Background
စီးပွားရေးကျင့်ဝတ်သိက္ခာသည် အရေးတယူ အပူတပြင်း ဆွေးနွေး ရသော အကြောင်းအရာ ဖြစ်လာသည်။ ငွေရအောင် ရှာဖွေရသည့် အလုပ်နှင့် အမှန်တရားကို ဆောင်ရွက်ရသည့် အလုပ်နှစ်ခုသည် မကြာခဏ ဝိရောဓိ ဖြစ်နေတတ်သည်။ အလုပ်ရှင်အတွက် အကောင်းဆုံး ဖြစ်အောင် လုပ်ရသည့်အလုပ်၊ ကိုယ့်အသက် မွေးဝမ်းကျောင်းမှုအတွက် အကောင်းဆုံး ဖြစ်အောင် လုပ်ရသည့် အလုပ်နှင့် ဖောက်သည်အတွက် အကောင်းဆုံး ဖြစ်အောင်လုပ်ရ သည့်အလုပ်တို့သည် ဘေးကျပ်နံကျပ်အခြေအနေမျိုး ကြုံတတ် သည်။ စီးပွားရေးကျင့်ဝတ်ဆိုသည်မှာ ဤပြဿနာများ ဖြေရှင်း ရပ်တည်နိုင်အောင် ညှိနှိုင်းနေထိုင်ရခြင်းဖြစ်သည်။ အပြုသဘော စီးပွားရေး ကျင့်ဝတ်အတွက် အရေးပါဆုံးအခြေခံမူ ၁၀ ချက်ကို ဖော်ပြလို ပါသည်။၁။ စီးပွားရေးကျင့်ဝတ်သိက္ခာကို ပုဂ္ဂိုလ်ရေးကျင့်ဝတ်သိက္ခာအပေါ်တွင် အခြေခံ တည်ဆောက်ထားသည် စီးပွားရေးလုပ်ငန်းတွင် မှန်ရာကိုဆောင်ရွက်ရခြင်းနှင့် ပုဂ္ဂိုလ် တစ်ဦးချင်း၏ ဘဝတွင် တရား မျှတစွာ ဆောင်ရွက်ရမှု၊ အမှန်ကို ပြောကြားမှုနှင့် ကိုယ်ကျင့်သိက္ခာထိန်းသိမ်းရမှုတို့မှာ ကွဲပြားခြားနား မှုမရှိပါ။၂။ စီးပွားရေးကျင့်ဝတ်သိက္ခာသည် တရားမျှတမှုအပေါ်တွင် အခြေခံသည် ကိစ္စရပ်တစ်ခုတွင် နှစ်ဦးနှစ်ဘက်စလုံးအနေနဲ့ တရားမျှတစွာ ဆက်ဆံသည်ဟု ဘေးလူ အမြင်မှာ ရှိနိုင်ပါမည်လား။ နှစ်ဦးနှစ်ဘက် စလုံးကသဘောရိုးဖြင့်ညှိနှိုင်းနေကြပါသလား။ နှစ်ဦးနှစ်ဘက် လုပ်ဆောင်ချက်တိုင်း သည် "သာတူညီမျှမှုရှိသော အခြေအနေတွင်" ဖြစ်ပေါ်မ ှုရှိနေပါသလား။ ဤအတိုင်းမှန်ကန်ပါက ကိုယ်ကျင့်သိက္ခာ ဆိုင်ရာအခြေခံမူများ ကိုက်ညီပြီဟု ဆိုနိုင်ပါပြီ။၃။ စီးပွားရေးကျင့်ဝတ်သိက္ခာအတွက် ဂုဏ်သိက္ခာသမာဓိရှိရန် လိုအပ်သည် ဂုဏ်သိက္ခာ သမာဓိရှိမှု ဆိုသည်မှာ အလုံးစုံပါဝင်မှု၊ ယုံကြည် အား ထားနိုင်မှုနှင့် ရှေ့နောက် ညီညွတ်မှု တို့ကိုဆိုလိုသည်။ ကျင့်ဝတ် သိက္ခာရှိသော စီးပွားရေးလုပ်ငန်းကလူအများကို လေးစားမှု၊ ရိုးသား မှုနှင့် ဂုဏ်သိက္ခာသမာဓိအပြည့်ဖြင့် ဆက်ဆံဆောင်ရွက်သည်။ မိမိ ၏ ကတိကဝတ်တို့ကို လိုက်နာထိန်းသိမ်းသည်။၄။ စီးပွားရေးကျင့်ဝတ်သိက္ခာအရ အမှန်တရားအတိုင်း ပြောရန်လိုအပ်သည် စီးပွားရေးလုပ်ငန်းတစ်ခုက အပြစ်အနာအဆာမကင်းသော ထုတ်ကုန်တစ်ခုကို ရောင်းနိုင် သောခေတ် နှင့် ဝယ်သူမသိအောင် လက်တစ်လုံးခြား ဖုံးကွယ်ရောင်းချနိုင်သောခေတ်မှာ ကုန်လွန်ခဲ့ပါပြီ။ အကန့်အသတ်၊ အပြစ်အနာအဆာ သို့မဟုတ် ဒိတ်အောက် သွားသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းလိုက ရောင်း နိုင်ပါသည်။ သို့သော် ပထမတန်းစားအဖြစ်၊ အသစ်စက်စက်အဖြစ် မရောင်းထိုက်ပါ။ ကြော်ငြာရာတွင် အမှန်ဖြစ်ရန် ဥပဒေကြောင်း အရသာမက စီးပွားရေးကျင့်ဝတ်သိက္ခာအရပါ လိုအပ်သည်။၅။ စီးပွားရေးကျင့်ဝတ်သိက္ခာသည် မှီခိုအားထားနိုင်မှုရှိရမည် ကုမ္ပဏီကမျက်နှာသစ်ဖြစ်သည်။မတည်မငြိမ်ဖြစ်နေသည်။ကုမ္ပဏီ ကိုရောင်းထုတ်ရတော့ မည်။ သို့မဟုတ်စီးပွားရေးလောကကိုကျောခိုင်း ရတော့မည်ဆိုပါက ကျင့်ဝတ်သိက္ခာအရ ဖေါက်သည်များကို အသိပေးသင့်သည်။ ကျင့်ဝတ်သိက္ခာရှိသော စီးပွားရေးလုပ်ငန်း ဟူသည် ပြဿနာများဖြေရှင်းနိုင်ရန် မေးခွန်းများးကိုဖြေဆို ရန်နှင့် ထောက်ပံ့မှုပေးရန်အတွက် ယုံကြည်အားထားနိုင်မှု အပေါ်အခြေခံ ရမည်။၆။ စီးပွားရေးကျင့်ဝတ်သိက္ခာအတွက် စီးပွားရေးစီမံချက်ရှိရမည် ကုမ္ပဏီတစ်ခု၏ ကျင့်ဝတ်သိက္ခာကို ကုမ္ပဏီ၏ရုပ်ပုံလွှာ၊ အနာ ဂတ်အတွက် ကုမ္ပဏီ၏ ရည်မှန်းချက်နှင့် လူ့အသိုက်အဝန်းတွင် ကုမ္ပဏီ၏ အခန်းကဏ္ဍအပေါ်တွင် အခြေပြု၍ တည်ဆောက် ထားသည်။ စီးပွားရေးကျင့်ဝတ်သိက္ခာဆိုသည်မှာ ဘာမျှမရှိဘဲ ဗလာကျင်း နေသော နေရာတွင် ဖြစ်တည်နေခြင်းမဟုတ်။ ဖွံ့ဖြိုးမှု၊ တည်ငြိမ် မှု၊ အကျိုးစီးပွားဖြစ်ထွန်းမှုနှင့် ဝန်ဆောင်မှုအတွက် ကုမ္ပဏီ၏ လုပ်ငန်းစီမံချက်ပြတ်သားမှုရှိလေလေ ကိုယ်ကျင့်သိက္ခာပြည့်ဝသော စီးပွားရေးအလေ့အကျင့်ကို ခိုင်မာအောင်တည်ဆောက်မည်ဟူသော ပိုင်းဖြတ် ချက်ခိုင်မာလေလေ ဖြစ်သည်။၇။ စီးပွားရေးကျင့်ဝတ်သိက္ခာသည် လုပ်ငန်းတွင်းရော လုပ်ငန်းပြင်ပပါ အကျုံးဝင်သည် ကျင့်ဝတ်သိက္ခာပြည့်ဝသော စီးပွားရေးလုပ်ငန်းတို့က ဖောက်သည် များကိုရော ဝန်ထမ်း များကိုပါ လေးစားမှုနှင့် တရားမျှတမှုဖြင့် ဆက် ဆံသည်။ ကျင့်ဝတ်သိက္ခာဆိုသည်မှာ အစည်းအဝေးခန်းမ အတွင်း လေးစားမှုဖြစ်သည်။ သဘောရိုးဖြင့် ဆွေးနွေးညှိနှိုင်းမှုဖြစ်သည်။ ကတိကဝတ်ကို စောင့်ထိန်းမှုဖြစ်သည်။ ရုံးဝန်ထမ်းများ၊ အလုပ် သမားများ၊ ဈေးသည်များနှင့် ဖောက်သည်များအတွက် ဆောင်ရွက် ရမည့် တာဝန်ဝတ္တရားကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ နယ်ပယ် အတိုင်းအတာမှာ အတိုင်းအဆမရှိ ကျယ်ဝန်းသည်။၈။ စီးပွားရေးကျင့်ဝတ်သိက္ခာသည် အကျိုးစီးပွားပေးစွမ်းနိုင်ဖို့လိုသည် ကျင့်ဝတ်သိက္ခာပြည့်ဝသော စီးပွားရေးလုပ်ငန်းများကို ကောင်းစွာ လည်ပတ်နိုင်ဖို့သည် ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရသည်။ ထိရောက် သော လုပ်ငန်းတွင်း ထိန်းသိမ်းကွပ်ကဲမှုရှိသည်။ ဖွံ့ဖြိုးတိုးတက်မည်ဟု ရှင်းလင်း ပြတ်သားသော မျှော်လင့်ချက်ရှိရသည်။ ကျင့်ဝတ်သိက္ခာ ဆိုသည်မှာ အနာဂတ်တွက် ပြင်ဆင်မှုအဖြစ် ပစ္စုပ္ပန်တွင် နေထိုင်ရ မည့် နည်းလမ်းကို ညွှန်ပြသည်။ ထို့ပြင် အကျိုးစီးပွားဖြစ်ထွန်းမှု (သို့မဟုတ်) အကျိုးစီးပွား ဖော်ဆောင်ပေးမည့်စီမံကိန်း မရှိသော စီးပွား လုပ်ငန်းသည် ကုမ္ပဏီနှင့်တကွ ကုမ္ပဏီဝန်ထမ်းနှင့်ကုမ္ပဏီ၏ ဖောက်သည်တို့၏ အနာဂတ်သာယာဝပြောရေးအတွက် ပြင်ဆင်ရန် ပျက်ကွက်သောကုမ္ပဏီဖြစ်သည်။၉။ စီးပွားရေးကျင့်ဝတ်သိက္ခာသည် တန်ဖိုးအပေါ်တွင်အခြေခံသည် ဥပဒေပြုအဖွဲ့များ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အဖွဲ့အစည်း များသည် တိကျခိုင်မာမှုရှိပြီး၊ အလုံးစုံ အကျုံးဝင်သော စံနှုန်းများကို ရေးဆွဲပြဋ္ဌာန်းရမည်။ "ကျင့်ဝတ်သိက္ခာ" ဟူသော အကြောင်းအရာနှင့် စပ်လျဉ်း၍ ပြောဆိုလာသောအခါတွင် ဤပြဋ္ဌာန်းချက်များကို အနိမ့်ဆုံး စံနှုန်းများအဖြစ် သတ်မှတ်ရမည်။ ကျင့်ဝတ်သိက္ခာ ဆိုသည် မှာ တန်ဖိုးဖြစ်သည်။ စံနမူနာ ဖြစ်သည်။ စိတ်ကူးမျှော်မှန်းချက်ဖြစ် သည်။ ကျင့်ဝတ်သိက္ခာပြည့်ဝသော စီးပွားရေးလုပ်ငန်း ဆိုသည်မှာ မိမိတို့၏စံနှုန်းများထက် အမြဲကျော်လွန်နေရုံသာမက ထိုစံနှုန်း ပြဋ္ဌာန်းချက်များကို ရှင်းလင်းပြတ်သားစွာသိမြင်နားလည်မှု ရှိရမည်။ ၁၀။ စီးပွားရေးလုပ်ငန်း၏ ကျင့်ဝတ်သိက္ခာသည် အလုပ်ရှင်ထံမှ လာသည် စီးပွားရေးလုပ်ငန်း၏နယ်ပယ်တိုင်းတွင် ခေါင်းဆောင်မှုက အခြေ အနေကို သတ်မှတ်ပေး သည်။ ကျင့်ဝတ်သိက္ခာသည် ကုမ္ပဏီ လုပ်ငန်းဆောင်ရွက်မှု၏ ဗဟိုအချက်အချာတွင် ရှိနေတတ်သလို မရှိသည့်အခါမျိုးလည်း ရှိတတ်သည်။ အမှုဆောင်များနှင့် မန်နေ ဂျာများသည် လုပ်ကိုင်ဆောင်ရွက်မှုကို ဦးဆောင်မှုရှိသည့် အခါ ရှိသလို ဆက်သွယ်ပေါင်းစပ်ပေးသည့် အခါမျိုးလည်း ရှိတတ်သည်။ အောက်ခြေဝန်ထမ်းများမှာ သူတို့ အထက်တွင်ရှိနေသော လုပ်ငန်း ဆောင်ရွက်မှုအဆင့်ပေါ်မူတည်၍ အတက်အကျအမြဲရှိနေသည်။ စီးပွားရေး ကျင့်ဝတ်သိက္ခာပြည့်ဝမှုသည် ထိပ်ဆုံးမှစတင်သည်။ ကျင့်ဝတ်သိက္ခာသည် ကျွနု်ပ်တို့ဘဝ၏ အရည်အသွေးဖြစ်သည်။ ကျွနု်ပ်တို့ဝန်ဆောင်မှု၏ အရည် အသွေးဖြစ်သည်။ အဆုံးစွန်ပြောရ လျှင် အဆုံးအဖြတ်ပေးရာ အချက်အချာနေရာလည်း ဖြစ်သည်။ စိတ်ထိခိုက်မှုဖြစ်ရသော ဖောက်သည်တစ်ဦးသည် ပျမ်းမျှအားဖြင့် လူ ၁၆ ဦးကိုပြောပြတတ်သည်။ ဝန်ထမ်း များ၊ ဖောက်သည်များ၊ ကုန်သည်များနှင့် အများပြည်သူတို့ကို ကိုယ့်ကျင့်သိက္ခာ ပြည့်ပြည့် မျှမျှတတ ပွင့်ပွင့် လင်းလင်း ဆက်ဆံခြင်းသည် အမှန်ကိုဆောင် ရွက်ခြင်း ဖြစ်ရုံသာမက လုပ်ငန်းရေရှည် တည်တံ့ရေးအတွက် တစ်ခုတည်းသောနည်းလမ်းလည်းဖြစ်သည်။ Source: EzineArticle.comUNT
အာဆီယံနှင့် အိန္ဒိယသမ္မတနိုင်ငံ အကြား ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ၊ ဘောင်သဘော တူစာချုပ်အောက်မှ ကုန်စည်ကုန် သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်၊ (Agreement on Trade in Goods under the Framework Agreeme- nt on Comprehensive Econo mic Cooperation between the Associ- ation of Southeast Asian Nations and the Republic of India) အထက်ပါ အာဆီယံ-အိန္ဒိယ အက်ဖ်တီအေ(AIFTA)သဘောတူစာ ချုပ်ကို၊ အာဆီယံ စီးပွားရေးဝန်ကြီးများ နှင့် အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ် ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး Mr. Anand Shama တို့သည်၂၀၀၉ ခုနှစ်သြဂုတ်လ (၁၃)ရက်နေ့တွင် ထိုင်း နိုင်ငံ ဘန်ကောက်မြို့၌ လက်မှတ်ရေး ထိုးခဲ့ကြပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် အက်ဖတီအေကို စတင် အကောင် အထည်ဖော်ကြမည်ဖြစ်ပါသည်။စိတ်ရှည်ရှည်ဖြင့်စေ့စပ်ဆွေးနွေးခဲ့ရသည့် အက်ဖ်တီအေစာချုပ် အာဆီယံနှင့် အိန္ဒိယနိုင်ငံ အကြား၊ အက်ဖ်တီအေ တည်ထောင်နိုင်ရန် အာဆီယံနိုင်ငံ ခေါင်းဆောင်များ၊ အစိုးရအ ဖွဲ့အကြီးအကဲများနှင့်အိန္ဒိယနိုင်ငံဝန်ကြီး ချုပ်တို့သည်၊ ၂၀၀၃ ခုနှစ်အောက်တို ဘာလ(၈)ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ အာဆီယံနှင့် အိန္ဒိယ သမ္မတ နိုင်ငံအကြား၊ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ၊ဘောင်သဘောတူ စာချုပ် (Framework Agreement on Comprehensive Economic Cooperation between ASEAN and the Republic of India)ကို လက်မှတ်ရေး ထိုးခဲ့ကြပါသည်။ ယင်း ဘောင်သဘောတူစာချုပ်အ ရ ၂၀၀၄ခုနှစ်မှစ၍ ကုန်စည်ကုန်သွယ် ရေးဆိုင်ရာ သဘောတူ စာချုပ်အတွက် စေ့စပ်ဆွေးနွေးပွဲများကို ကျင်းပခဲ့ရာ သတ်မှတ်ကာလအတွင်း အဆုံးမသတ် နိုင်ဘဲ၊ ၆နှစ်ခန့်ကြာမှ ၂၀၀၉ ခုနှစ်တွင် အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။အိန္ဒိယ နိုင်ငံနောက်မှ စေ့စပ်ဆွေးနွေးခဲ့သည့် အခြားဆွေးနွေးဖက် နိုင်ငံများဖြစ်သော ကိုရီးယား သမ္မတ နိုင်ငံ၊ သြစကြေးလျ နိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ဂျပန်နိုင်ငံတို့နှင့် အက်ဖ်တီအေစာချုပ်များမှာ လက်မှတ် ရေးထိုးပြီး၍ အကောင်အထည်ဖော် လျက်ရှိနေပြီဖြစ်ပါသည်။ အိန္ဒိယနှင့် အက်ဖ်တီအေ စာချုပ်မှာ အာဆီယံ အနေဖြင့် စိတ်ရှည်ရှည်နှင့် ခက်ခက်ခဲခဲ စေ့စပ်ဆွေးနွေးခဲ့ရသည့် အက်ဖ်တီအေ စာချုပ်ဖြစ်ပါသည်။ဖိလီပိုင်နိုင်ငံ၏ထူးခြားသောရပ်တည်ချက် ဖိလီပိုင်နိုင်ငံ၏ ပကတိ အခြေအနေနှင့် သဘောထား ရပ်တည်ချက်ကို မသိသော်လည်း အာဆီယံနှင့် အိန္ဒိယ နိုင်ငံအကြား အက်ဖ်တီအေ စေ့စပ် ဆွေးနွေးပွဲများ၏ အစောပိုင်းကာလ တွင် စိတ်ဝင်စားမှုမရှိကြောင်း တွေ့ခဲ့ရ ပါသည်။ ထို့နောက်ပြည်တွင်းစီးပွားရေး အခက်အခဲများကြောင့် မူလအာဆီယံ အဖွဲ့ဝင်နိုင်ငံများနည်းတူ ဈေးကွက်ဖွင့် ပေးနိုင်ခြင်းမရှိဘဲ အာဆီယံ အဖွဲ့ဝင် သစ် လေးနိုင်ငံအတိုင်းသာ ဈေးကွက် ဖွင့်ပေးနိုင်မည့်ရပ်တည်ချက်ကို ရယူခဲ့ပါ သည်။ အာဆီယံနှင့် အိန္ဒိယနိုင်ငံအကြား အက်ဖ်တီအေကို အောက်ပါအတိုင်း နိုင်ငံနှင့် အချိန်ကာလ အလိုက် တည် ထောင်ကြရန်သဘောတူညီခဲ့ကြပါသည်။(က) ကုန်စည် ကုန်သွယ်ရေးဆိုင်ရာ အက်ဖ်တီအေကို အိန္ဒိယနိုင်ငံ၊ ဘရူနိုင်း နိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ၂၀၁၃ ခုနှစ်တွင် တည်ထောင်ရန်။(ခ) ကုန်စည် ကုန်သွယ်ရေးဆိုင်ရာ အက်ဖ်တီအေကို အိန္ဒိယနိုင်ငံနှင့် ဖိလစ် ပိုင်နိုင်ငံတို့သည် ၂၀၁၈ ခုနှစ် တည် ထောင်ရန်။(ဂ) ကုန်စည် ကုန်သွယ်ရေးဆိုင်ရာ အက်ဖ်တီအေကို အိန္ဒိယနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် လည်းကောင်း၊ကမ္ဘော ဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ၂၀၁၈ခုနှစ် တွင် တည်ထောင်ရန်။အထူးကုန်ပစ္စည်းများ (Special Products) အခြား ဆွေးနွေးဖက်နိုင်ငံများနှင့် အက်ဖ်တီအေများတွင် မတွေ့ရသော ကုန်ပစ္စည်းအုပ်စု ဖြစ်ပါသည်။အိန္ဒိယ နိုင်ငံသည် စားအုန်းဆီကြမ်းနှင့်ဆီချော ကော်ဖီ၊ လက်ဖက်အချိူခြောက်နှင့် ငရုတ် ကောင်းတို့ကို အက်ဖ်တီအေ ကုန်စည် စာရင်းတွင် မထည့်သွင်းလိုပါ။ အကောက်ခွန် အခွင့်အရေး မပေးလို ခြင်း ဖြစ်ပါသည်။ သို့ရာတွင် မလေးရှားနိုင်ငံ၊ အင်ဒိုနီး ရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် အဆိုပါ ကုန်ပစ္စည်းများမှာ ယင်းတို့၏ အဓိကပို့ုကုန်များဖြစ်သဖြင့် အက်ဖ်တီ အေကုန်စည်စာရင်းတွင် ထည့်သွင်းရန် ဖိအားပေးရာ အချိန်များစွာရယူညှိနိုင်း ပြီးနောက် အရေးကြီးကုန်ပစ္စည်းစာရင်း၊ (Sensitive Products List) နှင့်အလွန် အရေးကြီး ကုန်ပစ္စည်းစာရင်း (Highly Semsitive Products List) အပြင် အထူးကုန် ပစ္စည်းများ အဖြစ် အိန္ဒိယ နိုင်ငံက ထားရှိခြင်းဖြစ်ပါ သည်။ယင်းတို့ ၏ အကောက်ခွန်နှုန်းများကို အောက် ပါဇယားအတိုင်း လျှော့ချမည်ဖြစ်ပါ သည်။မှတ်ချက်။ အိန္ဒိယနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံမှလွဲ၍၂၀၁၃ခုနှစ်တွင် ယင်း၏ဈေးကွက်သို့ ကျန်အာဆီယံ ၉ နိုင်ငံ၏ ကုန်ပစ္စည်းများကို အကောက်ခွန် မရှိ လွတ်လပ်စွာရောင်းချခွင့်ပေးသော်လည်း ဖိလစ်ပိုင်နိုင်ငံ၏ ကုန်ပစ္စည်းများကိုမူ ၂၀၁၈ခုနှစ်ရောက်မှသာ ၅ နှစ်နောက်ကျပြီး အကောက်ခွန် မရှိ လွတ်လပ်စွာရောင်းချခွင့်ပေးခြင်းသည်။ အခြားအက်ဖ်တီအေများနှင့် ကွဲပြားသောထူးခြားချက်တစ်ရပ် ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံ၏ ထူးခြားသော ရပ်တည်ချက်ကြောင့် ပေါ်ပေါက်လာရသည့်ထူးခြားမှုဟု ဆိုရပါမည်။ ထို့ပြင် အိန္ဒိယနိုင်ငံက စားအုန်းဆီကုန်ကြမ်းနှင့် ကုန်ချော(crude and refined Palm oil-CPO and RPO)၊ ကော်ဖီ၊ လက်ဖက်အချိုခြောက်နှင့် ငရုတ်ကောင်းတို့ကို အထူးကုန်ပစ္စည်းများအဖြစ်သတ်မှတ်ပြီး သီးခြားအကောက်ခွန်နှုန်းများ လျှော့ချခြင်းသည် လည်း ထူးခြားမှုတစ်ရပ်ပင်ဖြစ်သည်ဟု ဆိုရပါမည်။ ဖိလစ်ပိုင်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် နိုင်ငံ၏လိုအပ်ချက်ရရှိအောင် စေ့စပ်ဆွေးနွေးနိုင်ခဲ့ကြပါသည်။ ပညာယူ မှတ်တမ်းတင်သင့် သည့် နမူနာပြရုပ်များ ဖြစ်ပါသည်။ မောင်မောင်ရီ (ဘောဂဗေဒ)
