Background
မုံရွာခရိုင် ၈ မြို့နယ်မှာ မိုးရာသီအတွင်း ပဲမျိုးစုံဧက ၄ သိန်းကျော် နှစ်စဉ် စိုက်ပျိုးခဲ့ကြရာမှာ ပဲစင်းငုံသီးနှံ ဟာ တစ်နှစ်ပျမ်းမျှဧက ၂ ဒသမ ၄ သိန်းနီးပါးနဲ့ စိုက်ပျိုးမှုအများဆုံး Export သီးနှံတစ်မျိုးဖြစ်ပါတယ်။ မိုးသီးနှံ ဖြစ်တဲ့အတွက် ရာသီအတွင်း မိုးဘယ်လောက်ရွာရွာ ရေဝပ်မှာကလွဲပြီး၊ ရေမကြောက်တဲ့ အပင် မျိုးဖြစ်သလို ရေငတ်လည်း ခံနိုင်တဲ့ သီးနှံတစ်မျိုးဖြစ်လို့ ဒေသခံတောင်သူအများစု နှစ်စဉ်စိုက်ပျိုးကြခြင်းဖြစ်ပါတယ်။
ပြည်ပကို သီတင်းတစ်ပတ်ဖြစ်တဲ့ ဇူလိုင်လ ၇ ရက်မှ ၁၃ ရက်နေ့တာကာလ အတွင်း မန်ကျည်း ၂ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံက ပါကစ္စတန်နိုင်ငံပဲ ဖြစ်ပါတယ်။ မန်ကျည်းက ယခင်တစ်ပတ်အပို့ပျောက်ပြီး ယခုတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ကိုး ထောင်ဝန်းကျင်ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ဟိုပုံးဈေးကွက်မှာ ချင်း(ဥမ)တွေလည်း ဈေးကွက် ဝင်လာပါပြီ။ ပြီးခဲ့တဲ့ အပတ် ကတော့ အသစ်တွေစပြီး ဝင်လာပေမယ့် ဒီရက်ပိုင်းမှာ မိုးအဆက်မပြတ်ရွာနေတာ ကြောင့် အဝင်နည်းနည်းပါးနေပါတယ်။ ဟိုပုံးမှာတော့ ချင်း(ဥမ)က ဒီနှစ်အတွက် နည်းပါတယ်။ တောင်ကုတ်၊ တမူး၊ စစ်တွေစတဲ့ မြို့တွေက အဆွဲများလာတာ ကြောင့် ဈေးကလည်း ကောင်းနေပါတယ်။
ပြည်ဈေးကွက်သို့ အောင်ပန်းမှ ချင်း (ဥမ)များပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့် ဝင်ရောက်မှုရှိပြီး၊ ဈေးနှုန်းမှာ ယခင်အပတ်ထက် ဈေးမြင့်သွားပါတယ်။ ဈေးမြင့် ပေမဲ့ အရောင်းအဝယ်ပုံမှန်ရှိလျက်၊ ဧရာဝတီတိုင်းနဲ့ ရခိုင် ပြည်နယ်သို့ နေ့စဉ် ပိဿာချိန် ၄၅၀ ခန့်အရောင်းအဝယ်ဖြစ်နေပါတယ်။ချင်း (ဥမ) တစ်ပိဿာ (ရှယ်) ၁၂၀၀ ကျပ် (ဂျွန်) ၁၀၀၀ ကျပ်ရှိပြီး၊ချင်းဓားလှီးသမားများမှအဝယ်ရှိပြီး ဝါတွင်းချင်း သုပ်အလှူအတွက် မျှော်မှန်းပြီးချင်း (ဥမ)များ တစ်နေ့ကို ပိဿာချိန် ၁၅၀ ခန့်နဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝင်းဝင်းခိုင်-ပြည်
