Main menu

Background

Tuesday, 5 Jul 2011

အိန္ဒိယကြက်သွန်ဖြူ အမြောက်အမြား ထွက်ရှိပေမဲ့ ဈေး ၂ ဆမြင့်တက်             အိန္ဒိယနိုင်ငံမှာ ယခုရာသီ ကြက်သွန်ဖြူ အမြောက်အမြားထွက်ရှိတဲ့တိုင် လွန်ခဲ့တဲ့ ၂ လအတွင်း လက်လီ ဈေးများ ၂ ဆဖြစ်ခဲ့ပါတယ်။ ဈေးကောင်းပိုမိုရမယ့် မျှော်လင့်ချက်နဲ့ ကြက်သွန်တောင်သူတွေက ဈေးကွက်ဖြန့်ဖြူးမှု ပိုမိုနှောင့်နှေးခြင်းနဲ့ ကုန်သည်တွေက ဝယ်ယူသိုလှောင်ထားကြခြင်းတွေကြောင့် အဲဒီလို ဈေးနှုန်းမြင့် တက်လာခြင်း ဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူ အမြောက်အမြား ဈေးကွက်တွေထဲ ဝင်လာတော့မှာဖြစ်လို့ ကုန်သည် တွေ မျှော်မှန်းထားသလို အကိုျးအမြတ် များများရမှာ မဟုတ်ဘူးလို့ ယုံကြည်တယ် လို့လည်း ဆိုပါတယ်။              လက်ရှိဈေးနှုန်းအနေနဲ့ လက်လီဈေးကွက်မှာ ကြက်သွန်ဖြူ တစ်ကီလိုကို ရူပီး ၉ဝ နဲ့ ရူပီး ၁၄ဝ (ကန်ဒေါ်လာ ၂ ဒသမ ၃ - ၃ ဒသမ ၁၂) အတွင်းရှိနေပြီး လက်ကားဈေးကွက်မှာ ရူပီး ၅ဝ-၆ဝ (ကန်ဒေါ်လာ ၁ ဒသမ ၁၁-၁ ဒသမ ၃၄) အတွင်း ဖြစ်နေပါတယ်။ မတ်လက လက်လီတစ်ကီလိုကို ရူပီး ၅ဝ-၆၅ (ကန်ဒေါ်လာ ၁ ဒသမ ၁၁-၁ ဒသမ ၄၅) ခန့်သာရှိတယ်လို့ သိရပါတယ်။ အမှန်တော့ ယခုနှစ်ကြက်သွန်ဖြူ အမြောက်အမြားထွက်ရှိပြီး ဈေးနှုန်းရုတ်တရက်ကျဆင်း ခဲ့ပါတယ်လို့ နိုင်ငံတော် ဟင်းသီးဟင်းရွက်သုတေသနနဲ့ဖွံ့ဖြိုးရေးအဖွဲ့(NHRDF)  ဒါရိုက်တာ Dr RP Gupta က ဆိုပါတယ်။ တောင်သူနဲ့ ကုန်သည်များဟာ ဈေးမြင့်တက်မယ်ထင်ပြီး သိုလှောင်ကာဈေးကွက်မှာရောင်းချမှုနည်းနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လာမယ့်ရာသီမှာလည်း အမြောက်အများထွက်ရှိမယ်လို့ ခန့်မှန်း ထားပြီး ဈေးနှုန်းတည်ငြိမ်မှာဖြစ်လို့ ၎င်းတို့ထင်သလို ဈေးမတက်နိုင်ဘူးလို့ ဆိုပါတယ်။                  NHRDF စာရင်းအရ ၂ဝ၁ဝ-၁၁ အတွင်း ကြက်သွန်ဖြူတန်ချိန် ၁၁ ဒသမ ၃၁ သိန်း ထွက်ရှိလို့ ယခင်နှစ်ထက် တန်ချိန် ၂ သိန်းပိုမိုလာတယ်လို့ သိရပါတယ်။ ၂ဝ၁ဝ ဒီဇင်ဘာလက ကြက်သွန်ဖြူ ပြတ်လပ်ခဲ့တာကြောင့် တစ်ကီလိုကို ရူပီး ၂ဝဝ (ကန်ဒေါ်လာ ၄ ဒသမ ၄၆) နဲ့ ဈေးအမြင့်ဆုံးဖြစ်ခဲ့ပြီး ယခုအခါ ဈေးကွက် ထဲမှာ ကြက်သွန်ဖြူအသစ်တွေများနေတာကြောင့် ဈေးငြိမ်နေပြီလို့ သိရပါတယ်။              ဒါပေမဲ့ အချို့ကုန်သည်တွေကတော့ အခြေခံစံနှုန်းအရည်အသွေးကောင်း ကြက်သွန်ဖြူ ရောင်းချမှု ပြတ်လပ်နေပြီး ဝယ်လိုအားမြင့်မားတာကြောင့် ဈေးနှုန်း မြင့် တက်နေတယ်လို့ ဆိုပါတယ်။ ၅ ဒသမ ၅ စင်တီမီတာ ကြက်သွန်ဖြူ (အခြေခံ စံနှုန်းအရည်အသွေး)ကို ဝယ်လိုအား အမြောက်အမြားရှိနေပြီး ရောင်းချမှု နည်း တာကြောင့် ဈေးနှုန်းမြင့်တက်နေတယ်လို့ Gemini Trading မှ ပြောကြားပါတယ်။                အလုံးသေးတွေကတော့ ပေါများနေတယ်လို့ ဆိုပါတယ်။ သယ်ယူပို့ဆောင်ခ ၊ အလုပ်သမားခ အပါအဝင် သွင်းအားစုကုန်ကျစရိတ်က တစ်နှစ်ထက်တစ်နှစ် တိုးတက်နေတာကြောင့် ဈေးနှုန်းမြင့်တက်နေတယ်လို့ မွန်ဘိုင်း APMC မှ ဒါရိုက်တာ Ashok Walunj က ဆိုပါတယ်။ ယမင်းခင်၊Source: moneylife in 

