Background
ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ
၁၂-၁၀-၂၀၁၂ ကျပ်/ပိဿာ
စဉ်
ပဲအမျိူးအမည်
ရန်ကုန်
မန္တလေး
မုံရွာ
မကွေး
5/10
12/10
ပြောင်းလဲမှု
5/9
12/10
ပြောင်းလဲမှု
5/9
12/10
ပြောင်းလဲမှု
5/9
12/10
ပြောင်းလဲမှု
1
မတ်ပဲ
810
859
667
667
675
700
-
-
2
ပဲစင်းငုံ
967
963
917
917
910
910
915
910
3
ပဲတီစိမ်း
1030
1150
676
676
895
921
842
842
4
ကုလားပဲရိုးရိုး
1300
1340
996
996
947
1000
1063
1026
5
ပဲလွန်းဖြူ
950
950
833
-
-
-
-
-
6
ထောပတ်ပဲ
800
800
889
996
737
-
710
-
* မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။
ပြည်ဈေးကွက်ကို ဒီတစ်ပတ်မှာ နေပြည်တော်၊ တပ် ကုန်းဘက်မှ (မိုးထောင်)နဲ့ (အရှည်)ငရုတ်ခြောက် အသစ်များ ပိဿာ ၃၀ ဝင်အိတ်၊ ၆၀၀ ခန့်ဆက်လက်အဝင်ရှိပြီး၊ မကွေး၊ အောင်လံဘက်မှအဝင်ရှိတဲ့ ငရုတ်ခြောက် အဟောင်းများ ဈေးကွက်အတွင်း စက်တင်ဘာ တတိယတပတ်လောက်မှာ ပစ္စည်းလက်ကျန် ပြတ်သွားကြောင်း သိရပါတယ်။ တပ်ကုန်း ငရုတ်ခြောက်အသစ်များမှာ အစိုများနေသေး၍ ငရုတ်သီးမှုန့် လုပ်ငန်းရှင်များမှ အဝယ်မလိုက် သေးဘဲ ပွဲရုံများ၌ ဧရာဝတီ တိုင်းသဒေသကြီး၊ ရခိုင်ပြည်နယ်ဘက်သို့ ပိဿာချိန် ၆၀၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဈေးနှုန်း အနေနဲ့ ငရုတ်ခြောက်အရှည်၊ တစ်ပိဿာကို ၂၅၀၀ ကျပ် (မိုးထောင်) ၂၁၀၀-၂၂၀၀ ကျပ်တို့နဲ့ ပုံမှန်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ဝင်းဝင်းခိုင် - ပြည်
အောက်တိုဘာလ ၃ ရက်မှ ၉ ရက်ထိကာလအတွင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ တန် ၁၂၀ နဲ့ ကန်ဒေါ်လာသုည ဒသမ ၀၀၄ သန်းတန်ဖိုးရှိ မန်ကျည်းသီးမှည့် အစေ့ပါ တန် ၆၀ တို့အပို့ရှိခဲ့တာဖြစ်ပြီး ယခင်အပတ်ကတော့ အပို့ မရှိခဲ့ပါဘူး။ MIRT(DOBT)
အောက်တိုဘာပထမပတ်အတွင်းမှာတော့ ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ ပြည်ပကို မန်ကျည်း ၂၅ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံ က ပါကစ္စတန် နိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်မှာတော့ မန်ကျည်းတင်ပို့ မှုက တန် ငါးဆယ်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ မန်ကျည်း တင်ပို့မှု လျော့ခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ပျမ်းမျှ ကန်ဒေါ်လာ ၃၅၀ ဝန်းကျင်ရရှိခဲ့တယ်လို့ သိရပါတယ်။MIRT (DOT)
