Main menu

Background

Wednesday, 24 Jul 2013

သီတင်းတစ်ပတ်ဖြစ်တဲ့ ဇူလိုင်လ ၇ ရက်မှ ၁၃ ရက်နေ့ တာကာလအတွင်း နနွင်း ၁၃၂ တန်ကို ပင်လယ်ရေကြောင်းမှ ပြည်ပနိုင်ငံကို တင်ပိုနိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူ နိုင်ငံကို ၃၃ တန်နဲ့ မလေးရှားနိုင်ငံကို ၉၉ တန်တင်ပို့ခဲ့ တယ် လို့ သိရပါတယ်။ ယခင်တစ်ပတ်မှာ ပင်လယ်ရေကြောင်းလမ်း မှ နနွင်းတင်ပို့ တန်ချိန်က သုံးဆယ်ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာနနွင်းတင်ပို့မှုပိုခဲ့တယ်လို့ ဆိုရပါမယ်။ ဒီတစ်ပတ် နနွင်းတင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေကကန်ဒေါ်လာခြောက်သောင်း ရှစ်ထောင်ကျော်ရှိခဲ့ပါတယ်။ FOB ဈေးက ယခင်တစ်ပတ် တစ် တန်ကို ကန်ဒေါ်လာ ငါးရာကိုးဆယ်ဝန်းကျင်ရရှိခဲ့ပေမဲ့ ဒီတစ်ပတ်မှာ တစ်တန်ကို ကန်ဒေါ်လာ ငါးရာနှစ်ဆယ်ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။         MIRT(DOTP)

Wednesday, 24 Jul 2013

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင်ကူးသန်း ရောင်းဝယ်ရေးဇုန်မှ ဇူလိုင်လ ဒုတိယပတ်အတွင်း ကန်ဒေါ် လာ သုည ဒသမ ၂၇၇ သန်းတန်ဖိုးရှိတဲ့ နနွင်းတက် တန် ၁၈၀ ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က၁၁၈ တန် ခွဲသာ တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်နနွင်းတက်တင်ပို့မှု ၆၁ တန်ကျော်ပိုမိုလာတာ တွေ့ရပါတယ်။

Wednesday, 24 Jul 2013

ဒီနှစ်က ချင်းဈေးကောင်းတဲ့ နှစ်ဖြစ်ပြီး၊ နနွင်းကတော့ ခပ်မှန်မှန်သာအရောင်းအဝယ်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ အပတ် တွေကတော့ ချင်းစိုရောင်းအားကောင်းနေတာကြောင့် ချင်း ခြောက်နဲ့ နနွင်းလည်း အရောင်းအဝယ် ကောင်းလာနိုးနဲ့ လှောင်လက်တွေက စွန့်စားပြီး ဝယ်ယူလိုက်ကြပါသေးတယ်။

Wednesday, 24 Jul 2013

အိန္ဒိယပြည်တွင်း ပြည်နယ်အများစုရှိ ကြက်သွန်နီ စိုက် ပျိုး ထုတ်လုပ်တဲ့ ဒေသများမှာ ကြက်သွန်နီရောင်း လိုအား ကျဆင်းနေတာကြောင့် ကြက်သွန်နီဈေးနှုန်းများမြင့်မားလာ တယ်။ အထူးသဖြင့် ဇူလိုင်လဒုတိယပတ်မှာ ဈေးမြင့်မားမှု ပိုမိုအရှိန်ရလာပြီး တစ်ကွမ်တယ်ကို ရူပီး ၂၀၀၀ (တစ်တန်ကို ကန်ဒေါ်လာ ၃၃၃ ဝန်းကျင်) အထိ ရောက်ရှိလာတယ်။

Wednesday, 24 Jul 2013

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားကုန်စည်ဒိုင်မှာ လဲချား မြို့နယ်က ထွက်တဲ့ ခရမ်းစွဲကြက်သွန်ဖြူများ ဈေးမာပြီး၊ ဝင် သလောက် အရောင်းအဝယ်သွက်ခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လဆန်းမှာ ခရမ်းစွဲကြက်သွန်ဖြူတစ်ပိဿာကို ၁၃၅၀ ကျပ်- ၁၄၀၀ ကျပ်ဈေးသာရှိခဲ့ရာက ဇူလိုင် ဒုတိယပတ် အကုန်မှာတော့ (အမြိတ်ပါ)တစ်ပိဿာကို ၁၆၀၀ ကျပ်အထိ ဈေးရှိခဲ့ပြီး၊ ဝင်သလောက် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

