Background
ပြည်ချင်းဈေးကွက်အတွင်း ယခုတစ်ပတ်မှာတော့ ချင်းအဟောင်းပစ္စည်း လက်ကျန်ပြတ်သွားပြီး၊ ချင်းအတက်အသစ်များသာ ပိဿာ ၂၀ ဝင်တောင်း ၅၀၀ ခန့် အဝင်ရှိလာပါတယ်။ ချင်းတက်အသစ်မှာ ပစ္စည်းသိပ် မကောင်းသေးဘဲ၊ အရင် လိုသေးသဖြင့် အကျိုးအကြေများတဲ့အတွက် တောင်းများနဲ့ သယ်ယူနေရခြင်း ဖြစ်ပြီး၊ ပြည်ပွဲရုံများ၌ ချင်းတက်တစ်ပိဿာကို (ဂျွန်) ၁၃၀၀ ကျပ်၊ (ရှယ်) ၁၅၀၀ ကျပ်တို့နှင့်အရောင်းအဝယ်အေးနေပါတယ်။ ချင်းတက်အသစ်ကို လှောင်လက် သမားများမှ ဝယ်ယူခြင်းမရှိသေးဘဲ လက်လီလက်ကား ရောင်းဝယ်သူများမှလည်း ပစ္စည်းသစ်ကို ထိန်းဝယ်နေတဲ့အတွက် တစ်ပတ်အတွင်း တောင်း ၁၈၀ ခန့်သာ အရောင်းအဝယ်ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့သို့ စားသုံးမှု အဖြစ် ယခုတစ်ပတ် ပိဿာချိန် ၁၂၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ဝင်းဝင်းခိုင်-ပြည်
အောက်တိုဘာ စတုတ္ထအပတ် အတွင်း ပြည်ဈေးကွက်မှာ နှမ်းဈေးနဲ့ အတူ မြေပဲဆန်ဈေးပါ တက်နေ ပါ တယ်။ နှမ်းကို မန္တလေးဝယ်လက်များ က အဝယ်လိုက်သလို မြေပဲဆန်ကို ရန်ကုန် ဆီစက်သမားများက အဝယ် လိုက်နေပါတယ်။ ပေါက်ခေါင်း၊ မြန် အောင်နဲ့ ကံမဘက်မှ တစ်နေ့ကို နှမ်း အိတ် ၅၀၀ ခန့်သာ ဝင်ရောက်လာပြီး၊ အဝင် နည်းသွားတာကြောင့် နှမ်းဈေး ထောင်တက်နေသလို မြေပဲဆန်ကို အောင်လံ၊ ကြံခင်းနဲ့ ပေါက်ခေါင်းဘက် မှ တစ်နေ့ကို ပဲဆန်အိတ် ၁၅၀၀ ခန့် ဝင်ရောက်သော်လည်း မြေပဲဆန် ဈေး မြင့်နေတာ တွေ့ရပါတယ်။
ပဲခူး တိုင်းဒေသကြီး ပြည်ပဲဈေး ကွက်မှာ ယခုအောက်တိုဘာ တတိယ ပတ် အတွင်း ပဲမျိုးစုံအရောင်းအဝယ် အေးခဲ့ပေမယ့် မတ်ပဲနဲ့ ပဲစင်းငုံဈေးနှုန်း များ မြင့်တက်လာခဲ့တာကို တွေ့ရပါ တယ်။ ကုလားပဲ၊ ပဲကြီး၊ ပဲလွန်းဖြူနဲ့ ထောပတ်ပဲ၊ စားတော်ပဲဈေးများက တော့ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ မတ်ပဲသီးနှံမှာ ပဲလက်ကျန် များ ထုတ်ရောင်းချလာကြပြီး၊ တစ်ရက် အိတ် ၃၀၀ မှ ၅၀၀ အထိ ရန်ကုန် ဝယ်လက်အဝယ်ရှိသလို မျိုးစိုက်ပျိုးဖို့ ဝယ်ယူမှု ရှိလာတဲ့အတွက် ဈေးနှုန်းများ ဈေးမြင့်လာတယ်လို့ သိရပါတယ်။
မန္တလေး ကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော် အသင်း)မှာ လက်ရှိ ပြည်ပ(တရုတ်) ဝယ်လက် ဆွဲအားကောင်းနေတဲ့ သီးနှံ တစ်ခုဖြစ်တဲ့ နှမ်းရောင်စုံများ ရောင်း ဝယ်မှု အားကောင်းလျက် ရှိကြောင်း သိရပါတယ်။ နယ်မြို့ပွဲစား၊ တောပွဲစား များထံမှ နှမ်းရောင်စုံများ ဝင်ရောက် သလောက် အရောင်းအဝယ်ဖြစ် နေပါ တယ်။ နှမ်းရောင်စုံများရဲ့ ဈေးနှုန်းများ အတက်ဖက်မှာ ရှိနေပါတယ်။
