Main menu

Background

Thursday, 14 Jan 2010

နှစ်သစ်ကူးချိန်တိုင်းမှာ ကျန်းမာရေး လိုက်စားဖို့ဖြစ်စေ၊ ဆေးလိပ်ဖြတ်ဖို့ဖြစ်စေ ကြံစည်စိတ်ကူး မိတတ်ကြသည်။ သို့သော်လည်း နှစ်ဆန်း နှစ်ရက်နေ့ရောက်တော့ လူအတော်များများက ဆိုဖာပေါ်က မရွေ့ဖြစ်ကြ၊ ပြီးတော့ စီးကရက် အသစ်တစ်လိပ် မီးညှိသောက် ဖြစ်ကြလေသည်။ အလားတူ အကြိမ်ကြိမ် အဖန်ဖန် အချိန်ဆွဲ နေကြပုံများကို ဘောဂဗေဒပုံစံမိုဒယ်လ်များဖြင့် ရှင်းပြဖို့ မလွယ်ပေ။ လက်ရှိမိုဒယ်လ်များက မနှစ်မြို့ဖွယ်ရာကိစ္စများကို ချက်ချင်းပြီးပြတ်အောင် လက်ငင်း မရှင်း လိုကြဘဲ၊ နောင်နေ့နောင်ခါအတွက် ရွှေ့ထား လိုကြသည်။  အားကစားလေ့ကျင့်မှုတစ်ခုခုကို ဘယ်နေ့ စလုပ်မလဲဟု ဇန်နဝါရီလ တစ်ရက်နေ့တွင် မေးမည်ဆိုပါတော့...နှစ်ပတ်အတွင်း လုပ်မည်ဟု ဖြေကြလိမ့်မည်။ နက်ဖြန်ခါပဲ စလုပ်မည်ဟု ပြောကြမှာမဟုတ်ပေ။ စံပြုထားသည့် မိုဒယ်လ်များ ကလည်း နောက်နေ့နောက်ခါဆောင်ရွက်ရေးကို ရွေးလေ့ရှိကြသည်မှာလည်း ရွေးချယ်ရန် မေးမြန်းခံရသည့် အချိန်ကာလအပေါ် မူမတည်ဘဲ အချိန်မရွေးတစ်ချိုးတည်း( time consistent)ဖြစ်သည်ဟု မှတ်ယူစဉ်းစားထားခြင်းဖြစ်သည်။ ဇန်နဝါရီ ၁၄ ရက်နေ့ရောက်လို့ မေးပြန်လျှင်လည်း နောက်တစ်နေ့သို့ ရွှေ့ပေလိမ့်ဦးမည်။  လူတို့သည် အလုပ်လုပ် ရန်အတွက် သူတို့၏ နောင်အနာဂတ် ကာလအပေါ် ကြောင်းကျိုး ဆီလျော်ခြင်း မရှိဘဲ အကောင်းမြင်လွန်းတတ်ကြ သည်ဟု ၁၉၉၉ ခုနှစ်ကပြုစုတင်သွင်းခဲ့သော "အချိန်ဆွဲခြင်း၏ ဘောဂဗေဒ"(Economic of procrastination)စာတမ်းတွင် ဖော်ပြထားသည်။ ချက်ချင်း မလုပ်လျှင် နစ်နာမည်ဆိုလျှင် ထိုသို့နစ်နာမည့် စရိတ်သည် အလွန်မများပါက မနှစ်မြို့ဖွယ် အလုပ်ကို မနက်ဖြန်သို့ ရွှေ့ကြမည်ဖြစ်သည်။အာဖရိကမှ တောင်သူလယ်သမားများတွင် သီးနှံအထွက်နှုန်းတိုးပြီး၊ အကျိုးအမြတ် ပိုရနိုင်မှန်း သိထား ကြသော်လည်း ဓာတ်မြေသြဇာသုံးစွဲသူ နည်းပါးသေးခြင်းမှာ အချိန်ဆွဲတတ်သော အလေ့အထကြောင့် ဖြစ်ကြောင်း ရှင်းပြနိုင်သည်။ ကင်ညာနိုင်ငံအနောက်ပိုင်းမှ နှံစားပြောင်း စိုက်သည့် တောင်သူများ၏ ယာမြေများတွင် စမ်းသပ်လေ့လာချက်အရ ပြောင်းတစ်ပင်လျှင် ဓာတ်မြေသြဇာလက်ဖက်ရည်ဇွန်းတစ်ဝက်နှုန်း အသုံးပြုခြင်းဖြင့်  တောင်သူတို့၏ စိုက်ပျိုးရေး နည်းစနစ်ကို တစ်စုံတစ်ရာမပြောင်းလဲသည့်တိုင် တစ်ဧကလျှင် ပျမ်းမျှအကျိုးအမြတ်ဝင်ငွေ ၃၆ ရာခိုင်နှုန်း တိုးတက် ရရှိကြောင်း တွေ့ရသည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ရာသီဥတု မကောင်းသည့်နှစ် မှာပင် ဓာတ်မြေသြဇာသုံးစွဲခြင်းသည် အချည်းနှီး အကျိုးမဲ့ မဖြစ်စေ နိုင်ကြောင်း အထင်အရှား တွေ့ရသည်။ ဓာတ်မြေသြဇာကြောင့် အထွက်တိုးသည်ကို လက်မခံနိုင်သည့် တောင်သူလယ်သမားမှာ ၉ ရာခိုင်နှုန်းသာ ရှိသော်လည်း တောင်သူ ၂၉ ရာခိုင်နှုန်းကသာ ကုန်ခဲ့သော စိုက်ပျိုးရာသီ နှစ်ကြိမ်အနက် တစ်ကြိမ်ကြိမ်တွင် ဓာတ်မြေသြဇာသုံးစွဲဖြစ်ခဲ့ကြသည်။ ဘာကြောင့်ဓာတ်မြေ သြဇာမသုံးသလဲဟူသောအမေးကို တောင်သူငါးပုံလေးပုံက မြေသြဇာဝယ်ဖို့ ငွေမလောက်လို့ မသုံးရတာပါဟုဖြေကြသည်။ တကယ်တော့ ဓာတ်မြေ သြဇာကို ကီလိုဂရမ်အလေးချိန်ဖြင့် လက်လီခွဲဝယ်လို့ရပါသည်။ သို့ဖြစ်ရာ ဆင်းရဲပါသည်ဆိုသောတောင်သူပင်လျှင် သူ့ယာမြေ၏ တစ်စိတ် တစ်ပိုင်း အတွက် ဓာတ်မြေဇာ သုံးမည်ဆိုက သုံးနိုင်ပေသည်။ လာမည့်နှစ် စိုက်ပျိုးချိန် ရောက်လျှင် ဓာတ်မြေသြဇာသုံးစွဲရန် ကြံရွယ်ထားသည်ဟု တောင်သူ အားလုံးလိုလိုက ပြောထား ကြသော်လည်း ယင်းတို့အထဲမှ ၃၇ ရာခိုင်နှုန်းကသာ အမှန်တကယ် သုံးစွဲကြသည်။ ကြံရွယ်သည့် အတိုင်း တကယ်မလုပ် ဖြစ်ခြင်းသည် ပစ္စုပ္ပန်ကိုငြင်းဆန်လိုခြင်း(present biased)နှင့် အကြိမ်ကြိမ် အချိန်ဆွဲခြင်း တို့ကြောင့်ဖြစ်သည်ဟု စီးပွားရေးပညာရှင်တို့က သုံးသပ်ကြ သည်။ သီးနှံပေါ်ချိန်၌ တောင်သူ တို့လက်တွင် ငွေရွှင်ကြသဖြင့် ဓာတ်မြေသြဇာဝယ်ထားမည်ဆိုက ဝယ်နိုင်ကြပါ သည်။ သို့သော်လည်း မြို့ပေါ် တက်ဝယ်ရမှာဖြစ်သဖြင့် နောင်ခါကျတော့လည်း ဝယ်နိုင်မှာဘဲဟ ုထင်မှတ်ကာ နေ့ရွှေ့ညရွှေ့လုပ်ထားတတ်ကြသည်။ သို့သော်လည်း ဓာတ်မြေ သြဇာဝယ်ဖို့ ပိုက်ဆံကို သီးသန့်ခွဲချန်ထားနိုင်လိမ့်မည်ဟု အထင်ရောက်ခဲ့သော တောင်သူ၏ ကြံရွယ်ချက်မှာ နှစ်သစ်ကူး အဓိဋ္ဌာန်တို့၏ ထုံးစံအတိုင်း အထမမြောက်နိုင်တော့ပေ။ ဓာတ်မြေသြဇာကို လျှော့နှုန်းဖြင့် ရောင်းချပေးမည်ဆိုက သီးနှံပေါ်ချိန်မှာရောင်းချခြင်းက စိုက်ပျိုးချိန်နီးမှ ရောင်းခြင်းထက် ပိုပြီး အကျိုးသက်ရောက်မှု ရှိနိုင်သည်။ စိုက်ပျိုးချိန်တွင် ရောင်းခြင်းမှာ စုဆောင်းငွေရှိထားသူအတွက်တော့ အခပက်အခဲမတွေ့နိုင်သော်လည်း တောင်သူအများစုမှာ စုဆောင်းငွေမရှိနိုင်ကြပေ။ ဈေးကွက် ပေါက်ဈေးဖြင့် သယ်ပို့ခ မကုန်အောင် စေတနာ့ ဝန်ထမ်းအဖွဲ့အစည်း တစ်ခုက အိမ်တိုင်ရာရောက်  အခမဲ့ပို့ဆောင် ပေးသည့်တိုင် ရိတ်သိမ်းချိန်မှာထက် စိုက်ပျိုးချိန် ရောက်ခါနီးမှ ဝယ်ယူသူပိုများကြောင်း တွေ့ရသည်။ အမတော်ကြေးတစ်ဝက်ပေးပြီး ရောင်းသည့်တိုင် စောစော ကြိုဝယ် ထားပြီးသုံးစွဲသူ ၁၁ ရာခိုင်နှုန်းသာ တိုးလာသည်။ မိမိတို့ အချိန်ဆွဲတတ်ပုံကို သတိပြုမိသည့် တောင်သူများက ဓာတ်မြေသြဇာဝယ်ဖြစ်အောင် ကိုယ့်ဘာသာ ဖိအားပေးနိုင်မည့် နည်းလမ်းကို ရှာကြံလာကြသည်ဟုဆိုပါသည်။ ဖိလစ်ပိုင ်နိုင်ငံတွင် မကြာမီက စမ်းသပ်မှုအရ ဆေးလိပ်ဖြတ်မည့်သူက ပဋိညာဉ် လက်မှတ်ထိုးပြီး ဘဏ်တွင ်အတိုးမဲ့ အပ်ငွေအချို့ ထည့်ထားရသည်။ ၆ လအထိ ဆေးလိပ်ပြတ်လျှင် ဘဏ်မှ ငွေပြန်ထုတ်ပေးသည်။ မပြတ်လျှင်တော့ ထိုအပ်ငွေကို ကုသိုလ်ဖြစ်လုပ်ငန်းအတွက် အလှူငွေ အဖြစ် လွှဲအပ်ပေးရသည်။ ထိုသို့စမ်းသပ်မှုတွင် ဆေးလိပ်ပြတ်သူ ၃၀ ရာခိုင်နှုန်းတိုးလာသည်ဟု ဆိုပါသည်။ သို့ဆိုလျှင်တော့ နှစ်သစ်ကူးအဓိဋ္ဌာန်  ပြာဖြစ်မသွားတော့ပါဟု ဆိုနိုင်ပါလိမ့်မည်။ The Economistဦးဟန်ထွန်း(အခွန်)

