Background
အိန္ဒိယရော်ဘာလုပ်ငန်းများသည် ရော်ဘာကုန်ကြမ်း တင်သွင်းခွန် လျှော့ချပေးရန် တောင်းဆိုလျက် ရှိကြပါ တယ်။ ဗျူတိုင်း ရော်ဘာနဲ့ နည်းပညာမြင့်ရော်ဘာတုစတဲ့ ရော်ဘာ ကုန်ကြမ်းအဆင့်များ တင်သွင်းခြင်း အတွက် တောင်းဆို နေကြခြင်းဖြစ်ပါတယ်။ အိန္ဒိယရော်ဘာကုန်ထုတ်လုပ်ငန်း အသင်း (All India Rubber Industries Association-AIRIA) က ရော်ဘာလုပ်ငန်းများအတွက် အဓိကကျလျက် ရှိတဲ့ သဘာ၀ ရော်ဘာအပေါ် အကောက်ခွန်မှ ဂျူတီ စည်း ကြပ်မှုကို ၂၀ ရာခိုင်နှုန်း လျှော့ချပေးရန် တောင်းဆိုခဲ့ကြပါ တယ်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ထိကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ၂ ဒသမ ၂၈၆ သန်း တန်ဖိုးရှိ ရော်ဘာ အဆင့်စုံတန် ၈၃၀ ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ် ရော်ဘာအဆင့်စုံနဲ့ ရော်ဘာသစ်ခွဲသား တန် ၂၀၁၀ ကျော်တင်ပို့နိုင်ခဲ့ပြီး ယခုအပတ်မှာ ယခင်အပတ်က တင်ပို့မှုမရှိတဲ့ လွယ်ဂျယ်နယ်စပ်စခန်းမှ ရော်ဘာ အဆင့်စုံ တန် ၂၀ တင်ပို့နိုင်ခဲ့ပေမယ့် မူဆယ်မှတန် ၃၈၀ ကျော်၊ ချင်းရွှေဟော်မှ တန် ၆၁၂ ကျော်တင်ပို့မှုလျော့ခဲ့ပြီး မြိတ်နယ်စပ်စခန်းမှလည်း တင်ပို့မှု မရှိခဲ့တာ ကြောင့် ယခင်အပတ်ကထက် တန် ၁၁၈၀ လျော့နည်းတင်ပို့ခဲ့ တာတွေ့ရပါတယ်။ စခန်းအလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၈၀ သန်းတန်ဖိုးရှိ RSS-1၂၇ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၈၂၇ သန်းတန်ဖိုးရှိRSS-3 ၃၀၀ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၂၉၀ သန်းတန်ဖိုးရှိ MSR-20 တန် ၁၀၀ ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၁၃၅ သန်းတန်ဖိုးရှိ MSR-50 ၅၁ တန်၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၈၈၅ သန်းတန်ဖိုးရှိ RSS-3 တန် ၃၂၀ ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၀၁၄ သန်းတန်ဖိုးရှိRSS-5 ၅ တန်ကျော်နဲ့ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၅၅ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံတန်၂၀ အသီးသီး တင်ပို့ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလတစ်နှစ်တာကာလ အတွင်းမှာတော့ ကန်ဒေါ်လာ ၁၅၀ ဒသမ ၉၁၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန် ၄၈၂၆၀ ကျော်နဲ့ ကန်ဒေါ်လာသုည ဒသမ ၅၇၅ သန်းတန်ဖိုးရှိ ရော်ဘာ သစ်ခွဲသား တန် ၁၂၆၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ရော်ဘာဈေးနှုန်းများ ပြောင်းလဲမှုမရှိတာကို တွေ့ရပါတယ်။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံမြေပြင် ပေါက်ဈေးများ ကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၂၅၇၀၄၀၀ ၂၅၇၀၄၀၀ - - ၃၀၈၁ ၃၀၈၁ - -RSS - 5 ၂၅၀၂၄၀၀ ၂၅၀၂၄၀၀ - - ၃၀၀၁ ၃၀၀၁ - -MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နဲ့လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ သုည ဒသမ ၀၉၄ သန်းတန်ဖိုးရှိ ကြံတန်ချိန် ၂၃၀၀ ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ၁ ရက်နေ့ အတွင်းမှာ တစ်ဘက် နိုင်ငံကို တင်ပို့နိုင်ခဲ့ပါတယ်။ အဆိုပါကြံတန်ချိန် ၂၃၀၀ မှာ ချင်းရွှေဟော်မှ တန်ချိန် ၁၇၀၀ နဲ့ လွယ်ဂျယ်မှ တန်ချိန် ၆၀၀ တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ ဒီဇင်ဘာလ တစ်လလုံး မှာတော့ ကန်ဒေါ်လာ သုည ဒသမ ၃၀၇ သန်းတန်ဖိုးရှိ ကြံတန်ချိန် ၂၈၂၀ တန်ကို တင်ပို့ခဲ့ပြီး ဖြစ်ပါတယ်။ MIRT (DOBT)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ထိကာလ အတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်စခန်းမှသကြားတင်ပို့မှုဟာ ယခင် အပတ်တင်ပို့မှုထက် ယခုအပတ်မှာ ၇၈၅ တန်ကျော် သိသိသာသာပိုမိုတင်ပို့ခဲ့တယ် လို့ သတင်းရရှိပါတယ်။ ကန်ဒေါ်လာ ၁၃၃၁ ဒသမ ၉၂၃ သန်းတန်ဖိုးရှိ သကြားညို ၉၅၆ တန်ကျော်နဲ့ သကြားဖြူ ၆၁၂ တန်ကျော်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလ အတွင်းမှာ မူဆယ်နဲ့ ချင်းရွှေဟော်စခန်းမှ သကြားဖြူ ၁၁၅၄ တန်ကျော်နဲ့ သကြားညို ၂၈၈၁ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ သကြားဖြူနဲ့ သကြားညို ၂၀၈၄၁ တန်တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။ MIRT (DOBT)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၂ ဒသမ ၈၅၇ သန်းတန်ဖိုးရှိ ရော်ဘာ ၁၀၄၅ တန်ကျော်ကို မလေးရှားနဲ့စင်္ကာပူနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ပါတယ်။ နိုင်ငံအလိုက်တင်ပို့ နိုင်မှု တွေကတော့ မလေးရှားသို့ ၅၃၆ တန်နဲ့ စင်္ကာပူနိုင်ငံသို့ ၅၀၉ တန်ကျော ်ဖြစ်ပါတယ်။ ဒီဇင်ဘာလတစ်လလုံးမှာ ကန်ဒေါ်လာ ၉ ဒသမ ၃၄၁ သန်းတန်ဖိုးရှိ ရော်ဘာ ၃၄၄၇ တန်ကျော်တင်ပို့ထားခဲ့ပြီး နိုင်ငံအလိုက်တင်ပို့မှုတွေကတော့ စင်္ကာပူနိုင်ငံသို့ ၁၄၇၃ တန်ကျော်၊ မလေးရှားနိုင်ငံသို့ ၉၃၉ တန်၊ တရုတ်နိုင်ငံသို့ တန် ၁၀၀၀၊ အိန္ဒိယနိုင်ငံသို့ တန် ၂၀ နဲ့ ပါကစ္စတန်နိုင်ငံသို့ ၁၅ တန်ခန့်ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ကန်ဒေါ်လာ ၆၂ ဒသမ ၃၇၆ သန်းတန်ဖိုးရှိ ရော်ဘာ ၂၀၉၈၇ တန်ကျော်ကို တင်ပို့ထားပြီးဖြစ်ပါတယ်။ နိုင်ငံတကာရော်ဘာပေါက်ဈေးမှာ ယခင်ပတ်ထက် ဒေါ်လာ ၇၀ ခန့် တက်သွား ပါတယ်။ မိမိတို့ FOB ရော်ဘာပေါက်ဈေးမှာလည်း ယခင်အပတ်ထက် ဒေါ်လာ ၅၀ ခန့် ဈေးတက်သွားပြီး RSS-1 တစ်တန်လျှင် ဒေါ်လာ ၂၉၅၀-၃၀၅၀၊ MSR-10 တစ်တန်လျှင် ၂၉၀၀-၃၀၀၀၊ RSS-3 နဲ့ MSR-20 တစ်တန်လျှင် ၂၈၅၀-၂၉၅၀၊RSS-5 နဲ့ MSR-50 တစ်တန်လျှင် ၂၇၅၀-၂၈၅၀၊ Crepe Rubber တစ်တန်လျှင် ၂၆၅၀-၂၇၅၀ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများနဲ့ တင်ပို့သူများအသင်းက ထုတ်ပြန်ထားပါတယ်။ MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ်စခန်းတစ်ခုဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ တန်ဖိုး ကန်ဒေါ်လာ ၅ ဒသမ ၂၅၀ သန်းတန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ တန်ချိန် ၁၆၄၉၀ ကျော်ကို တင်ပို့နိုင်ခဲ့သလို ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးမှလည်း ကန်ဒေါ်လာ သုည ဒသမ ၁၂၂ သန်းတန်ဖိုးရှိ ပြောင်း ၃၆၂ တန်ကို တင်ပို့ခဲ့ပါတယ်။ နယ်စပ်စခန်းအသီးသီးမှ ဒီဇင်ဘာလအတွင်း ပြောင်း ဖူးစေ့ တန်ချိန် ၉၈၀၀၀ ကျော်ရှိပြီး ၂၀၁၂ ခုနှစ်တစ်နှစ်လုံးအနေနဲ့ ကန်ဒေါ်လာ ၁၄၄ ဒသမ ၆၈၈ သန်းဖိုးရှိတဲ့ ပြောင်းတန်ချိန် ၅ သိန်းကျော်ကို တင်ပို့ခဲ့ပြီးဖြစ် တယ်လို့ သတင်းရရှိပါတယ်။ ပြောင်းဈေးများသိသိသာသာပြောင်းလဲမှုမရှိတာ တွေ့ ရပါတယ်။ မူဆယ်-ရွှေလီ နှစ်ဖက်မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်-
