Main menu

Background

Monday, 26 Nov 2012

အိန္ဒိယ ပြည်တွင်းဈေးကွက်တွေမှာ ပွဲတော်ကာလအပြီး လက်ငင်းဝယ်လိုအားတွေ ကျဆင်းနေတဲ့အတွက် ပဲဈေးက လည်းအကျဘက်ဆင်းလာနေပါတယ်။ အဓိကလက်ငင်း ဈေး ကွက်တွေမှာမတ်ပဲ၊ ပဲစင်းငုံ၊ ပဲနီလေးနဲ့ ကုလားပဲတွေကို ဝယ် လိုအားနည်းလို့ ဈေးကျဆင်းနေပြီး ပဲတီစိမ်းကိုတော့ ပဲခွဲစက်၊ ကုန်သည်နဲ့ လှောင်လက်တွေ အဝယ်ရှိလို့ ဈေးမတ်နေတယ် လို့ သိရပါတယ်။ ပဲဝင်ရောက်မှု အနေနဲ့ ဂူဘာကာဈေးကွက် ကို ပဲစင်းငုံအသစ် စတင်ဝင်ရောက်လာပြီဖြစ်ပြီး တစ်တန် ရူပီး ၄၃၅၀၀ (ကန်ဒေါ်လာ ၇၈၇) နဲ့ အရောင်းအဝယ်ဖြစ် ကြောင်း သိရပါတယ်။Ludhiana ဈေးကွက်ကို ပဲတီစိမ်း အသစ် စတင်ဝင်ရောက်နေပြီး အရည်အသွေးပေါ်မူတည်လို့ ပဲအသစ် တစ်တန် ရူပီး ၄၀၀၀၀-၅၀၀၀၀  (ကန်ဒေါ်လာ ၇၂၃-၉၀၄) ဈေးရှိကြောင်း သိရပါတယ်။

ကန်ပါဈေးကွက်မှာတော့ ပဲတီစိမ်းအသစ် တစ်တန် ရူပီး ၆၂၀၀၀ (ကန်ဒေါ်လာ ၁၁၂၁) ဈေးရှိပြီး ပဲတီစိမ်းအဟောင်း ကတော့ ရူပီး ၅၄၀၀၀ (ကန်ဒေါ်လာ ၉၇၆) ရှိတယ်လို့ သိရ ပါတယ်။ ဂျယ်နာနဲ့ ဂျယ်ဂွန်ဈေးကွက် တွေကိုတော့ လာမယ့် လမှာ ကုလားပဲနဲ့ ပဲစင်းငုံအသစ်တွေ ဝင်လာမယ်လို့ သိရပါ တယ်။ အိန္ဒိယနိုင်ငံမှာ မီးရထားသယ်ယူခနှုန်းထားတွေကို ဒီဇင်ဘာလ ၁ ရက်ကစပြီး ၂၂ ရာခိုင်နှုန်းတိုးမှာဖြစ်ပြီး ကျန် တဲ့ ၉ ရာခိုင်နှုန်းကို ၂၀၁၃ ဖေဖော်ဝါရီလ ၁ ရက်မှစပြီး  တိုးမှာဖြစ်တယ်လို့ သိရပါတယ်။ သယ်ယူခနှုန်းထားတွေ တိုးမြင့်လျင်စားသုံးသူဈေးနှုန်းတွေ မြင့်တက်လိမ့်မယ်လို့ ခန့်မှန်း ကြပါတယ်။ ဆောင်းပဲစိုက်ပျိုးမှုအနေနဲ့ နိုဝင်ဘာလ ၂၁ ရက်အထိ အင်ဒရာပရာဒေ့ရှ်မှာ ကုလားပဲစိုက်ပျိုးမှုက ပြီးခဲ့တဲ့ နှစ်ထက် ၃၅ ဒသမ ၈ ရာခိုင်နှုန်းပိုမိုနေပြီး ပဲတီစိမ်း၊ မတ်ပဲနဲ့ အခြားပဲ စိုက်ပျိုးမှုတွေကလျော့ကျတယ်လို့သိရပါတယ်။ ရာဂျက်စသန် ပြည်နယ်မှာတော့ ကုလားပဲစိုက်ပျိုးမှုမှာ ၂၄ ရာခိုင်နှုန်းခန့်နဲ့ အခြားပဲစိုက်ပျိုးမှုလည်း ၅၈ ရာခိုင်နှုန်းကျော် လျော့ကျနေ ကြောင်း သိရပါတယ်။ နိုင်ငံတကာအနေနဲ့ ၂၀၁၂-၁၃ အတွက် ကနေဒါ ကု လားပဲထုတ်လုပ်မှုက ပြီးခဲ့တဲ့နှစ်ထက် ၁၅ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် ၁ ဒသမ ၀၅ သိန်းထွက်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီထဲမှာ ဒေစီကုလားပဲအမျိုးအစားက ထုတ်လုပ်မှု ကျဆင်း ဖွယ်ရှိပြီး ကာဘူလီကုလားပဲထုတ်လုပ်မှုကတော့ ၂၀၁၁-၁၂ ထက်ပိုမို မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ပြည်ပတင်ပို့မှုမှာလည်း တန်ချိန် ၅ သောင်းခန့်အထိ ရှိမယ်လို့ ဆိုပါတယ်။ အမေရိကန် ကုလားပဲထုတ်လုပ်မှုမှာလည်း ၂၀၁၁-၁၂ ကထက် ၂၉ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် ၁ ဒသမ ၂၅ သိန်းခန့်အထိ ရှိမယ်လို့ ဆိုပါတယ်။ ကနေဒါ ပဲနီလေး ကတော့ ဧရိယာလျော့ကျပြီး အထွက်နှုန်းလည်း နည်းတဲ့ အတွက် ပြီးခဲ့တဲ့ နှစ်ထက် ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။            ယမင်းခင်
 

