Background
လက်ကျန်ပြတ်သွားပြီဖြစ်တဲ့ ပြည်ပဲလွန်းဖြူ ပြည်ပဲလွန်းဖြူဈေးကွက် မှာတော့ ယခင်နှစ်က ပဲလွန်းဖြူတစ်တင်းကို ၁၉ဝဝဝ ကျပ်နဲ့ ပစ္စည်းလက်ကျန် ပြတ် သွားခဲ့ပြီး၊ ယခုနှစ်ပဲလွန်းဖြူ လက်ကျန်ပြတ်ချိန်မှာတော ပဲတစ်တင်းကို ၁၈ဝဝဝ ကျပ်ဈေးနဲ့ ဈေးပြတ်သွားတာ ကို တွေ့ရပါတယ်။ ပစ္စည်းမပြတ်ခင်က ရွှေတောင်ဘက်က နောက်ဆုံးအဝင် ရှိတယ်လို့ သိရပါတယ်။ မိမိအေး
ပဲလွန်းဖြူ FOB အရောင်းအဝယ် တန် ၂ဝဝ ကျော်ဖြစ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ FOB ဈေးကွက်မှာ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ FOB အရောင်းအဝယ်ဖြစ်မှုတန် ၂ဝဝ ကျော်တယ်လို့ သိရပါတယ်။ သြဂုတ် လအတွင်း ၂၅ ရက်နေ့အထိ အရောင်း အဝယ်စာချုပ်ချုပ်ဆိုမှု တန်ချိန် ၉ဝဝ ကျော်ရှိခဲ့ပါတယ်။ အရောင်းအဝယ် ဖြစ်တဲ့ ပဲမို့ ယခုတစ်ပတ် FOB ဈေး အနည်းငယ် တက်လာတာ တွေ့ရပါ တယ်။ ပဲလွန်းဖြူ(FAQ) ပဲလွန်းဖြူ(SQ)၂၆-၈-၁၁ ၈၄ဝ-၈၆ဝ ၉၅ဝ-၉၇ဝ၁၈-၈-၁၁ ၈၃ဝ-၈၅ဝ ၉၄ဝ-၉၆ဝ MIRT(MAPT)
ပုံမှန်တင်ပို့နေဆဲ ပဲလွန်းဖြူ ပဲလွန်းဖြူကို ပင်လယ်ရေကြောင်း က ပုံမှန်တင်ပို့လျက်ရှိရာ ယခုသီတင်း ပတ် (သြဂုတ် ၁၄ ရက်မှ ၂ဝ ရက်) အတွင်း တန်ချိန် ၃ဝဝ တင်ပို့မှု ရှိခဲ့တာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေက တော့ အိန္ဒိယ၊ ကိုရီးယား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ဖြစ်ပါတယ်။ ယခုလက်ရှိ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၁၉ ရက်နေ့အထိ ပဲလွန်းဖြူ တင်ပို့ပြီးစီးမှု ဟာ တန်ချိန် ၁၄ဝဝဝ ခန့်ရှိပြီး၊ ယခင် ဘဏ္ဍာနှစ်ကာလတူက တင်ပို့ခဲ့တဲ့ တန်ချိန် ၁၃၆ဝဝ ခန့်ထက် အနည်းငယ် ပိုမိုတာ တွေ့ရပါတယ်။ ပြည်တွင်း အဝယ်လိုက်တဲ့ ပဲဖြစ်လို့ လက်ကျန်များ ဆက်လက်တင်ပို့ဖွယ်ရှိပါတယ်။ MIRT - MAPT
ယခုတစ်ပတ် ထောပတ်နဲ့ မြေထောက် FOB အရောင်းအဝယ်ပိုဖြစ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ FOB ဈေးကွက်မှာ ယခုတစ်ပတ်အတွင်း ထောပတ်ပဲနဲ့ မြေထောက်ပဲ အရောင်းအဝယ်ဖြစ်မှုဟာ တန်ချိန် ၄၃၃ နဲ့ မြေထောက်ပဲတန်ချိန် ၄၁၉ ရှိတယ်လို့ သိရပါတယ်။ သြဂုတ်လအတွင်း ၂၅ ရက်နေ့အထိ အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှုဟာ ထောပတ်ပဲတန်ချိန် ၇ဝဝ ကျော်နဲ့ မြေထောက်ပဲတန်ချိန် ၈၅ဝ ကျော်ရှိပြီလို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ သြဂုတ်လ ၂၆ ရက်မှာ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၃ဝ-၇၅ဝ မြေထောက်ပဲတစ်တန် ကန်ဒေါ်လာ ၆၄ဝ- ၆၆ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ယခုတစ်ပတ် အိန္ဒိယဈေးကွက် ပဲစင်းငုံဈေးအတက်ဘက်ချီတက် ယခုတစ်ပတ်အတွင်း အိန္ဒိယပဲဈေးကွက်များမှာ ပဲစင်းငုံဈေးနှုန်း အတက်အကျ အပြောင်းအလဲများ ဖြစ်ပေါ်ပေမယ့် အတက်ဘက်ကို ဦးတည်နေတာ တွေ့ရပါတယ်။ ဈေးကွက်တွေမှာ အနိမ့်ဆုံးထောက်ပံ့ဈေး အောက်နဲ့ ရောင်းချနေတဲ့အတွက် အဝယ်ရှိနေခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ ဈေးကွက်မှာ ပဲစင်းငုံ စိုက်ပျိုးပြီးစီးမှု သတင်းကို စောင့်ကြည့်လျက်ရှိပြီး စိုက်ဧရိယာဟာ ယခင်နှစ် ထက် ၁၆ ရာခိုင်နှုန်းကျော် လျော့ကျလို့ ထုတ်လုပ်မှုလည်း သိသိသာသာကျဆင်း နိုင်တယ်လို့ သိရပါတယ်။ ပွဲတော်အတွက် ဝယ်လိုအား ရှိလာနိုင်ခြင်းနဲ့ ပဲအသစ် ဈေးကွက်အတွင်းဝင်ဖို့ ၃ လကျော် လိုအပ်နေခြင်းက ဈေးနှုန်းဆက်လက်ခိုင်မာဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/ တန် ၂၅-၈-၁၁ ၂၄-၈-၁၁ ၂၃-၈-၁၁ ၂ဝ-၈-၁၁မွန်ဘိုင်း ၆၂၈ ၆၁၂ ၆၁၈-၆၂၄ ၅၈၆ဒေလီ - ၆၅၃-၆၅၅ ၆၅၄-၆၅၇ ၆၃၅-၆၃၇ချန်နိုင်း ၆၁၇ ၆၁၂ ၆၂၄ ၅၈ဝ-၅၉၁MIRT(MAPT)
ပဲစင်းငုံ ပြည်ပအဝယ်လိုက် ယခုတစ်ပတ် သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း ရန်ကုန် တိုင်းဒေသကြီး၊ ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အိန္ဒိယဝယ်လက်များ ပဲစင်းငုံကို အဝယ်လိုက်တယ်လို့ သိရပါတယ်။ ပဲစင်းငုံ အနီစရော၊ ရှမ်းစအကြီးနဲ့ လင်းခေးစများ အရောင်းအဝယ်ဖြစ်မှုဟာ ယခုတစ်ပတ်မှာ တန်ချိန် ၁၁ဝဝဝ ခန့် ရှိတယ်လို့ သိရပါတယ်။ သြဂုတ်လ ၂၅ ရက်အထိ စုစုပေါင်း အရောင်းအဝယ်ချုပ် ဆိုမှုမှာ ပဲစင်းငုံဖြူနီ၊ အနီနဲ့ ခွဲခြမ်းစုစုပေါင်း တန်ချိန် နှစ်သောင်းကျော်တယ်လို့ သိရပါတယ်။ ပြည်ပအဝယ်လိုက်ပြီး အရောင်းအဝယ်ဖြစ်မှုများပေမယ့် ပို့ကုန်ဝင်ငွေလဲနှုန်း အပြောင်းအလဲကြောင့် FOB ဈေးကတော့ အပြောင်းအလဲမရှိ ငြိမ်နေတာတွေ့ရပါတယ်။ သြဂုတ်လ ၂၆ ရက် FOB ဈေးအနေနဲ့ ပဲစင်းငုံနီ(FAQ)တစ်တန် ကန်ဒေါ်လာ၅၅ဝ-၅၇ဝ၊ ဖြူနီ (FAQ)တစ်တန် ကန်ဒေါ်လာ ၄၃ဝ-၄၅ဝနဲ့ ပဲစင်းငုံနီ အဟောင်း တစ်တန် ကန်ဒေါ်လာ ၅၄ဝ-၅၆ဝ ဈေးနဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT
ပဲစင်းငုံ တင်ပို့မှု တန်ချိန် ၃၂ဝဝ ခန့်သာရှိ ယခုတစ်ပတ် (သြဂုတ် ၁၄ ရက်မှ ၂ဝ ရက်ထိ) ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုတန်ချိန် ၃၂ဝဝ ခန့်သာရှိတာတွေ့ရပါတယ်။ သြဂုတ်လ ပထမပတ်မှာ တန်ချိန် ၅ဝဝဝ ဝန်းကျင်တင်ပို့မှုနဲ့ ယှဉ်ရင် လျော့ကျခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် သြဂုတ်လ ၁၉ ရက်နေ့ထိ တင်ပို့ပြီးစီးမှုကို လေ့လာကြည့်ရင် ပဲစင်းငုံ တန်ချိန် ၈၂ဝဝဝ ခန့် ရှိပြီဖြစ်လို့ ယခင်ဘဏ္ဍာနှစ်ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၄၂ဝဝဝ ကျော်ထက် တစ်ဆခန့် ပိုလာတာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ် တွေမှာတော့ ပိုမိုတင်ပို့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ MIRT - MAPT