ထိုင်းနိုင်ငံဟာ ပြည်တွင်း ဆန်ရောင်းချမှုလုပ်ငန်းကို စူပါမား ကတ်တွေကတစ်ဆင့် ရောင်းချခြင်း ကို ခိုင်မာစွာ တည်ဆောက်ထား နိုင်ပါတယ်။ ပြည်တွင်း ဆန်ဈေးကွက်ရဲ့ ၄၀-၅၀ရာခိုင်နှုန်း လောက်ဟာ စူပါမားကတ်တွေ မီနီမားကတ်တွေကပဲ တစ်ဆင့်ပြုလုပ်ကြပါတယ်။ ပြည်တွင်းဆန်ထုတ်လုပ်နေတဲ့ ကုမ္ပဏီကြီးတွေဟာ အဆိုပါ ဈေး ကွက်တွေမှာ တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင် ရောင်းချကြပါတယ်။ စူပါမားကတ်တွေက လိုအပ်တဲ့ထုပ်ပိုးမှု အရည်အသွေးတို့ကို ဆန် ရောင်းဝယ်ရေး ကုမ္ပဏီကြီးတွေက ပြင်ဆင်ထုပ်ပိုးပေးကြပါတယ်။ စူပါမားကတ်တိုင်းမှာ ဆန်ကို ၅ ကီလိုဝင်အိတ်တွေနဲ့ လှလှပပ ထုပ် ပိုးရောင်းချပေးတာ အများစုဖြစ်ပေမယ့် အချို့ဆန်ဆိုင်တွေဟာ ဆန်ကိုပုံထားပြီး ဝယ်သူအကြိုက်ရွေးချယ်နိုင်ရန် မြန်မာက ဆန်ဆိုင် တွေလိုပဲ ရောင်းချပေးကြပါတယ်။ ထိုင်းဆန် စားသုံးသူတွေဟာ ဆန်အမျိုးအစားနှင့်ပတ်သက်၍ သိပ်မသိကြပါဘူး။ ကောက်ညှင်း၊ စံပယ်ဆန်မွှေး၊ ရိုးရိုးဆန်ဖြူ စသည်ဖြင့် ခွဲခြားရောင်းချ ပေးကြပါ တယ်။ အများဆုံးရောင်းချကြတဲ့ ဆန်ကတော့ ၅ရာခိုင်နှုန်း ဆန်ကွဲ ပါဝင်တဲ့ ဆန်အမျိုးအစား ဖြစ်ပါတယ်။ ဈေးနှုန်း အနည်းအများ အလိုက် ဆန်အရည်အသွေးကို ခွဲခြား ထားတာကြောင့် ဈေးအများ ဆုံး ဆန်ဟာ အရည်အသွေးအကောင်းဆုံးဆန်လို့ ဆိုနိုင်ပါတယ်။ နောက်တစ်ခုက ဆန်နှင့်ပတ်သက်ပြီး ဖော်ပြပေးရတဲ့ အချက် အလက်တွေ (product labelling)မပါမရှိ ဖော်ပြပေးရပါတယ်။ထိုင်းနိုင်ငံမှာ Quality Control Board, QCB ဆိုတဲ့ အဖွဲ့ အစည်းရှိပါတယ်။ စူပါမားကတ်တွေက ဆန်တွေကို မကြာခဏ ရယူပြီး နမူနာကို စစ်ဆေးလေ့ရှိပါတယ်။ ဒါပေမယ့်QCB"ဟုန်မာ လီ" ဆန်တစ်မျိုးတည်းကိုသာ စစ်ဆေးတယ်လို့ သိရပါတယ်။ထိုင်းတွေရဲ့ ပြည်တွင်း ဆန်ရောင်းဝယ်မှုပုံစံကို လေ့လာကြည့် တဲ့အခါ စူပါမားကတ်တွေနဲ့ လုပ်ရကိုင်ရတာ အခက်အခဲများစွာ ရှိကြောင်း ပြည်တွင်းဆန် လက်ကားရောင်းချသူများက ညည်းတွား လေ့ရှိပါတယ်။ စူပါမားကတ်များဟာ ယေဘုယျအားဖြင့် ရက် ၉၀ ဆိုင်းပြီးမှ ငွေချေလေ့ရှိပါတယ်။ ဆန်လက်ကား ရောင်းသူများအနေ ဖြင့် ဆန်အစုအဆောင်းကို ၃ လစာခန့် စုဆောင်းသိုလှောင်လေ့ရှိ တာကြောင့် အများဆုံး ၆ လစာလောက် ငွေအိပ်နေတတ်ကြောင်း ပြောပါတယ်။ ဥပမာ Carrefour စူပါမားကက်သည် စင်ကာပူ အပါအဝင် ဒေသတစ်ဝိုက်မှာ ရောင်းချဖို့ ဆန်ဝယ်ယူစုဆောင်းပြီး TESCO စူပါမားကတ်က ထိုင်းနိုင်ငံအထက်ပိုင်းက ဆန်လက်ကား ရောင်းချသူများထံမှ ကိုယ်တိုင်ဝယ်ယူပြီး ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ရောင်းချကြပါတယ်။ဆန် ပြည်ပတင်ပို့မှုလုပ်ငန်းထိုင်းနိုင်ငံရဲ့ ဆန်ပြည်ပတင်ပို့မှုကို လေ့လာကြည့်ပါက ကုမ္ပဏီ ပေါင်း ၂၅ ခုကတင်ပို့တဲ့ ပမာဏဟာ စုစုပေါင်းတင်ပို့မှုရဲ့ ၉၀ ရာခိုင် နှုန်းလောက် ရှိပါတယ်။ အကြီးဆုံးကုမ္ပဏီကြီးများဟာ တစ်နှစ်လျှင် တန်ချိန် ၅ သိန်းအထက် တင်ပို့နိုင်စွမ်းရှိကြပါတယ်။ ထိုင်းကုမ္ပဏီ ကြီးများဟာ ဘန်ကောက်မြို့ရဲ့ မြောက်ဘက် "ချောင်ဖရား " မြစ်ရိုး တစ်လျှောက်မှ ဆန်ပြည်ပတင်ပို့တဲ့အခါ အသုံးပြုတဲ့ဆန် ပြန်လည် ရောနှောကြိတ်ဖွပ်စက်ရုံ၊ သိုလှောင်ရုံ၊ ဆိုင်လို၊ ကွန်ဗေယာဆိပ်ခံ တံတား စသည့်ပစ္စည်းများ တပ်ဆင်အသုံးပြုလျက် ရှိကြပါတယ်။ အဆိုပါပုဂ္ဂလိက ကုမ္ပဏီကြီးများအနေနဲ့ ပြည်ပ တင်ပို့ရာမှာ အသုံးပြုရတဲ့ ပစ္စည်းအဆောင်အယောင်များနဲ့ ပြည့်စုံပေမယ့်လည်း ပြည်ပတင်ပို့မယ့် ဆန်တွေစုဆောင်းရာမှာ အခြားကုမ္ပဏီများကို အားကိုးနေရဆဲဖြစ်ပါတယ်။ သို့သော်လည်း အချို့ကုမ္ပဏီကြီးများ ဟာ ဆန်အရည်အသွေး ထိန်းသိမ်းမြှင့်တင်နိုင်ရန်အတွက် စက် ကြိတ်စွမ်းအား ရှိလာစေဖို့ စပါးထွက်တဲ့ဒေသတွေမှာ ဆန်စက်တွေ တည်ဆောက်လျက်ရှိကြပါတယ်။ ဆန် ပြည်ပတင်ပို့နေတဲ့ ပုဂ္ဂလိက ကုမ္ပဏီများအနက် တန်ချိန်အနည်းငယ်သာ တင်ပို့နေတဲ့ ကုမ္ပဏီ များလည်း ရှိပါတယ်။ ထိုင်းနိုင်ငံ Rice Exporters Associationမှာ ၂၀၀၉ခုနှစ်၊ ဇူလိုင်တုန်းက အဖွဲ့ဝင်ကုမ္ပဏီပေါင်း ၁၈၇ ခု