Background
လှောင်လက်သမားများ ရောင်းချမှုရှိလာတဲ့ ပြည်ပဲကြီး ပဲခူးတိုင်းဒေသကြီး ပြည်ဈေးကွက်အတွင်းသို့ ပဲကြီးသီးနံှမှာ ဇူလိုင်လကုန်အထိ မကွေးတိုင်းဒေသကြီးဖက်မှ အဝင်ရှိခဲ့သော်လည်း သြဂုတ်လဆန်းမှစ၍ မကွေးတိုင်းဒေသကြီးမှအဝင်မရှိတော့ဘဲ ဒေသအတွင်းမှသာ အဝင်အနည်းငယ် ရှိခဲ့ပါတယ်။ ပဲကြီးဈေးနှုန်းမှာ ပဲကြီးရွှေကျွန်းတစ်တင်း ၁၆ဝဝဝ ကျပ်၊ ပဲကြီးကမ်းနားတစ်တင်း ၁၄၅ဝဝ ကျပ်ဖြင့် ယခင်အပတ်ကထက် ဈေးအနည်းငယ်ကျသွားခဲ့ပါတယ်။ ပဲကြီးအဖွင့်ဈေးနှုန်းမှာ တစ်တင်း ၁၈၅ဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း ယခုနှစ်အတွင်း ပဲကြီးဈေးနှုန်းများမှာ သိသိသာသာမြင့်တက်လာခြင်းမျိုး မရှိခဲ့တဲ့အတွက် လှောင်လက်များမှ ဈေးစောင့်ရင်းစောင့်ရင်းနဲ့ ငွေလို၍ထုတ်ရောင်းချ လာသူများ ရှိခဲ့တာကြောင့် တစ်ရက်အိတ် ၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ခင်ဆွေဝင်း
ဇူလိုင်လအတွင်း မိုးရေချိန်နည်းတာကြောင့် အိန္ဒိယပဲစင်းငုံအထွက် ကျဆင်းဖွယ်ရှိ အိန္ဒိယရဲ့ဇူလိုင်လမှာ မိုးရွာသွန်းမှုနည်းပြီး သြဂုတ်လ လက်ရှိအချိန်တိုင်အောင်လည်း မိုးများများရွာသွန်းမှုမရှိလို့ ပဲစိုက်ပျိုးမှုကို ထိခိုက်နေပါတယ်။ အထူးသဖြင့် ပဲစင်းငုံကို ထိခိုက် နိုင်တယ်လို့ ဆိုပါတယ်။ စိုက်ပျိုးမှုဟာ ယခင်နှစ်ထက် ဟက်တာ၉၃ဝဝဝဝလျော့ကျပါတယ်။ အကြီးမားဆုံးလျော့ကျ တာလည်း ပဲစင်းငုံပဲလို့ ဆိုပါတယ်။ သြဂုတ်လ ၅ ရက်မှာ ပဲစင်းငုံ စိုက်ဟက်တာ ၂ ဒသမ ၉ သန်းဝန်းကျင်သာ စိုက် ပျိုးပြီးလို့ ယခင်နှစ်ကာလတူထက် ၁၅ ရာခိုင်နှုန်းနီးပါး လျော့ ကျနေပါတယ်။ ၂ဝ၁ဝ-၁၁ အတွင်း မိုးပဲမျိုးစုံထုတ်လုပ်မှု တန်ချိန် ၇ ဒသမ ၁၂ သန်းအထိ မြင့်တက်မှုကို မီနိုင်မယ့် အခြေအနေ မရှိဘူးလို့ ခန့်မှန်းထားပါတယ်။ ယခင်နှစ်က စုစုပေါင်း ပဲထွက်ရှိမှုဟာ တန်ချိန် ၁၈ သန်းထိ မြင့်တက်မှုဟာ ပထမအကြိမ် ဖြစ်ခဲ့ပါတယ်။ ယခုနှစ် ကာနာတာကာ၊ အင်ဒရာပရာဒေ့ရှ်နဲ့ မဟာရပ်ရှတရာတို့မှာ ကနဦးမိုးရွာသွန်းခြင်းနည်းတာကြောင့် ပဲစင်းငုံထုတ်လုပ်မှုက မျှော်လင့်ချက်ရောင်ခြည်ကို မှေးမှိန်စေခဲ့ တယ်လို့ အစိုးရအရာရှိတစ်ဦးက ဆိုပါတယ်။ စိုက်ဧကလျော့ ကျမှုကို ကာမိစေဖို့ တစ်ဟက်တာအထွက်နှုန်း တိုးတက်မှုပေါ် မှာ အများကြီး မူတည်နေပါတယ်လို့ ဆိုပါတယ်။ ကာနာတာကာမှာ ပဲစင်းငုံစိုက်ဧရိယာဟာ လက်ရှိ အချိန်ထိ ၃ဝ ရာခိုင်နှုန်းဝန်းကျင်လျော့ကျနေပြီး မဟာရပ် ရှတရာမှာ ယခင်နှစ်ကာလတူထက် ၁၆ ရာခိုင်နှုန်းဝန်းကျင် နည်းနေပါတယ်။အင်ဒရာပရာဒေ့ရှ်မှာ ပဲစင်းငုံစိုက်ဧရိယာဟာ ယခင်နှစ်ကာလတူထက် ၄၆ ရာခိုင်နှုန်းနီးပါးကျဆင်းနေ ပါတယ်။ အစိုးရက ကာနာတာကာမှာ ပဲစင်းငုံစိုက်ဧရိယာကို ၄ဝ ရာခိုင်နှုန်းတိုးပြီး ဟက်တာ ၈၆ဝဝဝဝ၊ မဟာရပ်ရှတရာ မှာ ၁ဝ ရာခိုင်နှုန်းတိုးပြီး ဟက်တာ ၁ ဒသမ ၂ သန်းအထိ စိုက်ဖို့ ရည်မှန်းထားပါတယ်။ လက်ရှိမိုးရာသီအတွင်း မတ်ပဲလို အခြားပဲစိုက်ပျိုးတာ ယခင်နှစ်ထက် ပိုမိုပေမဲ့ ၎င်းတို့ရဲ့ ဝေစုဟာ စုစုပေါင်းထုတ်လုပ်မှုထဲမှာ အလွန်ပဲ နည်းတယ်လို့ဆိုပါတယ်။ မိုးသီးနံှများအနက် စပါး၊ ကြံ၊ ဆီထွက်သီးနံှနဲ့ ဝါအပါ အဝင် အခြားသီးနံှများကတော့ မနှစ်ကထက် စိုက်ပျိုးမှု ပိုတယ်လို့ ဆိုပါတယ်။ သြဂုတ်လ ၁၃ ရက်ကနေစပြီး မိုးရွာ သွန်းမှုအားကောင်းနိုင်တဲ့ ခန့်မှန်းချက်တော့ သတင်းကောင်းပါလို့ ဆိုပါတယ်။ ဒါပေမဲ့ စိုက်ပျိုးဖို့ အရမ်းနောက်ကျနေပြီ ဖြစ်ပြီး မိုးသီးနံှအများစုစိုက်ပျိုးမှုက သြဂုတ်လကုန်မှာ အချိန် လွန်မှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဇူလိုင်လအတွင်း မိုးရွာသွန်းမှုဟာ နှစ် ၅ဝ အတွင်း ပျမ်းမျှမိုးရေချိန် (LPA) ရဲ့ ၈၆ ရာခိုင်နှုန်းသာရှိလို့ အစောပိုင်း မိုးလေဝသဌာနက ခန့်မှန်းမှုထက် ၇ ရာခိုင်နှုန်းလျော့နည်း တယ်လို့ ဆိုပါတယ်။ သြဂုတ်လမှ စက်တင်ဘာလအတွင်း စုစု ပေါင်း မိုးရွာသွန်းမှုဟာလည်း (LPA) ရဲ့ ၉ဝ ရာခိုင်နှုန်းသာ ရှိနိုင်တယ်လို့ ပုံမှန်ထက် လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။ ယမင်းရွှေစင်၊ Source: sifyfinance
မူဆယ်မှ ယခုအပတ် ပဲယင်း တင်ပို့မှုလျော့ သြဂုတ်လ ၁ဝ ရက်မှ ၁၆ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၁၅၇ သန်းတန်ဖိုးရှိ စစ်ကိုင်းနဲ့ မကွေးတိုင်း ဒေသကြီးများက ထွက်ရှိတဲ့ ပဲယင်း ၃ဝ၂ တန်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုထက် ၅၃၂ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ မိမိ ဘက်မှာရော တဘက်နိုင်ငံမှာပါ မြေပြင်ဈေးများ မြင့်တက်နေသော်လည်း အရောင်းအဝယ် အေးနေတယ်လို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ဈေးများကို ကြည့်လျှင် မိမိဘက်ဈေးကျပ် ၁ဝဝဝ ကျနေပြီး တစ်ဘက်နိုင်ငံဈေး ဒေါ်လာ ၂ဝ ပိုမိုလျက်ရှိပါတယ်။ ယခုအပတ်မှာ ပဲယင်းကား ၁၅ စီးဝန်းကျင်သာ အဝင်ရှိပြီး ယခင်အပတ်က အစီး ၂ဝ ခန့် အဝင်ရှိတယ်လို့ သိရပါတယ်။ မိမိဘက် နဲ့ တစ်ဘက်နိုင်ငံဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲယင်း ၃၂၈၃၃၂ ၃၂၉၃၃၂ ၁ဝဝဝ ဝ .၃ ၅၁၇ ၄၉၇ ၂ဝ ၄MIRT (DOBT)
