Background
တောင်သာက ကြက်သွန်နီ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ အာလူးဈေးနှုန်းများက ယခုတစ်ပတ်အတွင်း တောင်သာမြို့နယ်မှာ ဈေးနှုန်း မပြောင်းလဲပါဘူး တည်ငြိမ်ပါတယ်။ တောင်သာက ကြက်သွန်နီထွက်တဲ့ဒေသကြီးတစ်ခုဖြစ်တာရယ်၊ ကြက်သွန်နီစိုက် တဲ့ ဆင်တဲဝချောင်းကြီးရှိတဲ့အတွက်ရယ်၊ ကြက်သွန်နီအခြေခံ ရှိတဲ့ ကြက်သွန်နီမြို့လို့ ပြောနိုင်ပါတယ်။ မြို့နယ်ရဲ့ လူနေမှု အဆင့်၊ စီးပွားရေးချောင်လည်မှု အားလုံးဟာလည်း ကြက်သွန်နီပေါ် မှီခိုနေတယ်လို့တောင် ပြောလို့ရပါတယ်။ ယခုနှစ် စိုက်ချိန်မှာ မိုးရှိတာရယ်။ ချောင်းရေရှိတာရယ်ကြောင့် ကြက်သွန်နီစိုက်ရတာ အခက်အခဲရှိခဲ့ပါတယ်။ အထွက်အခြေ အနေကိုကြည့်ရင် ဥကြီးပါတာနည်းပြီး အလတ်၊ အသေးတွေသာ ထွက်ခဲ့ပါတယ်။ အထွက်နှုန်းလည်း နည်းနည်းလျော့ပါ တယ်။ ဒါပေမဲ့ ယခုနှစ်မှာ လှောင်လက်တစ်ချို့ ဝယ်တာကြောင့် ကြက်သွန်နီဈေးသင့်တင့်တဲ့ အနေအထားမှာ ရှိပါ တယ်။ ပေါ်ခါစတုန်းကတော့ ဈေးနိမ့်လို့ တောင်သူတွေ မျက် လုံးပြူးနေကြပါတယ်။ ဒါပေမဲ့ အခုကတော့ ပုံမှန်ရောင်းဝယ် နေကြတာတွေ့ရပါတယ်။ လက်နည်းနည်းကြီးတဲ့ ပွဲစား တောင်သူက ရန်ကုန်၊ မန္တလေးတင်တာရှိသလို မြင်းခြံဈေး ကိုလည်း ပို့ရောင်းကြပါတယ်။ ဒါကြောင့် တောင်သာမြို့မှာရော မြင်းခြံမှာ ပိုအရောင်းအဝယ်ဖြစ်နေပါတယ်။ တောင်သာ မှာနေ့စဉ် ပိဿာ ၂ဝဝဝဝ မှ ၃ဝဝဝဝ ရောင်းဝယ်နေပြီး၊ မြင်းခြံမှာတော့ နေ့စဉ်ပိဿာ ၂ဝဝဝဝ မှ ၅ဝဝဝဝ ထိရောင်း ဝယ်နေတယ်လို့ သိရပါတယ်။ တောင်သာကြက်သွန်နီဈေးကတော့ လုံးကြီး ၅ဝဝ ကျပ်- ၅၂၅ ကျပ်၊ လတ်ဈေး ၄၇၅ ကျပ်၊ လတ်သန့် ၄၅ဝ ကျပ်၊ ဂျွန်ကို ၄၇၅ ကျပ်ရောင်းဝယ်လျက် ရှိပါတယ်။ မျိုးသူ
ထုတ်လုပ်မှု ခန့်မှန်းချက်ကြောင့် အိန္ဒိယနနွင်းဈေးကျဆင်းဖွယ်ရှိ အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်ရဲ့ နနွင်းစိုက်ပျိုးရာဒေသများမှာ မိုးရွာသွန်းလာတာကြောင့် ဝယ်လိုအား နည်းပြီး နနွင်းဈေး အကျဘက် ဆင်းလာခဲ့တယ်လို့ သိရပါတယ်။ ဝယ်လိုအားနည်းခြင်း၊ ထုတ်လုပ်မှုနဲ့ လက်ကျန်ပမာဏမြင့်တက်တဲ့ သတင်းများ အရ ဈေးနှုန်းဆက်လက်ကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ နနွင်းစတင်စိုက်ပျိုးနေပြီး တိုးတက်မှုမှာ ကျေနပ်ဖွယ်ရှိကြောင်း သိရပါတယ်။ မိုးရွာသွန်းမှု တိုးတက်နေခြင်းက နနွင်းစိုက်ပျိုးမှုအတွက် အလားအလာကောင်းစေပါတယ်။ ဒါပေမဲ့ ဈေးနှုန်း အကျဘက် ဆက်သွားနေမယ် ဆိုရင် ငွေပိုရတဲ့ ဝါဂွမ်းနဲ့ ပဲပုပ်တို့ကို ပြောင်းလဲစိုက်ပျိုးလာနိုင်တဲ့အတွက် စိုက်ဧရိယာ တိုးတက်မှု ဟာ ဈေးနှုန်း အပြောင်းအလဲ ပေါ်မှာ မူတည်နေပါတယ်။ နနွင်းစိုက်ပျိုးကာလဟာ ဇွန်လ- သြဂုတ်လအတွင်းဖြစ်ပြီး ဇန်နဝါရီလမှာ တဖန်ရိတ်သိမ်းတော့မှာ ဖြစ်ပါ တယ်။ ပြည်ပတင်ပို့မှု နည်းပါးနေဆဲဖြစ်ပေမဲ့ လာမယ့် သီတင်းပတ်များမှာတော့ ဥရောပ၊ အမေရိကန်၊ အနောက်အာရှနဲ့ ဂျပန်နိုင်ငံတို့က အဝယ်တက်လာဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ပြည်ပဝယ်လိုအား တက်လာရင်တော့ ဈေးနှုန်းကျဆင်းမှုကို ကန့်သတ် နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင် Source: commodityonline
ဈေးမျှော်နေတဲ့ မြစ်သားနနွင်း မြစ်သားနနွင်းစိုက်တောင်သူများ လက်ရှိနနွင်းဟောင်းဈေးအေးလို့ တက်ဈေးမျှော်နေကြောင်းသိရပါတယ်။ နနွင်းဟောင်း လက်ရှိဈေးတစ်ပိဿာ ကျပ် ၂ဝဝဝ ရှိပြီး ယခင်နှစ်ကာလတူဈေးနဲ့နှိုင်းယှဉ်လျှင် ဈေးနည်းနေတာကြောင့် တောင်သူကြီးများ၊ ကုန်သည်များလက်ဝယ်တွင် နနွင်းလက်ကျန်များရှိနေသေးကြောင်း ပွဲရုံပိုင်ရှင်များထံမှ သိရှိရပါတယ်။ သန်းနိုင်
ရှမ်းနနွင်းဈေးကွက် ပစ္စည်းကောင်းအဝယ်လိုက် ဒီတစ်ပတ် ရှမ်းနနွင်းက ဈေးငြိမ်နေပါတယ်။ ဟိုပုံးနနွင်းတွေကိုတော့ ရန်ကုန်ဝယ်လက်နဲ့ မန္တလေး ဝယ်လက်တွေ ဝယ်ယူနေကြပေမဲ့ ကြိုက်ရောင်း၊ ကြိုက်ဝယ်သာ ဝယ်ယူနေကြတာကြောင့် လက်ကျန်ကလည်း အတော်များများ ကျန်နေပါ သေးတယ်။ လှောင်လက်တွေကတော့ ဈေးအမြင့်နဲ့ ဝယ်ရတာကြောင့် ဝယ်ရင်းဈေးလောက် ရရင်လည်း ထုတ်ရောင်းကြမှာ ဖြစ်ပါတယ်။ ဝယ်လက်တွေကတော့ အကောင်းစတွေကိုသာရွေးပြီး ဝယ်ယူနေကြပါတယ်။ ဟိုပုံးနနွင်းက တစ်ပိဿာ ၁၈ဝဝ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ပင်လောင်းနနွင်းကို အဆင့်ခွဲခြားပြီး ဝယ်ယူနေတာကြောင့် အညံ့စတွေက တစ်ပိဿာ ၉ဝဝ ကျပ်သာရှိပြီး၊ လတ်စကတော့ တစ်ပိဿာ ၁ဝဝဝ ကျပ်၊ အဲဒီထက်ပိုကောင်းရင် ၁၅ဝဝ ကျပ်ဈေးရှိပြီး၊ ထိပ်စတွေကတော့ ၁၈၅ဝ ကျပ်ဈေးရှိတယ်လို့ အောင်ပန်းနနွင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်