Thursday, 14 Jan 2010

သူ့ရွှေခောတ်နှင့်သူ ဘောဂဗေဒ ပညာရှင် အကျော်အမော်တို့ အဖို့ အယူအဆလိုက်၍ သူ့ခေတ်နှင့်သူ ရွှေခေတ်ရှိ ကြကုန်သည်။ သူ့ခေတ်နှင့်သူ ရေပန်း စားခဲ့ကြသည်။ အရင်းရှင်စနစ်အကျပ် အတည်းကြီး ဆိုက်ချိန်၌ ကားလ်မတ်(စ်) ၏အရင်းကျမ်းသည် အလွန်ရေပန်းစား ခဲ့သည်။ ဆိုဗီယက် ယူနီယံပေါ်ပေါက်လာသောအခါ ကားလ်မတ်စ်၏အရင်း ကျမ်းသည် အထွတ်အထိပ်ရောက်သွား သည်။ ဒုတိယကမ္ဘာစစ်၌ ဘောဂဗေဒ ပညာရှင်ကြီး ဂျွန်မေနပ်ကိန်း(စ်)၏ ဘောဂဗေဒသီအိုရီက ထိပ်တန်းသို့ထိုး ဖောက်တက်လာသည်။ ၁၉၉၀ ပြည့်နှစ် တွင် ဘောဂဗေဒပညာရှင် မီလ်တန်ဖရိုင်မင်၏ သီအိုရီတို့က အစိုးရတိုင်း အတွက် လက်စွဲဖြစ်ခဲ့သည်။ မီလ်တန်ဖရိုင်မင်က အစိုးရနှင့် ကြီးကြပ်ကွပ်ကဲမှု တို့ထက် ဈေးကွက်ကပိုပြီး ပါဝါနှင့်စွမ်းဆောင် ရည်ပိုအားကောင်း ပုံကို သက်သေထူပြသည်။ဗွန်ဟာရက် မီလ်တန်ဖရိုင်မင် ပေါ်ပြီးနောက် ဖရက်ဒရစ်ဗွန်ဟာရက် ပေါ်လာ ည်။ သူက "မြေကျွန်စနစ်သို့ သွားရာလမ်း"ဆိုသော ကျမ်းဖြင့် အစိုးရ၏ စီးပွားရေးထဲ ဝင်ရောက်စွက်ဖက်မှုကို ဝေဖန် တိုက်ခိုက်သည်။ အစိုးရ ဘဏ္ဍာကို ကြီးထွားအောင် ပြုခြင်းသည် လူတစ်ဦးချင်း လွတ်လပ်မှုတို့ကို ဆုံးရှုံးစေသည်ဟု ထောက်ပြသည်။ လူတို့သည်အစိုးရ၏ ကျေးကျွန်တွေဖြစ်ရ၍ ဈေးကွက်တန်ခိုး လည်း ဆုံးရှုံးသည်။  ဒီမိုကရေစီ ကိုလည်း ဆုံးရှုံး စေသည်ဟု နိမိတ်ဖတ် ဟောခဲ့သည်။ ဟာရက်၏ ဟောကိန်းသည် ဆိုရှယ်လစ်စနစ်ကို ဦးတည်တိုက်ခိုက်ခဲ့ သဖြင့် ဆိုဗီယက် ယူနီယံနှင့်ဆိုရှယ်လစ် နိုင်ငံများ ပြိုကျပုံကိုကြည့်၍ သူ၏ သီအိုရီမှန်ကန်သလိုဖြစ်ခဲ့သည်။ဈေးကွက်နှင့် ဒီမိုကရေစီ ဈေးကွက်နှင့် ဒီမိုကရေစီကို တွဲကြည့်လေ့ရှိကြသည်။ အစိုးရ၏ ကဏ္ဍကိုတိုးချဲ့မှုသည် ဈေးကွက် ကိုယိုင် လဲစေသည်ဆိုသောအချက်၌ စောဒက မတက်ကြသော်လည်း အစိုးရ၏ကဏ္ဍ ကြီးထွားမှု သည် ဒီမိုကရေစီကို လျော့ပါး စေသည်ဟူသော အချက်၌ကား ဝိဝါဒ တွေကွဲပြားကြသည်။ ပုံစံနမူနာထား၍ အငြင်းပွားသော ကိစ္စမှာ အမေရိကန် သမ္မတ အိုဘားမား၏ ပြည်သူ့ကျန်းမာ ရေး စောင့်ရှောက်မှု အစီအစဉ်ဖြစ်သည်။ ဤအစီအစဉ်သည် အစိုးရ၏ကဏ္ဍကို ကြီးထွား စေခြင်းဖြစ်ရာ ပါမောက္ခ ဟာရက်ကျမ်းအဆိုကိုကိုင်ပြောသူတို့က အိုဘားမား၏ ကျန်းမာရေး အစီအစဉ်သည် အစိုးရအရွယ်အစားကိုကြီးမားစေသည်ဖြစ်၍ ဒီမိုကရေစီအတွက် စိုးရိမ်စရာဟု ထောက်ပြလာကြသည်။ ဤတွင် အငြင်းအခုန်သည် အစိုးရအရွယ်အစားကြီးမြင့်ခြင်းသည် ဒီမိုကရေစီကို လျော့ပါး စေခြင်းရှိ မရှိဆို ခြင်းထက်ပိုသွားသည်။ ဟာရက်၏ သီအိုရီသည် ဤခေတ်၌ဆီလျော် မှန်ကန်ပါ သလောဟူ၍အထိ ဖြစ်လာသည်။ အမေရိကန်တွင် အစိုးရအရွယ် အစားကြီးမားလာသည်ကား အမှန်ပင် ဖြစ်သည်။ သို့သော် ဒီမိုကရေစီ မယိုယွင်းပေ။ ဒီမိုကရေစီပိုပြီး အားကောင်းလာသည်။ ထို့ကြောင့် ဗွန်ဟာရက်၏ သီအိုရီ သည် ယခုခေတ်၌ မှားသွားပြီဟု ကောက်ချက်ချလာကြသည်။ သိမ်မွေ့ အစိုးရ အရွယ်အစားကြီးလာ၍ ဖရီးမားကက် အထိုက် အလျောက် ထိခိုက် သွားသော်လည်း ဒီမိုကရေစီ ကမူ အားကောင်းဆဲ ဖြစ်သည်။ အစိုးရ ဝင်ရောက်စွက်ဖက်မှုသည် မားကက်(ဈေးကွက်)ကို လည်း ဖြိုသည်။ ဒီမိုကရေစီကိုလည်း ဖြိုသည် ဟုဆိုသော အယူအဆ ဟောင်းသည် ယိုင်လဲသွားသည်။ အမေရိကန်အစိုးရ ၏ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် ကြောင့် ဈေးကွက်လည်းမယိုင်၊ ဒီမိုက ရေစီလည်း မယိုင်ဟု သုံးသပ်ပြသည်။ အစိုးရက ဈေးကွက်ထဲ ဝင်ရောက်ကျား ကန်ပေးရခြင်းရှိသော်လည်း ဤ သဘောသည် ဆိုရှယ်လစ် လက္ခဏာမ ဟုတ်ပေ။ ဤသို့ဆိုရသည်မှာအစိုးရဝင် လျှင် ဆိုရှယ်လစ်ဆန်သည်ဟု တရားသေ စွဲလမ်းနေသောကြောင့် ဖြစ်သည်။ ဗွန်ဟာရက်၏အမြင်သည် ၂၁ ရာစု နောက်ပိုင်းအတွက် မမှန်ကန်တော့ဟု ဆိုစေကာမူ သူ၏ဆိုစကားတစ်ခုကို နှလုံးမူထားကြသေးသည်။ ဤဆိုစကား မှာ "စီးပွားရေးပျက်စီးဆုံးရှုံးမှုဆိုသည် မှာ သိမ်မွေ့နူးညံ့သည်" The economic demage is subtle ဟူ၍ဖြစ်သည်။အညွှန်း။    bloomberg.comမောင်စူးစမ်း

