Main menu

Background

Tuesday, 15 Feb 2011

မြေထောက်ပဲ ပုံမှန်တင်ပြီး ထောပတ်ပဲတင်ပို့မှုတက်လာ             ပင်လယ်ရေကြောင်းက မြေထောက်ပဲက ပုံမှန်ပမာဏအတိုင်း ယခု တစ်ပတ် (ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်) အတွင်းမှာလည်း တန်ချိန် ၁ဝဝ တင်ပို့မှု ရှိခဲ့ပြီး ထောပတ်ပဲကတော့ ယခင်သီတင်းပတ်ထက် တန် ၁ဝဝ ကျော်ပိုပြီး တန်ချိန် ၁၇ဝ ခန့် တင်ပို့လာနိုင်တာတွေ့ရပါတယ်။ မြေထောက်ပဲရော ထောပတ်ပဲ ပါ ဈေးကွက်တွေကို တိုးတက်ဝင်ရောက်နေပြီဖြစ်သလို ဒီပဲတွေက ပြည်ပ အဝယ်အမြဲရှိနေတာမို့ ရှေ့ဆက်ပိုမိုတင်ပို့လာနိုင်မယ့် အလားအလာရှိနေပါတယ်။ ရန်ကုန်  FOB ဈေးအနေနဲ့ ဖေဖော်ဝါရီလ ၁၃ ရက်မှာ မြေထောက်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၄ဝ-၆၆ဝ ရှိပြီး ထောပတ်ပဲတစ်တန်ကို ကန်ဒေါ်လာ ၉၃ဝ-၉၅ဝ ရှိကြောင်း သိရပါတယ်။ အိန္ဒိယမွန်ဘိုင်း ဈေးကွက်မှာ မြေထောက်ပဲ (polished ) တစ်တန်ကို ကန်ဒေါ်လာ ၈၁၇-၈၃၉ ရှိပြီး (unpolished) တစ်တန်ကို ကန်ဒေါ်လာ ၈ဝ၆ ရှိကြောင်း သိရပါတယ်။                                                                                                   MIRT - MAPT

Tuesday, 15 Feb 2011

အိန္ဒိယကုလားပဲဝင်ရောက်မှုက ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းချုပ်ဖွယ်ရှိ                    အိန္ဒိယလက်ငင်းဈေးကွက်များမှာ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ပဲရရှိ နိုင်မှုနဲ့ ဝယ်လိုအားအရ ဈေးနှုန်းအတက်အကျအနည်းငယ်ရှိခဲ့ပေမဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ လက်ငင်းဈေးတစ်တန်ကို ရူပီး ၂၅၅ဝဝ-၂၅၆ဝဝ (ကန်ဒေါ်လာ ၅၆၅) ရှိပြီး၊NCDEX မှာ ဖေဖော်ဝါရီလ ကြိုပွိုင့်ဈေးက တစ်တန်ကို ရူပီး ၂၆ဝ မြင့်တက်ပြီး ရူပီး ၂၆၇ဝဝ (ကန်ဒေါ်လာ ၅၉ဝ) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဓိကဈေးကွက်တွေမှာ ကုန်သည်များက လက်ထပ်ပွဲများနဲ့ အလုပ်ရှုပ်နေတဲ့အတွက် ဝယ်လိုအား ဆက်လက်နည်းပါးနေလို့ ယခင်ရက်ဈေးများ အတိုင်းပဲရှိနေတယ်လို့သိရပါတယ်။ ဈေးကွက်မှ ပြောကြားချက်အရ ဈေးကစားသူ များဟာ ကုလားပဲလက်ငင်းဈေးတစ်တန်ကို ရူပီး ၃ဝဝဝဝ (ကန်ဒေါ်လာ ၆၆၂) ထိ မြင့်လာဖို့ ကြိုးစားနေပေမဲ့ ပဲအသစ်ဝင်ရောက်မှုက ဖေဖော်ဝါရီလ ဒုတိယ လဝက်အတွင်း အရှိန်အဟုန်ရလာပြီဖြစ်လို့ မြင့်တက်လာဖွယ်မရှိဘူးလို့ ဆိုပါတယ်။ အကယ်လို့သာ ပဲအသစ်ဝင်ရောက်မှု တိုးတက်လာမယ်ဆိုရင် ကုလားပဲ ဈေးနှုန်း ကျဆင်းနိုင်တယ်လို့ ကုန်သည် Sanjay Bansal  က ပြောကြားပါတယ်။ ယမင်းခင်၊ှSource: businessline

