Main menu

Background

Friday, 19 Mar 2010

ကမ္ဘာ့စီးပွားရေး အင်အားဗဟိုသည် အရှေ့ ဘက်သို့ ရွေ့နေပြီဆိုသည့် အကြောင်းအရာမှာ အသစ်အဆန်းမဟုတ်ပေ။ သို့သော်လည်း ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်းက စီးပွားရေးပါဝါကို အမေရိကန်နှင့် အနောက်ဥရောပတို့မှ အာရှသို့ တွန်းပို့လိုက်သည်ဟူသောအဆိုမှာ လက်လွှတ် စပယ် ပြောရာရောက်နေသည်။ ကမ္ဘာ့စီးပွားရေး တုံ့နှေးကျဆင်းနေရာမှ စီးပွားထွန်းသစ်စ အာရှ နိုင်ငံများသည် ဖွံ့ဖြိုးပြီးနိုင်ငံများထက် ပို၍မြန် ဆန်စွာ ပြန်လည် ထွက်မြောက်လာနိုင်ခဲ့သည်။ ထိုအာရှနိုင်ငံများ၏   ဘဏ်လုပ်ငန်းစနစ်နှင့် ေ<ကးမြီအခြေအနေမှာလည်း အတော်ပင် ကောင်း မွန်ခဲ့သည်။ တရုတ်နိုင်ငံသည်၂၀၀၉ ခုနှစ်တွင် ဂျာမနီကိုကျော်တက်ပြီး ကမ္ဘာ့ပို့ကုန် အများဆုံး ရောင်းချသည့်နိုင်ငံဖြစ်လာခဲ့သည်။ သို့သော်လည်း စီးပွားရေးပါဝါသည်  အရှေ့သို့  ရွေ့သွားခဲ့ပြီဟု ပြောလို့ရနိုင်ဦးမှာ မဟုတ်ပေ။ကုမ္ပဏီအများအပြား၏ မနှစ်က အမြတ် ငွေဝေစု စံချိန်တင်နိုင်ခဲ့သဖြင့် အာရှဒေသသည် ဘဏ်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းများ အတွက် အမှန်ပင် အရေးပါလာခဲ့သည်။ ဝါရင့် အမှုဆောင်အရာရှိများပင် အာရှသို့ပြောင်း၍ ရုံး ထိုင်လာကြသည်။ HSBCဘဏ်လုပ်ငန်းမှ အမှု ဆောင်အရာရှိချုပ်သည် လန်ဒန်မှဟောင်ကောင် သို့ ဖေဖော်ဝါရီလ တစ်ရက်နေ့တွင် တရားဝင် ပြောင်းရွှေ့ခဲ့သည်။ ၁၉၉၅ခုနှစ်မှစ၍ အာရှဒေသ ၏ အမှန်ဂျီဒီပီသည် နှစ်ဆကျော်တိုးတက်လာ ခဲ့သည်။ မော်ဂန်စတန်လီ ဘဏ္ဍာရေးလုပ်ငန်း၏ ခန့်မှန်းချက်တွင် အာရှဂျီဒီပီသည် ယခုနှစ်နှင့် လာမည့်နှစ်တို့တွင် ၇ရာခိုင်နှုန်းစီ တိုးလိမ့်မည်ဟု ဆိုထားသည်။ အမေရိကတွင် ၃ ရာခိုင်နှုန်းနှင့် အနောက်ဥရောပတွင် ၁ဒသမ ၂ရာခိုင်နှုန်း တိုးနိုင် သည့်အခြေအနေနှင့် နှိုင်းယှဉ်လျှင် အာရှ တိုး တက်မှုက သိသိသာသာ မြန်ဆန်နေသည်။သို့တိုင်အောင် ကိန်းဂဏန်းများကို သေချာ စိစစ်ကြည့်လျှင် စီးပွားရေးပါဝါ အနောက်မှ အရှေ့ သို့ ရွေ့နေပြီဆိုခြင်းမှာ ချဲ့ကားပြောကြတာ ဖြစ်နိုင် နေသည်။ အာရှငွေကြေးတန်ဖိုး ကျဆင်းလာသည့် အကြောင်းရင်း တစ်စိတ်တစ်ပိုင်းကြောင့် တစ် ကမ္ဘာလုံး ဂျီဒီပီတွင် အာရှ၏စုစုပေါင်း ဂျီဒီပီပါဝင်မှု အချိုးသည် ဈေးကွက်ငွေလဲနှုန်း ပေါက်ဈေးအရ ၁၉၉၅ ခုနှစ်က ၂၉ရာခိုင်နှုန်းရှိခဲ့ရာမှ မနှစ်က ၂၇ရာခိုင်နှုန်းသို့ ရောက်သွားသဖြင့် အမှန်တကယ် တမ်းမှာ ကျဆင်းသွားခြင်းဖြစ်သည်။ ၂၀၀၉ ခုနှစ် က အာရှဂျီဒီပီသည် အမေရိကထက် ကျော်လွန်ခဲ့ သော်လည်း အနောက်ဥရောပထက် အနည်းငယ် လျော့နည်းနေသေးသည်။ (ယခုနှစ်တွင် အနောက် ဥရောပကို ကျော်တက်နိုင်ပါသည်) ယင်းအချက် ကို အခြားနည်းဖြင့် အနက်ဖော်ရလျှင် ချမ်းသာ သော အနောက်၏ ကုန်ထွက် (Output)သည် ယနေ့ထက်တိုင်ပင် အာရှထက် နှစ်ဆလောက် ပိုကြီးနေသေးသည်ဟု ဆိုနိုင်သည်။အများလက်ခံထားကြသလို အာရှထုတ် လုပ်သူများ၏ ပို့ကုန်ဝေစုသည် ဆက်တိုက်ကြီးမား လာသည်ဆိုသည်မှာလည်း မဟုတ်ပေ။ ကမ္ဘာ့ ပို့ကုန်ပမာဏတွင် အာရှပါဝင်သည့်ဝေစုမှာ ယမန် နှစ်က ၃၁ရာခိုင်နှုန်းရှိသဖြင့် ၁၉၉၅ ခုနှစ်ကရှိခဲ့ သည် ၂၈ရာခိုင်နှုန်းထက် မဆိုစလောက်သာ တိုးလာခြင်းဖြစ်သည်။ တကယ်ဆိုလျှင် အနောက် ဥရောပ၏ ပို့ကုန်ဝေစုထက် နည်းနေသေးသည်။ ၁၉၈၀ပြည့်လွန်နှစ်များနှင့် ၁၉၉၀ပြည့်လွန် အစော ပိုင်းကာလအထိ အာရှ၏ကုန်ထွက်နှင့် ပို့ကုန်ဝေစု သည် မြန်ဆန်စွာမြင့်တက်ခဲ့သည်။ ထိုကာလ အတွင် တရုတ်ပြည်၏ ကုန်ထွက်နှင့် ပို့ကုန်ဝေစု ကြီးမားလာခဲ့သော်လည်း ဂျပန်တွင် ထက်ဝက် ကျော် ကျဆင်းသွားသဖြင့် ဘဲစားဘဲချေဖြစ်နေ သည်။အာရှစတော့ဈေးကွက်များ၏   စုစုပေါင်း အရင်းအနှီးသည် အမေရိကနှင့် ဥရောပတို့အသီး သီးထက် ပိုများပါသည်။ အာရှဗဟိုဘဏ်များသည် တစ်ကမ္ဘာလုံး သီးသန့်ငွေပမာဏ၏ သုံးပုံနှစ်ပုံကို လက်ဝယ်ကိုင်ထားနိုင်သဖြင့် အထင်ကြီးဖွယ်ဖြစ် သော်လည်း တရားဝင်သီးသန့်ငွေ အားလုံးပေါင်း လျှင်ပင် တစ်ကမ္ဘာလုံးရှိ ဘဏ္ဍာရေးရပိုင်ခွင့်များ (Financial assets) အားလုံး၏တန်ဖိုးနှင့် နှိုင်း ယှဉ်လျှင် ၅ရာခိုင်နှုန်းခန့်သာရှိသဖြင့် ကမ္ဘာ့ဘဏ္ဍာ ရေး ဈေးကွက်အပေါ် သီးသန့်ငွေလက်ကိုင်ထား ခြင်းဖြင့် သြဇာမလွှမ်းနိုင်ချေ။ ပုဂ္ဂလိကဓနအင်အား သည် အနောက်မှာပင် ရှိနေဆဲဖြစ်သည်။ကမ္ဘာ့လူဦးရေငါးပုံသုံးပုံသည် အာရှတွင်ရှိ သော်လည်း တစ်ကမ္ဘာလုံးပုဂ္ဂလိက ဝယ်ယူစားသုံး မှုတွင် အာရှသည် ငါးပုံတစ်ပုံသာရှိသည်။အမေ ရိက၏ စားသုံးမှုဝေစုသည် ၃၀ရာခိုင်နှုန်းအထိ ရှိ သည်။ သို့သော်လည်း ယမန်နှစ်က တစ်ကမ္ဘာလုံး တွင်ရောင်းချခဲ့သည့် မော်တော်ကား ၃၅ရာခိုင်နှုန်း၊ မိုဘိုင်းလ်ဖုန်း ၄၃ရာခိုင်နှုန်းသည် အာရှဈေးကွက် ၏ ရောင်းအား ဖြစ်နေသည်။ ထို့ပြင် အာရှသည် ၁၉၉၅ခုနှစ်က ကမ္ဘာ့စွမ်းအင်မှ ၂၆ ရာခိုင်နှုန်းသာ သုံးစွဲခဲ့သော်လည်း ယခုတော့ ၃၅ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲလာခဲ့ပြီဖြစ်သည်။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း စွမ်းအင်တိုးတက်သုံးစွဲမှု စုစုပေါင်း၏ သုံးပုံနှစ်ပုံကို အာရှက ပိုသုံးလာခြင်းဖြစ်သည်။ ဗြိတိသျှဝန်ကြီးချုပ်  ဝင်စတန်ချာချီက "နောက်ကြောင်းကို ဝေးဝေးပြန်ကြည့်နိုင်သမျှ ရှေ့ ကို ဝေးဝေး လှမ်းမြင်နိုင်လိမ့်မည်" ဟု ဆိုခဲ့ဖူးသည်။ လွန်ခဲ့သည့် ရာစု ၂၀အနက် ၁၈စုတွင် ကမ္ဘာ့ကုန် ထွက်၏ ထက်ဝက်ကျော်ကို အာရှကထုတ်လုပ် ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ စီးပွားရေးပါဝါ အရှေ့ သို့ ရွေ့ခြင်းဖြင့် ကမ္ဘာ့စီးပွားရေး အစီအစဉ်သစ် (New economic order)ပေါ်လာသည် ဆိုခြင်း မှာ ယခုမှအသစ်ဖြစ်လာခြင်း မဟုတ်။ ယခင်က ရှိခဲ့ပြီး အစီအစဉ်ဟောင်း ပြန်ပေါ်လာခြင်းသာ ဖြစ်သည်ဟု ဆိုပါသည်။ Ref: The Economistဦးဟန်ထွန်း(အခွန်)