Thursday, 14 Jan 2010

ဒီဇင်ဘာ ၃၁ ရက် ညသန်းခေါင်မှာ သံချောင်း ခေါက်လိုက်ပြီးတဲ့နောက် နေ့သစ်တစ်ခ ုမွေးဖွား လာပါတယ်။ ထို့ အတူ နှစ်သစ်တစ်ခုကို ကူးပြောင်း လာခဲ့ ပါတယ်။ ဒီနေ့ဒီအချိန်မှာပဲ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ကလည်း အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်မှု ဒေသဆိုတဲ့ မှတ်တိုင်သစ် တစ်ခုကို ထူထောင်ပေး လိုက်ပါတယ်။ အာဆီယံခြောက်နိုင်ငံ ဖြစ်တဲ့ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့က မိမိတို့ နယ်နိမိတ်တွေကို ဖြတ်သန်းပြီး ကုန်ပစ္စည်း အားလုံးကို အခွန်လွတ် တင်သွင်းခွင့်ပြုလိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့စပြီး အာဖတာလို့ အများသိ နေကြတဲ့ အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်မှု ဒေသအတွက် ဘုံဦးစားပေး အကောက်အခွန် (Common Effective Preferential Tariff-CEPT) အစီအစဉ်အရ အာဆီယံ-၆ နိုင်ငံ ဒေသမှာ ရှိတဲ့ နောက်ထပ် အကောက်ခွန် လိုင်း ၇၈၈၁ ခုကို အကောက်ခွန် ကင်းလွတ် ခွင့်ပြုမှာ ဖြစ်တဲ့အတွက် စုစုပေါင်း အကောက်အခွန် လိုင်းပေါင်း ၅၄၄၅၇ (စုစုပေါင်းရဲ့ ၉၉ ဒသမ ၁၁ ရာခိုင်နှုန်း) ကို အခွန် ကင်းလွတ် ခွင့်ပြုမှာ ဖြစ်ပါတယ်။ အကောက်ခွန်နှုန်းထားတွေကို လည်း ၂၀၀၉ ခုနှစ်က သုည ဒသမ ၇၉ အထိ လျှော့ချပေးခဲ့ရာ ကနေ ၂၀၁၀ ပြည့်နှစ်မှာ သုည ဒသမ ၅ ရာခိုင်နှုန်း အထိ လျှော့ချပေးတော့မှာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်အတွင်းက အာဆီယံ ဒေသတွင်း ကုန်သွယ်မှုမှာ ဒီအကောက် အခွန်လိုင်းတွေ ကရတဲ့ သွင်းကုန်တန်ဖိုးဟာ ဒေါ်လာ ၂၂ ဒသမ ၆၆ ဘီလီယံ ရှိပြီး အာဆီယံ ဒေသ ခြောက်နိုင်ငံရဲ့ သွင်းကုန်စုစုပေါင်းရဲ့ ၁၁ ဒသမ ၈၄ ရာခိုင်နှုန်းရှိပါတယ်။ ဒီအကောက်ခွန် လိုင်းတွေထဲမှာ လေအေးပေးစက်လို လူကုန်သုံးပစ္စည်း တွေ၊ ငရုတ်သီး၊ ပဲငါးပိလို စားသောက် ကုန်တွေပါဝင်သလို မော်တော်ဆိုင် ကယ်စက်အစိတ်အပိုင်းနဲ့ မော်တော် ကားဆလင်ဒါလို စက်မှုသုံးကုန်ကြမ်း တွေလည်း ပါဝင်ပါတယ်။ တခြားထုတ်ကုန်တွေကတော့ သံ နဲ့ သံမဏိ၊ ပလတ်စတစ်၊ စက်ယန္တရား နဲ့ စက်မှု အသုံးအဆောင်များ၊ ဓာတု ဆေးများ၊ ပြုပြင်ပြီးအစားအစာ၊ ငရုတ် ကောင်း၊ ဘိလပ်မြေ၊ ေ<ကထည်နဲ့ မှန် စတဲ့ ကုန်ပစ္စည်းတွေပါဝင်ပါတယ်။ CEPT-AFTA  အရ အဖွဲ့ဝင်နိုင်ငံ တိုင်းရဲ့ ထုတ်ကုန်တွေကို ပုံမှန်လမ်း ကြောင်း (Normal Track) က တင်ပို့ ခွင့်ပြုပြီး အာဆီယံ ၆ နိုင်ငံက အခွန်ကို ၂၀၁၀ ပြည့်နှစ်မှာ သုည ရာခိုင်နှုန်း အထိ လျှော့ချပေးမှာဖြစ်ပြီး ကမ္ဘောဒီး ယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်တို့ ကတော့ ၂၀၁၅ ခုနှစ်မှာ စတင်ကျင့်သုံး မှာ ဖြစ်ပါတယ်။  CEPT-AFTA အရ ဆေးရွက်ကြီး နဲ့ကော်ဖီလိုလယ်ယာထွက်ကုန်တွေကို အရေးကြီးစာရင်း (Sensitive List) မှာ ထားတဲ့အတွက် ၂၀၁၀ ပြည့်နှစ်မှာ ၅ ရာခိုင်နှုန်းအထိ လျှော့ချပြီး ၂၀၁၅ ပြည့်နှစ်မှာ သုညရာခိုင်နှုန်းအထိလျှော့ ချပါမယ်။ အလွန်အရေးကြီးစာရင်း (Highly Sensitive List) မှာ ဆန်ကိုတော့ အမြင့်ဆုံးထားရှိပါတယ်။ အထွေထွေ ဖယ်ထား စာရင်း (General Exclusion List) စတဲ့ပစ္စည်းတွေကိုတော့ အမျိုးသား လုံခြုံရေး၊ ကိုယ်ကျင့်တရား၊ ကျန်း မာရေး၊ ရသဆိုင်ရာ တန်ဖိုးထားမှု၊ ရှေး ဟောင်း အထောက်အထား စတဲ့ အခြေအနေတွေပေါ်မှာမူတည်ပြီး ထားရှိမှာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့အခြေအနေ အရ အကောက်အခွန်လိုင်း ၄၈၇ (အကောက်ခွန်လိုင်း အားလုံးရဲ့ သုည ဒသမ ၈၉ ရာခိုင်နှုန်း) ကတော့ အရေး ကြီးစာရင်း၊ အလွန်အရေးကြီးစာရင်းနဲ့ အထွေထွေဖယ်ထားစာရင်းထဲမှာ ပါနေ ပါတယ်။ ဒါကြောင့် အာဖတာအရ အခွန်လျှော့ချပေးမဲ့ အကောက်ခွန်လိုင်းက ၉၉ ဒသမ ၁၁ ရာခိုင်နှုန်းရှိပါတယ်။ လွတ်လပ်တဲ့ ကုန်သွယ်မှု ဒေသကို အောင်မြင်စွာ ထူထောင်နိုင်ဖို့ အတွက် အာဆီယံနိုင်ငံ အသီးသီးက ဆောင်ရွက် ကိစ္စအသီးသီးကို လှုပ်ရှားဆောင်ရွက် လျက်ရှိပါတယ်။ အာဖတာ အစီအစဉ်ကို ဆောင်ရွက်ရာကနေဖြစ်ပေါ်လာမဲ့ ဂယက်ရိုက် ခတ်မှုအခြေအနေကို