စပ်မျိုးနနွင်းကို အချို့ကုန်သည်များ အမှာအော်ဒါရရှိလို့ ဈေး မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ အရည်အသွေး ကောင်း စပ်နနွင်းများကို လှောင်လက်တွေကလည်း ဈေး တိုးမြင့် ဝယ်ယူကြပါတယ်။ နိုင်ငံမြောက်ပိုင်း မှ အဝယ်အသစ် မလာသေးပေမယ့် လှောင်လက်တွေ စတင်ဝယ်ယူတော့မှာ ဖြစ်လို့ တစ်တန် ရူပီး ၇၀၀၀၀ (ကန်ဒေါ်လာ ၁၃၂၉)အထိ မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
ဟိုပုံးနနွင်းကတော့ ဒီတစ်ပတ်မှာ အနည်းငယ်အရောင်းအဝယ်ဖြစ်နေပါတယ်။ တစ်ပိဿာကို ၈၄၀ ကျပ်ဈေးနဲ့ ရန်ကုန် ဝယ်လက်တွေဝယ်ယူနေတာကြောင့် တစ်ပတ်ကိုပိဿာချိန် ၆၀၀၀ ခန့် အရောင်းအဝယ်ဖြစ်နေ တယ်လို့သိရပါတယ်။
မြန်မာ-တရုတ်နဲ့ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်နဲ့မြဝတီနယ်စပ်တို့မှ ကန်ဒေါ်လာ ၀ ဒသမ ၁၃၉ သန်းတန်ဖိုးရှိ နနွင်းတက် ၈၈ တန်ဝန်းကျင်ကို အောက်တိုဘာ ၃ ရက်မှ ၉ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုထက် တန် ၁၃၀ ခန့်အပို့လျော့ခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေမှ ကန်ဒေါ်လာသုညဒသမ ၀၀၁ သန်း တန်ဖိုးရှိ အုံတုံခေါက် ၅ တန်ကို အောက်တိုဘာလ ၃ ရက်မှ ၉ ရက်အတွင်းမှာ အပို့ရှိတယ်လို့စစ်တွေနယ်စပ်မှ သတင်းရရှိပါတယ်။ ယခုအပတ်မှာ မြဝတီ နယ်စပ် မှလည်းကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ ကံ့ကော်ပွင့်ခြောက် တစ်တန် ကျော်လည်းအပို့ရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှလည်း ကန်ဒေါ်လာ ၁ ဒသမ ၆၀၇၇ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၈၉၈ တန်ကျော်အပို့ရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ်တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ ဝဥခြောက်၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ သီဟိုဠ်စေ့ (အခွံမပါ)၊ နနွင်းတက်၊ မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ဆီးသီးခြောက်၊ ကွမ်းသီးခွံ၊ တောဂျူးမြစ်၊ ကွမ်းစားဂမုန်း၊ ရွေးရွက်၊ စကားပန်း ပွင့်ခြောက်၊ ကြောင်ပန်းစေ့၊ ဆေးမြင်းခွာ၊ ခပေါင်းစေ့၊ ဒရင်ကောက်မြစ်၊ တောင်လုံး ကျော်၊ တောချင်း၊ ဆီးဆံ၊ ကြက်ဆူစေ့နဲ့ ရှိန်းခိုတို့ဖြစ်ပါတယ်။ ယခင်အပတ်ကထက် ဝဥခြောက်၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ နေလဲစေ့၊ ကွမ်းစားဂမုန်း၊ ရွေးရွက်၊ ကြောင် ပန်းစေ့၊ ဒရင်ကောက်မြစ်နဲ့ တောဂျင်းတို့အပို့ပိုခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်မှ ပရဆေးတင်ပို့မှုဟာ ယခင်အပတ် တင်ပို့မှုထက် တန်ချိန်အားဖြင့် ၃၅၃ တန်ကျော် လျော့နည်းခဲ့သော်လည်း တန်ဖိုးအားဖြင့် ကန်ဒေါ်လာသုညဒသမ ၀၁၇၇ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ တမူးနယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းတန်ဖိုးရှိ မင်သော် သုည ဒသမ ၅ တန်နဲ့ ဟင်းရိုင်းဖြူသုညဒသမ ၁၈ တန်အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် ကန်ဒေါ်လာသုညဒသမ ၀၀၆ သန်းဖိုး အသွင်းပိုမိုခဲ့ပါတယ်။ MIRT(DOBT)
ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်း (ဥမ) က ဈေနည်းနည်းတက်လာပါ တယ်။ အဝင်ကလည်း များတယ်ဆိုရပါ မယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၂ သောင်းခန့် ဝင်နေပြီး၊ အသစ်တွေ အဝင်မများခင်မှာ ထုတ်ရောင်းနေတာကြောင့် ဈေးကွက်အဝင်များနေတာဖြစ်ပါတယ်။ အသစ်တွေကတော့ အပင်သေ၊ အပင်ဝါ တွေကို ဖော်တဲ့ချင်းတွေသာ အဝင်ရှိတာကြောင့် ၅ ရက်တစ်ဈေးကို ပိဿာချိန် ၂၀၀၀၊ ၃၀၀၀ ခန့်သာ အဝင်ရှိနေ ပါတယ်။ ဥမကိုတော့ မန္တလေး၊ မုံရွာ၊ ပြည်၊ မကွေး၊ နေပြည်တော်က ဈေးပတ်သမားတွေ ဝယ်ယူနေတာကြောင့် အရောင်း လည်းသွက်နေတယ်လို့သိရပါတယ်။ ဥမကတစ်ပိဿာ ၁၅၀ ကျပ်၊ ၂၀၀ ကျပ်နဲ့ ချင်းသစ်က တစ်ပိဿာ ၁၂၀ ကျပ်၊ ၁၅၀ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့ တစ် ပိဿာ ၁၂၀၀ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးအနီးတစ်ဝိုက်ရှိ ရွာတွေမှလည်း ချင်းနုသစ်တွေ ဈေးကွက်ကို ဝင်လာပါတယ်။ ချင်းမွှေး (ချင်းသေး) လို့ခေါ်တဲ့ချင်းတွေကို ပိဿာချိန်နဲ့ ရောင်းတာ မဟုတ်ဘဲ၊ အပင်ပါအစည်းတွေနဲ့ရောင်းကြပါတယ်။ စားသောက် ဆိုင်ကြီး တွေနဲ့ မီးဖိုချောင်သုံး ဟင်းခတ်အမွှေးအကြိုင်အဖြစ် စားသုံးဖို့အတွက် လက်လီဝယ်ယူမှု ရှိပါတယ်။ လက်လီ ဈေးသာရှိပြီး တစ်စည်းကို ၁၅၀ ကျပ်၊ ၂၀၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင်-တောင်ကြီး
ပြည်ဈေးကွက်ကို ချင်းဝင်ရောက်မှုအနေနဲ့ လက်ကျန်ချင်း(ဥမ)များသာ ဆက် လက်အဝင်ရှိနေ ပါတယ်။ အောင်ပန်းနဲ့တောင်ကြီးဈေးကွက် ချင်းအသစ်မှာ အစိုဓာတ်များနေတဲ့အတွက် ချင်း(ဥမ)များသာ ပုံမှန်စီးဝင်နေလျက် ယခုတစ်ပတ်မှာ ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့် ဝင်ရောက်မှုရှိနေပါတယ်။ အရောင်းအဝယ် အားဖြင့် ယခုဝါတွင်းကာလ ကင်းလွတ်သီတင်းကျွတ်ကို ရောက်တော့မှာဖြစ်တဲ့အတွက် ချင်းဓားလှီးသမားများမှ အဝယ်လိုက်နေပြီး၊ ဂျွန်အမျိုးအစားချင်းများပိဿာချိန် ၂၀၀၀ ခန့်နဲ့ အရောင်းသွက်လျက် ရှိနေတယ်လို့ သိရပါတယ်။ လက်လီ၊ လက်ကား ရောင်းဝယ်သူများ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်ကို ပိဿာချိန် ၃၀၀၀ ခန့် တင်ပို့မှုအပါအဝင် ဈေးနှုန်းအားဖြင့် တစ်ပိဿာ ဂျွန် ၃၅၀ ကျပ်၊ (ရှယ်) ၅၀၀ ကျပ်တို့နဲ့ ဈေးငြိမ်နေလျက် ပုံမှန်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ဝင်းဝင်းခိုင် - ပြည်
