Main menu

Background

Tuesday, 25 Jan 2011

 ဒီဇင်ဘာ မြေထောက်ပဲတင်ပို့မှု ကာလတူထက် တစ်ဆလျော့              ၂ဝ၁ဝ ဒီဇင်ဘာလအတွင်း ပင်လယ်ရေကြောင်းက မြေထောက်ပဲတန်ချိန် ၂၄ဝ ခန့်သာတင်ပို့မှုရှိခဲ့ပြီး ၂ဝဝ၉ ဒီဇင်ဘာလမှာ တန်ချိန် ၅၄ဝ ခန့် ရှိခဲ့လို့ ကာလတူတင်ပို့မှု တစ်ဆခန့်လျော့ကျလာတာတွေ့ရပါတယ်။ နိုဝင်ဘာလအတွင်းမှာ တန်ချိန် ၁၅ဝ ကျော်သာတင်ပို့နိုင်ခဲ့လို့ ယခင်လထက်တော့ တင်ပို့မှု ပိုတာတွေ့ရပါတယ်။ ၂ဝ၁၁ ဇန်နဝါရီလ ၁၃ ရက်မှ ၁၉ ရက်အတွင်းမှာ တန်ချိန် ၁၉ဝ ခန့်ကို အိန္ဒိယ၊ မလေးရှား၊ ရုရှားနဲ့ စင်ကာပူနိုင်ငံတွေကို တင်ပို့နိုင်ခဲ့ပါတယ်။ ဈေးကွက်တချို့ကို မြေထောက်ပဲအသစ်ဝင်ရောက်မှုရှိလာပြီဖြစ်ပြီး အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ သိပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ FAQ  တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ နဲ့ ယခင်အပတ်ဈေးမှာ ငြိမ်နေပြီး အိန္ဒိယ မွန်ဘိုင်း ဈေးကွက်မှာလည်း မြေထောက်ပဲ (polished ) တစ်တန်ကို ကန်ဒေါ်လာ ၈ဝ၈-၈၄ဝ နဲ့ (unpolished )တစ်တန်ကို ကန် ဒေါ်လာ ၈ဝ၇ ဈေးရှိတယ်လို့ သိရပါတယ်။                                                                           MIRT - MAPT

Tuesday, 25 Jan 2011

အအေးလှိုင်းဝင်ရောက်မှုကြောင့် အိန္ဒိယပဲမျိုးစုံဈေးနှုန်းခိုင်မာနေ              အိန္ဒိယ နိုင်ငံအတွင်း အချို့ဒေသများတွင် အအေးလှိုင်း ဝင်ရောက်မှုကြောင့် ပဲစင်းငုံ၊ ပဲနီလေးနဲ့ ကုလားပဲ သီးနံှများ ပျက်စီးခဲ့ပြီး ဈေးကွက် တွေမှာ ဝယ်လိုအားတက်နေတာကြောင့် လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း ပဲမျိုးစုံဈေးနှုန်း အမြင့်မှာဘဲ ဆက်လက်ရှိနေတယ်လို့ သိရပါတယ်။ ပဲစင်းငုံနဲ့ ပဲစင်းငုံခွဲခြမ်းတို့မှာ ဈေးအတက်ကို ဆက်လက်သွားနေဆဲဖြစ်ပေမဲ့ ကုလားပဲ ကိုတော့ အမြင့်ဈေးမှာ ဝယ်ယူမှုနည်းတာကြောင့် ဈေးကျဆင်းခဲ့ တယ်လို့ သိရပါတယ်။            ကုန်သည်တွေပြောကြားတာကတော့ ဈေးကစားသူများက သီးနံှ အထွက်ကျဆင်းမယ့် သတင်းတွေနဲ့ ဈေးမြင့်တက်အောင် ဆောင်ရွက်ခဲ့ တာကြောင့် ဈေးတွေမြင့်တက်နေခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဇန်နဝါရီ လ ၁၇ ရက်မှာ ဈေးသိသိသာသာမြင့်တက်ခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်မှာတော့ ဈေးပြန်ငြိမ်ခဲ့ရာ လက်ငင်းဈေးကွက်မှာ ကုလားပဲခွဲခြမ်း (အဆင့်မြင့်) ဈေးက တစ်တန်ကို ရူပီး ၃၁၇၅ဝ-၃၂ဝဝဝ (ကန်ဒေါ်လာ ၇ဝ၂-၇ဝ၈) ဖြစ်ပြီး ပဲစင်းငုံခွဲခြမ်းဈေးက တစ်တန်ကို ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၂)မြင့်တက်ပြီး ရူပီး ၆၃ဝဝဝ-၆၄ဝဝဝဝ (ကန်ဒေါ်လာ ၁၃၉၃-၁၄၁၅)နဲ့ ရူပီး ၅၁ဝဝဝ- ၅၄ဝဝဝ (ကန်ဒေါ်လာ ၁၁၂၈-၁၁၉၄) ဈေးဖြစ်တယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: businessline  