Monday, 26 Nov 2012

ရန်ကုန်ဘုရင့်နောင်ပဲဈေးကွက်မှာ ပြီးခဲ့တဲ့ လဆန်းပိုင်းကစပြီး အရောင်းအဝယ်အေး ဈေးအေးခဲ့ရာက ယခုတစ်ပတ်ထိလည်း ဆက်ပြီးအေးနေတုန်းပဲလို့ သိရပါတယ်။ ပဲမျိုးစုံဈေးတွေကလည်း ပြီးခဲ့တဲ့ သီတင်းပတ်နဲ့ ယှဉ်ရင် တစ်တန် ကျပ်နှစ်သောင်းခန့် ကျ ဆင်းလာတာလည်း တွေ့ရပါတယ်။ အရောင်းအဝယ် ပါးတာ ကြောင့် ပဲတီစိမ်းကလွဲပြီး အခြားပဲတွေရဲ့ တင်ပို့မှုတွေကလည်း ယခင်သီတင်းပတ်တွေ ထက်ပိုပြီး လျော့လာတာတွေ့ရ ပါတယ်။

အိန္ဒိယဘက်မှာ မိုးပဲအထွက်လျော့တဲ့အတွက် ပဲဈေးတွေ ပြန်မာလာဦးမယ်လို့ ကုန်သည်ကြီး များ မျှော်မှန်းခဲ့ကြပေမဲ့ တကယ့် လက်တွေ့မှာတော့ အိန္ဒိယပြည်တွင်းမှာ ဝယ်လိုအားတွေနည်းတာ ရယ်၊ အခြားအာဖရိက၊ ကနေဒါတို့က ပဲတင်းသွင်းမှုတွေရှိနေတာ ရယ်ကြောင့် မြန်မာပဲ ဝယ်လိုအား ဆက်တိုက်ဆိုသလို ပါးလာခြင်း ဖြစ်တယ်လို့ ကုန်သည်တစ်ဦးကဆိုပါတယ်။ နောက်ပြီး အိန္ဒိယရဲ့ ငွေကြေး တန်ဖိုး က တောက်လျှောက်ကျနေတဲ့အတွက်လည်း တင် သွင်းမှုကို လျှော့ချ လာကြခြင်းဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယ ဝယ်လက်ကို အမှီပြုနေရတဲ့ ပဲဈေးကွက်အနေနဲ့ လတ်တလောမှာ စင်ကာပူ ဝယ်လက်တချို့ရဲ့ ဝယ်လိုက်ပျောက်လိုက်ပေါ်မှာပဲ စောင့်စားနေရတဲ့ အခြေအနေဖြစ်နေပါတယ်။ ဒီတစ်ပတ်အတွင်း ပြည်တွင်းဈေးကွက်မှာ ပဲစင်းငုံ အရောင်း အဝယ်အချို့ရှိခဲ့ပေမဲ့လည်း ဈေးကတော့ အကျဘက်ဆင်းနေ တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကို အဝယ်အချို့ရှိပေမဲ့ အခု နောက်ပိုင်း ဝင်လာတဲ့ ပဲတီစိမ်းအချို့ အရည်အသွေးနိမ့်လာသလို အခြားပဲဈေးတွေ ကျရိပ်နဲ့အတူ ပဲတီစိမ်းဈေးလည်း အကျနဲ့ အရောင်းအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲအနေနဲ့ ဘုရင့် နောင်ကုန်စည်ဒိုင်မှာ ပြီးခဲ့တဲ့ တစ်ပတ်က တစ်တန် ကျပ် ၄၇၀၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ဒီတစ်ပတ် နိုဝင်ဘာ ၂၃ ရက်မှာ တော့ကျပ် ၄၅၀၀၀၀ ကို လျော့ကျခဲ့ပါတယ်။ အလားတူ ပဲတီစိမ်း မှာလည်း ပြီးခဲ့တဲ့ တစ်ပတ်က ၇၅၀၀၀၀ ကျော် ဈေးရှိခဲ့ရာမှ ကျပ် ၇၁၃၀၀၀ ကျော်ကို ကျပ်သုံးသောင်းကျော်လျော့ကျခဲ့ပြီး ပဲစင်းငုံမှာလည်း ကျပ် ၅၄၀၀၀၀ ကျော်မှ ၅၂၀၀၀၀ ကျော်ကို အသီးသီးလျော့ကျလာတယ်လို့ သိရပါတယ်။ အိန္ဒိယမှာ ဝယ်လိုအားနည်းနေတာရယ်၊ ပဲအသစ်တွေဝင် လာနေတာရယ်အပြင် ရူပီးတန်ဖိုးတွေ ဆက်ပြီးကျဆင်းဦးမယ် ဆိုရင် ပြည်ပပဲဝယ်ယူမှုနည်းလာနိုင်တဲ့အတွက် မြန်မာပဲဈေးလည်း လာမယ့်လ မှာ ဈေးတစ်တန်းလောက်လျော့နိုင်သေးတယ်လို့ ကုန်သည်တစ်ဦးက ခန့်မှန်းထားပါတယ်။ ပဲတင်ပို့မှုအနေ နဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ လက်ရှိဘဏ္ဍာနှစ်အတွင်းမှာ တန် ချိန် ၉ သိန်းကျော်၊ ကန်ဒေါ်လာ ၅၇၄ သန်းဖိုး ခန့်တင်ပို့ထားပြီး ဖြစ်ကြောင်း သက်ဆိုင်ရာ စာရင်းများအရ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ် ကာလတူအတွင်းမှာ တန်ချိန် ၉၄၀၀၀၀ ခန့်တင်ပို့ထားခြင်းမှ ကန်ဒေါ်လာ သန်း ၇၈၀ ခန့်ရရှိထားတဲ့အတွက် ယခုနှစ်မှာ တန်ချိန် ၄ သောင်းခန့်လျော့နည်းတင်ပို့နိုင်သလို ရရှိတဲ့ ဝင်ငွေ မှာလည်း ကန်ဒေါ်လာ သန်းပေါင်း ၂၀၀ ကျော် ကျဆင်းတာတွေ့ ရပါတယ်။ ပဲတစ်မျိုးချင်းအနေနဲ့ မတ်ပဲတင်ပို့မှုမှာ ယခုဘဏ္ဍာနှစ် အတွင်း တန်ချိန် ၄၁၀၀၀၀ ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၂၄၁ သန်းကျော်ရရှိထားရာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကာလတူတင်ပို့မှု တန်ချိန် ၄၅၆၀၀၀ ကျော် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၃၈၃ သန်းခန့်ရရှိဝင်ငွေနဲ့ ယှဉ်ရင် ယခုနှစ်မှာ တန် ၄ သောင်းကျော်၊ ကန်ဒေါ်လာ ၁၄၂ သန်းခန့်  လျော့နည်းကြောင်း သိရပါတယ်။ အလားတူပဲတီစိမ်းမှာလည်း ယခုနှစ်မှာ တန်ချိန် ၁၇၀၀၀၀ ကျော် မှ ကန်ဒေါ်လာ ၁၃၁ သန်းရရှိထားရာ ယခင်နှစ် တင်ပို့မှု တန်ချိန် ၂ သိန်းကျော်၊ ကန်ဒေါ်လာ ၂၀၁ သန်းကျော်နဲ့ ယှဉ်ရင် ပမာဏ အားဖြင့်တန်ချိန် ၃ သောင်း၊ ကန်ဒေါ်လာ ၇၀ သန်းကျော် လျော့ နည်းကြောင်း သိရပါတယ်။              ယမင်းခင်
 

