Main menu

Background

Sunday, 12 Jun 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲ FOB အဝယ်ပိုများ                ယခုတစ်ပတ် ဇွန်လ ၄ ရက်မှ ၁ဝရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင် FOB  ဈေးကွက်မှာ မြေထောက်ပဲတန် ၆၄ဝ နဲ့ ထောပတ်ပဲတန် ၇၈ဝ ကျော် အရောင်းအဝယ်စာချုပ်ပြီးကြောင်း သိရပါတယ်။ ယခင်သီတင်းပတ်က ထောပတ်ပဲ တန် ၁၇ဝ နဲ့ မြေထောက်ပဲတန် ၃ဝဝ သာ အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုတစ်ပတ် ပိုမိုလာတာတွေ့ရပါတယ်။                ဇွန်လ ၁ ရက်မှ ၁ဝ ရက်အတွင်း မှာလည်း မြေထောက်ပဲ တန်ချိန် ၉၆ဝ နဲ့ ထောပတ်ပဲ တန်ချိန် ၈၃ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပြည်ပဝယ်လက် ပုံမှန်ရှိတဲ့ ပဲများအနေနဲ့ ယခုတစ်ပတ်မှာလည်း ရန်ကုန် FOB ဈေးပြောင်းလဲခြင်း မရှိဘဲ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၇ဝ-၈ဝဝ နဲ့ မြေထောက်ပဲ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိကြောင်း သိရပါတယ်။              MIRT- MAPT 

Sunday, 12 Jun 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲတင်ပို့မှု လျော့ကျလာ                  ယခုသီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းက ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှု လျော့ကျလာတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်များက ထောပတ်ပဲ တန် ၈ဝဝ ကျော်၊ မြေထောက်ပဲ တန် ၃ဝဝ ကျော်နဲ့ တင်ပို့မှုအားကောင်းခဲ့ရာမှ ယခုသီတင်းပတ် ဇွန်လ ၂ ရက်မှ ၈ ရက်အတွင်းမှာတော့ ထောပတ်ပဲ တန် ၂ဝဝ နဲ့ မြေထောက်ပဲ တန် ၂၅ဝ ခန့်သာ တင်ပို့မှု ရှိခဲ့တာတွေ့ရပါတယ်။ မေလ တစ်လလုံး တင်ပို့မှုအနေနဲ့ ထောပတ်ပဲ တန် ၄ဝဝဝ ကျော်၊ မြေထောက်ပဲ တန် ၁၈ဝဝ ခန့် ရှိပြီး ယခင်နှစ် ၂ဝ၁ဝ မေလအတွင်းမှာတော့ ထောပတ် ပဲ တန်ချိန် ၂၇ဝဝ ခန့်နဲ့ မြေထောက်ပဲ တန် ၇ဝဝ ကျော် တင်ပို့ခဲ့လို့ ယခုနှစ် မေလအတွင်း တင်ပို့မှုပိုခဲ့တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍနှစ်အတွင်း ဇွန်လ ၃ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ထောပတ်ပဲတန်ချိန် ၆၇ဝဝ ခန့်၊ မြေထောက်ပဲ တန် ၃ဝဝဝ နီးပါးရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက ထောပတ်ပဲတန်ချိန် ၆ဝဝဝ နီးပါးနဲ့မြေထောက်ပဲတန်ချိန် ၂ဝဝဝ ကျော် တင်ပို့မှုရှိခဲ့တာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ်မှာတော့ တင်ပို့မှု ပြန်တက်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT 