စီးပွားရေးလုပ်ငန်း ရှင်တွေက ကြိုတင်စဉ်းစားဆောင်ရွက် လျက်ရှိပြီး တချို့ကတော့ ပို့ကုန်အခွင့် အလမ်းတွေ တိုးတက်လာတဲ့ အတွက် လယ်ယာကဏ္ဍ ပြန်လည် တိုးတက်လာလိမ့် မယ်လို့ ခန့်မှန်းကြ ပါတယ်။ ပြည်တွင်း စီးပွားရေး အခြေခံ အဆောက်အအုံနဲ့ လက်ရှိ စီးပွားရေး စနစ်ပုံစံတွေက အကန့်အသတ်တွေရှိ နေတဲ့အတွက် တချို့စီးပွားရေး လုပ်ငန်း ခေါင်းဆောင်တွေက ကျယ်ပြန့်တဲ့ ဈေးကွက်ထဲကိုဝင်မဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ စွမ်းရည်ကို မယုံရဲဘူးဖြစ်နေပါတယ်။ တခြား အာဆီယံနိုင်ငံ တွေကနေ ကမ္ဘောဒီးယားနိုင်ငံရဲ့သွင်းကုန်ဟာ ၂၀၀၈ ခုနှစ်က ဒေါ်လာ ၄ ဒသမ ၇၄ ဘီလီယံရှိပြီး စုစုပေါင်းသွင်းကုန်ရဲ့ ၇၂ ရာခိုင်နှုန်းရှိပါတယ်။ ၂၀၀၈ ခုနှစ်က ကမ္ဘောဒီးယား ပို့ကုန်ရဲ့ ၂ ဒသမ ၈ ရာခိုင်နှုန်းပဲရှိတဲ့ လက်ယာ စိုက်ပျိုးရေး ကဏ္ဍကို အာဖတာ အစီအစဉ် အရ ပိုမိုတိုးချဲ့ပြီး အိမ်နီးချင်းထိုင်းနဲ့ ဗီယက်နမ်တို့ကို ကျော်လွန်ပြီး တင်ပို့နိုင်လိမ့်မယ် လို့ ကူးသန်းရောင်းဝယ်ရေး ဒုတိယ ဝန်ကြီးချန်နိုရာက ပြောပါတယ်။  ကမ္ဘောဒီးယား နိုင်ငံကတင်ပို့တဲ့ ကုန်ပစ္စည်း တွေကတော့ ဆန်၊ ပဲပုပ်နဲ့ ပလောပီနံတို့ဖြစ်ပါ တယ်။ ကမ္ဘောဒီးယား အထည်ချုပ် လုပ်ငန်းဟာ ကမ္ဘောဒီးယား စက်မှု လုပ်ငန်းရဲ့ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းထိ ရှိပါတယ်။ အခြားအသေး စားနဲ့အလတ်စား စက်မှုလုပ်ငန်းပေါင်း ၃၂၀၀၀ ရှိပြီး အစားအစာနဲ့အဝတ် အထည်တို့ကို ထုတ်လုပ်ပေးပါတယ်။ တင်သွင်းလာတဲ့ ကုန်စည်တွေကို အဆင့်အတန်း သတ်မှတ်တဲ့ ဥပဒေ ထုတ်ပြန်ဖို့လိုနေပြီလို့ စက်မှု၊ သတ္တု တွင်းနဲ့ စွမ်းအင်ဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးက ပြောပါတယ်။အင်ဒိုနီးရှား အင်ဒိုနီးရှားနိုင်ငံက သူ့ရဲ့ပြည် တွင်းစက်မှုလုပ်ငန်းတွေကို အားနည်း သွားစေနိုင်တဲ့ အလားအလာ ရှိတဲ့ အကောက်အခွန်လိုင်း ၄၅၅ လိုင်းကို ပြန်လည် ညှိနှိုင်းဆွေးနွေးဖို့ ကြိုးစား နေပါတယ်လို့ အန်တာရာသတင်းမှာ ဖော်ပြထားပါတယ်။ ဒီအကောက်ခွန်လိုင်း ၄၅၅ လိုင်း အနက် ဆက်အာဖတာအစီအစဉ်အရ အာဆီယံ-၆ နိုင်ငံနဲ့သက်ဆိုင်တာက ၂၂၇ လိုင်းဖြစ်ပြီး အာဆီယံ-တရုတ် အက်ဖ်တီအေအရ ၂၂၈ လိုင်း ရှိတယ် လို့ စီးပွားရေးဝန်ကြီးဟတ္တာရာဂျာဆာ က ပြောပါတယ်။အင်ဒိုနီးရှားအစားအစာနဲ့ အဖျော်ယမကာလုပ်ငန်းများအနေနဲ့ တခြားငါးနိုင်ငံက လှိမ့်ဝင်လာမဲ့ ထုတ် ကုန်တွေကို ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်လို့ အစားအစာနဲ့ အဖျော်ယမကာ လုပ်ငန်း အသင်း ဥက္ကဌ သောမတ်ဒါမာဝန်က ပြောပါတယ။် အင်ဒိုနီးရှားနိုင်ငံရဲ့ မော်တော် ကားလုပ်ငန်းအလားအလာကတော့ ကောင်းနေပါတယ်။ ၂၀၀၈ ခုနှစ်က ကားစီးရေ ၆၀၃၇၀၀ တင်ပို့ခဲ့ရပါတယ်။ မော်တော်ဆိုင်ကယ် လုပ်ငန်းကတော့  ၁ ရာခိုင်နှုန်း လောက်ကိုပဲ ပြည်ပကိုတင် ပို့ပါတယ်။ အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းမှာတော့ ခရီးသွားလုပ်ငန်း၊ စက်မှုလုပ်ငန်း တွေ၊ အိမ်တွင်းလက်မှု ပစ္စည်းတွေကို အရည်အသွေးတိုးတက်အောင်ဆောင် ရွက်နေတယ်လို့ ကျွန်းအုပ်ချုပ်ရေးမှူး က ပြောပါတယ်။မလေးရှား လွတ်လပ်တဲ့သဘောတူစာချုပ် တွေကို အကောင်အထည်ဖော်နိုင်ဖို့ အတွက် ဥပဒေတွေ ရေးဆွဲ အတည်ပြု ပြီးပြီလို့ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု နဲ့ စက်မှုဝန်ကြီးဌာနက ပြောပါတယ်။ အက်ဖ်တီအေကြောင့်ဖြစ်ပေါ် လာမဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ပြောကြားရာမှာ မလေးရှား နိုင်ငံဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက အခွန်တွေတစစလျှော့ချထားပေးပြီး သားဖြစ်လို့ အက်ဖ်တီအေကို အကောင် အထည်ဖော်ဖို့ လိုအပ်တဲ့ အသွင်ကူး ပြောင်းရေးကာလ ပြည့် မြောက်သွားပြီ လို့ မလေးရှားနိုင်ငံ တရုတ် ကုန်သည် ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က ပြောကြားပါတယ်။ဖိလစ်ပိုင် ဖိလစ်ပိုင်နိုင်ငံဟာ ယခုနှစ်မှာ ဘတ်ဂျက်လိုငွေပြမဲ့အလားအလာရှိနေပါတယ်။ ဒါကြောင့် အဖွဲ့ဝင်နိုင်ငံတွေနဲ့ ကုန်သွယ်တဲ့အခါ အခွန်သုညရာခိုင်နှုန်း