Friday, 19 Mar 2010

ကမ္ဘောဒီးယား၊ တရုတ်နိုင်ငံ (ယူနန်ပြည် နယ်နှင့် ဂွမ်ရှီးပြည်နယ်)၊ လာအို၊ မြန်မာ၊ ဗီယက် နမ်နှင့် ထိုင်းနိုင်ငံတို့ပါဝင်သော မဟာမဲခေါင် ဒေသခွဲနိုင်ငံများ အဖွဲ့အစည်း(Greater Mekong Subregion-GMS) ကို (၁၉၉၂)ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပါသည်။ စတင်ဖွဲ့စည်းစဉ်က တရုတ်နိုင်ငံ ဂွမ်ရှီးပြည်နယ် (Guangxi Province) မပါဝင် သေးပဲ ၎င်းသည် ၂၀၀၅ ခုနှစ်က ဝင်ရောက်ခဲ့ပါ သည်။မဟာမဲခေါင်ဒေသခွဲ  ဖွဲ့စည်းပြီးနောက် ဒေသခွဲ၏ စီးပွားရေးကဏ္ဍအသီးသီးကို အရှိန် အဟုန်နှင့် ဖွံဖြိုးတိုးတက်ရန် အဖွဲ့ဝင်နိုင်ငံများ စုစည်းညှိနှိုင်း၍ လုပ်ငန်းမဟာဗျူဟာများ ချမှတ် ဆောင်ရွက်ခဲ့ပါသည်။ယနေ့ကမ္ဘာပေါ်တွင် ခရီးသွားလုပ်ငန်းကို နိုင်ငံအသီးသီးနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ပေးစွမ်းသော စီးပွားရေးလုပ်ငန်း တစ်ရပ်အဖြစ် ခံယူ၍ ၎င်းလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင် ရွက်လျက်ရှိရာ ယဉ်ကျေးမှု၊ သမိုင်းအစဉ်အလာ၊ သဘာဝအရင်းအမြစ်အပါအဝင် အခြားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးအရင်းအမြစ်များ ပေါ<ကွယ်၀ သော မဲခေါင်ဒေသခွဲသို့ ကမ္ဘာလှည့်ခရီးသည်များ ပိုမိုလာရောက်ပြီး  ဒေသခွဲအတွင်း နိုင်ငံအသီးသီး ၏ ပြည်သူများအတွက် စီးပွားရေး၊ လူမှုရေး  အကျိုးရလဒ်ဖြည့်ဆည်းပေးရန် ဦးတည်ချက်ထား ဆောင်ရွက်ခဲ့ပါသည်။အထူးသဖြင့် ခရီးသွားလုပ်ငန်းကို မဟာ မဲခေါင်ဒေသခွဲ၏  11 Flagship စီမံကိန်းများ အကောင်အထည်ဖော်ရန်  လုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်ပြီး မဲခေါင်ဒေသအား တစ်ခုတည်းသော ခရီးစဉ်ဒေသ (GMS as a Single Destination) အဖြစ် ပေါ်ပေါက်ရေး ဆောင်ရွက်ခဲ့ပါသည်။ ဒေသခွဲအတွင်း ခရီးသွားလုပ်ငန်း စနစ် တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာမဲခေါင် ဒေသခွဲ ခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်းကို ၂၀၀၆ ခုနှစ်တွင် အပြီးသတ်ရေးဆွဲခဲ့ပြီး ၂၀၀၈ ခုနှစ်၌ကျင်းပသော မဲခေါင်ထိပ်သီး အစည်းအဝေး တွင် အတည်ပြုခဲ့ပါသည်။ ယင်း မဟာဗျူဟာ စီမံကိန်းတွင် ဈေးကွက်မြှင့်တင်ရေး၊ ဦးစားပေးခရီး သွားဇုန်များဖွံ့ဖြိုးရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အမွေအနှစ်နှင့် လူမှုရေးအကျိုး သက်ရောက်မှုများ စီမံခန့်ခွဲရေး၊ နွမ်းပါးမှုလျော့ နည်းရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး၊ ပုဂ္ဂလိက ပါဝင်ပူးပေါင်းရေးနှင့် ရင်းနှီးမြှုပ်နှံရေးနှင့် နယ်စပ် ဖြတ်ကျော် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဟူသော နယ်ပယ်များအလိုက် ခွဲခြားထားသော စီမံကိန်း ၂၉ ခုကိုရေးဆွဲ၍ စီမံကိန်း အကောင်အထည်ဖော် ရေး၊ ဦးဆောင်နိုင်ငံများ သတ်မှတ်ကာ ထောက်ပံ့ ပေးသော အဖွဲ့အစည်းများ (Development Partners) ၏ ပံ့ပိုးမှုဖြင့် စီမံကိန်းအလိုက် ပါဝင် သော နိုင်ငံများ ပူးပေါင်းအကောင်အထည်ဖော် ရေး ဆောင်ရွက်လျက်ရှိပါသည်။ မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်း မဟာ ဗျူဟာစီမံကိန်းများ  အောင်မြင်စွာ  အကောင် အထည်ဖော်ရေးအတွက် အတွင်းရေးမှူးရုံးအဖြစ် လည်းကောင်း၊ နိုင်ငံအားလုံးပါဝင်သော ဈေးကွက် မြှင့်တင်ရေး မဟာဗျူဟာလုပ်ငန်း စီမံကိန်းများကို ဦးဆောင်ညှိနှိုင်း    အကောင်အထည်ဖော်ရန် အတွက် လည်းကောင်း၊  မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံး  (Mekong Tourism Coordination Office - MTCO) ကို ၂၀၀၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ ယနေ့ကာလတွင် ထိုင်းနိုင်ငံ၌ အခြေစိုက်ပြီး အမှုဆောင်ဒါရိုက်တာတစ်ဦး၊ စီမံ ကိန်း ညှိနှိုင်းရေးမှူးနှင့် အတွင်းရေးမှူးရှိပါသည်။ MTCO သည် ဒေသခွဲ၏ ခရီးသွားလုပ်ငန်း၊ ဈေး ကွက်မြှင့်တင်မှုလုပ်ငန်းရပ်များကို ဒေသတွင်းနှင့် နိုင်ငံတကာတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နေသကဲ့သို့ စီမံကိန်းများ အကောင်အထည်ဖော် ရေးနှင့် အဖွဲ့ဝင်နိုင်ငံများ ပါဝင်တက်ရောက်သော ခရီးသွားလုပ်ငန်း အဖွဲ့အစည်းအဝေးများကို ကျင်း ပရေးနှင့် ရှေ့အနာဂတ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ ဖော်ထုတ်ရေးတို့ကို ညှိနှိုင်းဆောင် ရွက်နေပါသည်။လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက် ရေးသည် ကဏ္ဍအသီးသီးအတွက် အရေးကြီး သကဲ့သို့ မဲခေါင်ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး ရေးတွင်လည်း မရှိမဖြစ်အရေးကြီးသော ကဏ္ဍ တစ်ရပ်အဖြစ် သတ်မှတ်ပြီး ခရီးသွားလုပ်ငန်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံ ကိန်း(၄)ရပ် ရေးဆွဲထည့်သွင်း အကောင်အထည် ဖော်လျက်ရှိပါသည်။ အထူးသဖြင့် လုပ်ငန်းကျွမ်း ကျင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ် ခြင်း  အလုပ်ရုံဆွေးနွေးပွဲများ  ကျင်းပခြင်းတို့ကို ဆောင်ရွက်ပါသည်။လူဦးရေ ၃၂၅ သန်းရှိသော မဟာမဲခေါင် ဒေသခွဲသို့ တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသည် ၂၅ သန်းခန့် လာရောက်လည်ပတ်နေပါသည်။  ခရီး သွားလုပ်ငန်းတွင် ဆောင်ရွက်နေကြသော စီမံ ခန့်ခွဲသူလုပ်သား သန်းချီရှိပြီး ဒေသခွဲ၏ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်၍ ၂၀၁၅ ခုနှစ်တွင် လုပ်သားအင်အား ၂ ဒသမ ၁၄ သန်း လိုအပ်လာမည်ဟု ခန့်မှန်းထားကြပါသည်။ သို့ဖြစ် ရာ ဒေသခွဲအတွင်း အရည်အချင်းပြည့်ဝသော လုပ်သားများ  ပြည့်ပြည့်၀၀  ပေါ်ထွက်လာရေး အတွက် နိုင်ငံများအားလုံး  အခါအားလျော်စွာ စုစည်းညှိနှိုင်း သုံးသပ်ဆွေးနွေး၍ လိုအပ်သော အစီအမံများ၊ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် လျက်ရှိပါသည်။မဟာမဲခေါင်ဒေသခွဲ၏  ခရီးသွားလုပ်ငန်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာ နိုင်ငံတကာဆွေးနွေးပွဲ (International Conference on GMS HAD in Tourism ) ကို ၂၀၁၀ပြည့်နှစ် ဇန်နဝါရီလ ၂၂ရက်မှ ၂၄ ရက် နေ့အထိ ထိုင်းနိုင်ငံ Hua Hin မြို့၌ ကျင်းပခဲ့ပါ သည်။ မဟာမဲခေါင်ဒေသခွဲ နိုင်ငံများ၏ ခရီးသွား လုပ်ငန်းကဏ္ဍမှ အစိုးရနှင့် ပုဂ္ဂလိကကိုယ်စားလှယ် များ၊ လူ့စွမ်းအားဖွံ့ဖြိုးမှု ပညာရေးဆိုင်ရာ အဖွဲ့ အစည်းများမှ ကျွမ်းကျင်သူများနှင့် ကိုယ်စား လှယ်များ ပါဝင်တက်ရောက်ခဲ့ပါသည်။ မြန်မာ နိုင်ငံ ဟိုတယ်နှင့် ခရီသွားလာရေးလုပ်ငန်း ဝန်ကြီး ဌာနမှ ကျွမ်းကျင်အကြံပေးပုဂ္ဂိုလ် ဒေါ်ကြည်ကြည် အေး၊ ကန်တော်ကြီးဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးဝင်းကြည် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရှင်များအသင်း  အလုပ်အမှုဆောင်  အဖွဲ့ဝင် ဦးအောင်ဒင်တို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ဆွေးနွေးပွဲကို နိုင်ငံတကာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (Foundation for International Human Resource Development - FIHRD) ထိုင်းနိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီ၊ ထိုင်းနိုင်ငံခရီးသွားလုပ်ငန်း အား ကစား ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့၊ ထိုင်းနိုင်ငံ ခရီးသွားစီမံခန့်ခွဲမှုအသင်း၊ လူ့ စွမ်းအားဖွံ့ဖြိုးမှု ပေါင်းစည်းရေးဗဟိုဌာနနှင့် Stamford International University တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပါသည်။ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင်  ကျင်းပရာ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E Mr Abhisit Vejjajiva တက်ရောက်ဖွင့်လှစ်ပေးပါသည်။ ဆွေးနွေးပွဲပထမ နေ့တွင် ပါမောက္ခ Dr.Chira Hongladarom က မဟာမဲခေါင်ဒေသခွဲအတွင်း လူ့စွမ်းအား အရင်း အမြစ်ဆိုင်ရာ သုတေသနပြုဖော်ထုတ်ခြင်း စာ တမ်းကို ဖတ်ကြားတင်သွင်းဆွေးနွေးကြပြီး လာအို၊ တရုတ်(ယူနန်ပြည်နယ်)နှင့် ကမ္ဘောဒီးယားနိုင်ငံ များမှ ကိုယ်စားလှယ်အဖွဲ့  ခေါင်းဆောင်တို့က လက်ရှိ  ခရီးသွားလုပ်ငန်းနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးမှုဆိုင်ရာများကို  ရှင်းလင်းတင်ပြကြ ပါသည်။လာအိုနိုင်ငံသည် ၂၀၀၉ခုနှစ်တွင် ခရီးသည် ၁ဒသမ ၇သန်းလာရောက်ခဲ့ပြီး ဝင်ငွေအမေရိကန် ဒေါ်လာ ၂၇၅ ဒသမ ၅သန်း ရရှိပါသည်။ အာရှ-ပစိဖိတ်ဒေသများက  အဓိက လာရောက်ကြပါ သည်။ ခရီးသွားလုပ်ငန်း တွင်လုပ်ကိုင်နေကြသော လုပ်သားအင်အားသည် တစ်နိုင်ငံလုံးရှိ လုပ်သား အင်အား၏ ၅ရာခိုင်နှုန်းရှိပါသည်။ တိုက်ရိုက် လုပ်ကိုင်နေသူ လုပ်သား ၂၂၀၀၀ ရှိပြီး ဆက်စပ် ဆောင်ရွက်သူဦးရေ သုံးသိန်းမှ လေးသိန်း ရှိပါ သည်။ အဓိကအားဖြင့် ခရီးသွားလုပ်ငန်း ဟိုတယ် များ၊ စားသောက်ဆိုင်များ၌ လုပ်ကိုင်ကြပါသည်။ ၂၀၁၅ခုနှစ်တွင် ခရီးသွားလုပ်ငန်း အလုပ်အကိုင် ပေါင်း တစ်သိန်းခန့် ထပ်မံပေါ်လာမည်ဖြစ်သည်။ ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရေးကို အဓိကအား ဖြင့် ပညာရေးဌာနကဖြည့်ဆည်းပေးပါသည်။ ခရီး သွားလုပ်ငန်း၊ အသက်မွေးပညာနှင့် တက္ကသိုလ် ပညာကျောင်းများအတွက် ဘဏ္ဍာရေးအထောက် အပံ့ သင်ရိုးညွှန်းတမ်းနှင့် အသိအမှတ်ပြုမှုများကို တာဝန်ယူ ဆောင်ရွက်ပါသည်။ အစိုးရမှဖွင့်လှစ် သော တက္ကသိုလ်များအဖြစ် ပုဂ္ဂလိကသင်တန်း ကျောင်းများကလည်း အချိန်ပိုင်း၊ အချိန်ပြည့် သင် တန်းများ ဖွင့်လှစ်သင်ကြားပါသည်။ ပညာရေး ဝန်ကြီးဌာနက အသိအမှတ်ပြုနိုင်ငံတွင်း အသက် မွေးနှင့် ကျွမ်းကျင်မှု ဟိုတယ်သင်တန်းကျောင်း၉ ကျောင်းရှိပါသည်။ လာအို အမျိုးသားတက္ကသိုလ် သည် ခရီးသွားနှင့် ဟိုတယ်စီမံခန့်ခွဲမှု ဘွဲ့နှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုဘွဲ့ များ ပေးပါသည်။ ၎င်းအပြင် ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်ဆိုင်ရာ  သင်တန်းကျောင်း၊  လာအို ဟိုတယ်နှင့် စားသောက်ဆိုင်အသင်း၊ လာအို ခရီး သွားလုပ်ငန်းရှင်များနှင့် ပုဂ္ဂလိက ကောလိပ်များ အသင်း၊ ဧည့်လမ်းညွှန်၊ ဟိုတယ်နှင့် နိုင်ငံခြား ခရီးသည်သင်တန်းများ ပို့ချလျက်ရှိပါသည်။လာအိုနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ စိန် ခေါ်မှုများမှာ လုပ်ငန်းနယ်ပယ်မှ လိုအပ်ချက်များ ပြည့်ဝအောင်  နိုင်ငံတကာအဆင့်မီ  အရည် အသွေးပြည့်ဝသော သင်တန်းများ၊ လုံလုံလောက် လောက် ဖြည့်ဆည်းပေးရန်ပင် ဖြစ်ပါသည်။ ထို့ ကြောင့် ပညာသင်  လုပ်သားအင်အားကို လုံ လောက်စွာ ဖြည့်ဆည်းပေးရုံမျှမက ကျွမ်းကျင် သော လုပ်သားများ မွေးထုတ်ပေးရေးသည်လည်း အရေးကြီးကြောင်း လာအိုနိုင်ငံက ရှင်းလင်းတင်ပြ သွားပါသည်။ လာအိုနိုင်ငံသည် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး မဟာစီမံကိန်းရေးဆွဲခြင်း၊ စွမ်းရည်မြှင့်တင်ခြင်း၊ သင်ရိုးညွှန်းတမ်းများနှင့် သင် ထောက်ကူပစ္စည်းများ ဖွံ့ဖြိုးခြင်း၊ အမျိုးသား ခရီး သွားနှင့် ဟိုတယ်သင်တန်းကျောင်း ဖွံ့ဖြိုးခြင်းနှင့် ဒေသအနှံ့ သင်ကြားခြင်းဟူသော ဧရိယာ ၅ ရပ် အတွက် ယူရိုငွေ ၅ ဒသမ  ၅ သန်း ကုန်ကျမည့် Luxembourg အစိုးရမှ   ငါးနှစ်စီမံကိန်းကို အကောင်အထည်ဖော်လျက် ရှိပါသည်။ကြည်ကြည်အေး(ခရီးမြှင့်)(ဆက်လက်ဖော်ပြပါမည်)