Tuesday, 5 Jul 2011

အောင်ပန်းချင်း အဝင်လှိုင်                 အောင်ပန်းဈေးကွက်ကို ချင်း (ဥမ) တွေအဝင်လှိုင်နေပါတယ်။ အောင်ပန်း ဒေသရဲ့ တောင်ဖက်ခြမ်းဖြစ်တဲ့ တီကျစ်၊ နောင်တရား၊ ဟဲဟိုးဒေသနဲ့ အောင်ပန်း နယ်တစ်ဝိုက်ကနေ ဝင်တာဖြစ်တယ်လို့ သိရပါတယ်။ တစ်ရက်ကို ပိဿာချိန် ငါးသောင်းခန့် ဝင်နေတယ်လို့လည်း ချင်းပွဲရုံတွေက သိရပါတယ်။ လက်ကျန်ချင်း တက်ဟောင်းတွေကတော့ ပိဿာချိန် သောင်းဂဏန်းခန့်သာ ကျန်ပါတော့တယ်။ မနှစ်ကတော့ ရာသီဥတုကြောင့် အထွက်နှုန်းနည်းခဲ့ပေမဲ့ ဒီနှစ်ကတော့ မိုးကလည်း ပုံမှန်ရွာနေတာကြောင့် အထွက်ကလည်း မနှစ်ကထက် များနိုင်တယ်လို့ ဒေသခံ တွေကခန့်မှန်းကြပါတယ်။ ချင်းခြောက်လည်း ပစ္စည်းလက်ကျန်နည်းနေပြီလို့ သိရပါတယ်။ ဒီတစ်ပတ်ချင်းဈေးတွေကတော့ အောင်ပန်းဈေးကွက်မှာ ချင်း (စို) တစ်ပိဿာ ၃ဝဝ ကျပ်မှ ၄ဝဝ ကျပ်၊ ချင်းခြောက် တစ်ပိဿာ ၁၂ဝဝ ကျပ်- ၂ဝဝဝ ကျပ်အထိရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက်တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းသုံးအတွက် ဝယ်ယူနေကြပြီး ချင်းက ဝင်သလောက် အထွက်ပြန်ရှိတာကြောင့် ဇွန်လအတွင်း ပိဿာချိန် ၃ သိန်း စီးဆင်းသွားတယ်လို့ သိရပါတယ်။ ဧဧခိုင် 