မုံရွာကုန်စည်ဒိုင် အောက်တိုဘာ စတုတ္ထပတ် ပဲမျိုးစုံဈေးကွက်မှာ Export ဝယ်လက်ထက် ပဲလက်လီနဲ့ လုပ်ငန်း သုံးသမားတွေ အဝယ်လိုက်ခဲ့လို့ အရောင်းအဝယ် အနည်းငယ် သွက်ခဲ့ တယ်လို့ သိရပါတယ်။ အထူးသဖြင့် ကုလားပဲအုပ်စု ဈေးကွက်မှာဆိုရင် ပွင့်လင်းရာသီစပြီဖြစ်လို့ မန္တလေးနဲ့ မုံရွာ ခွဲစက်သမားတွေ လုပ်ငန်းသုံး အဖြစ် ပဲအဝယ်သွက်ခဲ့တယ်လို့ ဒိုင် ရပ်ကွက်က ဆိုပါတယ်။ ပဲခွဲခြမ်းဈေး ကောင်းမွန်လာတဲ့အတွက် အခုလို ဝယ် လိုအား မြင့်လာခြင်းဖြစ်သလို ပဲဈေး လည်း အနည်းငယ် မြောက်လာတာ တွေ့ရပါတယ်။
ယခုနှစ် သကြားဈေးမှာ အတက်ဈေးနဲ့ ဈေးတန်းနေပါတယ်။ တရုတ်နိုင်ငံမှ မြန်မာ့ သကြားကို တန်ချိန် သိန်းချီပြီး ဝယ်ယူမှုရှိခြင်းနှင့် ယိုးဒယားဘက်မှ သကြား များ ဝင်နေခြင်းကြောင့် သကြားဈေးမှာ အတက်ဈေးနဲ့ တည်ငြိမ်နေခြင်း ဖြစ်ပါ တယ်။
ထိုင်း ဝန်ကြီးချုပ်နဲ့ ထိုင်းနိုင်ငံသို့ အလည်အပတ် ခရီးစဉ် ရောက်ရှိနေတဲ့ တရုတ်ဝန်ကြီးချုပ်တို့ တွေ့ဆုံရာမှာ ကုန် သွယ်မှုပိုင်းဆိုင်ရာ အလားအလာကောင်းများ ဆွေးနွေးနိုင်ခဲ့ တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။ ထိုင်းအစိုးရ Website မှာ တနင်္ဂနွေနေ့ ၁၃.၁၀.၂၀၁၃ ရက်နေ့က တရုတ်ဝန်ကြီးချုပ် Li Keqiang က တရုတ်နိုင်ငံအနေနဲ့ နှစ်စဉ် ဆန်တန်ချိန် ၁ သန်းနဲ့ ရော်ဘာတန်ချိန် ၂ သိန်းကို ၅ နှစ်ကျော်ကြာအောင် ဝယ်ယူသွားမယ်၊ အရောင်းအဝယ် ကို အစိုးရအချင်းချင်း အခြေခံတဲ့ စနစ်နဲ့ လုပ်ဆောင်သွား မယ်လို့ သိရပါတယ်။ CMK
၂၀၁၃ ခုနှစ် အောက်တိုဘာလ ၉ ရက်မှ ၁၅ ရက်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နဲ့ကန်ပိုက်တီးစခန်းများမှ ကန်ဒေါ်လာ ၇ ဒသမ ၅၉၆ သန်းတန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ ၂၄၃၁၃ တန် ကျော်ကိုတင်ပို့နိုင်ခဲ့ ပါတယ်။ စခန်းအသီးသီးအလိုက် တင်ပို့တဲ့ပြောင်းတန်ချိန်တွေကတော့ မူဆယ်မှ ၂၂၄၇၈ တန်ကျော်၊ ချင်းရွှေဟော်မှ ၁၀၉၇ တန်ကျော်၊ လွယ်ဂျယ်မှ ၆၅၈တန် နဲ့ ကန်ပိုက်တီးမှ ၇၉ တန်ခွဲ ဖြစ်ပါ တယ်။
စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၅ ရက်အတွင်း ဓာတ်ဆီတန် ချိန်ငါးရာနဲ့ ဒီဇယ်တန်ချိန် တစ်သောင်းသုံးထောင်ကျော်ကို သွင်းကုန်လိုင်စင် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မှာ ဓာတ်ဆီအဝင်မရှိခဲ့ဘဲ ဒီတစ်ပတ်မှသာ ပြန်လည်တင်သွင်းလာခဲ့ခြင်းဖြစ်ပါတယ်။ ယခင်တစ်ပတ် ဒီဇယ် အဝင်မှာ တန်ချိန် နှစ်ထောင်ကိုးရာကျော်ရှိခဲ့ပြီး ဒီတစ်ပတ်အဝင်မှာ တန်ချိန် တစ်သောင်းသုံးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်တစ်သောင်း ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ပထမပတ်မှာ မူဆယ်ဝယ်လက်တွေက အောင်ပန်းမှာ အထိုင်ချပြီး၊ ဆင်တောင်နနွင်း အသန့်တွေကို ဝယ်ယူသွားပါတယ်။ တစ်ပိဿာ ၁၁၅၀ ကျပ်နဲ့ ပိဿာချိန် ပေါင်း ခြောက်သောင်းခန့် ဝယ်ယူ သွားတယ်လို့လည်း နနွင်း ပွဲရုံတွေကသိရပါတယ်။ဆင်တောင်နနွင်းတစ်မျိုးတည်းကိုသာ ဝယ်ယူပြီး အောင်ပန်းကနေ တိုက်ရိုက်မူဆယ်ကို တင်ပို့ တယ်လို့လည်း သိရပါတယ်။