Friday, 19 Mar 2010

၂၀၀၈ခုနှစ် ဆောင်းရာသီ မှာအာတိတ် ဒေသရဲ့ ပျမ်းမျှအပူချိန်ဟာ ၅ ဒီဂရီ စင်တီဂရိတ် မြင့်တက်ခဲ့ပါတယ်။ အဲဒီအပူချိန်ကြောင့် ဝင်ရိုးစွန်း ရေခဲပြင်တွေဟာ ပါးလွှာလာပြီး ရေခဲပြင်ဧရိယာ ဟာ ကျုံ့ဝင်လာနေပါတယ်။ ဒါကြောင့် ဝင်ရိုးစွန်း (ပိုလာ)ဝက်ဝံဖြူလို ရေခဲပြင်ပေါ်မှာ ကျက်စားနေ ရတဲ့ သတ္တဝါတွေအတွက် ပြေးစရာရေခဲပြင်မရှိတဲ့ ဘဝကို တဖြည်းဖြည်း ဦးတည်နေပါပြီ။ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ပိုလာဝက်ဝံဖြူလို အအေး ပိုင်း သတ္တဝါတွေထက် အပူပိုင်းအပင်နဲ့ သတ္တဝါ မျိုးစိတ်တွေက ပိုပြီးခံနေရပြီဖြစ်ပါတယ်။အပူ ပိုင်းဒေသ မြေနိမ့်ပိုင်းမှာရှိကြတဲ့ ဇီဝမျိုးစိတ် အများအပြားဟာ ရာသီဥတု ပူပြင်းလာတဲ့ အတွက် မျိုးတုံးရမယ့်အန္တရာယ်နဲ့ ကြုံတွေ့နေ ရ ပါ တယ်။ သုတေသီအချို့က နောက်ထပ် အပူချိန် ၃ဒသမ ၂ဒီဂရီစင်တီဂရိတ် တက်လာ ရင် မြေနိမ့်ပိုင်းရှိအပူပိုင်းမျိုးစိတ်ပေါင်း ၁၉၀၀ ကျော်အနက် ထက်ဝက်ကျော်ဟာ မျိုးတုံး ပျောက်ကွယ်သွားနိုင်တယ်လို့ ဆိုပါတယ်။ အချို့အပင်နဲ့ သတ္တဝါတွေဟာ နေရင်း ဒေသမှာ အပူချိန်တက်လာရင် ပို၍အေးတဲ့ မြောက်ပိုင်း၊ ဒါမှမဟုတ် တောင်ပိုင်းကို ပြောင်းရွှေ့ရှင်သန်နိုင်ကြပါတယ်။ တချို့မျိုးစိတ်တွေက ပို၍မြင့်တဲ့အရပ်ကို ပြောင်းရွှေ့ကြ ပါတယ်။ ဥရောပတိုက်မှာ ပေ ၃၀၀၀နဲ့အထက် တောင်စောင်းတွေမှာတွေ့ရတဲ့ အပိုလိုလိပ်ပြာတွေ ဟာ ပူပြင်းလာတဲ့ရာသီဥတုကို ရှောင်ကွင်းဖို့ ပိုပြီး မြင့်တဲ့နေရာတွေကို ရွှေ့ပြောင်းနေထိုင်ကြကြောင်း လေ့လာတွေ့ရှိရပါတယ်။ အနောက်ဥရောပ အပင်မျိုးစိတ် ၁၇၁ မျိုးဟာလည်း ပိုပြီးမြင့်၊ ပိုပြီး အေးတဲ့ နေရာတွေကို တဖြည်းဖြည်းချင်း ရွှေ့ ပြောင်း ပေါက်ရောက်နေကြတာ တွေ့ရပါတယ်။ တချို့မျိုးစိတ်တွေဟာ ပြောင်းလဲနေတဲ့ ရာသီဥတု အခြေအနေနဲ့ အမီလိုက်ပြီး မပြောင်းနိုင်ကြသလို၊ တချို့လုံးဝမရွှေ့ပြောင်းနိုင်တဲ့ မျိုးစိတ်တွေ လည်း ရှိကြပြီး ဆက်လက်မရှင်သန်နိုင်တော့ဘဲ မျိုးတုံး ပျောက်ကွယ် သွားခဲ့ကြရပါတယ်။ ဇီဝမျိုးစိတ်တွေ မျိုးတုံးမယ့်အန္တရာယ်ဟာ တဖြည်းဖြည်း ကြီးမားလာလျက်ရှိရာ ပညာရှင် အချို့ဟာ ကမ္ဘာပေါ်ရှိ ဇီဝမျိုးကွဲ (Bio deversity) တွေ<ကယ်ဝတဲ့ ဒေသခြောက်ခုကို သုတေ သနပြုခဲ့ ပါတယ်။ အဲဒီဒေသတွေမှာရှိတဲ့ အပင် တွေ၊ နို့တိုက်သတ္တဝါတွေ၊ တွားသွားသတ္တဝါတွေ၊ ဖားတွေ၊ လိပ်ပြာတွေနဲ့ တခြားကျောရိုးရှိတဲ့ သတ္တဝါမျိုးစိတ်ပေါင်း ၁၁၀၃ မျိုးရဲ့ ရာသီဥတု ပြောင်းလဲမှု တုံ့ပြန်ပုံကို လေ့လာခဲ့ရာမှာ ၂၀၅၀ ပြည့်နှစ်ရောက်ရင် မျိုးတုံးပျောက်ကွယ်နိုင်တဲ့ မျိုးစိတ် အရေအတွက်ဟာ သန်းနဲ့ချီပြီး ရှိနိုင် တယ်လို့ သိရပါတယ်။သဘာဝနဲ့သဘာ၀ သယံ ဇာတများ ထိန်းသိမ်းရေး နိုင်ငံတကာသမဂ္ဂရဲ့ လေ့လာချက်အရ စိုးရိမ်စရာကောင်းလောက် အောင် အရေအတွက် လျော့နည်းလာနေတဲ့ မျိုးစိတ်အရေအတွက်ဟာ ၄၄၈၃၈ မျိုးရှိပြီး အဲဒီထဲက ၁၆၂၉၈ မျိုးဟာ မျိုးတုံးတဲ့အထိ ဖြစ်သွားနိုင်တယ် လို့သိရပါတယ်။ ရာသီဥတု ပြောင်းလဲမှု ကြောင့် ပထမဆုံး မျိုးတုံးသွားခဲ့တဲ့ မျိုးစိတ်တစ်မျိုးကို ပညာရှင်တွေက မကြာမီကပဲ သိရှိခဲ့ရပါတယ်။ အဲဒီမျိုးစိတ်ကတော့ အာဖရိကတိုက် အော်စတာရီကာနိုင်ငံမှ ရွှေရောင် ဖားပြုပ်(Extinct Golden Toad) ဖြစ်ပါတယ်။ဒီရွှေရောင်ဖားပြုပ်တွေဟာ ကော်စတာရီကာနိုင်ငံ မွန်းဗာ့ဒ်ဒေသ ပေ ၄၀၀၀ ကျော်မြင့်တဲ့ တောင် စောင်း သစ်တောတွေမှာ နေထိုင်ခဲ့ကြပါတယ်။ပုံမှန်ရာသီဥတုရှိစဉ်က ရွှေရောင်ဖားပြုပ်ရာပေါင်း များစွာဟာ နှစ်စဉ် ဧပြီလဝန်းကျင်မှာ တောင် စောင်း ရေကန်တစ်ခုအတွင်း စုရုံးနေတတ်ခဲ့ကြ ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော် ခန့်ကစပြီး အဲဒီဒေသမှာ အပူချိန် တက်လာတဲ့ အတွက်ကြောင့် ရွှေရောင်ဖားပြုပ်အရေအတွက် ဟာ တဖြည်းဖြည်းလျော့နည်းလာခဲ့ပါတယ်။၁၉၈၈ ခုနှစ်ရောက်တော့ ၁၀ ကောင်သာကျန် ပါတယ်။၁၉၈၉ ခုနှစ်ရောက်တော့ တစ်ကောင်ပဲ တွေ့ရပြီး နောက် ယခုချိန်အထိ တစ်ကောင်မျှမတွေ့ရတော့ တဲ့အတွက် ကမ္ဘာပေါ်မှ မျိုးတုံးပျောက်ကွယ်သွား ခဲ့ပြီလို့ယူဆရပါတယ်။ ဒေသတစ်ခုမှာ ဇီဝမျိုးကွဲတွေ များပြားစွာ တွေ့ရှိရရင် အဲဒီဒေသရဲ့ ဇီဝစနစ်ဟာကောင်းမွန် တယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိ အခြေအနေမှာ မျိုးစိတ်အ ရေအတွက်တိုးလာဖို့နေနေသာ ဆုတ် ယုတ် လျော့နည်းလာ နေပါတယ်။ မျိုးတုံးလာရတဲ့ အကြောင်းရင်းတွေကတော့ ကမ္ဘာ့လူဦးရေ များ ပြားလာပြီး တိရစ္ဆာန်တွေကို အလွန်အကျွံဖမ်းဆီး သတ်ဖြတ်ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းလာခြင်း၊ သစ်တောတွေ ခုတ်လှဲကြတဲ့အတွက် သတ္တဝါတွေ နေထိုင်စရာ ပျက်စီးခြင်း၊ အစားအစာ အတွက် အပြိုင် ရှာဖွေလာရခြင်းတွေကြောင့်အပြင် ယခု အခါမှာ ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတု ပြောင်း လဲလာမှုကြောင့် အဓိကဖြစ်လာပါတယ်။ လောလောဆယ် တစ်ရက်ကို ဇီဝမျိုးစိတ် ၁၀၀ နှုန်း ခန့် မျိုးတုံးပျောက်ကွယ်နေတယ်လို့ ခန့်မှန်း ကြပါတယ်။ ယနေ့ကမ္ဘာမှာ မျိုးစိတ် ပေါင်း တစ်သန်းခွဲခန့်ကို စနစ်တကျ မှတ်တမ်း တင် ထားရှိပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ ထဲမှာ အပင်မျိုးစိတ်ပေါင်း သုံးသိန်းခန့်နဲ့ သတ္တ ဝါမျိုးစိတ်ပေါင်း တစ်သန်းနှစ်သိန်းခန့် ပါဝင် ပါတယ်။ မှတ်တမ်းမတင်နိုင်သေးတဲ့ မျိုးစိတ် ပေါင်း ၅ သန်းကနေ သန်း ၃၀ ခန့်အထိ ရှိဦး မယ်လို့ ခန့်မှန်းကြပါတယ်။ ကမ္ဘာ့အပူချိန်ဟာ လက်ရှိထက် နောက်ထပ် ၂ ဒီဂရီမှ ၃ ဒီဂရီ ဖာရင်ဟိုက်တက်လာရင် ကမ္ဘာပေါ်ရှိ မျိုးစိတ် သုံးပုံ တစ်ပုံခန့်ဟာ မျိုးတုံးပျောက်ကွယ်သွား နိုင်တဲ့ အန္တရာယ်ရှိနေကြောင်းပါ ခင်ဗျား။ ။Ref: Economist မောင်ပုဆိုးကြမ်း