ရှမ်းနနွင်းတက် တင်ပို့မှု တန် ၇ဝ ကျော်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ယခုအပတ်အတွင်း ကန်ဒေါ်လာ ၁၄၄ဝဝဝ တန်ဖိုးရှိ နနွင်းတက် ရှမ်းစ ၇၁ တန် တင်ပို့မှု ရှိခဲ့ပြီး ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက ၁၃၅ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ MIRT(DOBT)
နနွင်း ပြန်လည်တင်ပို့ ဇွန်လနောက်ဆုံးပတ်မှာတော့ နနွင်း ၄၄ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက မလေးရှားနိုင်ငံကို၂၈ တန်နဲ့ စင်ကာပူနိုင်ငံကို ၁၆တန်ဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်နဲ့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ရှစ်သောင်းနှစ်ထောင်ကျော်ရရှိခဲ့ပါတယ်။ ဇွန်လတစ်လရဲ့ နနွင်း တင်ပို့မှုမှာ ၁၃၅ ဒသမ ၆ တန်ရှိခဲ့ပြီး မေလတင်ပို့မှု မှာ ၁၆၆ တန်ရှိခဲ့တာကြောင့် ဇွန်လမှ နနွင်းတင်ပို့မှု လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT)
မန်ကျည်းအပို့လျော့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ စင်ကာပူနိုင်ငံကို ဇွန်လနောက်ဆုံးပတ်မှာ မန်ကျည်း ၈၆ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ် ၁၂၈ တန်တင်ပို့ နိုင်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာတော့ အပို့လျော့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ခုနှစ်ရာခြောက်ဆယ် ဝန်းကျင်နဲ့ တင်ပို့ခဲ့ပြီး စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာခြောက်သောင်းငါးထောင်ကျော်ရရှိခဲ့ပါတယ်။ ဇွန်လတစ်လရဲ့ မန်ကျည်းတင်ပို့မှုမှာ တန်ချိန်လေးရာ့ နှစ်ဆယ်ကျော်ရှိခဲ့ပြီး မေလရဲ့ တင်ပို့မှုမှာ ရှစ်ရာ့ကိုးဆယ်ကျော်ရှိခဲ့တာကြောင့် ဇွန်လမှာ အပို့လျော့ခဲ့ပါတယ်၊MIRT (DOT)