Tuesday, 25 Jan 2011

စစ်ကိုင်းတိုင်းဒေသကြီး ကုလားပဲလျာထားချက်ထက် ကျော်လွန်စိုက်ပျိုးပြီး               စစ်ကိုင်းတိုင်းဒေသကြီးမှာ ကုလားပဲကို ဧက ၃ ဒသမ ၆၇၉ သိန်းလျာ ထားပြီး၊ ၃ ဒသမ ၇၁၅ သိန်း စိုက်ပျိုးနိုင်ခဲ့တဲ့အတွက် ၁ဝဝ ဒသမ ၉၉ ရာခိုင်နှုန်း စိုက်ပျိုးပြီးလို့သိရပါတယ်။ စိုက်ပျိုးကာလစောတဲ့ ကုလားပဲခင်း တချို့သီးကင်း ဝင်နေပြီဖြစ်ပါတယ်။ ဈေးကွက်လက်ကျန်နည်းနေပြီဖြစ်လို့ ဒေသတွင်း အရောင်းအဝယ်အဖြစ် နေ့စဉ်အိတ်ရေ ၅ဝ ခန့်သာ အရောင်း အဝယ်ဖြစ်တော့ကြောင်းသိရပါတယ်။ ဈေးကတော့ V 2 တစ်တင်း ၂၆ဝဝဝ ကျပ်အထိ ဈေး ပေါက်နေတယ်လို့သိရပါတယ်။ ဈေးကွက်လက်ကျန်နည်းနေလို့ ဒေသသုံး သမားများအတွက် ဈေးတက်နိုင်သေးကြောင်း သိရပါတယ်။                                                                                                အောင်မင်း 

Tuesday, 25 Jan 2011

လက်ကျန်ပါးလို့ ကုလားပဲမျိုးစုံဈေးကောင်းနေ               မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ဇန်နဝါရီလထဲ လက်ကျန်နည်း နေလို့ ယခုအပတ်အထိ ဈေးဆက်လက်မာနေလျက်ရှိတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ဈေးကွက်ထဲမှာ မျိုးကျန်ပဲအချို့သာ အရောင်းအဝယ်ဖြစ်ခဲ့ကာ ယခုတစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲတစ်တင်း အမြင့်ဆုံးပေါက်ဈေး များက တော့ တိုင်ပေက ၂၄၂ဝဝ ကျပ်၊ V 2 က ၂၆ဝဝဝ ကျပ်နဲ့ 929  က ၂၄ဝဝဝ အသီးသီး ဖြစ်ပေါ်ခဲ့ကာ ခွဲခြမ်းအတွက် ကုန်ကြမ်းနည်းလို့ တမူးဘက်ကခွဲခြမ်းတွေ ဈေးကွက် ထဲ ဝင်လာပြီး၊ တစ်ပိဿာ ၁၅၅ဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသစားသုံးတဲ့ ပဲကြော်လုပ်ငန်းသမားတွေကတော့ ဈေးသက်သာတဲ့ စားတော်ပဲ (ကနေဒါ) ပဲများကို အစားထိုးအသုံးပြုခဲ့ကြတယ်လို့သိရပါတယ်။ ဒီတစ်ပတ်ထဲမှာ မန္တလေးကို ကုလားပဲတင်း ၅ဝဝ နဲ့ ရန်ကုန်ကိုတင်း ၃ဝဝ ခန့် တင်ပို့ စီးထွက်နိုင်ခဲ့ကြောင်း ဈေးကွက်ကဆိုပါတယ်။ ထွန်းလှိုင် 

