Main menu

Background

Wednesday, 6 Mar 2013

ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၆ ရက်နေ့ထိကာလအတွင်း မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၃၅ သန်းတန်ဖိုးရှိ ပရဆေးကုန် ကြမ်း ၄၄၄ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ဝဥခြောက်၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ တောဂျူးမြစ်၊ ကြောင်လျှာစေ့၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ နေလဲစေ့၊ ဇီးဆံနဲ့ တောဂျင်းတို့ ပိုမိုတင်ပို့နိုင်ခဲ့ပြီး ကြက်ဆူစေ့တစ်မျိုးတည်းသာ ယခင်အပတ်က ထက် လျော့နည်းတင်ပို့ခဲ့တာကို တွေ့ရပါ တယ်။ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်စခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၀၀၃ သန်း တန်ဖိုးရှိ ကတ္တရာသင်္ချေ သုည ဒသမ ၆ တန်ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ ဆူးပန်း သုည ဒသမ ၃ တန်ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဆောင်းမေခါး သုည ဒသမ ၃ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းတန်ဖိုးရှိ ဇာတိပ္ဖိုလ်သီး ၂ တန် ခန့် တင်သွင်းခဲ့ပါတယ်။ ဖေဖော်ဝါရီလ တစ်လလုံးမှာတော့ ကန်ဒေါ်လာ ၄ ဒသမ ၄၄ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၁၅၇၃ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ကန်ဒေါ် လာ ၁ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၃ တန်ကျော် တင် သွင်းနိုင်ခဲ့ပါတယ်။MIRT (DOBT)

Wednesday, 6 Mar 2013

ဒီနှစ်မှာတော့ ရှမ်းနနွင်းက အရောင်းအဝယ်ကောင်းနေ ပါတယ်။ အောင်ပန်းဈေးကွက်မှာ ရန်ကုန်ဝယ်လက်တွေ အတော်များများဝယ်ယူနေကြပါတယ်။ ပါကစ္စတန်၊ ဒူဘိုင်း စတဲ့ နိုင်ငံတွေကိုတော့ ရေကြောင်းလိုင်းကနေ ထွက်သွား တာ ဒီတစ်ပတ်ထဲမှာ ပိဿာချိန် ၄၅၀၀၀ ခန့်ရှိတယ်လို့ ကုန်သည် တွေထံက သိရပါတယ်။ ဒူဘိုင်း လို  နိုင်ငံကတော့ ဆင်တောင် နနွင်းကို စားသုံးဖို့အတွက် မဟုတ်ဘဲ၊ ကော်ဇောတွေ ပိုးမစား အောင်လို့ အသုံးပြုဖို့အ တွက် ဝယ်ယူကြတယ်လို့လည်း သိရ ပါတယ်။ လှောင်လက်တွေဆီမှာတော့ နနွင်းအတော်များများ ကျန်နေပါသေး တယ်။ တောင်သူတွေ၊ လှောင်လက်တွေက တော့ ကြိုက်ဈေးရမှသာ ထုတ်ရောင်းကြတော့မယ်လို့ ဆိုပါ တယ်။ လောလောဆယ်က ထုတ်မရောင်းကြသေးပါဘူး။ အောင်ပန်းဈေးကွက်မှာ နနွင်းပေါက်ဈေးက ပင်လောင်း နနွင်း ဆိုရင် ၅၀၀ ကျပ် - ၆၀၀ ကျပ်၊ တောင်ပို့လနနွင်းက ၇၀၀ ကျပ် - ၈၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းက တစ်ပိဿာ ၁၀၀၀ ကျပ် - ၁၁၀၀ ကျပ်ရှိပါတယ်။ ဟိုပုံးဈေးကွက်မှာတော့ နနွင်း အသစ်အစိုတွေအများအပြား ဝင်လာနေပါ တယ်။ ဈေးကို ပိဿာချိန် ၃၀၀၀ - ၄၀၀၀ ခန့်အဝင်ရှိပြီး၊ တစ်ပိဿာကို ၈၀ ကျပ်ဈေးသာရှိပါတယ်။ လက်ကျန်နနွင်းခြောက်တွေက တော့ တစ်ပိဿာ ၇၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။ ဧဧခိုင် - တောင်ကြီး