Thursday, 11 Mar 2010

     ပါဝါစတီယာရင်ပြဿနာကြောင့် ယာဉ်တိုက်မှု ၁၄ ခု ဖြစ်ပွားသဖြင့် မြောက်အမေရိကရှိ ကား ၁ ဒသမ ၃ သန်းကို ဂျင်နရယ် မော်တာကုမ္ပဏီက ပြန်လည်သိမ်းယူခဲ့ပါတယ်။

Thursday, 11 Mar 2010

     ဂျပန်ကားကုမ္ပဏီဥက္ကဌ အာကီအိုတိုယိုဒါက ကမ္ဘာ့အကြီးဆုံး မော်တော်ကား ဈေးကွက်ဖြစ်တဲ့ တရုတ် နိုင်ငံရှိ ဖောက်သည်တွေ ကို တောင်း ပန်ခဲ့ပါတယ်။

Thursday, 11 Mar 2010

     တိုယိုတာမော်တော်ကားများတွင်အန္တရာယ် ကင်းရှင်းမှုနှင့် ပတ်သက်သော ချို့ယွင်းချက်များ တွေ့လာရသဖြင့် ကမ္ဘာတစ်ဝန်း လုံးသို့ ရောင်းချခဲ့ပြီးဖြစ်သည့် မော်တော်ကားမိုဒယ်အချို့မှ စီးရေ အများအပြားကို ကုမ္ပဏီက ပြန်လည်သိမ်းဆည်း နေရသည်။

Wednesday, 10 Mar 2010

    ပြင်သစ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှု အခြေအနေပြစာရင်းဇယားများကို ၂ဝ၁ဝ ပြည့်နှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ပြင်သစ်နိုင်ငံ ပြည်ပကုန် သွယ်ရေးဝန်ကြီး Mme.Anne-Marie Idrac  က ထုတ်ပြန်ခဲ့သည်။

Wednesday, 10 Mar 2010

     တချို့လူတွေက ကမ္ဘာကြီး ပူနွေးလာနေတာကို မယုံကြည်ကြဘူး။ ဖြစ်ရိုးဖြစ်စဉ် သဘာဝ တရားကြီးရဲ့ ပြောင်းလဲမှုရလဒ်လို့ပဲ ယုံကြည်နေ ကြပါတယ်။