Monday, 26 Nov 2012

အိန္ဒိယနိုင်ငံမှာ ရာသီဥတုအခြေအနေ ပုံမှန်မဟုတ်တာ ကြောင့် ကုလားပဲစိုက်ပျိုးမှုဧရိယာ ထိခိုက်နိုင်တဲ့ အတွက် နောက် ၂ လကျော်မှာ ကုလားပဲတင်သွင်းမှု သိသိသာသာ မြင့်တက်ဖွယ်ရှိတယ်လို့ ကုန်သည်များ မှ မျှော်မှန်းနေကြပါ တယ်။ ဒါပေမဲ့ တင်သွင်းပဲရရှိနိုင်မှု တိုးတဲ့အတွက် ၂၀၁၃ ဖေဖော်ဝါရီ လလောက်မှာ ကုလားပဲဈေးက လက်ရှိဈေးထက် ၁၀-၁၅ ရာခိုင်နှုန်းခန့်ကျဆင်းနိုင်တယ်လို့လည်း ဆိုပါတယ်။ သြဂုတ်လမှ အောက်တိုဘာလအတွင်း ကုလားပဲတစ်တန် ရူပီး ၄၈၀၀၀-၅၀၀၀၀(ကန်ဒေါ်လာ ၈၆၉-၉၀၅) အထိ မြင့်တက်ခဲ့ပြီးဖြစ်ပါတယ်။လက်ရှိဘဏ္ဍာနှစ်အတွင်းမှာကုလား ပဲတန်ချိန် ၅ သိန်းခန့် တင်သွင်းရနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလို ပိုမိုတင်သွင်းခြင်း ကြောင့် ပဲရရှိနိုင်မှုတိုးပြီး၊ ဈေးနှုန်း ကိုအားလျော့စေလိမ့်မယ်လို့ အိန္ဒိယပဲမျိုးစုံနဲ့ သီးနံှအသင်း ဒုတိယဥက္ကဌ Suresh  Agarwal  မှ ပြောကြားပါတယ်။

Monday, 19 Nov 2012

ရန်ကုန် FOB နဲ့ အိန္ဒိယဈေးကွက် ပဲမျိူးစုံဈေးနှုန်း အပြောင်းအလဲ
၁၆-၁၁-၂၀၁၂                                              ဒေါ်လာ/တန်

စဉ်
ပဲအမျိူးအမည်
တောင်အမေရိက
ဥရုဂွေး
အာဂျင်တီးနား

8/11
15/11
ပြောင်းလဲမှု
8/11
15/11
ပြောင်းလဲမှု
8/11
15/11
ပြောင်းလဲမှု

1
မတ်ပဲ
580
580

625
623

739
-

2
ပဲစင်းငုံ
670
670

787
710

739
-

3
ပဲတီရွှေဝါ
900
930

1010
1037

955
-

4
ကုလားပဲဖြူလုံးကြီး
600
700

859
860

854
-

 
*မှတ်ချက်။ ရန်ကုန် FOB ဈေးနှုန်းများမှာ အနိမ့်ဈေးများသာဖြစ်ပါသည်။
အိန္ဒိယဒေလီဈေးကွက် ပဲတီရွှေဝါဈေးမှာ ချန်နိုင်းဈေးကွက်ပေါက်ဈေးဖြစ်ပါသည်။

Monday, 19 Nov 2012

ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ
၁၆-၁၁-၂၀၁၂                                   ကျပ်/ပိဿာ

စဉ်
ပဲအမျိူးအမည်
ရန်ကုန်
မန္တလေး
မုံရွာ
မကွေး

9/11
16/11
ပြောင်းလဲမှု
9/11
16/11
ပြောင်းလဲမှု
9/11
16/11
ပြောင်းလဲမှု
9/11
16/11
ပြောင်းလဲမှု