Tuesday, 5 Jul 2011

အဝင်များလို့ ပြည်ချင်းဈေးကျ                 ယခုတစ်ပတ်တွင် အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်း(အတက်)နဲ့ ချင်း (ဥမ)များ ပြည်ဈေးကွက်သို့ ပိဿာ ၃ဝ ဝင်အိတ် ၆၅ဝ ခန့်အဝင်ရှိပြီး ယခင် အပတ်ထက် အဝင်ပိုများလာကာ ဈေးနှုန်းမှာလည်း တစ်ပိဿာကို ချင်းတက် (ရှယ်)၁၂ဝဝကျပ်၊ (ဂျွန်) ၁၁ဝဝ ကျပ်၊ ချင်း (ဥမ) ၆ဝဝ-၇ဝဝ ကျပ်တို့နှင့် ရောင်းဝယ်လျက်ရှိ၍ ယခင်ပတ်ထက် တစ်ပိဿာကို ၂ဝဝ ကျပ်ခန့် ဈေးကျသွားခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်း လက်လီ၊ လက်ကား ရောင်းဝယ်သူများ ချင်း (ဓါးလှီး) သမားများအပြင် ဧရာဝတီနဲ့ ရခိုင်ဘက်သို့ တင်ပို့မှု အပါအဝင် တစ်ရက်ကို ပိဿာချိန် ၁၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်းလည်း သိရပါတယ်။ ဝင်းလဲ့ဝါ 

Tuesday, 5 Jul 2011

ဘရာဇီးကြံအထွက်နည်းခြင်းက သကြားဈေးကို မြှင့်တင်                 ကမ္ဘာ့ထိပ်တန်းတင်ပို့နေတဲ့ ဘရာဇီးနိုင်ငံမှာ ကြံထုတ်လုပ်မှုကျဆင်းခြင်းနဲ့ ပတ်သက်လို့ ကုန်သည်များ စိုးရိမ်လာကြတဲ့အတွက် ဇွန်လ ၂၈ ရက်နေ့သကြား ဈေးက ၃ လခွဲအတွင်း အမြင့်ဆုံးအဖြစ် ၅ ရာခိုင်နှုန်း ကျော်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နှစ် ၃ဝ အတွင်း တစ်ပေါင်ကို ကန်ဒေါ်လာ ၃၆ ဒသမ ဝ၈ ဆင့်ထိ အမြင့်ဆုံးဖြစ်ခဲ့ပြီးတဲ့နောက် ထိုင်း၊ အိန္ဒိယနဲ့ ဥရောပတို့ရဲ့ ရောင်းချမှုက မျှော်မှန်း ထားတာထက် ပိုမိုဖွယ်ရှိတာကြောင့် ဖေဖော်ဝါရီလမှ မေလအထိ သကြားဈေးက ၄၃ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။                   ဇွန်လ ၂၈ ရက်နေ့ CIE မှာ ဇူလိုင်လပို့ရမယ့် သကြားကြမ်းဈေးက ၄၄ ရာခိုင်နှုန်းမြင့်တက်ပြီးတစ်ပေါင်ကို ကန်ဒေါ်လာ ၂၉ ဒသမ ၃၈ ဆင့် ဖြစ်ခဲ့ပါတယ်။ အဲဒီလို သိသိသာသာမြင့်တက်ခြင်းက ဘရာဇီးနိုင်ငံရဲ့ သီးနံှထွက်ရှိမှုအလားအလာ အပေါ် စိုးရိမ်မှုတွေကြောင့်လို့ ဆိုပါတယ်။ တောင်အမေရိကနိုင်ငံဟာ ကမ္ဘာ့ ထုတ်လုပ်မှုရဲ့ လေးပုံတစ်ပုံနဲ့ ကမ္ဘာ့တင်ပို့မှုရဲ့ ထက်ဝက်ကျော်တင်ပို့တဲ့ အဓိက ကျတဲ့ သကြားဈေးကွက် ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံဟာ လွန်ခဲ့တဲ့ ၂ နှစ်မှာ ဈေးနှုန်းမြင့်တက်ခဲ့ပြီးတဲ့နောက် အရန် သိုလှောင်မှုဟာ အလွန်အမင်း နိမ့်ကျလျက်ရှိတာကြောင့် ဘရာဇီးနိုင်ငံရဲ့ သီးနံှ အထွက် ပုံမှန်ရှိတဲ့တိုင် ဈေးနှုန်းမြင့်တက်မှုရှိနေဦးမယ်လို့ လေ့လာဆန်းစစ်သူ များကဆိုပါတယ်။ ကမ္ဘာ့လိုအပ်ချက်ဟာ မေလမှ အောက်တိုဘာလအတွင်း အမြင့် မားဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။                     အစောပိုင်းက ဘရာဇီးသကြားထွက်ရှိမှုကို တန်ချိန် ၃၅ သန်းအထိ မျှော်မှန်းထားခဲ့ပေမဲ့ မကြာသေးခင် သီတင်းပတ်များက တောင်သူများရဲ့ အထွက် နှုန်းလျော့ကျမှုကြောင့် တန်ချိန်၃၂ သန်း-၃၃သန်းကိုလျော့ကျမယ်လို့ ကုန်သည် များ ခန့်မှန်းထားပါတယ်။ ဘရာဇီးကြံထုတ်လုပ်မှုအသင်း (Unica) ခန့်မှန်းထား တာကတော့ လက်ရှိ ရာသီအတွက် သကြားထုတ်လုပ်မှုဟာ ရိတ်သိမ်းမှု စတင်တာ နောက်ကျ တဲ့အတွက် တန်ချိန် ၃၄ ဒသမ ၆ သန်းကို ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ ယမင်းခင်၊ Source:

Tuesday, 5 Jul 2011

တရုတ်နိုင်ငံက အမေရိကန်ပြောင်း တန်ချိန် ၁ ဒသမ ၇ သန်းအထိ တင်သွင်း               တရုတ်နိုင်ငံဟာ ပထမ ၄ လအတွင်း အမေရိကန်နိုင်ငံပြောင်းတန်ချိန် ၁ ဒသမ ၇ သန်း ဝန်းကျင် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ်အမေရိကန် ပြောင်း တန်ချိန် ၈ သိန်းဝန်းကျင်တင်သွင်းဖို့လည်း စာခုျပ်အသစ်ချုပ်ဆိုဖွယ်ရှိတယ် လို့ သိရပါတယ်။                  စက်တင်ဘာတင်ပို့ဖို့ စာချုပ်ဈေးဟာ C & F  တစ်တန် ကန်ဒေါ်လာ ၃၃၈ ဝန်းကျင်ရှိပြီး သြဂုတ်လတင်ပို့ဖို့အတွက် ကန်ဒေါ်လာ ၃၄၂ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အမေရိကန်ပြောင်း လက်ကျန် လျော့ကျလျက်ရှိရာ သြဂုတ်လကုန် မှာ တန်ချိန် ၁၈ ဒသမ ၅ သန်းကို ၁၅ နှစ်အတွင်း အနိမ့်ဆုံးအဖြစ် ကျဆင်းဖွယ်ရှိ တယ်လို့ သိရပါတယ်။                 ယခုနှစ်ကုန်မှာ တရုတ်နိုင်ငံရဲ့ ပြောင်းတင်သွင်းမှုဟာ တန်ချိန် ၄ သန်းအထိ ရှိနိုင်ပြီး ယခင်နှစ်ကတန်ချိန် ၁ ဒသမ ၆ သန်းဝန်းကျင်တင်သွင်းခဲ့တယ်လို့ သိရ ပါ တယ်။ ယမင်းခင်၊source: nns commodityonline

Tuesday, 5 Jul 2011

ပြောင်းတင်ပို့မှု ပုံမှန်                   ဇွန်လ ၂၂ ရက်မှ၂၈ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်နဲ့ ချင်းရွှေဟော် စခန်းများက ပြောင်းတန်ချိန် ၈၆၁၂ တန်၊ တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၃၉၃ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကလည်း တန် ၈ဝဝဝ ကျော် တင်ပို့ခဲ့တာ ကြောင့် တင်ပို့မှု ပုံမှန်လို့ဆိုရပါမယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံ ပြောင်းဈေး များပါမြင့်တက်လျက်ရှိတာကိုတွေ့ရပါတယ်                          ယခု      ယခင်       ပြောင်းလဲမှု   %      ယခု     ယခင်    ပြောင်းလဲမှု   %နံှစားပြောင်း     ၂၂၁၁၄၉   ၂၁၅၉၆၈      ၅၁၈၁      ၂ .၃     ၂၉၄      ၂၉၃         ၁        ဝ .၃ပြောင်းဖူးစေ့    ၂၂ဝ၅၅၄   ၂၁၉ဝ၂၁      ၁၅၁၁       ဝ .၇     ၂၉၄      ၂၉၃         ၁        ဝ .၃MIRT (DOBT)