Monday, 8 Mar 2010

မြန်မာ့ရေကြောင်းသဘာဝအရ မြန်မာနိုင်ငံအနှံ့အပြားမှာ အလေ့အကျ ပေါက်နေကြတဲ့ သဘာဝသစ်ဥသစ်ဖု ဖြစ်တဲ့ "ဝဥ" က အခုတော့ ပြည်ပနိုင်ငံ ခြားငွေ ရရှိစေတဲ့ ပြည်ပပို့ကုန်အဖြစ် လူသိများလာပါပြီ။"ဝဥ" ကို ဘာကြောင့်လူသိများလာတာလဲ "ဝဥ"ကို လူသိများလာတဲ့ အကြောင်း အရင်းကို လေ့လာတဲ့အခါ "ဝဥ"က ဆေးဖက်ဝင်သစ်ဥ သစ်ဖုဖြစ်သလို စား သောက်ကုန်အမျိုးမျိုးကိုလဲ ထုတ်လုပ် စားသုံးနိုင်တဲ့အတွက် ဂျပန်နိုင်ငံအပါ အဝင် နိုင်ငံများမှ ကြိုက်နှစ်သက်စွာ အသုံးပြုကြကြောင်း သိရပါတယ်။ဆေးဖက်ဝင်တဲ့ "ဝဥ" "ဝဥ"ရဲ့ ဆေးဖက်ဝင်ပုံကို လေ့လာ ကြည့်တော့ "Glucomannan" ဆိုတဲ့ ဓါတ်ပါဝင်မှုဟာ "ဝဥ" တစ်မျိုးတည်းမှာ သာရှိပြီး ဒီဓါတ်က ကယ်လိုရီ (Calorice) အလွန်နည်းတဲ့အတွက် ဝဖြိုးမှုကို တားဆီးနိုင်ကြောင်း၊ ရေမှာပျော်ဝင်မှု များပြီး ဖောင်းပွအားမြင့်မားတဲ့အတွက် စားသုံးသူကို ဆာလောင်မှုပြေပျောက် စေပြီး တင်းတိမ်မှုကို ပေးစွမ်းနိုင်ကြောင်း၊ ဒါကြောင့် အဆာခံနိုင်ပြီး နောက်ဆက် တွဲအနေနဲ့ ခန္ဓာကိုယ်သွယ်လျချပ်ရပ် စေကြောင်းစတဲ့ အစွမ်းအာနိသင်တွေ ကို သိရပါတယ်။ ဒါ့ပြင် "ဝဥ" မှာ အမျှင် ဓါတ်<ကယ်ဝတဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်းကို သန့်ရှင်းစေတယ်။ ဒီအမျှင်ဓါတ်တွေက အဆိပ်အတောက် တွေကို စုပ်ယူဖယ်ရှားပေးတဲ့အတွက် ကင်ဆာရောဂါ အထူးသဖြင့်အစာအိမ် နဲ့ အူလမ်းကြောင်းကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်လို့လည်း သိရပါ တယ်။ ပြီးတော့သွေးထဲမှာ ပိုလျှံနေတဲ့ ကိုလက်စထရော (Colestrol) ကို စုပ် ယူဖယ်ရှားပေးတဲ့ရလဒ်ကြောင့် နှလုံး ရောဂါကို ကာကွယ်ပေးနိုင်ခြင်း၊ ပိုလျှံ တဲ့ သကြားဓါတ်တွေကို စုပ်ယူဖယ်ရှား ပေးတဲ့အတွက် ဆီးချို၊ သွေးချိုရောဂါ တွေကို ကာကွယ်ပေးနိုင်ခြင်းစတဲ့ အစွမ်းတွေကိုလည်း လေ့လာသိရှိရပါ တယ်။ ဒီလိုဂုဏ်သတ္တိထူးတွေ ပြည့်စုံ <ကယ်ဝပြီး လူသားတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို အထောက်အကူပြုနေတဲ့ သဘာဝသစ် ဥသစ်ဖုဖြစ်တာကြောင့် "ဝဥ"ကို လူ ကြိုက်များနေကြတာဖြစ်ကြောင်းပါ။စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်တဲ့ "ဝဥ" "ဝဥ" ကနေ စားသောက်ကုန်အမျိုး မျိုးထုတ်လုပ်စားသုံးကြတာကို လေ့လာ ကြည့်ရာ"ဝဥ"က ဂျပန်လူမျိုးရဲ့ အမျိုး သားအစားအစာဖြစ်ပြီး"ဝဥ"ကထုတ် လုပ်တဲ့ စားသောက်ကုန်အမျိုးမျိုးကို နှစ်သက်စားသုံးကြတယ်လို့ သိရပါ တယ်။ "ဝဥ"ကနေ ခေါက်ဆွဲ၊ ကြာဇံ၊ အသားတု၊ စွပ်ပြုတ်စတဲ့ စားသောက် ဖွယ်ရာတွေ ပြုလုပ်တဲ့အပြင် အာလူး ကို ဟင်းချက်စားလို့တစ်မျိုး၊ တို့ဟူးလုပ် ပြီးသုပ်စား၊ ချက်စားလို့တဖုံ စုံလင်စွာ စားသောက်ကြပါတယ်တဲ့။ ဒါ့အပြင် အချိုပွဲအနေနဲ့ "ဝဥ"နဲ့လုပ်တဲ့ ဂျယ်လီ၊ ကျောက်ကျော၊ ပူတင်း၊ တော်ဖီနဲ့ သကြားလုံးတွေကို လည်း နှစ်ခြိုက်စွာ စားသုံးကြပါတယ်တဲ့။ ဂျပန်မှာ တစ်နှစ် ကို "ဝဥ" စားသုံးမှုတန်ချိန် ၅၀၀၀ ခန့်ရှိ တယ်လို့ သိရတဲ့အတွက် "ဝဥ"ရဲ့ပို့ကုန် ဈေးကွက်က အခိုင်အမာရှိနေတာ သေ ချာပါ တယ်။မြန်မာ့ဝဥခြောက်တင်ပို့မှုအခြေအနေ မြန်မာ့ဝဥခြောက်ကို ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့နေပြီး၊ စင်ကာပူနိုင်ငံ သို့ ဒုတိယနဲ့ မလေးရှားနိုင်ငံသို့ တတိယ အများဆုံးတင်ပို့လျက်ရှိပါတယ်။ ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှာ ပုံမှန်ကုန် သွယ်မှုလမ်းကြောင်းမှ "ဝဥခြောက" တန် ချိန် ၂၃၀ ကျော်၊ အမေရိကန်ဒေါ်လာ ၂ သန်းခွဲကျော်ဖိုး တင်ပို့ခဲ့ပြီး နယ်စပ် ကုန်သွယ်မှုလမ်းကြောင်းမှ တန်ချိန် ၃၀၀၀ ခန့်၊ ကန်ဒေါ်လာ ၄ သန်းကျော် ဖိုးတင်ပို့ခဲ့ကြောင်း လေ့လာသိရှိရပါ တယ်။ ၂၀၀၉-၂၀၁၀ ဇန်နဝါရီလအထိ ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ "ဝဥ ခြောက်" တန်ချိန် ၃၃၆ တန်ကျော်၊ ကန်ဒေါ်လာ ၂ ဒသမ ၇ သန်းကျော် ဖိုး တင်ပို့ခဲ့ပြီး နယ်စပ်ကုန်သွယ်မှုလမ်း ကြောင်းမှ တန်ချိန် ၂၀၀ ကျော်၊ ကန် ဒေါ်လာ ၂ သန်းခွဲဖိုးခန့် တင်ပို့တယ်လို့ သိရှိရပါတယ်။ ဂျပန်နိုင်ငံကို အများဆုံး တင်ပို့ခဲ့တာပါ။ "ဝဥခြောက်"ဈေးနှုန်း အနေနဲ့ ၂၀၀၄-၂၀၀၅ ခုနှစ်က တစ်တန်ကို ကန်ဒေါ်လာ ၈၀၀ ခန့်သာ ရှိခဲ့ရာက ယခုဆိုရင် ဈေးကောင်းပိုမိုရရှိ လာပြီး တစ်တန်ကို ကန်ဒေါ်လာ ၂၅၀၀ ခန့်ရရှိနေတဲ့ အတွက် အကျိုး အမြတ်ရရှိမယ့် ပို့ုကုန်အမယ်ဖြစ်လာပါ ပြီ။ "ဝဥ"ရဲ့ အကျိုးအာနိသင်ကို သိရှိ အသုံးပြုသူများလာတဲ့အတွက် ဂျပန် နိုင်ငံသာမက၊ ကိုရီးယား၊ ထိုင်ဝမ်၊ ကနေဒါနဲ့ ဥရောပ နိုင်ငံများသို့ "ဝဥ" ဈေးကွက်တိုးချဲ့တင်ပို့နိုင်ဖို့ အလား အလာကောင်းတွေရှိလာပါပြီ။မြန်မာ့"ဝဥ"နဲ့ GSP အခွင့်အရေး မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ သီရိလင်္ကာနိုင်ငံများရဲ့"ဝဥ"တင်ပို့မှုကို ဂျပန်နိုင်ငံက မက်ထရစ်တန် ၂၄၀ ခွဲ တမ်းပေါ်မှာ အခွန်ကင်းလွတ်ခွင့် (GSP) အခွင့်အရေးပေးထားကြောင်းနဲ့ ခွဲတမ်းကျော်ရင်တော့ တစ်ကီလိုဂရမ်ကို အမေရိကန် ၂၉ ဒေါ်လာ အခွန်ကောက် ခံတယ်ဆိုတာ သိရပါတယ်။ နိုင်ငံ ၄ နိုင်ငံအနက် မြန်မာနိုင်ငံက "ဝဥ"အများ ဆုံးထွက်ပြီး ကျန်သုံးနိုင်က မထွက် သလောက်ဆိုတာကိုလဲ သိရတဲ့အတွက် GSP အခွင့်အလမ်းကို မြန်မာတို့ မိမိရရ ဖမ်းဆုတ်ရယူနိုင်ဖို့လိုပါတယ်။ မြန်မာ  နိုင်ငံအနေနဲ့ သတ်မှတ်ခွဲတမ်းအတွင်း တင်ပို့နိုင်ရင် GSP အခွင့်အလမ်း အပြည့်အဝရရှိမှာပါ။ ဒါနဲ့စပ်လျဉ်းပြီး မြန်မာတိုင်းရင်း သားလုပ်ငန်းရှင်တို့ ကြိုးစားဆောင်ရွက် နေကြတဲ့ သတင်းများ ကိုလဲ အားတက် ဖွယ်ကြားသိရပါပြီ။ မြန်မာ့သဘာ၀ အလေ့ကျ "ဝဥ"ထွက်ရှိမှုက ဈေးကွက် လိုအပ်မှုအနေအထားအရ လုံလောက် မှုမရှိသေးတဲ့အတွက် "ဝဥ" စိုက်ပျိုးရေးခြံ တွေ စတင်စိုက်ပျိုးနေကြတဲ့သတင်း၊"ဝဥ" ကိုအပါးလွှာ၊ အခြောက်ခံ၊ အမှုန့် ကြိတ် စားသုံးနိုင်တဲ့ အဆင့်ရောက် သည်အထိ စက်ကိရိယာများနဲ့လည် ပတ်ဖို့ စတင်ဆောင်ရွက်နေကြတဲ့ သတင်းများကို ကြားသိနေပါပြီ။ သတိထားသင့်တာက အိမ်နီးချင်း နိုင်ငံရဲ့ "ဝဥ"က မြန်မာတို့ထက်စောပြီး ခူးဆွတ်နိုင်တယ်။ မြန်မာတို့ရဲ့"ဝဥ"က စက်တင်ဘာလကျော်ကျော်မှ ထွက်ရှိ တယ်။ ဂျပန်နိုင်ငံက တင်ဒါဖွင့်တာက မတ်လအလယ်ဆိုတော့ အချိန်ကိုက်ညီ မှုမရှိဘဲဖြစ်နေတဲ့အပေါ် နည်းလမ်းရှာ ဖွေ၊ စိုက်ပျိုးထုတ်လုပ်သင့်ပါတယ်။ ဒါ့ အပြင် "Glucomannan"ဓါတ်ပါဝင်မှု ၅၀ ရာခိုင်နှုန်းကျော်ရင် "ဝဥ"အမျိုး အစားကောင်းအဖြစ် စံချိန်စံညွှန်းသတ် မှတ်ချက်အရ အရည်အသွေးကောင်း အဆင့်မီတဲ့ "ဝဥခြောက်"များရရှိပြီး ရောင်းတန်းဝင်ဈေးကောင်းရရှိဖို့ နည်း ပညာပိုင်းဆိုင်ရာ လေ့လာမှု၊ စက်ကိရိ ယာအရည်အသွေးများမြှင့်တင်ဖို့ လို အပ်ပါတယ်။ ဆက်လက်ပြီး Value Added Product များအနေနဲ့ ထုတ် လုပ်ဖို့ ကြိုးစားသင့်ပါတယ်။ ဒါမှ မြန်မာ့ "ဝဥ"များ ပြည်ပဈေးကွက်ပိုမိုတိုးချဲ့ထိုး ဖောက်တင်ပို့ပြီး ွှဏ အခွင့်အရေး အပြည့်အဝရရှိမှာဖြစ်တဲ့အတွက် အား ထုတ်ဆောင်ရွက်ကြပါစို့လို့ မြန်မာတိုင်း ရင်းသားလုပ်ငန်းရှင်များသို့ တိုက်တွန်း လိုက်ပါတယ်။ဒေါက်တာခင်ဦးမေ