1
မတ်ပဲ
776
767

633
617

690
690

-
725

2
ပဲစင်းငုံ

882

887

842
833

-
825

840

845

3
ပဲတီစိမ်း
1215
1230

800
800

1079
1079

1074
1079

4
ကုလားပဲရိုးရိုး
1200
1250

960
960

921
895

974
974

5
ပဲလွန်းဖြူ
950
950

1167
1167

-
-

800
789

6
ထောပတ်ပဲ
950
800

978
978

-
-

-
-

* မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။

Monday, 19 Nov 2012

ပြည်အာလူးဈေးကွက်သို့ ယခုတစ်ပတ်မှာ အောင်ပန်းဘက်မှ အာလူးများတစ်နေ့ အိတ် ၆၀၀ ခန့် အဝင် ရှိပြီး၊ ပြည်ဈေးကွက်အနေနဲ့ တစ်ပတ်ချင်း ရောင်းအားရှိသလောက်မှာယူတဲ့အတွက်၊ ဒေသတွင်း လက်လီ လက်ကား ရောင်း ဝယ်သူများနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့သို့ စီးဆင်းမှုအပါအဝင် အိတ် ၅၂၀ ခန့် အရောင်းအဝယ်ဖြစ် ခဲ့ပါတယ်။ မျိုးအာလူးကို တိုင်းအတွင်းရှိ ရွှေတောင်မြို့နယ်၊ ကျီးသဲရွာဘက်မှ အာလူးစိုက်တောင်သူများက အဝယ်ရှိပြီး၊ ရာသီဥတု ကွာတဲ့အတွက် အာလူးကို မျိုးထားလို့မရ တာကြောင့် အောင်ပန်းမှလာတဲ့မျိုးကို ဝယ်ယူစိုက်ပျိုးရခြင်းဖြစ် ကြောင်းသိရပါတယ်။ အာလူးဈေးနှုန်းမှာ ယခင်တစ်ပတ်ကထက် ဈေးအနည်းငယ်ကျသွားပြီး တစ်ပိဿာကို (ကြီး) ၈၀၀ ကျပ်၊ (လတ်) ၇၅၀ ကျပ်၊ (သေး) ၇၀၀ ကျပ်နဲ့ မျိုးအာလူး တစ်ပိဿာ ၆၀၀ ကျပ် တို့နဲ့ အသီးသီးရောင်းဝယ်လျက် ရှိနေပါတယ်။                                              ဝင်းဝင်းခိုင်-ပြည်

Monday, 19 Nov 2012

စားဖိုဆောင်သုံးသီးနှံဖြစ်တဲ့ ကြက်သွန်နီဟာ ဈေးမြောက်လာတယ်လို့ ပြော ရမှာပါ။ အောက်တိုဘာလဆန်းပိုင်းမှာ ထိပ်စတစ်ပိဿာ ၇၀၀ ကျပ်၊ ၇၅၀ ကျပ်၊ အလတ်စ ၆၀၀ ကျပ်၊ အောက်စ ၄၅၀ ကျပ်၊ ၅၅၀ ကျပ် ကနေ နောက်ပိုင်းမှာ ထိပ်စ တစ်ပိဿာ ၁၀၀၀ ကျပ်၊ ၁၀၅၀ ကျပ်၊ အလတ်စ ၉၀၀ ကျပ်၊ အောက်စ ၇၀၀ ကျပ်ကို ဈေးမြောက်လာတာတွေ့ရပါတယ်။ နယ်ကနေ  ဒိုင်အဝင်တွေကို ကြည့်ရင် နေ့စဉ်ပိဿာချိန် သောင်းချီပြီး ဝင်ပါတယ်။ လေးသောင်းကျော်ဝင်တဲ့ နေ့တစ်နေ့ပါပြီး၊ နှစ်သောင်းပတ်လည်နေ့စဉ်ဝင်တာတွေ့ရပါတယ်။ ဒါပေမဲ့ ဝင်လာ တဲ့ကြက်သွန်နီတွေမှာ ကြက်သွန်နီထိပ်စက အဝင်ရဲ့ ၃ ပုံ ၁ ပုံတောင် မရှိတာ တွေ့ရပါတယ်။  အောက်တိုဘာလကနေ ခုချိန်ထိ အဝင်စုစုပေါင်း ပိဿာချိန် ၄ သိန်းခွဲခန့်ရှိပြီး၊ အထွက်အနေနဲ့ကတော့ ရန်ကုန်ကို  ပိဿာချိန် နှစ်သိန်းနီးပါး၊ မန္တလေးကို လေးသောင်းနီးပါး ရှိပါတယ်။ ဒီတော့မြို့ပေါ်မှာ အတော်များများ လက်ကျန်ရှိနေမယ်လို့ တွက်ဆရပါတယ်။ ဈေးတစ်ပတ်လည်မှာလည်း အခွံကျွတ် ကြက်သွန်တွေရဲ့ အရည်အသွေးကိုလိုက်ပြီး တစ်ပိဿာ ၅၀၀ ကျပ်၊ ၆၀၀ ကျပ် နဲ့ရောင်းနေတာကို တွေ့ရပါတယ်။                           မြင့်ဦး-ပခုက္ကူ