Tuesday, 25 Jan 2011

ဝယ်လိုအားတက်လို့ အိန္ဒိယကုလားပဲဈေးမြင့်တက်                ပဲခွဲစက်များနဲ့ လက်လီဆိုင်များက ဝယ်လိုအားကောင်းလာတာကြောင့် ကုလားပဲတစ်တန်ကို ရူပီး ၂ဝဝ-၂၅ဝ ( ကန်ဒေါ်လာ ၄ ဒသမ ၄၂-၅ ဒသမ၅၂) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၁၈ ရက်မှာ အထွက်နှုန်း ကျဆင်း နိုင်တဲ့ ခန့်မှန်းချက်ကြောင့် တစ်တန်ကို ရူပီး ၂၅ဝဝဝ-၂၅၁ဝဝ (ကန်ဒေါ်လာ ၅၅၃-၅၅၅) ထိမြင့်တက်ခဲ့ပြီးတဲ့နောက် အမြင့်ဈေးနဲ့ အဝယ်ကျဆင်းလို့ တစ်တန်ကို ရူပီး ၂၄၅ဝဝ ( ကန်ဒေါ်လာ ၅၄၂) ကိုပြန်လည် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်တွေမှာ ကုလားပဲလက်ကျန်များရှိသေးတယ်လို့ ခန့်မှန်းကြပါတယ်။ မိုးရွာသွန်းပြီး ရာသီဥတုအခြေအနေမပေးတာကြောင့် ကုလားပဲအသစ်များ ဈေးကွက်ကို နောက်ရက် ၂ဝ အတွင်း ဝင်ရောက်လာဖွယ်မရှိဘူးလို့ ခန့်မှန်း ကြပါတယ်။ ဒါ့အပြင် ဝယ်လိုအားတက်နေခြင်းတို့ကြောင့် ကုလားပဲဈေးက အနိမ့် ဆုံး ထောက်ပံ့ဈေး တစ်တန် ရူပီး ၂၃၅ဝဝ (ကန်ဒေါ်လာ ၅၂ဝ) အောက် မကျဆင်း နိုင်ဘူးလို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ယမင်းခင်၊ Source: businessline  

Tuesday, 25 Jan 2011

မန်းဈေးကွက်မှာ တောင်ငူပဲတီစိမ်းက ဈေးစွာနေ                  ယခုတစ်ပတ် မန်းဈေးကွက်အတွင်းသို့ တောင်ငူ၊ တောင်တွင်းကြီး၊ ပျဉ်းမနား၊ ရွှေဘိုဒေသများမှ ပဲတီစိမ်းအသစ်များ ဝင်ရောက်နေပါတယ်။ ဈေးကွက်အတွင်းမှာ ဈေးစွာနေတဲ့ ပဲတီစိမ်းက တောင်ငူပဲတီစိမ်း ဖြစ်ပါတယ်။ ပဲတီစိမ်းထိပ်စတစ်ပိဿာ ၁၇၇၈ ကျပ် (တစ်တန် ၁ဝ၈၈၈၁၁ ကျပ်) ၊ အလတ်စ ၁၆ဝဝ ကျပ် (တစ်တန် ၉၇၉၈ဝ၈ ကျပ်)၊ အောက်စ ၁၃၇၈ ကျပ် (တစ်တန် ၈၄၉၃၈ဝ ကျပ်) ဈေးတို့နဲ့ ရောင်းဝယ်နေကြပါတယ်။ ဈေးကွက်ကတော့ အဟောင်းထက် အသစ်ကို ပိုကြိုက်ကြ ပါတယ်။ ယခုတစ်ပတ်မှာ ပဲတီစိမ်းကို တရုတ်ဝယ်လိုအားပျော့လာပေမဲ့ ရန်ကုန်ဝယ်လက် ဝယ်လိုအား ကောင်းလာလို့ ဈေးအေးမသွားဘဲ ဈေးမြင့်လာတာ ဖြစ်တယ်လို့ ကုန်သည်များက ပြောပါတယ်။ တင်ပို့မှုအနေနဲ့ တစ်ပတ်အတွင်း တရုတ်သို့ ၁၃ဝဝ တန် ရန်ကုန်သို့ ၂၅ဝ တန်တင်ပို့ခဲ့ပြီး ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်များမှလည်း ဝယ်ယူနေတဲ့အတွက် ဈေးကွက် အတွင်းမှာ ရောင်းဝယ် အားကောင်းနေတဲ့ သီးနံှတစ်ခုဖြစ်ကြောင်း သိရပါတယ်။ ကျော်ကျော်မိုး 