ဈေးငြိမ်နေတဲ့ ပြည်ချင်းဈေးကွက် အောင်ပန်းနှင့်တောင်ကြီးဈေးကွက်မှ ချင်းနှင့် ချင်း(ဥမ)များ ယခုတစ်ပတ်ပြည် ဈေးကွက်သို့ ပိဿာ ၃ဝ ဝင် အိတ် ၆၅ဝ ခန့်နဲ့ ယခင်အပတ်အတိုင်း အဝင်ရှိပြီး အခြားတိုင်းဖြစ်သော ဧရာဝတီနှင့်ရခိုင်ဘက်သို့ ပိဿာချိန် ၂၅ဝဝ ခန့်ကိုဈေးကွက်မှ တစ်ဆင့် တင်ပို့ခဲ့ကြောင်းသိရပါတယ်။ ပြည်ဈေးကွက်ပွဲရုံများ၌တစ်ရက်ကိုပိဿာချိန် ၈ဝဝ ခန့်နှင့်ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ဈေးနှုန်းမှာ တစ်ပိဿာကိုချင်း (ရှယ်) ၁၂ဝဝ ကျပ်၊ (ဂျွန်) ၁၁ဝဝ ကျပ်၊ ချင်း(ဥမ) ၆ဝဝ-၇ဝဝ ကျပ်တို့နှင့် အသီး သီးရောင်းဝယ်လျက်ရှိပြီး ယခင်အပတ်ဈေးအတိုင်း မပြောင်းလဲဘဲ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ ဝင်းလဲ့ဝါ
ဝါဆိုမိုးဦးအလှူအတွက် ချင်းဥမများ ဈေးကွက်အဝင်လှိုင် အောင်ပန်းဈေးကွက်ကို ရှမ်းချင်း (ဥမ) တွေ အဝင်များနေပါတယ်။ ကလော၊ ပင်လောင်း၊ ပင်းတယစတဲ့ မြို့နယ်တွေက ထွက်တဲ့ချင်းတွေက အောင်ပန်းဈေး ကွက်ကို လှိုင်လှိုင်ဝင်လာတာဖြစ်ပြီး တစ်ရက်ကို ပိဿာချိန် သောင်းဂဏန်းရှိနေတယ်လို့ ချင်းပွဲရုံတွေထံက သိရပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပြည်၊ တောင်ငူ၊ မကွေး၊ နေပြည်တော်စတဲ့ မြို့တွေက ပြည်တွင်းသုံးဈေးပတ်သမားတွေ ဝယ်ယူ နေတာကြောင့် ပုံမှန်အရောင်းအဝယ် ဖြစ်နေတယ်လို့လည်း သိရပါတယ်။ တောင်သူ တွေကလည်း အာလူးဆေးစရိတ်၊ မြေသြဇာဖိုး၊ ခြံစရိတ်၊ အသုံးစရိတ်တွေနဲ့ ဝါဆိုဦးအလှူ လှူဖို့အတွက် ထုတ်ရောင်းနေတာကြောင့် အဝင်များနေတာဖြစ်ပါ တယ်။ အောင်ပန်းဈေးကွက်မှ ချင်း (ဥမ) ဈေးက တစ်ပိဿာ ၂၅ဝ ကျပ်မှ ၄ဝဝ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးဈေးကွက်မှာလည်း အနီးပတ်ဝန်းကျင်ဖြစ်တဲ့ နမ့်ခုတ်က ချင်း (ဥမ)တွေ ဈေးကွက်ကိုဝင်နေတယ်လို့ သိရပါတယ်။ ဈေးကတော့ အရွယ်အစားအလိုက် ဈေးဖြတ်ကြပြီး ချင်းသေး၊ ချင်းနုတွေက တစ်ပိဿာ ၂ဝဝ ကျပ်-၂၅ဝ ကျပ်သာရှိပြီး၊ အခက်ကြီးတဲ့ ချင်းကတော့ တစ်ပိဿာ ၃ဝဝ ကျပ်နဲ့ ချင်းခြောက်က တစ်ပိဿာ ၁၇ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
လေးပတ်ဆက်တိုက် ချင်းအပို့မရှိ ပင်လယ်ရေကြောင်းတင်ပို့မှုလမ်းကနေ ဇွန်နောက်ဆုံးပတ်မှာ ချင်းအပို့မရှိပါဘူး။ ဒီသီတင်းပတ်နဲ့ဆိုရင် ချင်းက လေးပတ်ဆက်တိုက် အပို့မရှိတာပါ။ မေလမှာ ချင်းတင်ပို့မှုက တန်ချိန် ၁၂ဝ ရှိခဲ့ပြီး ဇွန်လရဲ့ ချင်းတင်ပို့မှုမှာ ၁၂ ဒသမ ၅ တန်သာရှိခဲ့တာကြောင့် ဇွန်လမှာ ချင်းတင်ပို့မှုတော်တော်လေး လျော့နည်း ခဲ့တာတွေ့ရပါတယ်။ MIRT (DOT)