Wednesday, 6 Mar 2013

သီတင်းတစ်ပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၃ ရက်အတွင်း နနွင်း ၁၀၇ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှား နိုင်ငံကို နနွင်းတင်ပို့မှုပိုခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ တန်ချိန်မှာ မလေးရှားကို တန်ချိန် ၆၀ နဲ့ ပါကစ္စတန်ကို ၄၇ တန်ဖြစ်တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မှာ တန်ချိန် သုံးဆယ်ကျော်သာတင်ပို့ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုမှာ တန်ချိန် ခုနှစ်ဆယ်နီးပါးပိုခဲ့ပါတယ်။ FOB ဈေးမှာ တစ်တန်ကို ကန်ဒေါ်လာ လေးရာနီးပါး ရရှိခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှ ၂၃ ရက်အတွင်း စုစုပေါင်းတင်ပို့ခဲ့တဲ့ တန်ချိန်က သုံးရာ့သုံးဆယ် ကျော် ဖြစ်ပြီး ရရှိခဲ့တဲ့ဝင်ငွေမှာ ကန်ဒေါ်လာ တစ်သိန်းနှစ်သောင်းကိုးထောင်ကျော်ရရှိခဲ့ပြီလို့ သိရပါတယ်။MIRT (DOT)

Wednesday, 6 Mar 2013

ယခုကာလက မန်ကျည်းပေါ်တဲ့အချိန်ဖြစ်လို့ မန်ကျည်းတင်ပို့မှုကလည်း အား ကောင်းနေပါ တယ်။ ပြည်ပ ကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၃ ရက်အတွင်း မန်ကျည်း ၁၀၇၈ ဒသမ ၁၇ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မှာ စင်ကာပူနိုင်ငံကို ၂၂၈ ဒသမ ၁၂ တန်၊ ပါကစ္စတန်နိုင်ငံကို ၃၅၀ ဒသမ ၀၅ တန်၊ မလေးရှားနိုင်ငံကို ၄၅၀၊ အိန္ဒိယကို တန် ၅၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံကို အများဆုံးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မန်ကျည်းတင်ပို့မှုမှာ ယခင်တစ်ပတ်တင်ပို့မှုထက် တန်ချိန် လေးရာ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း ယခုတစ်ပတ်အထိ မန်ကျည်း တင်ပို့မှုက တန်ချိန် ၂၂၃၈ ဒသမ ၁၇ တန်ရှိခဲ့ပါတယ်။ မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့ တဲ့ဝင်ငွေ စုစုပေါင်းက ကန်ဒေါ်လာ ရှစ်သိန်းကျော်ပြီလို့ သိရပါတယ်။MIRT (DOT)

Wednesday, 6 Mar 2013

ဒီတစ်ပတ် အောင်ပန်းဈေးကွက်ကို ချင်းအဝင်နည်းနေပါတယ်။ အဝင်နည်း နေသလို အရောင်းကလည်း ပါးနေတယ်လို့ သိရပါတယ်။ ပွဲရုံတွေမှာ ချင်းတွေများ နေပြီး အဝယ်ကတော့ သိပ်မရှိပါဘူး နထစသမအ လည်းရပ်သွားတာကြောင့် ပလပ်တိုက် တာလည်း ရပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပလပ်တိုက်တယ် ဆိုတာ က ချင်းအခက်လှတွေကို မြေတွေစင်အောင်သန့်စင်ပြီး တင်ပို့တာ ကို ခေါ်ပါတယ်။ လောလောဆယ် အဲဒီအ လုပ်ကလည်း ရပ်နေတော့ အလုပ်သမားတွေကလည်း အလုပ်နားနေရတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ချင်းပေါက်ဈေး က လက်ကျန် ချင်း(ဥမ)က ၁၀၀ ကျပ် - ၁၅၀ ကျပ်ဈေးသာရှိပါတယ်။ မျိုးစိုက်ပြီး ပယ်တဲ့ချင်း (ပယ်ချင်း)ကတော့ ၁၅၀ ကျပ် - ၂၀၀ ကျပ်၊ အခက်လှရင် ၂၅၀ ကျပ် - ၃၀၀ ကျပ်၊ ဈေးရှိပြီး အဲဒီအခက်လှမှာမှ မြေဖြူချင်းဆို ၃၀၀ ကျပ် - ၃၂၀ ကျပ်ဈေးရှိပါ တယ်။ နေပူလာတာကြောင့် ချင်းထိုးသမားတွေကလည်း အမှာရပ်နေကြလို့ နှစ်ပတ် မှ ပိဿာ ၉၀၀ - ၁၀၀၀ ခန့်သာတင်ပို့နေရတယ်လို့ သိရပါတယ်။