ယခု ရက်ပိုင်းအတွင်း အိန္ဒိယ မွန်ဘိုင်းဈေးကွက်တွင် ပဲစင်းငုံနီနှင့် မတ်ပဲကို ပဲခွဲစက်များနှင့် အတွင်းပိုင်း ဈေးကွက်များမှ အဝယ်မလိုက်သဖြင့် အကျဈေးဖြင့် ဈေးငြိမ်နေကြောင်း သိရ ပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့အထိ မိုးပဲ မျိုးစုံ ဟက်တာ ၂၅ ဒသမ ၉၅ သိန်း စိုက်ပျိုးနိုင်ခဲ့ပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁၀၂၂၉ တန်ဖိုးရှိ ပဲတီစိမ်း တန် ၃၀ ကို ဇူလိုင်လ ၁၀ ရက်မှ ၁၆ ရက်တာကာလမှာတင်ပို့ခဲ့တာတွေ့ ရပါ တယ်။ ပုံမှန်တင်ပို့ နေကျဖြစ်တဲ့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်စခန်းမှ ကန်ဒေါ်လာ ၅ ဒသမ ၈၇၀ သန်း တန်ဖိုးရှိ ပဲတီစိမ်း လုံးပြည့် ၆၉၀၆ တန် ကျော်နဲ့ ချင်းရွှေဟော်စခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၄၀၈ သန်းဖိုးရှိ ပဲတီစိမ်းလုံးပြည့် တန် ၄၈၀ ကိုတင်ပို့ နိုင်ခဲ့ပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဇူလိုင်လ ၇ ရက်နေ့မှ ၁၃ ရက်ထိကာလအတွင်းမှာကန်ဒေါ်လာသုည ဒသမ ၈၇၈ သန်းတန်ဖိုးရှိရော်ဘာ ၃၉၈ တန်ခန့်ကိုနိုင်ငံပေါင်း ၃ နိုင်ငံသို့တင်ပို့နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ မလေးရှားနိုင်ငံတို့မှ မြန်မာ့ ရော်ဘာကိုအများဆုံးဝယ်ယူကြပြီး ပါကစ္စတန်နိုင်ငံမှလည်း ရံဖန်ရံခါဝယ်ယူလေ့ရှိပါတယ်။
ဇူလိုင်လဆန်းမှစပြီး ကျဆင်းလာတဲ့ ကမ္ဘာ့ရော်ဘာ ဈေးနှုန်းများ ဇူလိုင်လလယ်ပိုင်းအထိ ဆက်တိုက်အား နည်း လာတယ်။ ဇူလိုင်လ ၁ ရက်နေ့က တစ်တန်ကို ၂၇၁၈ ဒသမ ၅၀ မှာရှိနေခဲ့တဲ့ ထိုင်းရော်ဘာRSS -5 (မှိုင်းခံရော်ဘာ အဆင့် ၅) က ဇူလိုင်လ ၁၅ ရက်နေ့မှာ တစ်တန်ကို ၂၅၃၄ ဒသမ ၅၀ ဒေါ်လာအထိ ၁၈၄ ဒေါ်လာ ဈေးကျလာတယ်။ မလေးရှားရော်ဘာ (SMR-20) ကလည်း ၎င်း ကာလအတွင်း တစ်တန်ကို ၄၇ ဒေါ်လာဈေးကျလာတယ်။
ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ စိုက်ပျိုးရေးဝန်ကြီးလည်း ဖြစ်တဲ့ Yokol Lim Laemthong က ထိုင်းရော်ဘာဈေးများကျဆင်း နေခြင်းနဲ့ စပ်လျဉ်းပြီး ထုတ်လုပ်မှုစရိတ်များလျှော့ချနိုင်သမျှ လျှော့ချ နိုင်ရေး အလေးထားဆောင်ရွက်ကြရန် ဇူလိုင်လ ၁၂ ရက်နေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲ တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
မန္တလေးသကြားကုန်စည်ဒိုင် (သကြားနဲ့သကာရည်လုပ်ငန်းရှင်များ ကထိန် တော်အသင်း) မှာ ဥပုသ်နေ့မှ အပ ကျန်နေ့ရက်တွေမှာ ပုံမှန်အရောင်းအဝယ်ပြု လုပ်လျက်ရှိပါတယ်။ မန္တလေးမှထွက်တဲ့သကြားကို အနယ်နယ် အရပ်ရပ်မှာရှိတဲ့ မုန့်လုပ်ငန်း၊ အရက်ချက်လုပ်ငန်း၊ နို့ဆီချက်လုပ်ငန်း၊ အချိုရည်လုပ်ငန်းတို့ကို တင်ပို့ရောင်းချနေရ တာကြောင့် အရောင်းအဝယ်ပုံမှန်ရှိပါတယ်။