အထိလျှော့ချရမှာဖြစ်တဲ့အတွက် အစိုး ရဝင်ငွေမှာ ပြင်းထန်တဲ့ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါ တယ်။ ယခုနှစ်ထဲမှာပြုလုပ်တဲ့ အခွန် လိုင်းဆိုင်ရာ သဘောတူညီချက်တွေက အစိုးရဝင်ငွေအပေါ်မှာ ရောက်ရှိလာမဲ့ အကျိုးသက်ရောက်မှုတွေကို စီးပွားရေး စီမံခန့်ခွဲသူတွေက လေ့လာဆန်းစစ်နေ တယ်လို့ အကောက်အခွန်ကော်မရှင်နာ ပိုလီယံမိုရေးက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က အကောက်ခွန်ရရှိဖို့ ရည်မှန်းချက်ကို ပီဆို ၇၃ ဒသမ ၃ ဘီလီယံထားခဲ့ပေမယ့် ဒီဇင်ဘာ ၂၃ ရက်စာရင်းအရ ပီဆို ၆၉ ဒသမ ၂၃ ဘီလီယံသာရရှိခဲ့ပါတယ်။ ဖိလစ်ပိုင်ပြည်တွင်းရှိ ရေနံဓာတု အခြေပြုလုပ်ငန်းတွေကို အခွန်သဘော တူညီချက်ကြောင့် ထိခိုက်မှုမရှိအောင် ဆောင်ရွက်ပေးဖို့ ပလတ်စတစ်ပစ္စည်း ထုတ်လုပ်သူများအသင်းက အစိုးရကို ပန်ကြားထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ရွေးချယ်တင် မြှောက်ပွဲတွေရှိနေပါတယ်။ ဒါကြောင့် ကုန်စည် အကောက်ခွန ်နှုန်းထား လျှော့ချ ရေးအပါအဝင် အိမ်နီးချင်းတွေနဲ့ညှိနှိုင်း ထားတဲ့ လွတ်လပ်တဲ့ကုန်သွယ်ရေး ကတိကဝတ်တွေကို အစိုးရသစ်က လက်ခံ/မခံကိစ္စက စဉ်းစားစရာဖြစ်နေ ပါတယ်။ထိုင်းနိုင်ငံ အစိုးရအရာရှိတွေက မေးမြန်လာ တဲ့မေးခွန်းတွေကို နေ့စဉ်လက်ခံပြော ကြားပေးနိုင်ဖို့အတွက် ထိုင်းစီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အာဆီယံအရေးပေါ်လိုင်း ၁၃၈၅ (ASEAN Hotline 1385) ကို ဖွဲ့စည်းပေး ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းဆောင်ရွက် နေသူတွေကို အကူအညီပေးဖို့နဲ့ အများ ပြည်သူက မေးမြန်း လာတာတွေကို ဖြေ ကြားပေးနိုင်ဖို့ ဝန်ကြီးချုပ်ရဲ့လမ်းညွှန်ချက်အရ ဒီဝန်ဆောင်မှုကို ပြုလုပ်တာ ပါလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ပွန်စီဝါနာကာဆိုင်းက ဇန်နဝါရီလ ၈ ရက်နေ့က ပြောပါတယ်။ အာဖတာကြောင့် နစ်နာနိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ကမ္ဘာ့ဈေးကွက်မှာ ထိထိ ရောက်ရောက် ယှဉ်ပြိုင် နိုင်အောင် အကူအညီပေးဖို့ ရန်ပုံငွေ တစ်ရပ်ထူထောင် ထားပြီးပြီလို့ ဆိုပါတယ်။ ထိုင်းနိုင်ငံက အာဆီယံနိုင်ငံတွေ ကို တင်ပို့မဲ့ပို့ကုန်ဟာ ယခုနှစ်မှာ ၁၀-၁၅ ရာခိုင်နှုန်း တိုးတက်မယ်လို့ စီးပွားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ရရှိလာမဲ့ အကျိုးအမြတ်တွေ အကြောင်းကို စီးပွားရေး လုပ်ငန်းရှင် တွေအပြည့်အဝနားလည် သဘောပေါက်ပြီး အကျိုးအမြတ်တွေ အပြည့်အ၀ အသုံးချနိုင်အောင် ဖေဖော်ဝါရီလမှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ပကုန်သွယ်မှုဦးစီးဌာန က ဆွေးနွေးပွဲတွေ ကျင်းပသွားမယ်လို့ ဌာနရဲ့ညွှန်ကြားရေးမှူးချုပ်ကပြောပါ တယ်။ သက်ကြီးရွယ်အို လူဦးရေတိုးတက်ပြီး စားသောက်ကုန် လုပ်ငန်းအတွက် လုပ်သားရှားပါးနေတဲ့ ဂျပန် လိုနိုင်ငံမျိုးတွေက ထိုင်းနိုင်ငံကို အမှာ စာတွေပို့လာနေပြီလို့ ဆိုပါတယ်။ မယ်လမင်း ပြဿနာဖြစ်ပြီးတဲ့နောက်မှာ ဂျပန်စားသုံးသူတွေက ထိုင်းထုတ်ကုန် တွေဘက ်ဦးလှည့်လာကြပါ တယ်။ လုပ် သားစရိတ်၊ ကုန်ကြမ်းစရိတ်သက်သာ ပြီး ထုပ်ပိုးမှုအရည်အသွေးကလည်း ထိုင်းနိုင်ငံက ဗီယက်နမ် ထက်သာလွန် ပါတယ်။ ပြုပြင်ပြီး အစားအစာ ဈေးကွက် ကျယ်ပြန့်လာတာနဲ့ အာဆီယံလွတ်လပ် တဲ့ ကုန်သွယ်မှု နယ်မြေတို့ကြောင့် ထိုင်း နိုင်ငံရဲ့ပြုပြင်ပြီး အစားအစာ ထုတ်လုပ်မှုကာလဟာ တိုးတက် လာနိုင်တယ်လို့ ထိုင်းစက်မှုလုပ်ငန်း အသင်းဥက္ကဌက ပြောကြားပါတယ်။ဦးတည်ရာလမ်း တစ်စုတည်းသောဈေးကွက်နဲ့ ကုန်ထုတ်လုပ်မှုအခြေခံဖွံ့ဖြိုးတိုးတက် လာဖို့အတွက် အာဆီယံစီးပွားရေး အသိုက်အဝန်းကို တည်ထောင်ဖို့နဲ့ အာဆီယံအဖွဲ့က ရည်မှန်းချက်ရှိပါ တယ်။ အာဆီယံစီးပွားရေးအသိုက် အဝန်းကို ၂၀၁၅ ခုနှစ်မှာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် အာဆီယံလွတ်လပ်တဲ့ ကုန်သွယ်ရေး ဒေသထူထောင်မှုအရ အာရှစီးပွားရေး အသိုက်အဝန်းရဲ့ စီမံချက်အရ ဆောင် ရွက်တာဖြစ်ပြီး အာရှစီးပွားရေးအသိုက် အဝန်းထူထောင်ရေးအတွက် ပထမ ခြေလှမ်းပဲဖြစ်ပါတယ်။ဉာဏ်တင်