Tuesday, 5 Jul 2011

ပင်လယ်ရေကြောင်း တန် ၄ဝဝ ကျော်သာ ပို့နိုင               ဇွန် ၂၄ မှ ၃ဝ ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၄ဝ၈ တန်၊ တန်ဖိုးဒေါ်လာ ဝ.၁၁၈ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၁၉၂၇ တန် တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ တန် ၁၅ဝဝ လျော့နည်းခဲ့ပါတယ်။ ပင်လယ်ရေကြောင်းကနေ တင်ပို့မှု နည်းပေမယ့် နယ်စပ်ကနေ တန် ၈ဝဝဝ ကျော်တင်ပို့ခဲ့ပြီး ပုံမှန်တင်ပို့နေတာ တွေ့ရပါတယ်။ယခုအပတ်ပင်လယ် ရေကြောင်း ကနေ တင်ပို့တဲ့ နိုင်ငံကတော့ စင်ကာပူတစ်နိုင်ငံတည်းကိုဖြစ်ပါတယ်။ FOB (ရန်ကုန်)ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိပဲ တစ်တန်ကို ၂၉ဝ ဒေါ်လာ နဲ့ ၃၁ဝ ဒေါ်လာကြား ဈေးရလျက်ရှိပါတယ်။ KZW

Tuesday, 5 Jul 2011

ရော်ဘာဈေးတက်၍ တာယာဈေးတက်              ရော်ဘာဈေးနှုန်းတွေ တက်တာကြောင့် တာယာရဲ့ဈေးနှုန်း ၂ဝ ရာခိုင်နှုန်းခန့် မြင့်တက်နိုင်ကြောင်း ကားတာယာရောင်း ဝယ်သူများက ပြောကြားတယ်လို့ သိရပါတယ်။ ကုန်သည်တစ်ယောက်ကတော့ ၎င်းတို့ရဲ့ ကုန်ပစ္စည်းတွေ နှစ်လအတွင်းမှာ ပင် ၂ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ပြောပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ တာယာစက်ရုံတွေက ၎င်းတို့ရဲ့ထုတ်ကုန်ဈေးနှုန်းကို မတ်လမှာ ၁ဝ ရာခိုင်နှုန်း ဈေးမြင့်ပြီး ဇွန်လမှာလည်း အလားတူ တိုးမြှင့်မှာဖြစ်ကြောင်း သိရပါတယ်။               ဒီလိုဖြစ်ရတာက ဖေဖော်ဝါရီမှာ ရော်ဘာဈေးနှုန်းတွေ အမြင့်ဆုံးကိုရောက်ခဲ့ရာကစကြောင်း သိရပါတယ်။ တာယာထုတ် လုပ်ရာမှာ ရော်ဘာ ၈ဝရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းအထိ ပါဝင်တဲ့အတွက် တာယာဈေးက ရော်ဘာဈေးနဲ့ ဆက်စပ်နေပါတယ်။ အခြေအနေက ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် တာယာဈေးတွေ ၅ဝရာခိုင်နှုန်းကနေ ၆ဝရာခိုင်နှုန်းထိ မြင့်တက်နိုင်ပါတယ်။ ရော်ဘာဈေးနှုန်းက တစ်တန်ကို ဒေါ်လာ ၁၆ဝဝမှ ဒေါ်လာ ၃၂ဝဝထိတက်သွားတဲ့အတွက် တာယာဈေးနှုန်းတွေလည်း လိုက်တက်ရတာဖြစ်တယ်လို့ ပြောပါတယ်။ မကြာသေးမီက ရော်ဘာဈေးနှုန်းတက်တာဟာ ကမ္ဘာ့ဈေးကွက်မှာ ရောင်းလိုအား ကျတာကြောင့်ဖြစ်ကြောင်း သတင်းရရှိပါတယ်။Source: okaz/ saudi Gazette,KZW 