Sunday, 12 Jun 2011

လှောင်လက်များအဝယ်သွက်လာလို့ အိန္ဒိယကုလားပဲဈေးအနည်းငယ်တက်                 ဇွန်လ ၈ ရက်နေ့မှာ ပြည်တွင်းလှောင်လက်အဝယ်တက်လာတာကြောင့် ကုလားပဲလက်ငင်းဈေးရော ကြိုပွိုင့်ဈေးပါ မြင့်တက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကုန်သည်များနဲ့ ပဲခွဲစက်တွေက အဝယ်ထိုင်းနေတယ်လို့ သိရပါတယ်။ မုတ်သုန်မိုး အခြေအနေကောင်းမွန်ခြင်းကြောင့် မိုးပဲအထွက်ပိုမိုဖွယ်ရှိခြင်း ကတော့ ဈေးနှုန်းကို ဖိအားဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ကုလားပဲ ရိတ်သိမ်းပြီးဆုံးလို့ ဈေးကွက်တွေကို ဝင်ရောက်မှု ကျဆင်းလာခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေမယ်လို့လည်း ခန့်မန်းကြပါတယ်။                   လတ္တာဈေးကွက်ကို ဇွန်လ ၈ ရက်နေ့က ကုလားပဲအိတ် ၂၅ဝဝ ဝင်ရောက်မှု ရှိခဲ့တယ်လို့သိရပါတယ်။ ပြည်ပက တင်သွင်းပဲတွေက အဆက်မပြတ်ဝင်ရောက်မယ် ဆိုရင် ကာလတိုအတွင်း လှောင်လက်တွေရဲ့ ဝယ်လိုအားကိုဖြည့်ဆည်းနိုင်မှာဖြစ်လို့ ကုလားပဲတစ်တန် ရူပီး ၂၃ဝဝဝ-၂၅၅ဝဝ (ကန်ဒေါ်လာ ၅၁၄-၅၇ဝ) ဝန်းကျင် အတွင်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင် ှSource: commodityonline 

Sunday, 12 Jun 2011

အိန္ဒိယကုလားပဲဈေး လက်ရှိဝန်းကျင်မှာ အပြောင်းအလဲရှိ                အိန္ဒိယကုလားပဲလက်ငင်းဈေးကွက်များအတွင်း ကုလားပဲဈေးက လက်ရှိဈေး ဝန်းကျင်မှာ အပြောင်းအလဲ ရှိနေပါတယ်။ ပဲခွဲစက်များက ဝယ်လိုအားနည်းပေမဲ့ နိုင်ငံတကာဈေးခိုင်မာနေခြင်းကြောင့် လှောင်လက်များ ဝယ်ယူနေခြင်းက ဈေးနှုန်း ကို အထောက်အပံ့ဖြစ်စေပါတယ်။ မိုးပဲအထွက် အလားအလာကောင်းပေမဲ့ ဈေးကွက်များအတွင်း ကုလားပဲရောင်းချမှု အကန့်အသတ်သာရှိခြင်းက ဈေးနှုန်း ကို အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။ ကနေဒါစိုက်ပျိုးရေးဌာနစာရင်းအရ ၂ဝ၁၁- ၁၂ အတွင်း ကုလားပဲဖြူလုံးကြီး စိုက်ပျိုးပြီးစီးမှု ဧရိယာဟာ ၂ဝ၁ဝ နဲ့ နှိုင်းယှဉ်ရင် ၁၉ ရာခိုင်နှုန်းလျော့ကျနိုင်တဲ့အတွက် ထုတ်လုပ်မှုရော လက်ကျန်ပါ လျော့ကျနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်တဲ့ ဈေးများနှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်                                   ဒေါ်လာ/တန်                  ၉-၆-၁၁           ၈-၆-၁၁          ၇-၆-၁၁              ၆-၆-၁၁မွန်ဘိုင်း        ၅၁၂               ၅၁၄                ၅၁၆                 ၅၁၇ဒေလီ        ၅၅၃-၅၅၉       ၅၄၅-၅၅ဝ         ၅၄၂-၅၄၈        ၅၄၄-၅၄၆ချန်နိုင်း        ၅၉၃               ၅၉၃                  ၅၉ဝ                ၅၉ဝMIRT(MAPT)

Sunday, 12 Jun 2011

ရန်ကုန် FOB ဈေးကွက် ကုလားပဲအဝယ်လျော့                 ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင်) ကုန်စည်ဒိုင်မှာ ယခင်သီတင်းပတ်က FOB အရောင်းအဝယ် တန်ချိန် ၁ဝဝဝ နီးပါးဖြစ်ခဲ့ပေမဲ့ ယခုသီတင်းပတ် (ဇွန်လ ၄ ရက်မှ ၁ဝ ရက်) အတွင်းမှာတော့ တန်ချိန် ၇၂ဝ သာ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ပြည်ပဝယ်လိုအားရှိပေမဲ့ ကုန်သည်ကြီးများလက်ထဲမှာ လက်ကျန် လျော့နည်းတာကြောင့် FOB ဈေးအနည်းငယ်ပိုလာတာတွေ့ရပါတယ်။ ဇွန်လ ၃ ရက်နေ့  FAQ တစ်တန် ကန်ဒေါ်လာ ၇၉ဝ-၈၅ဝ ရှိရာမှ ဇွန်လ ၁ဝ ရက်မှာ ကန်ဒေါ်လာ ၈၃ဝ-၈၅ဝ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ MIRT- MAPT 

Sunday, 12 Jun 2011

ကုလားပဲဖြူလုံးကြီး တင်ပို့မှု ပြန်လျော့လာ                ယခင်သီတင်းပတ်များက ကုလားပဲဖြူလုံးကြီး အပတ်စဉ် တန် ၃ဝဝဝ ကျော် တင်ပို့မှု ရှိခဲ့ရာမှ ယခုသီတင်းပတ်မှာ (ဇွန်လ ၂ ရက်မှ ၈ ရက်)တော့ တန်ချိန် ၁၄ဝဝ ခန့်ကို လျော့ကျလာခဲ့ပါတယ်။ မေလ တစ်လလုံး တင်ပို့မှုအနေနဲ့ ကုလားပဲဖြူလုံးကြီး တန်ချိန် ၁၅ဝဝဝ ကျော်ရှိပြီး ယခင်နှစ်မေလမှာ တင်ပို့မှု မရှိသလောက် နည်းတာ တွေ့ရပါတယ်။                ယခုဘဏ္ဍာနှစ် ဇွန်လ ၃ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် ၂ သောင်းကျော်ရှိပြီး ယခင်နှစ် ကာလတူက တန်ချိန် ၅ဝဝ ခန့်သာ တင်ပို့မှုရှိခဲ့တဲ့ အတွက် ယခုနှစ်မှာ သိသိသာသာ တင်ပို့အားကောင်း လာခဲ့တာတွေ့ရပါတယ်။ ကုန်သည် လက်ကျန်လျော့လာပြီဖြစ်လို့ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှု အားပျော့ဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။                MIRT- MAPT 

Sunday, 12 Jun 2011

မုံရွာစိမ်းကြီး ဈေးကွက်အရောင်းအဝယ်သွက်နေဆဲ               ပဲတီစိမ်းကြီးဈေးကွက်ဟာ ဇွန်လပထမပတ် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်အတွင်း အရောင်းအဝယ် အားအကောင်းဆုံး ပဲအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ နယ်အဝင်ပမာဏနဲ့ မန်းအဆွဲတို့ မျှတညီညွတ်နေတာ ပေါက်ဈေးကတော့ ယခုတစ်ပတ်ထဲမှာ အနိမ့်ဆုံး တစ်တင်း ၂၇ဝဝဝ ကျပ်မှ အမြင့်ဆုံး ၂၉ဝဝဝ ကျပ်ဖြစ်ပေါ်ခဲ့ပြီး တစ်ရက်နဲ့ တစ်ရက်ဈေးအတက် အကျ တစ်တင်း ၁ဝဝဝ ကျပ်ဝန်းကျင်ရှိခဲ့တယ်လို့ ကုန်သည်အသိုင်းအဝန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းက တစ်တင်း အမြင့်ဆုံးဈေး ၃၁ဝဝဝ ကျပ်ကို မမီပေမဲ့ ယခုပေါက်ဈေးဟာ တောင်သူတွေ သင့်တင့်တဲ့ အကျိုးအမြတ်ရှိတဲ့အတွက် အခုလို နယ်ပစ္စည်းအဝင်သွက်လာတာဖြစ်တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းအရောင်းအဝယ်အနေနဲ့ ယခု တစ်ပတ်အတွင်း တစ်ရက်ပျမ်းမျှ အိတ် ၂ဝဝဝ မှ ၃ဝဝဝ ကြားအရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင် 