Monday, 8 Mar 2010

အာဆီယံ-အိန္ဒိယFTAစတင်အကောင်အထည်ဖော်အာဆီယံ-အိန္ဒိယ  လွတ်လပ်သော ကုန် သွယ်ရေးဒေသ တည်ထောင်ရန်အတွက် ကုန်စည် ကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၀၉ ခုနှစ်အတွင်း အဖွဲ့ဝင်နိုင်ငံများ လက်မှတ်ရေးထိုး ခဲ့ပြီး၊ ၁-၁-၂၀၁၀ နေ့မှစတင် အကောင်အထည် ဖော်ခဲ့ပါသည်။ အဆိုပါစာချုပ်အရ အကောက်ခွန် အခွင့်အရေး ခံစားနိုင်ရန်၊ ပင်ရင်းဒေသထောက် ခံချက် (ASEAN-India Co From AI) များကို ၁၅-၁-၂၀၁၀ နေ့မှစ၍ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်း နှင့်အညီ ထုတ်ပေးနေပြီဖြစ်၍ ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနတို့တွင် လျှောက်ထား ရယူနိုင်ပြီဖြစ် ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါသည်။ပဲမျိုးစုံဈေးကွက်အိန္ဒိယနိုင်ငံသည် ပဲမျိုးစုံကိုနှစ်စဉ် အများ ဆုံး ဝယ်ယူတင်သွင်းသည့်နိုင်ငံဖြစ်ပါသည်။မြန်မာ နိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနက် ပဲ မျိုးစုံ အများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံဖြစ် ပါသည်။အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ နှစ်စဉ် ပဲမျိုး စုံအများဆုံးဝယ်ယူတင်သွင်းသည့်နိုင်ငံဖြစ်ပါသည်။ပဲမျိုးစုံအရောင်းအဝယ်မပါသော FTAအိန္ဒိယနိုင်ငံအာဆီယံ-အိန္ဒိယ FTA တွင် ပဲမျိုးစုံအများ ဆုံး ဝယ်ယူတင်သွင်းသည့် အိန္ဒိယနိုင်ငံကပဲမျိုးစုံကို FTA မှ ဖယ်ထုတ်ထားသဖြင့် ယင်းကုန်စည်များ သည် လွပ်လပ်သောကုန်သွယ်ရေး၏ အကျိုးသက် ရောက်မှုမရှိသော ကုန်စည်များ ဖြစ်လာပါသည်။တစ်နည်းအားဖြင့်  အကောက်ခွန် အတားအဆီး (Tariff Barrier) အရလည်းကောင်း အုပ်ချုပ်မှု ပုံစံ (Non-tariff Barrier) အရ လည်းကောင်း၊ အကာအကွယ်ပေးထားသည့် ကုန်စည်များ ဖြစ်ပါ သည်။ အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံအပေါ် စည်းကြပ် သည့် အခြေခံအကောက်ခွန်နှုန်းများမှာ-0708.10:Peas          30%0708.20:Beans         30ဝ%0708.90:Other Leguminous Vegetables  30%မြန်မာနိုင်ငံမြန်မာနိုင်ငံသည် ပဲမျိုးစုံ တင်ပို့ရောင်းချ သည့် နိုင်ငံဖြစ်သော်လည်း ပဲမျိုးစုံကို အာဆီယံ-အိန္ဒိယ FTA မှ Peas, Beans and other leguminous vegetables အောက်ရှိ ထောပတ်ပဲ၊ ပဲဖြူ၊ ကလေးပဲ၊ ကတ္တီပါ၊ ဆွန်တာပြာ၊ ဆိုကိတ်၊ ပဲလွန်း၊ ပဲယင်း၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲကြီး၊ ပဲပြား စားတော်ပဲ၊ ပဲရာ ဇာနှင့် အခြားပဲများအပေါ်စည်းကြပ်သည့်အခြေခံ အကောက်ခွန်နှုန်းမှာ ၁၅ ရာခိုင်နှုန်းဖြစ်ပါ သည်။ထိုင်းနိုင်ငံထိုင်းနိုင်ငံသည် ပဲမျိုးစုံအပေါ်   စည်းကြပ် သည့် အခြေခံအကောက်ခွန်နှုန်းကို ၄၀ ရာခိုင်နှုန်း သတ်မှတ်ထားပါသည်။ အာဆီယံ-အိန္ဒိယ  FTA တွင် 0708.10:Peas နှင့် 0708.90:Other Leguminous Vegetables တို့ကို သာမန်လမ်း ကြောင်း (၂)တွင် ထည့်ထားပြီး ၃၁-၁၂-၂၀၁၆ နေ့တွင်အကောက်ခွန်နှုန်း သုည (ဝ%)သို့လျှော့ချ ပေးမည်ဖြစ်ပါသည်။ သို့ရာတွင် 0408.20: Beansကို အရေးကြီး ကုန်ပစ္စည်းစာရင်းတွင် ထည့်ထား ပြီး ၃၁-၁၂-၂၀၁၆ နေ့တွင် အကောက်ခွန်နှုန်း ၅ ရာခိုင်နှုန်းသို့လျှော့ချ၍ ယင်းနှုန်းအတိုင်း ဆက် လက် စည်းကြပ်သွားမည်ဖြစ်ပါသည်။ဗီယက်နမ်နိုင်ငံဗီယက်နမ်နိုင်ငံသည် ပဲမျိုးစုံကို အကောက် ခွန်နှုန်း ဖယ်ရှားပေးမည့် သာမန်လမ်းကြောင်း (၁) တွင် ထည့်ထားပါသည်။  Peas, Beans and other leguminous vegetables အောက်ရှိ ပဲ မျိုးစုံအပေါ်စည်းကြပ်သည့် အခြေခံအကောက်ခွန် နှုန်းမှာ ၃၀ရာခိုင်နှုန်းဖြစ်ပါသည်။ ယင်းအကောက် ခွန်နှုန်းများကို ၃၁-၁၂-၂၀၁၈ နေ့တွင်အကောက် ခွန်နှုန်း သုညရာခိုင်နှုန်းသို့ လျှော့ချပေးမည် ဖြစ်ပါ သည်။အင်ဒိုနီးရှားနိုင်ငံအင်ဒိုနီးရှားနိုင်ငံသည် ပဲမျိူးစုံကို အာဆီယံ-အိန္ဒိယ  FTA မှ ဖယ်ထုတ်ထားပါသည်။  Peas, Beans and other leguminous vegetables အပေါ် စည်းကြပ်သည့် အခြေခံအကောက်ခွန် နှုန်းမှာ မြင့်မာခြင်းမရှိဘဲ ၅ ရာခိုင်နှုန်း သတ်မှတ် ထားပါသည်။မလေးရှားနိုင်ငံမလေးရှားနိုင်ငံသည် ပဲမျိုးစုံကို အကောက် ခွန်နှုန်း ဖယ်ရှားပေးမည့် သာမန်လမ်းကြောင်း(၁) တွင် ထည့်ထားပါသည်။ 0708.10.900: Others၏ အခြေခံအကောက်ခွန်နှုန်းမှာ ၁၀  ရာခိုင်နှုန်းဖြစ် ပြီး ကျန်ပဲမျိုးစုံအားလုံး၏ အခြေခံအကောက်ခွန် နှုန်းမှာ သုည(ဝ%)ဖြစ်ပါသည်။ 0708.10.900: Others၏ အခြေခံ အကောက်ခွန်နှုန်းကိုလည်း ၃၁-၁၂-၂၀၁၃နေ့တွင် သုည (ဝ%)သို့ လျှော့ချ မည်ဖြစ်ပါသည်။ကမ္ဘောဒီးယားနိုင်ငံကမ္ဘောဒီးယားနိုင်ငံ၏ ပဲမျိုးစုံအပေါ် စည်း ကြပ်သည့် အခြေခံအကောက်ခွန်နှုန်းမှာ ၇ ရာခိုင် နှုန်းဖြစ်ပါသည်။ 0708.20:Beansကို အာဆီယံ-အိန္ဒိယFTA မှ ဖယ်ထုတ်ထားပြီး ကျန်ပဲမျိုးစုံတို့ ကို အကောက်ခွန်နှုန်းဖယ်ရှားပေးမည့် သာမန် လမ်းကြောာင်း(၁)တွင် ထည့်ထားပါသည်။ယင်းတို့ ၏ အခြေခံအကောက်ခွန်နှုန်း ၇ ရာခိုင်နှုန်းကို ၃၁-၁၂-၂၀၁၈ နေ့တွင် သုည(ဝ%)သို့ လျှော့ချ မည်ဖြစ်ပါသည်။လာအိုနိုင်ငံလာအိုနိုင်ငံသည် ပဲမျိုးစုံကို အကောက်ခွန် နှုန်း ၅ ရာခိုင်နှုန်းအထိ လျှော့ချပေးမည့် အရေး ကြီး လမ်းကြောင်းတွင် ထည့်ထားပါသည်။ ပဲမျိုးစုံ အားလုံး၏ အခြေခံ အကောက်ခွန်နှုန်းမှာ ၄၀ ရာခိုင်နှုန်းဖြစ်ပြီး ယင်းတို့ကို ၃၁-၁၂-၂၀၂၁နေ့တွင် ၅ရာခိုင်နှုန်းသို့ လျှော့ချမည်ဖြစ်ပါသည်။ဖိလစ်ပိုင်နိုင်ငံဖိလစ်ပိုင်နိုင်ငံသည် ပဲမျိုးစုံကို အာဆီယံ-အိန္ဒိယ FTA မှဖယ်ထုတ်ထားပါသည်။ ယင်းတို့၏ အခြေခံ အကောက်ခွန်နှုန်းမှာ ၂၀ ရာခိုင်နှုန်း ဖြစ်ပါသည်။သုံးသပ်ချက်အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံအကြား ပဲမျိုးစုံ ရောင်းဝယ်ခြင်းသည် အက်ဖ်တာ (AFTA) အစီ အစဉ်အရ အကောာက်ခွန်အခွင့်အရေး ရရှိပြီးဖြစ် ပါသည်။ သို့ဖြစ်၍ အာဆီယံ-အိန္ဒိယFTAတွင် အာဆီယံနိုင်ငံများသည် ပဲမျိုးစုံနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံအား   အာဆီယံနိုင်ငံများနည်းတူ အကောက်ခွန်အခွင့်အရေး ပေးနိုင်ခြင်း ရှိ၊ မရှိ စဉ်းစားရန်သာ ဖြစ်ပါသည်။အိန္ဒိယနိုင်ငံသည်  ပဲမျိုးစုံနှင့် စပ်လျဉ်း၍ အဓိကဝယ်ယူ  တင်သွင်းသည့် နိုင်ငံဖြစ်သဖြင့် အာဆီယံနိုင်ငံများသည် အထူးသဖြင့် ပဲမျိုးစုံတင်ပို့ ရောင်းချသည့်   အာဆီယံအဖွဲ့ဝင်နိုင်ငံသည် အာဆီယံ-အိန္ဒိယ FTAတွင် ပဲမျိုးစုံအတွက် အကောက်ခွန် အခွင့်အရေးပေးသင့်ပါသည်။သို့မှ သာ သဘောတူစာချုပ်၏ နောက်ဆက်တွဲ-၁အရ၊ အာဆီယံ-အိန္ဒိယ FTA မှ ဖယ်ထားသည့် စာရင်း (Exclusion List) ကို ဈေးကွက် ဝင်ရောက်ရေး ပိုမိုတိုးတက်ကောင်းမွန်အောင် နှစ်စဉ် ပြန်လည် သုံးသပ်ရာ၌ အိန္ဒိယနိုင်ငံက FTAမှဖယ်ထားသည့် ပဲမျိုးစုံကို အကောက်ခွန် လျှော့ချ ဖယ်ရှားပေးရ မည့်စာရင်းသို့ ပြောင်းပေးရန် ဦးဆောင်ဆွေးနွေး ညှိနှိုင်းနိုင်သည့် အခွင့်အရေး ရရှိနိုင်မည်ဖြစ်ပါ သည်။အကယ်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ သည် ပဲမျိုးစုံကို အာဆီယံ-အိန္ဒိယFTAမှ ဖယ် ထားပါက ပဲမျိုးစုံအတွက် FTAအောက်မှ Market Access ရရန်၊ အိန္ဒိယနိုင်ငံနှင့် ပြန်လည်သုံး သပ် ညှိနှိုင်းဆွေးနွေးနိုင်သည့် အခွင့်အရေး ဆုံးရှုံး သွားပြီဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။မောင်မောင်ရီ (ဘောဂဗေဒ)

Pages