ဒေသတွင်းသာမက အခြားတိုင်းမှလည်း မှာယူမှုရှိခဲ့တဲ့ ပြည်ထောပတ်ပဲ ပြည်ဈေးကွက်အတွင်း လက်ကျန်ပဲများဖြင့် အရောင်းအဝယ်ဖြစ်နေတဲ့ ထော ပတ်ပဲသီးနံှမှာ တစ်တင်း ၁၇ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ဇွန်လမှစ၍ သြဂုတ်လဆန်းအထိ တစ်တင်း ၁၆၅ဝဝ ကျပ်ဖြင့်ဈေးငြိမ်ခဲ့ပြီး၊ ယခု သြဂုတ်လ တတိယပတ်တွင် တစ်တင်း ၅ဝဝ ကျပ်ခန့် မြင့်တက်လာခဲ့ပါတယ်။ ဒေသတွင်း လက်လီသမားများအဝယ်ရှိသလို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မှ မှာယူမှုများရှိတဲ့အတွက်အိတ် ၄ဝ-၅ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါ တယ်။ ခင်ဆွေဝင်း
လက်ကျန်နည်းပြီး ပြည်ပအရောင်း ဈေးအေးလာတဲ့ မြေထောက်ပဲနဲ့ ထောပတ်ပဲ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မြေထောက်ပဲနဲ့ ထောပတ်ပဲ အရောင်းအဝယ်စာချုပ်နိုင်မှုဟာ သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အတွင်းမြေထောက်ပဲ FAQ ၂၄ တန်၊ ထောပတ်ပဲ တန် ၅ဝ ဝန်းကျင် စာချုပ်ရောင်းချခဲ့ပါတယ်။ ဈေးကွက်မှာ လက်ကျန်နည်းလာတာကြောင့် ယခင် အပတ်က မြေထောက်ပဲ ၈၅ တန်၊ ထောပတ်ပဲ ၁၁ဝ တန်ထက် ရောင်းချမှု လျော့ကျလာပါတယ်။ သြဂုတ်လ ၁၈ ရက်က မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ- ၆၄ဝ၊ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ၇၃ဝ-၇၅ဝ ဖြစ်တာကြောင့် ယခင် တစ်ပတ် မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၃ဝ-၆၅ဝ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ ထက် ဈေးအေးလာတာတွေ့ရပါတယ်။ လက်ကျန်နည်းပေမဲ့ ပြည်ပပို့ကုန်ဝင်ငွေတစ်ယူနစ်တန်ဖိုး အပြောင်းအလဲကြောင့် ဈေးအေးလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ MIRT-MAPT