အိန္ဒိယ မတ်ပဲ ဈေးခိုင်မာ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဝယ်လိုအားရှိနေပြီး ပဲစိုက်ဧရိယာကျတဲ့ သတင်းတွေကြောင့် ယခု တစ်ပတ်မတ်ပဲဈေး ခိုင်မာလာပါတယ်။ ၁၅ ရက်အတွင်း ပဲစိုက်ဧရိယာအများအပြားက ပဲအသစ်တွေ စတင်ဝင်ရောက်တော့မှာဖြစ်ပေမယ့် နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ မိုးရွာသွန်းမှုများတာကြောင့် သီးနံှများအတွက် စိုးရိမ်နေကြရပါတယ်။ အဓိကမတ်ပဲစိုက်ရာဒေသတွေမှာ မိုးပိုမိုခြင်းက နောက်ကျ စိုက်တဲ့ သီးနံှတွေအတွက်ကောင်းပေမယ့် အစောပိုင်းစိုက်သီးနံှတွေ အတွက် အရည် အသွေး ထိခိုက်နိုင်စေပါတယ်။ ပဲစိုက်ပျိုးတဲ့ ပြည်ပနိုင်ငံတွေမှာ ပဲထွက်ရှိမှုနည်းခြင်း က နိုင်ငံတကာ ဈေးခိုင်မာစေသလို ကာလတိုအတွင်း ပြည်တွင်းပဲဈေးကိုလည်း ခိုင်မာစေမယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ် ပေါ်တဲ့ မတ်ပဲဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/ တန် ၂၅-၈-၁၁ ၂၄-၈-၁၁ ၂၃-၈-၁၁ ၂ဝ-၈-၁၁မွန်ဘိုင်း ၈ဝဝ-၈ဝ၆ ၈ဝ၃ ၈ဝ၄ ၇၈၃-၇၈၈ဒေလီ - ၈၄၁-၈၅၅ ၈၂၁-၈၆၅ ၈၂၁-၈၆၅ချန်နိုင်း ၈၂၃ ၈၁၄ ၈၂၁-၈၂၆ ၈၁ဝMIRT(MAPT)
နယ်စပ်မှ မတ်ပဲအပို့ရှိ သြဂုတ်လ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီးထွက် ကန်ဒေါ်လာ ဝ ဒသမ ဝ၇၇ သန်းတန်ဖိုးရှိ မတ်ပဲ တန် ၉ဝ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် ၉၇ တန် အပို့ရှိခဲ့တာမို့ ယခု အပတ်မှာ ၉ တန်သာ တင်ပို့မှုလျော့နည်းခဲ့တာဖြစ်ပါတယ်။ မတ်ပဲ မြေပြင်ပေါက် ဈေးများမှာ မိမိဘက်မှာရော တစ်ဘက်နိုင်ငံမှာပါ ယခင်အပတ်အတိုင်း ဈေး ပြောင်းလဲမှု မရှိတာတွေUရပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေးမှာ ကျပ် ၄၉၉၂၇၃ ဖြစ်ပြီး တစ်ဘက်နိုင်ငံ ပေါက်ဈေးကတော့ ၈၆၂ ဒေါ်လာဖြစ်ပါတယ်။ MIRT (DOBT)
မတ်ပဲ FOB အရောင်းအဝယ် ပုံမှန်ရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲကို ပြည်ပအဝယ်ပုံမှန် ရှိနေတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်လိုပဲ ယခုတစ်ပတ် (သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်နေ့ထိ) အတွင်းမှာလည်း ပြည်ပ အရောင်းအဝယ် တန်ချိန် ၁၄၁ဝဝ ကျော် စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပဝယ်လက်တွေ အဝယ်ရှိနေပြီး၊ ပြည်ပပို့ကုန်ခွန်များ လျှော့ချခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များ များများ တင်ပို့လိုပေမယ့် ပို့ကုန်ဝင်ငွေ တစ်ယူနစ်ဈေးနှုန်း အပြောင်းအလဲများပြီး၊ မတည်ငြိမ်မှုကြောင့် အရောင်းအဝယ်ဖြစ်သင့်သလောက် မဖြစ်ဘူးလို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ယခုတစ်ပတ် ပဲဈေးတွေ အနည်းငယ်တက်လာပြီး၊ ပြည်ပအဝယ်ရှိပေမယ့် ပို့ကုန် ဝင်ငွေဈေးနှုန်းကြောင့် FOB ဈေးအနည်းငယ် လျော့ကျလာခဲ့ပါတယ်။ မတ်ပဲ FOB ဈေးများ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၂၆-၈-၁၁ ၇၄ဝ-၇၆ဝ ၈၃ဝ-၈၅ဝ၁၈-၈-၁၁ ၇၄ဝ-၇၆ဝ ၈၃၅-၈၅၅ MIRT(MAPT)