Tuesday, 15 Feb 2011

အဝင်သွက်လာတဲ့ မုံရွာ ဠ၂ ဈေးကွက်              မုံရွာပဲဈေးကွက်မှာ ဖေဖော်ဝါရီ ပထမပတ်အတွင်း မုံရွာ၊ ယင်းမာပင်၊ ပုလဲနယ်ထွက် V 2 ကုလားပဲများ အဝင်လှိုင်လာတဲ့အတွက် နေ့စဉ် အိတ် ၅ဝဝ ခန့် ဝင်ရောက်လာပြီလို့သိရပါတယ်။ အသစ်ပေါ်လာတဲ့အတွက် V 2 ဈေးအနည်း ငယ် အေးလာပြီး၊ ယခုပထမပတ်အတွင်း အမြင့်တစ်တင်း ၂၂၅ဝဝ ကျပ်၊ အနိမ့် တစ်တင်း ၂၁၅ဝဝ ကျပ်ဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။ ယခင်နှစ် ကာလတူက V 2 တစ်တင်းပေါက်ဈေးမှာ တစ်တင်း ၁၇ဝဝဝ ကျပ်သာရှိခဲ့လို့ ယခုနှစ် ပေါက်ဈေးဟာ တောင်သူများအတွက် သင့်တင့်တဲ့ဈေး၊ ရောင်းပျော်တဲ့ ဈေးဖြစ်ကြောင်း ကုန်သည်များက ပြောပြပါတယ်။                 အောင်မင်း

Tuesday, 15 Feb 2011

ပဲသစ်ပေါ်ချိန် ဈေးအေးလာတဲ့ မုံရွာကုလားပဲ                 မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်ရဲ့ ဖေဖော်ဝါရီပထမ ၁ဝ ရက်ပတ်အတွင်းမှာ အသစ်ပေါ် V 2နဲ့  929 တချို့ ဈေးကွက်ထဲစတင် ဝင်ရောက် လာခဲ့ပြီး၊ ဈေးအနည်းငယ်အေးသွားခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ယခုရက်အတွင်း မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ပဲမျိုးကွဲအားလုံး ကျဈေးဖြစ်ခဲ့ရာ တိုင်ပေအဟောင်းတစ်တင်း ၂၄၅ဝဝ ကျပ်မှ ၁၉၅ဝဝ ကျပ်၊ V 2 အသစ်တစ်တင်း ၂၃ဝဝဝ ကျပ်မှ ၁၉၄ဝဝ ကျပ်နဲ့ 929 တစ်တင်း ၂၅ဝဝဝ ကျပ်မှ ၁၉၅ဝဝ ကျပ်သို့ အသီးသီးဈေးအေးသွားခဲ့တာတွေ့ရပါတယ်။ ယခုနှစ် ဈေးကွက် ဝယ်လိုအား ကောင်းမွန်နိုင်မှုမျှော်လင့်ချက်နဲ့ မုံရွာဒေသဝန်းကျင်မှာ ကုလားပဲတွေ တိုးခဲျ့စိုက်ပျိုးခဲ့ကြရာ အထွက်များနိုင်လို့ ဝယ်လက်တွေ ဈေးထိန်း နေတာဖြစ်နိုင်တယ်လို့ ကုန်သည်အခိုျ့က သုံးသပ်ကြပါတယ်။ မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာတော့ ဒေသတွင်းစက်မှုလုပ်ငန်းသမားများ ဝယ်မှုရှိခဲ့လို့ ယခုရက်ပတ်အတွင်း တစ်ရက် တင်း ၅ဝဝ မှ ၁ဝဝဝ ကြား အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ နယ်ထပ်ဆင့်တင်ပို့မှု မရှိသလောက် နည်းခဲ့ကာ မန္တလေးကို တင်း ၃ဝဝ ခန့်သာ တင်ပို့စီးဆင်းနိုင်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ထွန်းလှိုင်