Wednesday, 6 Mar 2013

ပြည်ပကို ပင်လယ်ရေကြောင်းလမ်းမှ ချင်းတင်ပို့မှုမှာ ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၃ ရက်အတွင်း တန်ချိန် ၁၈၉ ဒသမ ၁၄ ရှိခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက ဖောက် သည်ပါကစ္စတန်နိုင်ငံပဲ ဖြစ်ပါတယ်။ ယခင်တစ်ပတ်ဈေးတင်ပို့ခဲ့တဲ့ တန်ချိန်က တစ်ရာ့တစ်ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် တန်ချိန် ခုနှစ် ဆယ်ကျော်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ချင်းတင်ပို့မှုမှ ရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ ငါးသောင်းခုနှ စ်ထောင်ကျော်ဖြစ် တယ်လို့ သိရပါတယ်။MIRT (DOT)

Wednesday, 6 Mar 2013

ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်း ကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း ပဲစင်းငုံနဲ့ အစေ့ ထုတ်ပြောင်းများ ဈေးမာလျက်ရှိပြီး၊ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။

Wednesday, 6 Mar 2013

မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီလကုန်ပတ် ပဲဈေးကွက်မှာ Export အတွက် ရန်ကုန်လှောင်လက်အဝယ်နဲ့ ဒေသခံ ပဲ ကုန်သည်တွေ ဒီနှစ်ပဲအဝင်နည်းမှုကြောင့် ဈေးကွက်မျှော်မှန်း ချက်နဲ့လှောင်ဖို့ အဝယ်သွက်ခဲ့လို့ တစ်ရက်ထက်တစ်ရက် ဈေးခုန်တက်နေတာ တွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်းမှာ ငုံနီတစ်တင်းအနိမ့်ဆုံး ၁၉၆၀၀ ကျပ်ကနေ အမြင့်ဆုံး ၂၀၄၀၀ ကျပ်ထိ ပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး၊ ကုန်စည်ဒိုင်မှာ ပစ္စည်းဝင် ရောက်မှုပေါ် မူတည်ကာ တစ်ရက်အိတ် ၃၀၀၀ မှ ၅၀၀၀ ကြား အရောင်းအဝယ်ပုံမှန်ဖြစ်နေတယ်လို့ ဈေးကွက်ကဆိုပါ တယ်။ ယခုရက်အတွင်း မြင်းမူဆိပ်ကမ်းမှတစ်ဆင့် ရန်ကုန်ကို ငုံနီအိတ် ၁၅၀၀၀ ခန့် တင်ပို့ခဲ့တယ်လို့ ရေယာဉ် ကိုယ်စား လှယ် ရပ်ကွက်က ကြားသိရပါတယ်။