ယခုတစ်ပတ်မြေထောက်ပဲတင်ပို့မှု ပိုပြီး ထောပတ်ပဲတင်ပို့မှုလျော့ ပင်လယ်ရေကြောင်းမှ ပြည်ပသင်္ဘောတင်နိုင်မှုဟာ သြဂုတ်လ ၇ ရက်မှ ၁၃ ရက်ထိ မြေထောက်ပဲတန် ၂၅ဝ ကျော်နဲ့ ထောပတ်ပဲ တန် ၁ဝဝ ဝန်းကျင်ရှိကြောင်း သိရပါတယ်။ မြေထောက်ပဲကို တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများသို့ တင်ပို့ခဲ့ပြီး၊ ထောပတ်ပဲကို တရုတ်နဲ့ စင်ကာပူနိုင်ငံများသို့ တင်ပို့ ခဲ့ကြောင်းသိရပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၁၂ ရက်ထိ မြေထောက်ပဲတင်ပို့မှုမှာ တန်ချိန် ၅၉ဝဝ ကျော်၊ ထောပတ်ပဲ တင်ပို့မှုမှာ တန်ချိန် ၁၁ဝဝဝ ဝန်းကျင်ရှိခဲ့ပါတယ်။ ယခင်နှစ်ကာလတူ တင်ပို့မှုမှာ မြေထောက်ပဲတန်ချိန် ၄၄ဝဝ ကျော်၊ ထောပတ်ပဲ တန်ချိန် ၈ဝဝဝ ကျော်နဲ့ နှိုင်းယှဉ်ရင် ယခုဘဏ္ဍာနှစ်မှာ ပို တင်ပို့နိုင်ခဲ့ပါတယ်။ MIRT-MAPT
Export ဝယ်လက်သွက်လို့ ဈေးကောင်းပြီး ရောင်းအားတက်တဲ့ မုံရွာ V2 မုံရွာကုန်စည်ဒိုင်တတိယပတ်ကုလားပဲဈေးကွက်မှာ V2 အရောင်းအဝယ်ဆက် လက်အားကောင်းနေပြီး၊ ဈေးအနေနဲ့လည်း အထက်ဈေးမှာ တန့်နေတာတွေ့ရပါတယ်။ အခုလို V2 အပါအဝင် ကုလားပဲဈေးအားလုံး နီးပါး ဈေးကောင်းရနေလို့ နယ်တောင်သူတွေရဲ့ပဲတွေ မုံရွာပွဲရုံတွေကို တစိမ့်စိမ့်ဝင်လာနေတယ်လို့ ဈေးကွက် က သိရပါတယ်။ V2 ဈေးကွက်ရဲ့ အဓိကဝယ်လက်က ရန်ကုန်ဖြစ်ပြီး၊ မန်းကုန်သည်အချို့လည်း အဆွဲရှိခဲ့တယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေးများကတော့ V2 တစ်တင်း ၂၁၄ဝဝ ကျပ်မှ ၂၁၆ဝဝ ကျပ်၊ တိုင်ပေ တစ်တင်း ၁၆၈ဝဝ ကျပ်မှ ၁၇ဝဝဝ ကျပ်၊ V2 တစ်တင်း ၁၆၅ဝဝ ကျပ်မှ ၁၆၈ဝဝ ကျပ်၊ ကုလားပဲ ရိုးရိုးတစ်တင်း ၁၆ဝဝဝ ကျပ်မှ ၁၅၅ဝဝ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ပြီး၊ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ V2 အရောင်းအဝယ်ဟာ တစ်နေ့ပုံမှန် အိတ် ၁၅ဝဝ ခန့်ရှိကာ ကြိုက်ဈေးရရင် ရန်ကုန်ဝယ်လက်အဆွဲပိုလို့ တစ်နေ့တင်း ၅ဝဝဝ ခန့်ထိ ရှိခဲ့တယ်လို့သိရပါတယ်။ စီးထွက်မှုအားဖြင့် ယခုတစ်ပတ်အတွင်း ရန်ကုန်ကို တင်း ၁ဝဝဝဝ ကျော်နဲ့ မန္တလေးကို တင်း ၅ဝဝဝ နီးပါးရှိခဲ့တယ်လို့သိရပါတယ်။ ထွန်းလှိုင်
အိန္ဒိယ ကုလားပဲဈေးကွက် ပွဲတော်များကြောင့် ဝယ်လိုအားကောင်းမယ် မျှော်လင့် အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ဈေးနှုန်းခိုင်မာလျက်ရှိပြီး၊ စက်ပိုင်များနဲ့ တစ်ဆင့်ရောင်းချများမှ ဈေးနှုန်းတက်မယ့် မျှော်လင့်ချက်အရ ဝယ်လိုအားများ ခိုင်မာနေကြောင်း သိရပါတယ်။ ယခုနှစ်ကုန်ပိုင်း ပွဲတော် များပိုမိုများပြားလာ တာကြောင့် ကုလားပဲနဲ့ ကုလားပဲထုတ်ကုန်များအတွက် ဝယ်လိုအားပိုလာပြီး