Tuesday, 15 Feb 2011

 အရောင်းအဝယ်အေး ဈေးအေးသွားတဲ့ ပြည်ကုလားပဲ                ပြည်ဈေးကွက်မှာ ကုလားပဲသီးနံှဈေးဟာ ယခင်တစ်ပတ်က ၂၇၅ဝဝ ကျပ်မှ ယခုတစ်ပတ်မှာ ၂၅ဝဝဝ ကျပ်နဲ့ ဈေးပြန်ကျခဲ့ပြီး အရောင်းအဝယ် အေးပါတယ်။ အခြားတိုင်းများမှာ အဝင်မရှိသလို၊ အခြားတိုင်းသို့လည်း တင်ပို့ရောင်းချ မှု မရှိဘဲ၊ တိုင်းအတွင်းမှသာ လက်ကျန်ပဲများမှ ထုတ်ရောင်းသူရှိပြီး၊ အရောင်း အဝယ်ဖြစ်တဲ့နေ့မှာ တစ်ရက်အိတ် ၁၅ဝ၊ ၂ဝဝ အထိ အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ လွင်လွင်ဆန်း   

Tuesday, 15 Feb 2011

ဝယ်လက်အပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ပဲတီစိမ်း                     ပြည်ပဲဈေးကွက်တွင် ပဲတီစိမ်းသီးနံှမှာ ၂ဝ၁၁ နှစ်စမှစ၍ အဝင်ပါးလာသလို အရောင်းအဝယ်လည်း အေးနေခဲ့ပါတယ်။ နေ့စဉ်အရောင်းအဝယ်မဖြစ်ဘဲ ရန်ကုန်၊ မန္တလေးဝယ်လက်ရှိတဲ့ရက်မှသာ အိတ် ၁၅ဝ မှ အိတ် ၃ဝဝ-၄ဝဝ အထိ အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ ဈေးနှုန်းကတော့ တစ်တင်း ၂၈ဝဝဝ ကျပ်ဖြင့် ယခင်အပတ်ကဈေးအတိုင်း ဈေးငြိမ်လျက် ရှိကြောင်းသိရပါတယ်။ ပဲတီစိမ်းသီးနံှရဲ့ ယခင်နှစ် ဇန်နဝါရီလဈေးနှုန်းမှာ တစ်တင်း ၃၆ဝဝဝ ကျပ်ထိ ဈေးမြင့် ခဲ့ကာ ယခုနှစ်မှာတော့ တစ်တင်း ၂၈ဝဝဝ ကျပ်သာရရှိခဲ့တဲ့အတွက် ပဲစိုက် တောင်သူများ ယခင်နှစ်လောက် အကျိုးအမြတ် မရဘူးလို့သိရပါတယ်။                                     ခင်ဆွေဝင်း 

