Background
ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာ လ ၁၉ရက်နေ့လက်ကားဆန်ဈေးအရ ဖျာပုံပေါ်ဆန်း ထိပ်စ တစ်အိတ်ကို ၃၄၅၀၀ ကျပ်၊ နယ်စုံပေါ်ဆန်း လတ်စ တစ်အိတ်ကို ၃၀၀၀၀ ကျပ်၊ ထိပ်စ တစ် အိတ်ကို ၃၃၀၀၀ ကျပ်အသီးသီးဖြစ်ခဲ့ လို့ ယခင်အပတ်ထက် တစ်အိတ်ကို ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အတွင်း ဈေး တက်ခဲ့တာ တွေ့ရပါတယ်။ အလားတူ ပေါ်ကျွဲလတ်စ တစ်အိတ်ကို ၂၄၅၀၀ ကျပ်၊ ထိပ်စတစ်အိတ်ကို ၂၅၅၀၀ ကျပ် ဖြစ်ခဲ့ကြလို့ယခင်အပတ်ထက်၂၀၀ကျပ် မှ ၇၀၀ ကျပ်အတွင်း ဈေးတက်ခဲ့တာ တွေ့ရပါတယ်။
ဒီတစ်ပတ်လည်း ရှမ်းချင်းExportက နားနေပါသေးတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့ ဈေးကွက်မှာအရောင်းဖွင့်နေ ဆဲဖြစ်တာေ ကြာင့် အဝယ်ကို ခဏရပ်ထားတယ်လို့ ဆိုပါတယ်။ ဝယ်လက်တွေကတော့ ပြန်ဝယ်ဖို့ ဈေးမေးလာပေမဲ့ အခုထိတော့ အရောင်းအဝယ်ကမဖြစ်သေးပါဘူး။ လောလောဆယ်လည်းချင်းကအဝင်နည်းလာသလို လက်ကျန်ကလည်းနည်း သွား ပါပြီ၊ချင်းအသစ်တွေကလည်းသီတင်းကျွတ်
လောက်မှသာစပြီးဝင်လာတော့မှာဖြစ်ပါတယ်။အသစ်တွေထဲ မှာ ကော ကာင်းရင့်တဲ့ ပစ္စည်းဆိုရင် တန်ဆောင်မုန်းမှာမှ ရမှာဖြစ်ပါတယ်။ သီတင်းကျွတ်မှာ ဖော် ရတဲ့ ချင်းကအနုေ တွသာ များပြီး၊ အပင်ဝါ၊ အပင်ခြောက်လို့ ဖော်ရတဲ့ ပစ္စည်း တွေဖြစ်ပါတယ်။ ချင်းက မြေကြီးထဲမှာ ထားရင်အရောင်မပြောင်း၊ အလေးချိန်လည်း မလျော့တာကြောင့် တချို့တောင် သူတွေက ဈေးကောင်းရတဲ့အချိန်ထိ ထားကြပါတယ်။ (နောက်နှစ် မေ၊ ဇွန်ထိ ထားနိုင်ပါ တယ်) အောင်ပ န်းေ ဈးကွ က် မှာတော့ ချင်းစိုက ပြည်ပဝယ်လက်တွေ ဝယ်ယူနေတဲ့ လက်ကားဈေးမှာ တစ် ပိဿာ ၁၂၀၀ ကျပ်-၁၃၀၀ ကျပ်ရှိပြီး ပြည်တွင်းဈေးနှုန်းလက်လီသမားတွေ ဝယ်ယူနေတဲ့ ထိပ်စကတော့ တစ်ပိဿာ ၁၄၀၀ကျပ်ဈေးရှိပါ တယ်။ချင်းခြော က် က တော့ပရဆေးသမားတွေ အဝယ်များသလို ဟင်းခတ်အမွှေး အကြိုင်အမှုန့်ပြုလုပ်ဖို့အတွက်လည်း ဝယ်ယူမှုရှိနေ တာကြောင့် တစ်ပတ်ကို ပိဿာချိန် ခြောက်ထောင် ခန့်အရောင်းအဝယ်ဖြစ်ပါတယ်။ ဒီ တစ်ပတ်ချင်းခြောက်ဈေးက တစ်ပိဿာ ၂၂၀၀ ကျပ်ဈေးရှိပါတယ်။
ယခုတစ်ပတ် ပြည်ချင်းဈေးကွက်မှာချင်းဈေးများယခင်အပတ်ထက် ဈေးပိုလာသဖြင့် ဝင်ရောက်မှုရဲ့သုံးပုံးနှစ်ပုံခန့်သာ အရောင်းအဝယ်ဖြစ်ပြီးအရောင်းပါး လျက်ရှိနေပါတယ်။အဝင်အားဖြင့်လည်း ပိဿာ ၃၀ ဝင်အိတ် ၁၀၀ ခန့်သာပုံမှန်အဝင် ရှိပြီး၊ယခင်ကထက်အဝင်နည်းနေပါတယ်။ ရခိုင်ဝယ်လက်များ၊ ပြည် ဈေးကွက်သို့ တိုက်ရိုက်ဆင်းပြီး၊ ဝယ်ယူမှု များရှိနေ တဲ့အတွက်ဈေးတင်ရောင်းချမှုများ ရှိလာတာကြောင့်နယ်ဝယ်လက်များမှပါ ဈေးကောင်းပေးပြီးမှာယူရောင်းချ နေပါ တယ် ။ ယခုတစ်ပတ်ပွဲရုံများ၌ ချင်းဥမ တစ်ပိဿာကို ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်ရှိပြီး ချင်းဓါးလှီးသမားများမှ လက်လီ၊ လက်ကားေ ရာင်းဝယ်သူများနဲ့ဧရာဝတီတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်သို့တင်ပို့မှုအပါအဝင်ပွဲရုံများမှပိဿာချိန်၈၀၀ခန့်အရောင်း အဝယ်ဖြစ် ပြီး ယခင်ကာလများထက် အရောင်းပါးလျက်ရှိကြောင်း သိရပါ တယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှကန် ဒေါ်လာ ၇၆၈၂ ကျော် တန်ဖိုးရှိဂျင်းအစို ၁၀၁ တန်ကို ဇူလိုင်လမှာ တင်ပို့ခဲ့ပါတယ်။ ဇွန်လမှာ ၄၇ တန်နဲ့ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ ၄၉ တန် သာ တင်ပို့မှု ရှိခဲ့တဲ့ အတွက် အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက် ၂ ဆကျော် ပိုမိုတင်ပို့ခဲ့တယ်လို့ စစ်တွေနယ်စပ်မှ သတင်းရရှိပါတယ်။
သီတင်းတစ်ပတ်ဖြစ်တဲ့ သြဂုတ်လ၁၀ ရက်မှ ၁၆ ရက် သီတင်းပတ်အတွင်း ချင်း ၆၁ ဒသမ ၅ တန်ကို ပင်လယ်ေ ရကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပု့ိခဲ့ပါတယ်။
သြဂုတ်လအတွင်း နတ်တလင်း တောင်ပျံမွှေးစပါးများဟာ အမြင့်ဆုံး ဈေးလို့ဆိုရမလိုတောင်ဖြစ်နေပါ တယ်။ လှောင် လက်စီးပွားရေးသမားများအမြတ်အစွန်းရလို့ လှောင်ရကျိုးနပ်ခဲ့ရပါတယ်။ သြဂုတ်လ ပထမပတ်မှာ ဆို ရင် တောင်ပျံမွှေး စပါးဟာ ပေါင်၅၀ကိုက်နဲ့ ၈ သိန်းဈေးထိ ပေါက်ခဲ့ပါတယ်။ အရောင်းအဝယ်ကတော့ အနည်း ငယ် လောက် သာ ဖြစ်ခဲ့ ပါတယ်။ဒုတိယပတ် အတွင်းမှာ တင်းတစ်ရာ ၅၀ ပေါင်
ပြည်နယ်များရဲ့ ဆန်ဝယ်ယူမှုစည်းကြပ်ငွေကို ၂၅ ရာခိုင်နှုန်းခန့် လျှော့ချမယ့်အိန္ဒိယအစိုးရရဲ့ဆုံးဖြတ်ချက်က အစိုးရ ရဲ့ဆန်ဝယ်ယူမှုကို လျော့ကျစေမယ်၊ ထောက်ပံ့မှုတွေလျော့ကျစေမယ်၊ ဈေးကွက်တွေမှာဆန်ပိုတွေဝင်ရောက်ေ စပြီး ဈေး ကွက်ဈေးနှုန်းတွေကျဆင်းစေမှာဖြစ်လို့စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုသက်သာရာရစေမယ်၊အရည်အသွေးကောင်း တွေ
မကွေးတိုင်းဒေသကြီးတိုင်းဦးစီးမှူးရုံးမှာ သြဂုတ်လ ၈ရက်နံနက်ကမကွေးတိုင်းဒေသကြီး ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီး ဌာန နဲ့Future Myan-mar Management Training (Pathein) တို့ပူးပေါင်းကျင်းပတဲ့ Business Development Mana-gement (BDM) Training (၁/၂၀၁၄) သင်တန်းဖွင့်လှစ်ခဲ့ပါတယ်။ သင်တန်းကာလမှာ၂၀၁၄ ခုနှစ် သြဂုတ်လ ၈ ရက်မှ ၁၁ ရက်ထိ ဖြစ်ပြီး
မကွေးဈေးကွက်မှာဒီတစ်ပတ်ပဲစင်းငုံနီကိုရန်ကုန်အဆွဲ ကောင်းနေတာကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါ က ဈေးမြင့် လာပြီးတစ်ပိဿာ ၁၁၀၀ကျပ်(တစ်တန်ကို ၆၇၃၆၂၉ကျပ်)ဈေးဖြင့်တစ်ရက်ကိုအိတ်၄၀၀ခန့်အရောင်းအဝယ်ဖြစ်ခဲ့ေ ကြာင်း သိရပါတယ်။ ပဲစင်းငုံနီအနေဖြင့် ရန်ကုန်ဝယ်လို အားပေါ်မူ တည်ပြီး
ပြည်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို export အဓိကဝယ်ယူ နေတဲ့ ရန်ကုန်ဝယ်လက်က အရည် အသွေး အပေါ်မူ တည်ပြီး ဈေး ပေးအဝယ်ရှိတာကြောင့် ယခင်အပတ်ဖြင့်