Thursday, 14 Jan 2010

ကမ္ဘာ့ဘဏ် ၏ Task Force  ဖွဲ့စည်း တည်ထောင်ခြင်း   ၂၀၀၆ ခုနှစ် ဧပြီလတွင် ကမ္ဘာ့ဘဏ်မှ ကြီးမှူး၍ စီးပွားရေးပုံစံ (Economic Model) များကို လေ့လာ ဆန်းစစ်နိုင်ရန်အတွက် Task Force တစ်ရပ်အဖြစ် "Commission on Growth and Development " ကိုဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ အဆိုပါ Task Force ကော် မရှင်ကို နိုဘယ်ဆုရစီးပွားရေးပညာရှင် Michael Spence ကဥက္ကဌ အဖြစ် ဆောင်ရွက်ပြီး၊တောင်အာဖရိကနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး၊တရုတ်နိုင်ငံပြည်သူ့ ဘဏ် ဥက္ကဌ၊ အိန္ဒိယနိုင်ငံ Planning Commission ဒုတိယဥက္ကဌနှင့်အိန္ဒိယ ဝန်ကြီးချုပ် မိုဟန်ဆင်း၏ စီးပွားရေး အကြံပေး တို့အပြင်၊အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ရောဘတ်ရူဘင်တို့ အဖွဲ့ က အဖွဲ့ဝင်အဖြစ် ပါဝင်ကြပါသည်။ Commission on Growth and Development သည်ဖွံ့ဖြိုးဆဲနိုင်ငံ များအပေါ်လေ့လာမှုကို ၂၀၀၈ ခုနှစ် မေလတွင်ပြီးစီးခဲ့ပြီး၂၀၀၉ခုနှစ်အောက် တိုဘာလတွင် Fundamental Findingsများဖြင့်အတည်ပြုပေါ်ထွက်လာချက် များကိုအောက်ပါအတိုင်းတင်ပြအပ်ပါသည်။ဖွံ့ဖြိုးမှုထင်ရှားသည့်နိုင်ငံများ- ကိုရီးယားသမ္မတနိုင်ငံ၏ GDP Per Capita သည်လွန်ခဲ့သည့်နှစ် ၅၀ အချိန်က အမေရိကန် ဒေါ်လာ ၃၅၀ ရှိခဲ့ရာမှယနေ့အချိန်တွင် အမေရိကန် ဒေါ်လာ ၂၀၀၀၀ နီးပါးရှိလာကြောင်း၊- စင်ကာပူသည် ၁၉၆၀ ခုနှစ် ကသေးငယ်သည့်ငါးဖမ်းလုပ်ငန်းလုပ် ကိုင်သော ရွာအဆင့် GDP Per Capita အမေရိကန်ဒေါ်လာ ၄၂၇ရှိခဲ့ရာမှ ယနေ့အချိန်တွင် အမေရိကန်ဒေါ်လာ ၃၈၀၀၀ ရှိနေပြီဖြစ်ကြောင်း- တရုတ်နိုင်ငံသည် ၁၉၇၈ ခုနှစ်မှစ၍ ဈေးကွက်သို့အခြေခံသည့် စီးပွားရေးစနစ်သို့ ပြုပြင် ပြောင်းလဲခဲ့ရာ GDP Per Capitaသည်အမေရိကန် ဒေါ်လာ ၄၀၀ မှယနေ့အချိန်တွင် ၃၀၀၀ ရှိနေပြီး၊သန်းပေါင်းများစွာသော လူများကို ဆင်းရဲမွဲတေမှုမှ လွတ် မြောက်စေခဲ့ကြောင်း၊- အိန္ဒိယနိုင်ငံသည် ၁၉၉၁ ခုနှစ်မှစ၍စီးပွားရေးပြုပြင်ပြောင်းလဲမှု ကိုပြုလုပ်ခဲ့ရာ၊ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းသည် ပျမ်းမျှ တစ်နှစ်လျှင် ၆ ရာခိုင်နှုန်းဖြင့်တိုး တက်ခဲ့ပြီး၊လူဦးရေ သန်းပေါင်းများစွာ ကို ဆင်းရဲမွဲတေမှုမှကယ်တင်နိုင်ခဲ့ကြောင်း၊အောင်မြင်မှုရရှိစေသည့်အချက်များ ဈေးကွက်အခြေပြုစီးပွား ရေးစနစ်ဖြင့်ဆောင်ရွက်ခြင်း၊ထိရောက် တည်ငြိမ်သည့် ငွေကြေး ဆိုင်ရာ မူဝါဒရှိခြင်း၊ ရင်းနှီးမြှုပ်နှံမှု  Public Investment ပမာဏများပြားခြင်း၊ ကမ္ဘာ့စီးပွားရေး နယ်ပယ်သို့ ပိုမိုတိုးမြှင့်ဝင်ရောက်ခြင်း၊ စုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှု မြင့်မားခြင်း၊ နိုင်ငံရေး တည်ငြိမ်မှုနှင့် တရားဥပဒေ စိုးမိုးမှုရှိခြင်း၊ ဝင်ငွေမြင့်မား ရန်ဦးတည် ဆောင်ရွက်ခြင်း တို့ကြောင့် ဖြစ်ပါသည်။အားနည်းချက်များ- ဈေးကွက်အခြေပြုစီးပွား ရေးစနစ်ဖြင့်ဆောင်ရွက်နေသော်လည်း၊ ဈေးကွက်၏ လိုအပ်ချက်၊ နိုင်ငံ၏ စီးပွားမူဝါဒ၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူညီ သည့် စီးပွားရေး အခြေအနေမတူညီသည့်   ဝင်ငွေရရှိမှု အဆင့်တို့ကို ထည့်သွင်းစဉ်းစားမှု မရှိခြင်း၊- ထုတ်လုပ်မ ှုတိုးတက်ရန် မည်မျှပင် ကြိုးပမ်းနေစေကာမူ ဝင်ငွေ နိမ့်ကျသူနှင့် အလယ်အလတ် ရရှိသူများမှ တိုးတက်မှု၏နောက်တွင်အလှမ်းဝေး စွာကျန်နေခဲ့သည်ကိုစဉ်းစားမှုမရှိခြင်း၊- လူဦးရေ များစွာကို ဆင်းရဲမွဲတေမှုမှ လွတ်မြောက်စေခဲ့သည် ဆိုသော်လည်း၊ ဆင်းရဲမွဲတေမှု များစွာ ရှိနေသေးပြီး၊ အနည်းငယ်သော လူဦးရေသာ ချမ်းသာလျက် ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမား နေခြင်း၊ကော်မရှင်၏သုံးသပ်အကြံပြုချက်- နိုင်ငံပိုင် ကဏ္ဍမှကြီးမားသည့် ထိန်းချုပ်မှုဖြင့် ဆောင်ရွက်သည့် စီးပွားရေးစနစ်၊ သို့မဟုတ် ကမ္ဘာ့ စီးပွားရေး နယ်ပယ်သို့ဝင်ရောက်မှုမရှိသည့်စီးပွား ရေးစနစ်တို့သည် အောင်မြင်မှုရရှိ သည်ကို မတွေ့ရကြောင်း၊- ဈေးကွက်အခြေပြုသည့်စီး ပွားရေးစနစ်သည်သာ အကောင်းဆုံး Economic Model ဖြစ် ကြောင်း၊- သို့ရာတွင်စီးပွားရေး အကြပ်အတည်းက ပေးသည့် သင်ခန်းစာ အရမည် သူတစ်ဦး တစ်ယောက်မျှ အနိုင်ရ မှုမရှိ၍အနာဂတ်၏ ကာလတွင်ထပ်မံ မဖြစ်ပေါ်ရေးနှင့်စွန့်စားရမှုကို ကြိုတင် ကာကွယ်နိုင်ရန်အတွက် ငွေကြေးဆိုင် ရာမူဝါဒကို ပြုပြင်ပြောင်းလဲရန်နှင့် တည်ငြိမ် လုံခြုံမှုရှိသည့် ငွေကြေး ဆိုင်ရာမူဝါဒ(Sound Fiscal and Monetary Policy)ကိုချမှတ်ရန်၊- နိုင်ငံအစိုးရ၏ ရင်းနှှီးမြှုပ်နှံ မှုများကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျသည့် နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံရန်၊- နိုင်ငံအစိုးရသည် နိုင်ငံ၏ စီးပွားရေး ခိုင်မာရေး၊ အလုပ်အကိုင်ရရှိရေး၊ စီးပွားရေး အကျပ် အတည်း ရိုက်ခတ်မှုကို အကာအကွယ် အကူအညီပေးရေး တို့အတွက် အရေးပေါ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်။- ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကို နိုင်ငံများသည် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများ (ကိုယ်ကျိုး စီးပွား ကာကွယ်ရေး မူဝါဒ)ဖြင့် တုံ့ပြန်ပါက၊ ပျက်စီးမှုများ ဖြစ်ပေါ်စေမည့် ကုန်သွယ်ရေး စစ်ပွဲ(Trade Wars)ကို ဦးတည်စေနိုင်၍ နိုင်ငံအသီးသီးတို့သည် ကုန်သွယ်မှု ဆိုင် ရာ အဟန့်အတားများ ကျင့်သုံးခြင်းကို ရှောင်ရှားရန်။- အပြန်အလှန် အမှီသဟဲပြု မှုသည် ပိုမိုကြီးထွားလာသည် နှင့်အမျှ တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် ကိစ္စများ (Trade Wars)ကို ထိရောက်သည့် နိုင်ငံတကာ စီမံအုပ်ချုပ်မှု (Effective Global  Governance) ဖြင့် ဖြေရှင်း ဆောင်ရွက်ရန် လိုအပ်သဖြင့် ဈေးကွက် အခြေပြု စီးပွားရေး ပုံစံဖြင့် ဆောင်ရွက် နေသည့်နိုင်ငံအသီးသီးနှင့်နိုင်ငံတကာအဖွဲ့အစည်း တို့တွင် ခိုင်မာသည့် Effective  Governance  သည်အရေးအကြီး ဆုံးဖြစ်ကြောင်း ကမ္ဘာ့ဘဏ ်ကော်မရှင် မှဖေါ်ပြထားပါသည်။ဒေါ်ဝင်း