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၂၆၁၂၈၈ ၂၆၄၁၇၃ ၁ ၃၁၈ ၃၂၁ ၃ ၁MIRT (DOBT)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာတော့ ပြောင်းတင်ပို့မှုမရှိပါဘူး။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်မှ ၂၉ ရက်ထိကာလ အတွင်းမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ သုည ဒသမ ၄၉၄ သန်းဖိုးရှိ ပြောင်းတန်ချိန် ၁၇၀၇ တန်ကို တင်ပို့ထားပြီးဖြစ်ပါတယ်။ နိုင်ငံအလိုက်တင်ပို့မှု တွေကတော့ စင်္ကာပူနိုင်ငံသို့ ၂၀၇ တန်နဲ့ ဖိလစ်ပိုင်နိုင်ငံသို့ တန် ၁၅၀၀ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ကာလအတွင်းမှာတော့ ကန်ဒေါ်လာ ၈ ဒသမ ၄၆၉ သန်းတန်ဖိုးရှိ ပြောင်း ၂၈၁၆၅ တန်ကို တင်ပို့ထားပြီး ဖြစ်ပါတယ်။MIRT (DOBT)
ကြံဝယ်ဈေးနှုန်း ၂၀၁၂ ခုနှစ်မှာ ဝယ်ယူခဲ့တဲ့နှုန်းထက် မလျော့ကျပါက ၂၀၁၃ ခုနှစ်အတွက် စိုက်ဧကတိုးချဲ့မယ်လို့ သိရပါတယ်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်န ဝါရီလ ၁ ရက်နေ့ထိကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်ကုန်သွယ်ရေးစခန်းမှကန်ဒေါ်လာ ၁ ဒသမ၄၆၄ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန်ချိန် ၇၀၀ ကျော်တင်ပို့နိုင် ခဲ့ပါတယ်။ ယခင်အပတ်က ပရဆေးကုန်ကြမ်းတန် ၆၂၀ ကျော်သာတင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ်ကထက် တန် ၈၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ ်ကထက် မိ ကျောင်းကွမ်းဖတ်စေ့၊ ကွမ်းစားဂမုန်း၊ ချဉ်ပေါင်ဖာလာ (အခွံ ပါ/အခွံမပါ)၊ ဆီးဆံနဲ့ ကြက်ဆူစေ့ တို့ပိုမိုတင်ပို့နိုင်ခဲ့ပြီး ယခင် အပတ်က တင်ပို့မှုမရှိတဲ့ ရွေးစေ့၊ ဒရင်ကောက်မြစ်၊ ဆေးမြင်း ခွာ၊ ခပေါင်းစေ့နဲ့ ဖန်ခါးသီးခြောက်တို့ကိုလည်း ယခုအပတ် မှာတင်ပို့မှုရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ တစ်လလုံး မှာတော့ နယ်စပ်ကုန်သွယ်ရေးစခန်း မူဆယ်မှ ကန်ဒေါ်လာ ၅ ဒသမ ၇၇၀ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းတန် ၃၀၀၀ ကျော်တင်ပို့ခဲ့ပြီး တမူးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၂၃ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၆ တန်ကျော်တင်သွင်း နိုင်ခဲ့ပါတယ်။ ခင်ကလျာဦး၊ MIRT (DOBT)
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၇၅၆ သန်းတန်ဖိုးရှိ ငရုတ်သီးခြောက် ၃၇၃ တန်ခန့်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်အတွင်းမှာ တင်ပို့နိုင်ခဲ့ ပါတယ်။ ငရုတ်သီးခြောက်များကို ယခုအပတ်မှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးုဇုန်တစ်ခုတည်းမှတင်ပို့ခဲ့ပြီး ယခင်အပတ်က ၁၇၁ တန်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန် ၂၀၀ ကျော် ပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ ငရုတ်သီးခြောက်များကို တရုတ်ဘက်မှာ ဟင်းခတ်ရာမှာ အဓိကအသုံးပြုကြပါတယ်။ ဒီဇင်ဘာလတစ်လလုံးမှာ ၁၈၆၇ တန် တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၁၈၇ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လု့ိ သိရပါတယ်။ ခင်မိုးသူ၊ MIRT (DOBT)