Sunday, 12 Jun 2011

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးပဲတီစိမ်းများ စိုက်ပျိုးပြီ                 ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များတွင် မိုးပဲတီစိမ်းသီးနံှကို အများဆုံး စိုက်ပျိုးကြပြီး ယခုဇွန်လအတွင်း ဧက ၁ဝဝဝ နီးပါးခန့် စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ယခင်နှစ်က မေလအတွင်း မျိုးလက်ကျန်မရှိတဲ့ တောင်သူများမှ ဝယ်ယူမှုများရှိတဲ့အတွက် မျိုးပဲတီစိမ်းဈေးမှာ တစ်တင်းကို ၅ဝဝဝဝ ကျပ်ထိဈေးကောင်းရခဲ့တာကို တွေ့ရပါတယ်။ ယခုနှစ်အတွင်း မျိုးပဲလုံလောက်စွာရှိကြတဲ့အတွက် ပဲဈေးကွက်အတွင်း မျိုးပဲဝယ်ယူမှုများမရှိကြဘူးလို့ ပွဲရုံများမှ သိရပါတယ်။ ယခင်နှစ် ပဲတီစိမ်းပေါ်စ မေလတွင် တစ်တင်း ၂၆ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ကြပြီး ယခုနှစ်မှာတော့ ပဲဈေးကွက် အတွင်း ပဲမျိုးစုံဈေးနှုန်းများမှာ ယခင်နှစ်ဈေးကို မမီကြတဲ့အတွက် ပဲတီစိမ်းဈေးမှာလည်း ယခင်နှစ်အဖွင့်ဈေးကို မီမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။   ခင်ဆွေဝင်း 

Sunday, 12 Jun 2011

ပဲတီစိမ်း တန် ၂၄ဝဝ ကျော် ယခုအပတ်တင်ပို့မှု ပိုမို              ဇွန်လ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၇ ဒသမ ၈၃ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၇၃၇၄တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၄၅၁ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါ တယ်။ ရာသီဥတု ပူလာပြီဖြစ်လို့ တစ်ဖက်နိုင်ငံဝယ်လိုအား မြင့်တက်ခဲ့တာဖြစ်ပါတယ်။ မြေပြင်ဈေးများကို နှိုင်းယှဉ်သော အခါ ယခင်အပတ်ထက် လျော့နည်းလျက်ရှိတာတွေ့ရပါတယ်                                       မိမိဘက်(ကျပ်/တန်)                                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု                 ယခင်          ပြောင်းလဲမှု     %          ယခု          ယခင်     ပြောင်းလဲမှု      % ပဲတီစိမ်း         ၁ဝ၂၆၂၂၃       ၁၁၄၇၅ဝဝ       ၁၂၁၂၇၇      ၁၂        ၁၂၇၅         ၁၃၆၈       ၉၃               ၇MIRT (DOBT)

Sunday, 12 Jun 2011

အိန္ဒိယပဲတီစိမ်းဈေး တည်ငြိမ်သလောက်ရှိ            အိန္ဒိယဈေးကွက်များမှာ ယခုတစ်ပတ်အတွင်း ပဲတီစိမ်းဈေးတည်ငြိမ်သလောက်ရှိနေပါတယ်။ ဝယ်လိုအားနည်းခြင်းနဲ့ မုတ်သုန်မိုးကောင်းမွန်နေခြင်းတို့ကြောင့် ပဲစိုက်ပိုျးဖို့ အလားအလာကောင်းနေခြင်းတို့က ဈေးနှုန်းမတက်အောင် ဖိအားဖြစ်စေပါ တယ်။ နွေပဲတီစိမ်းများ ဝင်လာနေပြီဖြစ်ပေမဲ့ ပြန်လည်ရောင်းချသူများရဲ့ ဝယ်လိုအားက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေ မယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်          တန်/ ဒေါ်လာဈေးကွက်                   ၉-၆-၁၁          ၈-၆-၁၁         ၇-၆-၁၁             ၆-၆-၁၁မွန်ဘိုင်း (ကင်ညာ)        ၉၆၂-၉၇၃       ၉၆၆-၉၇၇       ၉၇၂-၉၈၃         ၉၇၃-၉၈၄ဒေလီ                      ၇၃၈-၇၈၃        ၇၄၁-၇၅၆        ၇၃၈-၇၈၂         ၇၃၈-၇၈၃အာကိုလာ                ၈၅ဝ-၉၁၇        ၈၅၄-၉၆၆        ၈၄၉-၉၆၁          ၈၅ဝ-၉၆၂MIRT(MAPT)

Pages