Tuesday, 25 Jan 2011

အိတ်စပို့ဝယ်လက်သိမ်းလို့ မုံရွာပဲတီစိမ်းအရောင်းသွက်နေ                  မုံရွာကုန်စည်ဒိုင် ဇန်နဝါရီတတိယပတ် ပဲတီစိမ်းဈေးကွက်မှာ အိတ်စပို့ဝယ်လက် အဝယ်သွက်ခဲ့လို့ အရောင်းအဝယ် အားကောင်းလျက်ရှိတယ်လို့သိရပါတယ်။ ပဲတီစိမ်းကြီးကို တရုတ်ပြည်တင်ဖို့ မန္တလေးလက်က အဝယ်များခဲ့ပြီး၊ စိမ်းသေးကိုတော့ ရန်ကုန်လက်က အဝယ်လိုက်ခဲ့ပါတယ်။ ဇန်နဝါရီလ မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းဈေးကွက်မှာ ဖြစ်ပေါ်ခဲ့တဲ့ပေါက်ဈေးအားဖြင့် စိမ်းကြီးတစ်တင်းအနိမ့်ဆုံးအဟောင်းတစ်တင်း ၂၁ဝဝဝ ကျပ်မှ အမြင့်ဆုံး ၂၃ဝဝဝ ကျပ်၊ အသစ်အနိမ့်ဆုံးတစ်တင်း ၂၆ဝဝဝ ကျပ်မှ အမြင့်ဆုံး ၂၉ဝဝဝ ကျပ် အသီးသီး ဈေးကောင်းရခဲ့ကြပါတယ်။ ဈေးကွက်ထဲကို ပဲတီစိမ်းများဝင်ရောက်မှုအနေနဲ့ မုံရွာဝန်းကျင်နယ်စုံကအပြင် ကလေးနယ်ဘက်က မုံရွာနဲ့မန္တလေးတိုက်ရိုက်တစ်ရက် အိတ် ၁ဝဝဝ နီးပါးရှိတယ်လို့သိရပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာတော့ တစ်ရက်အိတ် ၅ဝဝ အထက် နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်အတွင်း မန္တလေးကို တင်း ၄၂ဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၃၈ဝဝ ခန့် တင်ပို့စီးဆင်းခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင် 

Tuesday, 25 Jan 2011

အိန္ဒိယမှာ ပဲတီရွှေဝါဈေး ဇန်နဝါရီလမှာ သိသိသာသာပိုလာ             အိန္ဒိယဈေးကွက်တွေမှာ အရည်အသွေးကောင်း ပဲတီစိမ်းမရရှိနိုင်တာကြောင့် ပြည်တွင်းပဲတီစိမ်းရော ပဲတီရွှေဝါ ဈေးပါ ဈေးငြိမ်နေခဲ့ရာမှ ဇန်နဝါရီလ တတိယပတ်မှာ သိသိသာသာပိုလာတာတွေ့ရပါတယ်။ မွန်ဘိုင်း ဈေးကွက်မှာ ပဲတီစိမ်း ရော ပဲတီရွှေဝါပါလက်ကျန်ပြတ်နေပြီလို့ သိရပါတယ်။ ပြည်တွင်းမှာအရည်အသွေးကောင်းပဲ မရရှိနိုင်လို့ မြန်မာနိုင်ငံနဲ့ သြစတြေးလျ ပဲတီစိမ်းကို အားထားနေရရာ လတ်တလော သြစတြေးလျက ပဲတီစိမ်း မရရှိနိုင်ခြင်းကလည်း ဈေးနှုန်းကို ပိုမိုမြင့်တက်စေပါတယ်။ ၂ဝ၁ဝ ဒီဇင်ဘာနဲ့ ၂ဝ၁၁ ဇန်နဝါရီလ ကာလတူ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                           ဒေါ်လာ/တန်                          ချန်နိုင်း(ပဲတီရွှေဝါ)               ဒေလီ(ပဲတီစိမ်း)၂ဝ-၁-၁၁               ၁ဝ၉၇-၁၁၁၉                        ၁ဝ၅၃၂ဝ-၁၂-၁ဝ                   ၁ဝ၁၄                            ၁ဝ၅၈MIRT(MAPT)