ရှိပါ တယ်။ အချို့ ဆန်စက်ပိုင်ရှင်များဟာ တိုက်ရိုက်ပြည်ပ တင်ပို့ခြင်း လုပ်ငန်းကို လုပ်ကိုင်လာကြပါတယ်။ ဆန်စက်ပိုင်ရှင် အများစုရဲ့ သားသမီးတွေဟာ ပင်လယ်ရပ်ခြားမှာ ဘွဲ့လွန်ပညာရပ်တွေ သင်ရင်း အတွေ့အမြင် ဗဟုသုတကျယ်ပြန့်လာတဲ့အခါ ၎င်းတို့ရဲ့ မိရိုးဖလာ ဆန်ကြိတ်ခွဲရေး လုပ်ငန်းတွေအပြင် ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်း များကိုပါ တွဲဖက်လုပ်ကိုင်လာကြပါတယ်။ ဒါကြောင့်အနည်းအကျဉ်း သာ ပြည်ပတင်ပို့နိုင်တဲ့ ကုမ္ပဏီငယ်များအနေဖြင့် ဆန်စက်ပိုင်ရှင် များရဲ့ သားသမီး မျိုးဆက်သစ်လူငယ်များနှင့် ယှဉ်ပြိုင်လုပ်ကိုင်ကြ တဲ့အခါမှာ အထူးသဖြင့် ၂၀၀၈-၂၀၀၉ ခုနှစ်အတွင်းက အခက်အခဲ ပေါင်းစုံ ရင်ဆိုင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ အချို့ကုမ္ပဏီငယ်များ ဟာ ပြည်တွင်းမှာ ဆန်ဝယ်ယူရရှိရန် အခက်အခဲများနှင့် ကြုံတွေ့လာ တဲ့အခါ ၎င်းတို့တင်ပို့ပေးရန် တာဝန်ရှိသည့်အချက်ကို မလေးစားကြ တော့ဘဲ ပျက်ကွက်မှု အများအပြား ဖြစ်ပေါ်ခဲ့တယ်ဟု သိရပါတယ်။ ဆန်စက်ငယ်များအနေဖြင့် ဈေးကွက်သတင်း အချက်အလက်များ အချိန်မီရရှိရန် အခက်အခဲများရှိခဲ့ပြီး ကုမ္ပဏီကြီးများကဲ့သို့ လူမှု စီးပွားရေး ပိုင်းဆိုင်ရာ တည်ဆောက်မှုများမရှိခဲ့တဲ့အတွက် စပါး ဝယ်ယူရရှိရေးတွင် အခက်အခဲများ ကြုံခဲ့ကြပါတယ်။ ထိုင်းကုမ္ပဏီ များအနေဖြင့် ဆန်ကို (၅၀)ကီလိုဝင်အိတ်များဖြင့် အများဆုံး တင်ပို့ ခဲ့ကြသော်လည်း ဟုန်မာလီ၊ အော်ဂဲနစ်ဆန်များကို အိတ်ငယ်များ နဲ့ လှပစွာထုပ်ပိုးပြီး branded အဖြစ် ပြည်ပဈေးကွက်မှာ ရောင်း ချခဲ့ကြပါတယ်။ ထိုင်းဆန်တင်ပို့တဲ့ ကုမ္ပဏီများက အစိုးရဆန် တွေကို အစိုးရချင်း ဆက်သွယ်ရောင်းချခြင်းကို မပြုလုပ်သင့်ကြောင်း အမြင်များရှိကြပါတယ်။ မောင်တိုင်ပင်
တရုတ်ပြည်နှင့် ဂူးဂဲလ်ကုမ္ပဏီ တို့ အချင်းများကြသည်ကို ၂၁ ရာစု၏ ပထမ ဆယ်စုနှစ်အတွင်း အကြီးမားဆုံး အင်အားကြီးနှစ်ရပ် ထိပ်တိုက်တိုးမိခြင်း ဖြစ်သည်ဟုဆိုသည်။ အင်တာနက် ဝန် ဆောင်မှုလုပ်ငန်း ဆောင်ရွက်သည့် ဂူးဂဲလ်ကုမ္ပဏီသည် ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်မှုဖြင့် ပြိုင်ဘက်တို့ တုန်လှုပ် ချောက်ချားသွားအောင် လုပ်နိုင်သည့် အင်အားစွမ်းရည်ရှိသည်။ ယခု ကမ္ဘာတွင် အမြန်ဆုံး အင်အားကြီးထွားလာ သည့် ဂူးဂဲလ်က ကမ္ဘာတွင် အလျင်မြန်ဆုံး တိုးတက် ဖွံ့ဖြိုးလာသည့် တရုတ် ပြည်ဈေးကွက်ကြီးမှ ထွက်သွားတော့ မည်ဟု ခြိမ်းခြောက်လိုက်သည်။ ဤ လုပ်ကွက်မှာ ဂူးဂဲလ်ကုမ္ပဏီ၏ ရှေ့ရေး အတွက် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ သလို တရုတ်ပြည်သည်လည်း အင်တာနက် လွတ်လပ်ခွင့်မရှိဘဲ ချမ်းသာလာ နိုင်ပါ့မလား မေးစရာ ဖြစ်လာခဲ့သည်။သမိုင်းဆရာတို့ကတော့ လွတ် လပ်သောစိတ် မရှိလျှင် လွတ်လပ်သော ဈေးကွက်ဖြစ်လာဖို့ မလွယ်ဟုဆိုကာ သမိုင်းအထောက်အထားများကို ထုတ် ပြသည်။ ကုန်ခဲ့သည့် ထောင်စုနှစ်လယ် လောက်က တရုတ်ပြည်သည် ဥရောပ နိုင်ငံများထက် နည်းပညာ ရှေ့တန်း ရောက်ခဲ့ သော်လည်း၊ နောက်ပိုင်းမှာ နောက်ကျကျန်နေခဲ့ရသည်။ ၁၈ နှင့် ၁၉ရာစုတို့တွင် ဗြိတိန်၊ ၂၀ ရာစုတွင် အမေရိကတို့က ကူးသန်းရောင်းဝယ် ရေး အင်ပါယာကြီးများတွင် ဒီမိုကရေစီ သွတ်သွင်းခြင်းဖြင့် စီးပွားရေးအရ ဦး ဆောင်နိုင်ခဲ့သည်ဟု သာဓကဆောင် သည်။ သတင်း စီးဆင်းမှုကို ထိန်းချုပ် ထားလျက်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက် အောင် ကြိုးပမ်းခြင်း သည် အရာမထင် နိုင်ဟု သုံးသပ်ကြသည်။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားခြင်း၊ ချီလီတွင် လစ်ဘရယ် နိုင်ငံရေးဖြစ်ပေါ်လာခြင်း တို့ကို ထောက်ပြသည်။လွန်ခဲ့သော နှစ် ၃၀ အတွင်း တရုတ်ပြည်သည် ပုဂ္ဂလိက လွတ်လပ်မှုကို ကန့်သတ်ထား လျက်နှင့် စီးပွား ရေး အလွန်အထူးမြန်ဆန်စွာ ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နိုင်သည့် ပြောင်းပြန်မိုဒယ်သစ်ကို စမ်းသပ်ကြည့် ခဲ့ပြီးဖြစ်သည်။ ကွန်မြူနစ်ပါတီ က တရုတ်ပြည်ကို ၂၁ ရာစုထဲ ရောက် အောင် သယ်ဆောင်ပေးခဲ့သည်။ သူတို့ ၏ အမာထည်သည် အထင်ကြီးဖွယ် ဖြစ်သည်။ ကမ္ဘာ့အမြန်ဆုံး မီးရထား၊ တောက်ပြောင်သော လေဆိပ်များနှင့် ခေတ်မီ မိုးမျှော် အဆောက်အအုံများက သက်သေပြနေသည်။တရုတ်သည် အမေရိကန်ကို ဖယ်ထုတ်ပြီး ကမ္ဘာ့ အ ကြီးဆုံး မော်တော်ကားဈေးကွက်ဖြစ် လာသည်။ ကမ္ဘာတွင် စီးပွားရေး အင် အား ဒုတိယ အကြီးဆုံး ဂျပန်နိုင်ငံကို ကျော်တက်ပေတော့မည်။ၤFortune 500 စာရင်းထဲမှ ကုမ္ပဏီများသည် နိုင်ငံရေး လွတ်လပ်မှုကို အမှုမထားဘဲ တရုတ် ပြည်တွင် လာရောက်ရင်းနှီးမြှုပ်နှံခဲ့ကြ ပြီး ဖြစ်သည်။ ဂျင်နရယ် မော်တော်နှင့် ကင်တပ်ကီကြက်ကြော် (GM, KFC) ဟူ သော အမေရိကန် ကုမ္ပဏီတို့သည် တရုတ်ပြည်တွင် အခြေခံမူတွေကို မရောင်းဘဲ သူတို့ထုတ်လုပ်သည့်ပစ္စည်း များကိုသာ ရောင်းနေကြသည်။ တရုတ် မှာ အလုပ်လုပ်ဖြစ်နေလို့သာ တရုတ် ပြည်မှာ ရှိနေခြင်းဖြစ်သည်။တောင်ကိုရီးယား၊ တရုတ် (တိုင် ပေ)နှင့် အင်ဒိုနီးရှားတို့တွင် ဒီမိုကရက် တစ်ပိုဖြစ်လာသည်နှင့် အမျှ ဖွံ့ဖြိုးမှုနှုန်း လျော့နည်းလာခဲ့သည်ဟု တရုတ်အစိုးရ အရာရှိကြီးတစ်ဦးက ဆိုသည်။ ဂူးဂဲလ် ကုမ္ပဏီသည် အောင်မြင်နေသော အခြား အမေရိကန် ကုမ္ပဏီများနှင့် မတူချေ။ သူက သတင်း အချက်အလက် အသုံးပြုခွင့်ကို ရောင်းချနေခြင်းဖြစ်ပြီး၊ တရုတ်ပြည်မှာ အခြား ကုမ္ပဏီများနှင့် ယှဉ်လျှင် ဂူးဂဲလ်က သိပ်အလုပ်မဖြစ် လှပေ။ ဂူးဂဲလ်သည် တရုတ်ပြည်ဈေး ကွက်၏ ၁၄ဒသမ ၁ရာခိုင်နှုန်းသာ ရရှိ ထားသည်။ ပြည်တွင်းမှ ပေဒူးအင်တာ နက်ဝန်ဆောင်မှု ကုမ္ပဏီ၏ ဈေးကွက် ဝေစုမှာ ၆၂ဒသမ ၂ရာခိုင်နှုန်းဖြစ်သ ဖြင့်ဂူးဂဲလ်အလုပ်မဖြစ်မှန်းသိသာသည်။တကယ်တော့ တရုတ်ပြည်၏ ပြည်သူပြည်သား ဖွံ့ဖြိုးမှု ( Civic Development)ကို အမေရိကန် စံချိန်နှင့် နှိုင်းယှဉ်ပြီး လွတ်လပ်စိတ်၊ လွတ်လပ် ဈေးကွက်ကို သီအိုရီ လုပ်ပြောလို့ သဘာဝမကျပေ။ ယနေ့ တရုတ်ပြည် တွင် နိုင်ငံသားတစ်ဦးကျဂျီဒီပီ ဒေါ်လာ ၅၀၀၀ ရှိ၍ လုပ်အား၏ ၄၀ရာခိုင်နှုန်း သည် စိုက်ပျိုးရေးထဲ ရောက်ရှိနေပြီး၊ စက်မှုနှင့် မြို့ပြခေတ်ထူထောင်ရေးကို နှစ်ပေါင်း ၃၀ လုပ်ခဲ့ရသည်။ ယင်းအနေ အထားသည် ၁၉၀၀ ပြည့်နှစ်က အမေ ရိကန် စီးပွားရေး အနေအထားနှင့် အတူတူပင်ဖြစ်သည်။ ထိုစဉ်က အမေရိ ကန်တွင် ဆီးနိတ်လွှတ်တော်သို့ တိုက် ရိုက်ရွေးကောက် တင်မြှောက်ခွင့်နှင့် အမျိုးသမီးများ မဲပေးခွင့်တို့ မရှိခဲ့သည့် အပြင် တောင်ပိုင်းမှာ ဆိုလျှင် လူဖြူ လူမည်းခွဲခြားမှု အမြစ်တွယ်နေဆဲဖြစ်ခဲ့ သည်။ အစိုးရက အင်တာနက်သုံးစွဲမှုကို ထိန်းချုပ်ထားသည်ဆိုခြင်းမှာ ပုံကြီးချဲ့ နေခြင်းသာဖြစ်သည်ဟု နိုင်ငံတော် သတင်းပြန်ကြားရေးဌာန၊ ဒုတိယ ဝန်ကြီးက ဆိုသည်။၂၀၀၉ ခုနှစ် ဇွန်လ စာရင်းအရ တရုတ်ပြည်တွင် အင်တာ နက် သုံးစွဲသည့်ပြည်သူ (Netizens) ၃၃၈ သန်း၊ မိုလ်ဘိုင်းဖုန်းသုံးစွဲသူ သန်း ၇၀၀နှင့် အင်တာနက် ဘလော့ဂ်ပေါင်း သန်း ၁၈၀ရှိသည်။ ထိုအရေအတွက် သည် ဂူးဂဲလ်ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ လုပ်ငန်းလည်ပတ်ရေး ဝန်းကျင် တည်ဆောက်လို့ ရနိုင်သည်အထိ လုံ လောက်နေပြီဟုဆိုပါသည်။Ref; Newsweekဦဟန်ထွန်း(အခွန်)