Tuesday, 5 Jul 2011

ရော်ဘာအလားအလာ ကောင်းလာနိုင်               တိုကျိူနဲ့ ရှန်ဟိုင်းရဲ့ ရော်ဘာအလားအလာက ထိုင်းနိုင်ငံရဲ့ ရောင်းလိုအားနည်းရာကနေ ရောင်းအား တိုးလာခြင်းနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် မြင့်တက်ဖွယ်ရှိကြောင်းသိရပါတယ်။ နိုဝင်ဘာလရဲ့ တိုကျိူ ကုန်စည်ဒိုင်ရော်ဘာ စာချုပ် ဈေးနှုန်း ဝ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဒီဇင်ဘာလဈေးနှုန်းလည်း အလားအလာကောင်းကြောင်းသိရပါတယ်။ ရှန်ဟိုင်း ကုန်စည်ဒိုင်ရဲ့ စက်တင်ဘာလစာချုပ်ဈေးနှုန်းက ဝ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ၃၂၁၅ဝ ယွမ်ရှိကြောင်း သိရပါတယ်။ ကမ္ဘာ့အကြီးဆုံးရော်ဘာ ထုတ်လုပ်သူနဲ့တင်ပို့သူဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ရောင်းလိုအားက ဧပြီလကုန်ကစပြီး ပြန်လည် အားကောင်းလာကြောင်း သိရပါတယ်။ ဟောင်ကောင်ရဲ့ မော်တော်ကားကဏ္ဍကလည်း ယခုနှစ်အစောပိုင်းမှာ အားနည်းနေရာကနေ အခြေအနေ တဖြည်းဖြည်းကောင်းလာပြီဖြစ်ကြောင်းသိရပါတယ်။ ငလျင်လှုပ်ခတ်မှု၊ စွမ်းအင် ပြတ်လတ်မှုနဲ့ ဖောက်သည် ပျက်ခြင်းတွေကြောင့် ဂျပန်နိုင်ငံကားထုတ်လုပ်မှုပိုမိုထုတ်လုပ်နိုင်ခြင်းမရှိသေးကြောင်း သတင်းရ ရှိပါတယ်။Source: business option ,KZW 

Tuesday, 5 Jul 2011

၂ဝ၁၁ တွင် ရော်ဘာတန်ချိန် ၉ ဒသမ ၉၆၃ သန်းထွက်ရှိနိုင်ဟု အတည်ပြု               ၂ဝ၁၁ မှာ သဘာဝရော်ဘာရောင်းလိုအား စုစုပေါင်း တန်ချိန် ၉ ဒသမ ၉၆၃ သန်းရှိနိုင်မယ်လို့ ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC)  ကအတည်ပြုပြောကြားခဲ့ပြီး ၂ဝ၁ဝ ထက် ၄ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်နိုင်ကြောင်း သိရပါတယ်။ ပထမခန့်မှန်းချက်ဖြစ်တဲ့ တန်ချိန် ၁ဝ ဒသမ ဝ၂၅ သန်းကို အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ရဲ့အထွက်နှုန်း လျော့တာ ကြောင့် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း (ANRPC) က ပြောကြား ခဲ့ပါတယ်။ (ANRPC) အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ နယူးဂီနိ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာနဲ့ ဗီယက်နမ်တို့ကနေ ကမ္ဘာ့အထွက်နှုန်းရဲ့ ၉၂ ရာခိုင်နှုန်း ထွက်ရှိကြောင်း သိရပါတယ်။ (ANRPC)  အဖွဲ့က ကမ္ဘာ့ပို့ကုန်တင်ပို့မှုရဲ့ ၉၂ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့သုံးစွဲမှု ၄၈ ရာခိုင်နှုန်း ကို သုံးစွဲကြောင်းသိရပါတယ်။ တိုကိုျကုန်စည်ဒိုင်ရဲ့ လက်ရှိဈေးနှုန်းကတော့ ဖေဖော်ဝါရီလက ဖြစ်ခဲ့တဲ့အမြင့်ဆုံး ဈေးနှုန်းအောက် ၂ဝ ရာခိုင်နှုန်းကျဆင်းနေတယ်လို့ သိရပါတယ်။  Source: commodity online,KZW 

Pages