Tuesday, 15 Feb 2011

မန်းအဝယ်ရှိပေမယ့် မုံရွာပဲတီစိမ်းဈေးအေးလာ              မုံရွာကုန်ဝယ်ဒိုင်ရဲ့ ဖေဖော်ဝါရီပထမ ၁ဝ ရက်ပတ် ပဲတီစိမ်းဈေးကွက်အတွင်း နယ်ပစ္စည်းအဝင်ပုံမှန်ရှိခဲ့ပြီး၊ မန္တလေး- ရန်ကုန်အဝယ်လည်း ပုံမှန်ရှိခဲ့တယ်လို့သိရပါတယ်။ ယခုရက်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးကွက်ရဲ့ ပေါက်ဈေး များအနေနဲ့ စိမ်းကြီးတစ်တင်း အမြင့်ဆုံး ၃ဝဝဝဝ ကျပ်မှ အနိမ့်ဆုံး ၂၅ဝဝဝ ကျပ်သို့ ကျဈေးဖြစ်ပေါ်ခဲ့ပြီး၊ စိမ်းသေး ကတော့ တစ်တင်း ၂၃၅ဝဝ ကျပ်မှာ ငြိမ်နေတယ်လို့သိရပါတယ်။ အရောင်းအဝယ်အားဖြင့် မန္တလေးနဲ့ ရန်ကုန်ဝယ်လက် ပုံမှန်ရှိခဲ့တာမို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကိုတင်း ၁ဝဝဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ကာ ယခုရက်ပတ်အတွင်း မန္တလေးကို တင်း ၃ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၂၅ဝဝ ခန့် စီးဆင်းတင်ပို့ခဲ့ကြတယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်

Tuesday, 15 Feb 2011

အရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်သွက်တဲ့ မန်းပဲတီဈေးကွက်              မန်းဈေးကွက်သို့ ပဲခူး၊ ခရမ်းသုံးခွ ဒေသများက ပဲတီစိမ်း(ရွေဝါ)များဝင်ရောက်မှုရှိနေသလို မတ္တရာ၊ ရွှေဘို ဒေသများမှလည်း ပဲတီစိမ်းများ ဝင်ရောက်လျက်ရှိပါတယ်။ ဝင်ရောက်လာတဲ့ ပဲတီစိမ်းတွေထဲမှာ ခရမ်းသုံးခွ ပဲတီစိမ်း (ရွှေဝါ) များကတော့ တရုတ်အကြိုက်တွေ့နေတာကြောင့် ဈေးမြင့်လာတာ တွေ့ရပါတယ်။ ယခုတစ်ပတ်ပဲတီစိမ်း (ရွှေဝါ) တစ်ပိဿာ ၂ဝ၇၁ ကျပ်၊ တစ်တန် ၁၂၆၈၂၅ဝ ကျပ်၊ ပဲတီစိမ်း ထိပ်စတစ်ပိဿာ ၁၆၁၈ ကျပ်၊ တစ်တန် ၉၉ဝ၈၄ဝ ကျပ်၊ အလတ်စ တစ်ပိဿာ ၁၃၃၃ ကျပ်၊ တစ်တန် ၈၁၆၃ဝဝ ကျပ်၊ အောက်စ ၁ဝ၆၇ ကျပ်၊ တစ်တန် ၆၅၃၄၂ဝ ကျပ်ဈေးတို့နဲ့ ရောင်းဝယ်နေ ကြပါတယ်။ ဈေးကွက်အတွင်းမှာ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်း (ရွှေဝါ)နဲ့ ပဲတီစိမ်းထိပ်စများကို တရုတ်အကြိုက် တွေ့နေတာကြောင့် ဈေးမာပေမဲ့ အလတ်စနဲ့အောက်စများကိုတော့ ရန်ကုန်ဝယ်လက်နဲ့ ပဲခွဲစက်လုပ်ငန်းရှင်တို့က ဝယ်ယူ နေသော်လည်း အရောင်းအဝယ်အေးမြဲဖြစ်ပါတယ်။ ဒါကြောင့် ယခုတစ်ပတ်မှာ ပဲတီရွှေဝါနဲ့ ပဲတီထိပ်စတွေက အရောင်းအဝယ် သွက်ပြီး အလတ်စနဲ့ အောက်စကတော့ အရောင်းအဝယ်အေးတယ်လို့ ဆိုပါတယ်။ တင်ပို့မှုအနေနဲ့ တစ်ပတ်အတွင်း တရုတ်သို့ ၄ဝဝ တန်၊ ရန်ကုန်သို့ ၁၂ဝ တန် တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ ကျော်ကျော်မိုး 

Tuesday, 15 Feb 2011

 နယ်စပ်မှ ပဲတီစိမ်းတင်ပို့မှုလျော့                  ဖေဖော်ဝါရီလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း မြန်မာတရုတ်နယ်စပ်ရှိမူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးထွက် ပဲတီစိမ်းများကို လုံးပြည့်သာမက လုံးခြမ်းပါ ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ယခုအပတ်မှာ ပဲတီစိမ်းလုံးပြည့်ကန်ဒေါ်လာ ဝ ဒသမ ၆၂၁၄ သန်း တန်ဖိုးရှိ ၆၄၄ တန်ကျော်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၁၆၂ တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၃၂ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် လုံးပြည့် ၂၈၈ တန်နဲ့ လုံးခြမ်း ၁၇ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။ယခင်အပတ်ကထက် ဈေးနှုန်းမြင့်ရရှိခဲ့သော်လည်း တရုတ်နှစ်သစ်ကူးကာလ ဖြစ်တဲ့ အတွက် တင်ပို့မှုလျော့နည်းခဲ့ရပါတယ်။ လာမဲ့အပတ်များမှာတော့ ပဲတီစိမ်းပိုမိုတင်ပို့နိုင်လိမ့်မယ်လို့ ခန့်မှန်းလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲတီစိမ်း(အကောင်း) ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -                                                      မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု              ယခင်          ပြောင်းလဲမှု          %         ယခု            ယခင်          ပြောင်းလဲမှု       %ပဲတီစိမ်း ၁၂၃၄၈၅၄      ၁၂ဝ၇၂၇၃         ၂၇၅၈၁         ၂ .၂၃       ၁၄၂၁          ၁၁၂၁           ၃ဝဝ            ၂၁MIRT (DOBT)

Tuesday, 15 Feb 2011

အိန္ဒိယမှာ တစ်လအတွင်း ပဲတီရွှေဝါ တစ်တန် ကန်ဒေါ်လာ ၃ဝဝ ကျော်မြင့်တက်             အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ပဲတီစိမ်း၊ ပဲတီရွှေဝါ ဈေးမဖွင့်ပေမဲ့ ချန်နိုင်းဈေးကွက်မှာ မြန်မာပဲတီရွှေဝါဈေးက တစ်လအတွင်း တစ်တန်ကို ကန်ဒေါ်လာ ၃ဝဝ ကျော်မြင့်လာတာတွေ့ရပါတယ်။ အခြားပဲဈေးတွေ အတက်အကျ အပြောင်း အလဲတွေရှိပေမဲ့ ပဲတီစိမ်း၊ ပဲတီရွှေဝါဈေးက မှန်မှန်နဲ့တက်လို့လာခဲ့ပါတယ်။ အဓိကတော့ ဈေးကွက်တွေမှာ အရည် အသွေး ကောင်းပဲ မရရှိနိုင်တော့တာမို့ နိုင်ငံတကာ ဈေးနဲ့အတူ လိုက်ပါတက်လာတာ ဖြစ်ပါတယ်။ ချန်နိုင်းဈေးကွက်နဲ့ ဒေလီ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ကာလတူဈေးတွေ ဖော်ပြလိုက်ပါတယ်               ချန်နိုင်း (ပဲတီရွှေဝါ)             ဒေလီပဲတီစိမ်း၁ဝ-၂-၁၁            ၁၃၆ဝ                           ၁၂၇၂၁ဝ-၁-၁၁            ၁ဝ၃၄                          ၁ဝ၂၃                                                                                                                   MIRT (MAPT)

Pages