်းအဝယ်လေးနေပြီး၊ လက်လီ အရောင်းသွက်တဲ့ ပဲအချို့က တော့ အမြင့်ဈေးမှာ ဆက်လက်မာနေ တာ တွေ့ရပါတယ်။ ယခုတစ်ပတ် ကုလားပဲ ဈေးကွက်အနေနဲ့ ဒေသတွင်း ခွဲစက်သမားတွေ လိုမှ ဝယ်ကြသလို ကုန်သည်ကလည်းဈေးကြိုက်မှ ရောင်း နေကြတဲ့အတွက်တစ်ရက်တစ်ဈေး ဖြစ် ပေါ်နေတာတွေ့ရပါတယ်။
ပြည်ဈေးကွက် နှမ်းဈေးမှာ ယခုတစ်ပတ်မှာလည်း ဆက်လက်ဈေးမြင့်နေပါ တယ်။ မင်းတုန်း၊ ကံမ၊ မြန်အောင်နဲ့ ပေါင်းတည်ဘက်မှ တစ်နေ့ အိတ် ၁၀၀၀ ခန့် သာဝင်ရောက်လို့ နှမ်းအဝင်နည်းသွားပြီး၊ တရုတ်ဘက်မှ အနီရော အနက်ပါ အဝယ်များနေလို့ ဈေးမြင့်ပြီး၊ တစ်နေ့ကို နှမ်းအိတ် ၁၀၀၀ ခန့် အရောင်းအဝယ် ဖြစ်တာ တွေ့ရပါတယ်။
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ စက်တင်ဘာ ၉ ရက်မှ ၁၄ ရက်နေ့တာ ကာလအတွင်း နနွင်း ၁၁၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံကို ၁၈ တန်၊ အိန္ဒိယနိုင်ငံကို ၃၆ တန်နဲ့ မလေးရှားနိုင်ငံကို တန်ချိန် ၆၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် မှာ နနွင်းတင်ပို့မှုရပ်နားခဲ့ပြီး ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့ နိုင်ခဲ့ ခြင်းဖြစ်ပါတယ်။ ဒီတစ်ပတ်နနွင်းတင်ပို့မှုမှ ရရှိခဲ့တဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ငါးသောင်းနှစ်ထောင်ကျော် ရရှိခဲ့ တယ်လို့ သိရပါတယ်။MIRT(DOT)
မန္တလေး ကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော် အသင်း)မှာအရောင်းအဝယ်ဖြစ်မှု အရှိ ဆုံးနဲ့ ဈေးအတည်ငြိမ်ဆုံးပဲမှာ ပဲတီစိမ်း ဖြစ်ကြောင်းသိရပါတယ်။ ပြည်ပ အဆွဲ (တရုတ်)ပုံမှန်ရှိသလို ဒေသတွင်း ပဲစက် များမှလည်း ပုံမှန် အဆွဲရှိတာကြောင့် ဈေးနှုန်းတည်ငြိမ်မှုရှိကြောင်း သိရပါ တယ်။
မန္တလေးတိုင်းဒေသကြီးမှာ နှစ်စဉ် ကြက်သွန်နီ ဧက ၅၀၀၀၀ -၆၀၀၀၀ ကျော်စိုက်ပျိုးလေ့ရှိ ပါတယ်။ ကြက်သွန်နီ ထွက်ရှိချိန်က အထွက်ကောင်းခဲ့တာကြောင့် ယခုနှစ်မှာ ဈေး ကောင်းရနိုင်ဖွယ်ရှိရာ မရှိဟု ယူဆပြီး၊ လှောင်သူနည်းပါးခဲ့ တယ်လို့ မြင်းခြံကုန်သည်တစ်ဦးက ဆိုပါတယ်။
မုံရွာကုန်စည်ဒိုင်မှာ ပုံမှန်ဈေးနဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ ပဲများက တော့ ကုလားပဲရိုးရိုး၊ ထိုင်ဝမ်ကုလားပဲနဲ့ ကုလားပဲဖြူလုံးကြီးတို့ဖြစ်ပါတယ်။ မုံရွာ မြို့တစ်ဝိုက်ဈေးကွက်များမှာယခုဝါတွင်း ကာလဖြစ်လို့ ခွဲခြမ်းဈေးကောင်းတဲ့ အတွက် ကုလားပဲအလုံးလိုက် ရောင်း ခြင်းထက် ခွဲခြမ်းလုပ်ပြီး၊ ရောင်းခြင်းက ပိုပြီး အရောင်းအဝယ်သွက်နေပါတယ်။