Background
အတွဲ(၁၅)အမှတ်(၇)
အတွဲ(၁၅)အမှတ်(၇)
ပြည်ပဲဈေးကွက်မှာ ယခုဖေဖော်ဝါရီ ဒုတိယတစ်ပတ်တွင် ဘိုကိတ်ပဲသစ်ဈေးအနည်းငယ်ပြန်လျော့သွားပြီး ရန်ကုန် ဝယ်လက်သမားကတော့ နေ့စဉ်အဝယ်ရှိနေတာကို တွေ့ရပါတယ်။ ပဲအဝင်မှာလည်း ယခင်တစ်ပတ်ထက် အနည်းငယ် လျော့သွားလို့ တစ်ရက်အိတ် ၅၀ မှ ၁၀၀ ကြားသာ ပန်းတောင်းနှင့် ကံမဘက်မှ ဝင်ရောက်လျက်ရှိခဲ့ပါတယ်။ ပဲဈေးနှုန်းမှာ တစ်တင်း ၁၄၈၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်နှစ် ကာလတူဈေးထက်လည်း ဈေးလျော့နေတာကို တွေ့ရ ပါတယ်။ ယခင်နှစ်က ဖေဖော်ဝါရီ ဒုတိယပတ်ဈေးနှုန်းမှာ တစ်တင်း ၁၅၅၀၀ ကျပ်ခန့်ရရှိခဲ့တယ်လို့ သိရပါတယ်။
ခင်ဆွေဝင်း-ပြည်
အတွဲ(၁၅)အမှတ်(၇)
အတွဲ(၁၅)အမှတ်(၇)
အတွဲ(၁၅)အမှတ်(၅)
အတွဲ(၁၅)အမှတ်(၅)
အတွဲ(၁၅)အမှတ်(၅)
ပြည်ဈေးကွက် ဆန်စပါးလောက တွင်တိုင်းဒေသကြီး(ပြည်)အတွင်းမှတစ် နှစ်ကို တစ်သီးစားစိုက်ပျိုးထွက်ရှိတဲ့ နတ္တလင်းတောင်ပျံမွှေးစပါးဟာစပါးစပေါ်ချိန်မှယခုအချိန်ထိစပါးဈေးဟာတစ်ဆင့်ပြီးတစ်ဆင့် ဈေးကောင်းခဲ့တာ တွေ့ရပါ တယ်။ယခုစက်တင်ဘာလတွင် တောင်ပျံမွှေးစပါးဟာ တောင်သူလက်ဝယ်မရှိ တော့ဘဲအရောင်းအဝယ်သမားများထံမှာသာ လက်ကျန်ရှိတော့ပေမဲ့ ဈေးကတော့ ထိပ်ဆုံးရောက်နေဆဲပါပဲ၊ စိုက်တောင်သူရော၊ အရောင်းအဝယ်သမားပွဲစားများပါ အကျိုးအမြတ်များခံစားရတဲ့ စပါးဖြစ်ကြောင်းလည်း သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ စပါးဈေး ၄၆ ပေါင် ကိုက်ကို ၇၁၇၆၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဆက်လက်ဖြစ်ခဲ့ပါတယ်။ ယခုစက်တင်ဘာလမှာတော့ ၄၆ ပေါင်ကိုက်ကို ၇၃၆၀၀၀ကျပ်ဈးဖြင့်ဈေးမြင့်ကာအရောင်းအဝယ်ဖြစ်နေပါတယ်။လက်ကျန်စပါးနည်းနေချိန်ထိဈးကောင်းလျက်ရှိနေပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ ဆန်တင်သွင်းမှုနဲ့ပတ်သက်တဲ့ အကောက်ခွန်နှုန်းကို ၅၁၃ ရာခိုင်နှုန်းဝန်းကျင် သတ်မှတ် ဖွယ်ရှိကြောင်းပြည်တွင်း သတင်းများအရ သိရပါတယ်။ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနဲ့ ကျေးလက်ရေးရာဝန်ကြီးဌာနနဲ့ ကုန်သွယ်ရေး၊ စက်မှုနဲ့စွမ်းအင်ဝန်ကြီးဌာနတို့ဟာ စက်တင် ဘာလ ၁၈ ရက်နေ့မှာ အကောက်ခွန်နှုန်းကို အပြီးသတ် ဆုံးဖြတ်ဖို့ လက်ရှိအာဏာရပါတီ ဥပဒေပြုသူများနဲ့ တွေ့ဆုံသွားမယ်လို့သိရပါတယ်။အကောက်ခွန်နှုန်း မြင့်ခြင်းကသာ သွင်းကုန်ဆန်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ပြည်တွင်းထုတ် ဆန်တွေကို အကူအညီဖြစ်စေမယ်လို့လည်း အာဏာရပါတီမှ အရာရှိများက ပြည်တွင်း သတင်းဌာနများကို ပြောကြားကြောင်း သိရပါတယ်။