Monday, 19 Nov 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ တစ်ဘက် နိုင်ငံသို့ ကန်ဒေါ်လာသုညဒသမ ၂၃၈ သန်း တန်ဖိုးရှိ သကြား ဖြူ ၈၄ တန်ကျော်နဲ့ သကြားညို တန် ၃၂၀ ကို နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ   တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကမူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်စခန်းများမှ တင် ပို့ခဲ့သော်လည်း ယခုအပတ်မှာတော့ မူဆယ်နယ်စပ်တစ်ခု တည်းကသာ တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ကြံရာသီချိန်ဖြစ်လို့ သကြားများလှိုင်လှိုင် တင်ပို့နေခြင်းဖြစ်ပါတယ်။ မြင့်မြင့်မာ

Monday, 19 Nov 2012

ကြံရာသီရောက်ရှိနေပြီဖြစ်လို့ မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကြံများ တင်ပို့နေပြီဖြစ်ရာ ယခုအပတ် နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ  တန်ဖိုးကန်ဒေါ်လာသုညဒသမ ၀၆၂ သန်းတန်ဖိုးရှိ ကြံတန်ချိန် ၁၅၀၀ ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ကြံတန်ချိန် ၁၀၀၀ တင်ပို့ခဲ့သဖြင့် ယခုအပတ်မှာ တန်ချိန် ၅၀၀ ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။                                                           ယဉ်ယဉ်အေး

Monday, 19 Nov 2012

နိုဝင်ဘာလအတွင်း ရော်ဘာဈေးနှုန်းတွေက ဆက် တိုက် အားနည်းလာသည်။နိုဝင်ဘာလ ၅ရက်နေ့က တစ်တန် ကို ၂၉၇၆ ဒေါ်လာမှာ ရှိနေခဲ့တဲ့ ထိုင်းရော်ဘာ RSS – 5  (မှိုင်းခံရော်ဘာ အဆင့် ၅) က နိုဝင်ဘာလ ၁၂  ရက်နေ့မှာ ၂၉၃၄ ဒေါ်လာအထိ ကျဆင်းလာတယ်။ မလေးရှားရော်ဘာ SMR – 20   ကလည်း တစ်ပတ်အတွင်း ၅၇ ဒေါ်လာကျော် ကျဆင်းလာတယ်။ တရုတ်နိုင်ငံရဲ့ အောက်တိုဘာလ ရော်ဘာ တင်သွင်းမှု ကျဆင်းခြင်း၊ဂျပန်ရဲ့ GDP  တိုးတက်နှုန်း ကျဆင်းခြင်းနဲ့ အီးယူဒေသကြွေးမြီအကျပ်အတည်းတို့ကြောင့် ကမ္ဘာ့စီးပွား ရေးအားနည်း ကာ ရော်ဘာဝယ်လိုအား ကျဆင်း မယ်လို့ ခန့်မှန်းကြတဲ့အ တွက် ဈေးနှုန်းကျဆင်းလာ တာဖြစ်ပါ တယ်။ ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုအများဆုံးဖြစ်တဲ့ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့အနေနဲ့ ၎င်းတို့ရဲ့ ရော်ဘာ တင်ပို့ မှုကို လျှော့ချတဲ့ အစီအစဉ်သာ မရှိပါက ရော်ဘာဈေးနှုန်း ယခုထက်ပိုမို ကျဆင်းလာမှာ ဖြစ်ပါတယ်။ ၎င်းင်း ၃ နိုင်ငံပါဝင် တဲ့ အဖွဲ့က ရော်ဘာဈေးနှုန်းတွေ ကျဆင်းမှုကို ထိန်းချုပ်ဖို့ ရော်ဘာတင်ပို့မှု လျှော့ချတဲ့ အစီအမံကို အောက်တိုဘာလ ၁ ရက်နေ့မှ စပြီး ဆောင်ရွက်လျက်ရှိတယ်။Source:online.wsj.com, rubberboard.org.in Thairubber association, ပပ

Pages