Wednesday, 6 Mar 2013

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်ကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ မတ်ပဲအသစ်များအဝင်များလာသလို ကုလားပဲ၊ ပဲကြီး၊ ထောပတ်ပဲအသစ်များလည်း ဆက်တိုက် ဝင်ရောက် လာခဲ့ပါတယ်။ ပဲတီစိမ်းသီးနှံကတော့ အဝင်မရှိသလောက်ဖြစ်ခဲ့ပြီး၊ ပဲစင်းငုံသီးနှံနဲ့ ပဲပုပ်သီးနှံမှာ ပဲအဝင်ပါးလာခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ ပဲသစ်များ အဝင်များလာလို့ ပဲဟောင်းလက်ကျန်များရှိခဲ့သော် လည်း ပဲသစ်များသာ ပိုအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ လှောင် လက်သမားများ ဝယ်ယူမှုရှိသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်ယူလျက်ရှိတာကြောင့် ဈေးနှုန်းမှာ တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ ယခင်အပတ်ကထက် ဈေးပိုလာခဲ့ကာ ပဲသစ်အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် တစ်ရက်အိတ် ၂၀၀ - ၃၀၀ ခန့် ရောင်းဝယ်မှု ရှိခဲ့တယ်လို့ သိရပါတယ်။

Wednesday, 6 Mar 2013

၂၀၁၃ ဖေဖော်ဝါရီလ တတိယပတ်ကစပြီး၊ ရွှေဘိုခရိုင်မှ ခင်ဦးနဲ့ ကန့်ဘလူ မြို့နယ်များရှိ ကျေးရွာတွေက ပဲစင်းငုံနီ တွေ အဝင်များလာပါပြီ။ ရွှေဘိုနယ်ထဲကလည်း ဝင်ပေမယ့် အရင်နှစ်တွေကလောက် မများပါဘူး။ ရာသီဥတုမမှန်တော့ သီးနှံတွေကလည်းအထွက်လျော့ကြတယ်လု့ိပဲကုန်သည်တစ်ဦး က ပြောပါတယ်။ လက်ရှိ တစ်တင်းပေါက်ဈေးနှုန်းတွေက တော့ ပဲစင်းငုံနီမှာ ၁၉၀၀၀ ကျပ်ခန့်၊ အဖြူ ၁၇၀၀၀ ကျပ်ခန့်၊ ကုလားပဲ (V2) ၁၇၀၀၀ ကျပ်ခန့်၊ (ထိုင်ဝမ်) ၁၆၀၀၀ ကျပ် ခန့်၊ ပြောင်း ၇၃၃၅ ကျပ်ခန့်၊ ဆီထွက်သီးနှံဖြစ်တဲ့ နှမ်းဖြူ ၃၆၀၀၀ ကျပ်ခန့်၊ နှမ်းအနက် ၃၅၀၀၀ ကျပ်ခန့်၊ နှမ်းနီ (ဆီနှမ်း) ၃၃၀၀၀ ကျပ်ခန့် ဈေးပေါက်နေပါတယ်။ နှမ်း ရောင်စုံကတော့ အဝင်ပါးသွားပြီး၊ ကုလားပဲနဲ့ ပြောင်း ကတော့ အခုမှအစပြုပြီးဝင်တာပါ။ နယ်ကအဝင်များတဲ့ ပဲ ဆို လို့ ပဲစင်းငုံ တစ်မယ်ဘဲရှိပြီး တစ်ရက်ပျမ်းမျှတင်း ၁၈၀၀ ခန့် ဝင်တယ်လို့ ကုန်သည်အသိုင်းအဝိုင်းကပြောပါတယ်။ နှမ်းကတော့ ဝယ်ရောင်းသမားတွေများပြီး၊ ပဲစင်းငုံကတော့ လှောင်လက်အချို့ရှိပါတယ်။ မနှစ်က ပဲစင်းငုံဟောင်းတွေ ကုန်သည်လက်ထဲမှာ တင်း ၃၀၀၀ ခန့် ကျန်သေးတယ်လို့ သိရပြီး၊ တစ်တင်းကို ၁၈၀၀၀ ကျပ်ခန့်ရှိပါတယ်။ ယခုနှစ် လည်း ပေါ်ချိန်ဈေး ကျပ် ၁၇၀၀၀ ခန့်ကစခဲ့တာ လက်ရှိ ပေါက်ဈေး ကျပ် ၁၉၀၀၀ ခန့်အထိ တက်လာတာမို့ လှောင် လက်သမားတွေ အကျိုးရှိနိုင်တဲ့နှစ်လို့ ပဲကုန်သည် အချို့က သုံးသပ်ပါတယ်။ ကျော်မင်းသိန်း - ရွှေဘို

Pages