Wednesday, 24 Jul 2013

မုံရွာခရိုင် ၈ မြို့နယ်မှာ မိုးရာသီအတွင်း ပဲမျိုးစုံဧက ၄ သိန်းကျော် နှစ်စဉ် စိုက်ပျိုးခဲ့ကြရာမှာ ပဲစင်းငုံသီးနှံ ဟာ တစ်နှစ်ပျမ်းမျှဧက ၂ ဒသမ ၄ သိန်းနီးပါးနဲ့ စိုက်ပျိုးမှုအများဆုံး Export သီးနှံတစ်မျိုးဖြစ်ပါတယ်။ မိုးသီးနှံ ဖြစ်တဲ့အတွက် ရာသီအတွင်း မိုးဘယ်လောက်ရွာရွာ ရေဝပ်မှာကလွဲပြီး၊ ရေမကြောက်တဲ့ အပင် မျိုးဖြစ်သလို ရေငတ်လည်း ခံနိုင်တဲ့ သီးနှံတစ်မျိုးဖြစ်လို့ ဒေသခံတောင်သူအများစု နှစ်စဉ်စိုက်ပျိုးကြခြင်းဖြစ်ပါတယ်။

Wednesday, 24 Jul 2013

ပြည်ပကို သီတင်းတစ်ပတ်ဖြစ်တဲ့ ဇူလိုင်လ ၇ ရက်မှ ၁၃ ရက်နေ့တာကာလ အတွင်း မန်ကျည်း ၂ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံက ပါကစ္စတန်နိုင်ငံပဲ ဖြစ်ပါတယ်။ မန်ကျည်းက ယခင်တစ်ပတ်အပို့ပျောက်ပြီး ယခုတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ကိုး ထောင်ဝန်းကျင်ရရှိခဲ့တယ်လို့ သိရပါတယ်။                             MIRT (DOT)

Wednesday, 24 Jul 2013

ဟိုပုံးဈေးကွက်မှာ ချင်း(ဥမ)တွေလည်း ဈေးကွက် ဝင်လာပါပြီ။ ပြီးခဲ့တဲ့ အပတ် ကတော့ အသစ်တွေစပြီး ဝင်လာပေမယ့် ဒီရက်ပိုင်းမှာ မိုးအဆက်မပြတ်ရွာနေတာ ကြောင့် အဝင်နည်းနည်းပါးနေပါတယ်။ ဟိုပုံးမှာတော့ ချင်း(ဥမ)က ဒီနှစ်အတွက် နည်းပါတယ်။ တောင်ကုတ်၊ တမူး၊ စစ်တွေစတဲ့ မြို့တွေက အဆွဲများလာတာ ကြောင့် ဈေးကလည်း ကောင်းနေပါတယ်။

Wednesday, 24 Jul 2013

ပြည်ဈေးကွက်သို့ အောင်ပန်းမှ ချင်း (ဥမ)များပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့် ဝင်ရောက်မှုရှိပြီး၊ ဈေးနှုန်းမှာ ယခင်အပတ်ထက် ဈေးမြင့်သွားပါတယ်။ ဈေးမြင့် ပေမဲ့ အရောင်းအဝယ်ပုံမှန်ရှိလျက်၊ ဧရာဝတီတိုင်းနဲ့ ရခိုင် ပြည်နယ်သို့ နေ့စဉ် ပိဿာချိန် ၄၅၀ ခန့်အရောင်းအဝယ်ဖြစ်နေပါတယ်။ချင်း (ဥမ) တစ်ပိဿာ (ရှယ်) ၁၂၀၀ ကျပ် (ဂျွန်) ၁၀၀၀ ကျပ်ရှိပြီး၊ချင်းဓားလှီးသမားများမှအဝယ်ရှိပြီး ဝါတွင်းချင်း သုပ်အလှူအတွက် မျှော်မှန်းပြီးချင်း (ဥမ)များ တစ်နေ့ကို ပိဿာချိန် ၁၅၀ ခန့်နဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။                 ဝင်းဝင်းခိုင်-ပြည်

Wednesday, 24 Jul 2013

ယခု ရက်ပိုင်းအတွင်း အိန္ဒိယ မွန်ဘိုင်းဈေးကွက်တွင် ပဲစင်းငုံနီနှင့် မတ်ပဲကို ပဲခွဲစက်များနှင့် အတွင်းပိုင်း ဈေးကွက်များမှ အဝယ်မလိုက်သဖြင့် အကျဈေးဖြင့် ဈေးငြိမ်နေကြောင်း သိရ ပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့အထိ မိုးပဲ မျိုးစုံ ဟက်တာ ၂၅ ဒသမ ၉၅ သိန်း စိုက်ပျိုးနိုင်ခဲ့ပါတယ်။

Pages