Tuesday, 25 Jan 2011

 နယ်စပ် ပဲတီစိမ်းဈေး အလားအလာကောင်းနေ         မူဆယ်(၁ဝ၅)မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံရွှေလီသို့ဇန်နဝါရီ ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်း ပဲတီစိမ်း တန်ချိန် ၁၄၃ဝ ကျော်နဲ့ ပဲတီစိမ်းလုံးခြမ်း တန် ၃ဝဝ ကျော်တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၇ဝ၆ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်ကလည်း တန်ချိန် ၁၄ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပုံမှန်လို့ ဆိုရပါမယ်။ ယခုတစ်ပတ်မြေပြင်ပေါက်ဈေးကတော့ မိမိဘက်မှာ ၁၁၂၆၃၄၈ ကျပ်နဲ့တစ်ဖက်နိုင်ငံဈေးကတော့ ၁၃၆၂ ဒေါ်လာဖြစ်တယ်လို့ သိရပါတယ်။ ပဲတီစိမ်း ဈေးကွက်အတွင်း ပဲတီစိမ်း (အသစ်)တောင်ငူများ ဝင်ရောက်မှုများတာကြောင့် အပတ်စဉ်တန် ၁၅ဝဝ ဝန်းကျင်ပုံမှန်တင်ပို့နိုင်တာဖြစ်ပါတယ်။ လက်ရှိပဲတီစိမ်းရာသီမှာ တရုတ်ဘက်မှာ ပဲတီစိမ်း အဆင့်စုံအလိုက် ဝယ်လိုအား ရှိကာ မိမိတို့ပြည်တွင်းဈေးတက် သလိုတရုတ် ဘက်ကလည်းဈေးအမြင့်ပေး ဝယ်ယူကြောင်း တွေ့ရလို့ ပဲတီစိမ်းရဲ့ အလား အလာကောင်းလျက် ရှိပါတယ်။ ယခုတစ်ပတ်ပဲတီစိမ်း(ကြီး) ပြည်တွင်းဈေးတစ်တန်ကျပ် (၈ ဒသမ ၇၁)သိန်းမှ (၉ ဒသမ ၉၁)သိန်းရှိပြီး တဖက်နိုင်ငံဝယ်ဈေးယွမ် (၈၆ဝဝ)မှ (၁ဝ၂ဝဝ)အထိ ဈေးပေါက်လျက်ရှိပါတယ်။ မတ်လအတွက် ကြိုပွိုင့် ဈေးကတော့ (၅၆) ပိဿာဝင် တစ်အိတ်ကို (၁ဝ၅ဝဝဝ) ကျပ်အထိ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ MIRT(DOBT) 

Tuesday, 25 Jan 2011

ပုံမှန်တင်ပို့မှုထက် ပိုလာတဲ့ ပဲတီစိမ်း            ယခင်နှစ် တစ်နှစ်လုံး ပုံမှန်တင်ပို့မှုရှိနေခဲ့တဲ့ ပဲတီစိမ်းဟာ ယခုတစ်ပတ်မှာ တန်ချိန် ၄ဝဝဝ ခန့်ကို ပိုတင်လာ တာတွေ့ရပါတယ်။ တချို့ဈေးကွက်တွေထဲကို ပဲစင်းငုံအသစ်ဝင်ရောက်စပြုလာပြီဖြစ်ပြီး လက်ကျန် အနည်းငယ်သာကျန်တဲ့ ပဲတီစိမ်းရော၊ အသစ်ကိုပါ တရုတ်ဝယ်လိုအားကောင်းနေသလို ပင်လယ်ရေကြောင်းအတွက်လည်း ပြည်ပဝယ်လက်က ပုံမှန် ဝယ်နေတယ်လို့ သိရပါတယ်။            ၂ဝ၁ဝ ဒီဇင်ဘာလတင်ပို့မှုအနေနဲ့ တန်ချိန် ၁၁ဝဝဝ ကျော်ရှိပြီး နိုဝင်ဘာမှာ တန်ချိန် တစ်သောင်းနီးပါး တင်ပို့ခဲ့ပါ တယ်။ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလမှာတော့ တန်ချိန် ၁၄ဝဝဝ ကျော်ထိ တင်ပို့မှုရှိခဲ့လို့ ၂ဝ၁ဝ ကာလတူမှာတော့ အနည်းငယ် လျော့ကျတာတွေ့ရပါတယ်။ ပြည်ပဝယ်လိုအားကောင်းတဲ့ ပဲတီစိမ်းဈေးဟာ ရန်ကုန် FOB ဈေးလည်း မြင့်တက်လာ နေတာတွေ့ရပါတယ်။                                                                                                               ဒေါ်လာ/တန်                      ပဲတီစိမ်း(အညာ၊ ပခုက္ကူ)                   ပဲတီရွှေဝါအသေး၁၉-၁-၁၁              ၉ဝဝ-၉၂ဝ                                   ၁၂၂ဝ-၁၂၄ဝ၁၃-၁-၁၁              ၈၈ဝ-၉ဝဝ                                   ၁၂ဝဝ-၁၂၂ဝ                                                                                                           MIRT(MAPT)

Pages