Sunday, 28 Jun 2009

လယ်ယာကဏ္ဍထွက်ကုန်တွေ ရဲ့ ရောင်းလိုအားမရေမရာဖြစ်မှုက ဈေးကွက်နဲ့ ဈေးနှုန်းအခြေအနေပေါ် သက်ရောက်မှုရှိနေတာကို ဖော်ထုတ်ထားတဲ့ ဘောဂဗေဒသီအိုရီတစ်ခု ဖြစ်ပါတယ်။ သီအိုရီကိုသရုပ်ဖော်ပုံဆွဲကြည့်တဲ့အခါ ပင့်ကူတစ်ကောင် အိမ်ဖွဲ့နေတာနဲ့တူလို့ ရှာဖွေဖော်ထုတ်ခဲ့တဲ့ ဟန်ဂေရီဘောဂဗေဒပညာရှင် နီကိုလပ်စ်ခါလ်ဒါ (၁၉ဝ၈-၁၉၈၆) ကပင့်ကူအိမ်သီအိုရီလို့ အမည်ပေးထားတာဖြစ်ပါလိမ့်မယ်။

Sunday, 28 Jun 2009

လယ်ယာကဏ္ဍထွက်ကုန်တွေ ရဲ့ ရောင်းလိုအားမရေမရာဖြစ်မှုက ဈေးကွက်နဲ့ ဈေးနှုန်းအခြေအနေပေါ် သက်ရောက်မှုရှိနေတာကို ဖော်ထုတ်ထားတဲ့ ဘောဂဗေဒသီအိုရီတစ်ခု ဖြစ်ပါတယ်။ သီအိုရီကိုသရုပ်ဖော်ပုံဆွဲကြည့်တဲ့အခါ ပင့်ကူတစ်ကောင် အိမ်ဖွဲ့နေတာနဲ့တူလို့ ရှာဖွေဖော်ထုတ်ခဲ့တဲ့ ဟန်ဂေရီဘောဂဗေဒပညာရှင် နီကိုလပ်စ်ခါလ်ဒါ (၁၉ဝ၈-၁၉၈၆) ကပင့်ကူအိမ်သီအိုရီလို့ အမည်ပေးထားတာဖြစ်ပါလိမ့်မယ်။

Sunday, 28 Jun 2009

လယ်ယာကဏ္ဍထွက်ကုန်တွေ ရဲ့ ရောင်းလိုအားမရေမရာဖြစ်မှုက ဈေးကွက်နဲ့ ဈေးနှုန်းအခြေအနေပေါ် သက်ရောက်မှုရှိနေတာကို ဖော်ထုတ်ထားတဲ့ ဘောဂဗေဒသီအိုရီတစ်ခု ဖြစ်ပါတယ်။ သီအိုရီကိုသရုပ်ဖော်ပုံဆွဲကြည့်တဲ့အခါ ပင့်ကူတစ်ကောင် အိမ်ဖွဲ့နေတာနဲ့တူလို့ ရှာဖွေဖော်ထုတ်ခဲ့တဲ့ ဟန်ဂေရီဘောဂဗေဒပညာရှင် နီကိုလပ်စ်ခါလ်ဒါ (၁၉ဝ၈-၁၉၈၆) ကပင့်ကူအိမ်သီအိုရီလို့ အမည်ပေးထားတာဖြစ်ပါလိမ့်မယ်။

Sunday, 28 Jun 2009

လယ်ယာကဏ္ဍထွက်ကုန်တွေ ရဲ့ ရောင်းလိုအားမရေမရာဖြစ်မှုက ဈေးကွက်နဲ့ ဈေးနှုန်းအခြေအနေပေါ် သက်ရောက်မှုရှိနေတာကို ဖော်ထုတ်ထားတဲ့ ဘောဂဗေဒသီအိုရီတစ်ခု ဖြစ်ပါတယ်။ သီအိုရီကိုသရုပ်ဖော်ပုံဆွဲကြည့်တဲ့အခါ ပင့်ကူတစ်ကောင် အိမ်ဖွဲ့နေတာနဲ့တူလို့ ရှာဖွေဖော်ထုတ်ခဲ့တဲ့ ဟန်ဂေရီဘောဂဗေဒပညာရှင် နီကိုလပ်စ်ခါလ်ဒါ (၁၉ဝ၈-၁၉၈၆) ကပင့်ကူအိမ်သီအိုရီလို့ အမည်ပေးထားတာဖြစ်ပါလိမ့်မယ်။

Saturday, 27 Jun 2009

လယ်ယာကဏ္ဍထွက်ကုန်တွေ ရဲ့ ရောင်းလိုအားမရေမရာဖြစ်မှုက ဈေးကွက်နဲ့ ဈေးနှုန်းအခြေအနေပေါ် သက်ရောက်မှုရှိနေတာကို ဖော်ထုတ်ထားတဲ့ ဘောဂဗေဒသီအိုရီတစ်ခု ဖြစ်ပါတယ်။ သီအိုရီကိုသရုပ်ဖော်ပုံဆွဲကြည့်တဲ့အခါ ပင့်ကူတစ်ကောင် အိမ်ဖွဲ့နေတာနဲ့တူလို့ ရှာဖွေဖော်ထုတ်ခဲ့တဲ့ ဟန်ဂေရီဘောဂဗေဒပညာရှင် နီကိုလပ်စ်ခါလ်ဒါ (၁၉ဝ၈-၁၉၈၆) ကပင့်ကူအိမ်သီအိုရီလို့ အမည်ပေးထားတာဖြစ်ပါလိမ့်မယ်။

Pages