ဈေး နှုန်းကို အထောက်အပံ့ပေးကြောင်း သိရပါတယ်။ အမေရိကန်မှာ စိုက်ဧရိယာ ကျဆင်းခြင်းကလည်း ကမ္ဘာ့ဈေးကွက် ကုလားပဲဈေးနှုန်း အလားအလာကောင်းဖို့ ဖြစ်နိုင်ကြောင်းလည်း သိရပါတယ်။ ယခင်နှစ်နဲ့ နှိုင်းယှဉ်ပါက စိုက်ဧကကျဆင်းပြီး မိုးရွာပြီး ရေကြီးခြင်းကလည်း ကုန်သွယ်ရေးကို ထိခိုက်မှုရှိနိုင်ကြောင်း သိရပါတယ်။ အိန္ဒိယပြည် လက်ငင်းဈေးကွက်တွင် ဈေးနှုန်းအားနည်းလျက်ရှိပြီး၊ ဈေးကွက်အတွင်း အဝယ်ပါးကြောင်းနှင့် သြစတြေးလျမှ သွင်းကုန်များ ဝင်ရောက်လာပါက တစ်ဆင့် ရောင်းနဲ့သိုလှောင်မှုများက ဈေးနှုန်းကို ဖိအားပေးနိုင်ကြောင်း သိရပါတယ်။ ဈေး ကွက် အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၁၈-၈-၁၁ ၁၇-၈-၁၁ ၁၆-၈-၁၁ ၁၂-၈-၁၁မွန်ဘိုင်း ၅၇ဝ-၅၉၇ ၅၈၄-၆ဝ၆ ၅၈၆-၆ဝ၈ ၅၈၄-၅၉ဝဒေလီ ၆၄၇-၆၅၂ ၆၅ဝ-၆၅၆ ၆၅၂-၆၅၇ ၆၄၅-၆၅ဝကန်ပါ ၆၇၅ ၆၈၁ ၆၈၅ ၆၇၂MIRT(MAPT)
ယခုအပတ် ကုလားပဲဖြူလုံးကြီး ပုံမှန်အရောင်းရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ FOBဈေးကွက်မှာ သြဂုတ် လ ၁၂ ရက်မှ ၁၈ ရက်အတွင်း အရောင်းအဝယ်စာချူပ် ချုပ်ဆိုမှုဟာ ကုလားပဲဖြူလုံးကြီး FAQ တန် ၂၂ဝဝ ကျော်ရှိပြီး၊ ယခင်အပတ်က စာချုုပ် ချုပ်ဆို ရောင်းချ နိုင်မှုတန်ချိန် ၂၇ဝဝ ကျော်ရှိတာကြောင့် ပုံမှန်အရောင်းအဝယ်ရှိတယ်ဆိုရမှာ ဖြစ်ပါတယ်။ ဝယ်လိုအားရှိနေပေမဲ့ အခြားပဲဈေးများနည်းတူ ရန်ကုန် FOB ဈေးနှုန်းအနေ နဲ့ သြဂုတ်လ ၁၈ ရက်နေ့က ကုလားပဲဖြူလုံးကြီး၊ FAQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ ဖြစ်တာကြောင့် ယခင်အပတ် သြဂုတ် ၁၁ ရက်က FAQ တစ်တန် ကန်ဒေါ်လာ ၁ဝဝဝ-၁ဝ၂ဝ ထက် ဈေးလျော့လာပါတယ်။ MIRT - MAPT
ယခုအပတ် ကုလားပဲဖြူလုံးကြီး ပြည်ပကို ပိုမိုတင်ပို့လာ ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီး တင်ပို့မှုဟာ ဇူလိုင်နောက်ဆုံးပတ် မှာ တန် ၃၂ဝဝ ကျော်၊ သြဂုတ်လ ပထမပတ်မှာ တန် ၂၈ဝဝ ကျော်တင်ပို့ခဲ့ပြီး၊ သြဂုတ်လ ဒုတိယပတ် ၇ ရက်မှ ၁၃ ရက်ထိ တန်ချိန် ၄၉ဝဝ ကျော် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၁၂ ရက်ထိ ကုလားပဲဖြူလုံးကြီးတန်ချိန် ၄၅ဝဝဝ ကျော် တင်ပို့နိုင်တာကြောင့် ယခင်နှစ်ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၁၃ဝဝ ကျော်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ MIRT - MAPT