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုရဲ့ လေးပုံတစ်ပုံကို သဲကန္တာရများရှိ နေ ရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ် အား ထုတ်လုပ်ရေး လုပ်ငန်းတွေက ၂၀၅၀ ပြည့်နှစ်အရောက်မှာ ထုတ်လုပ် ပေးနိုင်ဖွယ်ရာ အခြေအနေ ရှိတယ်လို့ နေစွမ်းအင်လိုလားသူများအုပ်စုက ခန့် မှန်းထားပါတယ်။ နေစွမ်းအင် လိုလား သူများအုပ်စုမှာ ဂရင်းပိစ်အဖွဲ့၊ ဥရောပ နေစွမ်းအင် အပူသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအဖွဲ့(ESTELA) ၊ အဏု မြူ စွမ်းအင်အေဂျင်စီ(IAEA)နဲ့ ဆိုလာ ပိစ် အဖွဲ့တွေ ပါဝင်တယ်လို့ သိရပါ တယ်။ နေရောင်ခြည်စွမ်းအင် အသုံးပြု ရေး နည်းပညာဟာ ပူပြင်းပြီး မိုးတိမ် တွေကင်းစင်တဲ့ ဆာဟာရ သဲကန္တာရနဲ့ အာရှ အလယ်ပိုင်းဒေသတွေမှာ အထူး သင့်လျော်တဲ့အတွက် အဲဒီဒေသတွေမှာ နေစွမ်းအင် အမြောက်အမြားထုတ်လုပ် နိုင်အောင် ကြိုးစားလာနိုင်ရင် အလုပ် အကိုင်သစ်တွေ များစွာပေါ်ပေါက်လာ မယ့်အပြင် ရာသီဥတုပြောင်းလဲမှုကို ပြန် လည်တည့်မတ်ရာမှာလည်း အထောက် အကူ ပြုလာနိုင်ပါတယ်။ နယူးမက္ကဆီကိုပြည်နယ်ရှိ ဆန်းဒီး ယားအမျိုးသားဓာတ်ခွဲခန်းတွေမှာ Sun Catchers လို့ အမည်ပေးထားတဲ့ နေ ရောင်ခြည်စွမ်းအင်ထုတ်လုပ်တဲ့ ကိရိ ယာကြီးတွေ များစွာရှိပြီး ညအချိန်မှာ အနားယူပေမယ့် နေရောင်ခြည် ထွက် ပေါ်လာတာနဲ့ တစ်ပြိုင်နက် အလင်း ရောင်ရှိရာဘက်ကို မျက်နှာမူကာ လျှပ် စစ်ဓာတ်အားတွေကို စတင်ထုတ်လုပ်ပါ တယ်။ ယခုအခါ အဲဒီ စက်ကိရိယာ ပေါင်း ခြောက်သောင်းကို လော့အိန်ဂျ လိစ်နဲ့ စန်ဒီယာဂို သဲကန္တာရအတွင်းမှာ တည်ဆောက်နေတယ်လို့ သိရပါတယ်။ ၁၉၈၀ ပြည့်နှစ်လောက် ကတည်း က ရိုလင်းဟူးလ်စထရောင်းဆိုသူ အင် ဂျင်နီယာ တစ်ဦးက နေစွမ်းအင် တစ် ခေတ်ဆန်းလာရင် အမေရိကန် တစ် နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အလုံအ လောက် ဖြန့်ဖြူးပေးနိုင်လိမ့်မယ်လို့ ခန့် မှန်းခဲ့ဖူးပါတယ်။ သူ့ရဲ့အဆိုအရ မိုင် ၁၀၀ ပတ်လည်ရှိတဲ့ သဲကန္တာရလိုနေရာ မျိုးမှာ မှန်ပြားကြီးတွေတပ်ဆင်နိုင်ရင်း လျှပ်စစ်ဓာတ်အားအတွက် တခြား လောင်စာတွေသုံးစွဲဖို့ လုံး၀ မလိုအပ် တော့ဘူးလို့ ပြောကြားပါတယ်။ ဂျာမနီနိုင်ငံက ှSiemens ကုမ္ပဏီ ကြီးဟာ ကမ္ဘာမှာ ပတ်ဝန်းကျင် ထိန်း သိမ်းရေး နည်းပညာအခြေခံအဆောက် အအုံပစ္စည်းတွေ အများဆုံး ထုတ်လုပ် ရောင်းချတဲ့ ကုမ္ပဏီကြီး ဖြစ်ပါတယ်။ ယခုအခါ အာဖရိကတိုက် မြောက်ပိုင်း ဆာဟာရ သဲကန္တာရကြီးထဲမှာ နေရောင် ခြည်စွမ်းအင်ကနေ လျှပ်စစ်ဓာတ်အား အမြောက်အမြား ထုတ်လုပ်ရေး စီမံကိန်း ကြီးဖြစ်တဲ့ Desentec Project ကို အကောင်အထည်ဖော်မယ့် စွမ်းအင် ကုမ္ပဏီကြီးတစ်ခုဖြစ်လာပါတယ်။ အဲဒီ စီမံကိန်းကြီးဟာ မြောက်အာဖရိကတိုက် မှာရှိတဲ့ သဲကန္တာရတွေထဲမှာဥရောပရှိနိုင်ငံ တွေရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၁၅ ရာခိုင်နှုန်းခန့်နဲ့ စီမံကိန်း အကောင် အထည်ဖော်တဲ့နိုင်ငံရဲ့ လျှပ်စစ် ဓာတ် အား လိုအပ်ချက်ကို အလုံအလောက် ဖြည့်ဆည်းပေးနိုင်ဖို့ ရည်မှန်းဆောင်ရွက် နေတယ်လို့ သိရပါတယ်။ Desentec Project ကြီးကို ယူရို ငွေ ဘီလျံ ၄၀၀ ရင်းနှီးမြှုပ်နှံပြီး လုပ် ကိုင်ဖို့ရှိပါတယ်။ အသုံးပြုမယ့် နည်း ပညာကတော့ သဲကန္တာရထဲမှာ မှန်ချပ် ကြီးတွေနဲ့ နေရောင်ခြည်ကို စုစည်းပြီး ပိုက်တွေနဲ့ ဆင်ထားတဲ့ အလွှာတွေ အတွင်းသို့ ပေးပို့ကာ လျှပ်စစ်ဓာတ် အားကို ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ လျှပ်စစ်ဓာတ်အားကို ကီလိုမီတာ ၃၀၀၀ ကျော်ဝေးတဲ့ ဥရော ပတိုက်သို့ အသစ် သွယ်တန်းထားတဲ့ တစ်လုံး တစ်စည်းတည်းသော မဟာ ဓာတ်အားလိုင်းကြီးနဲ့ ပေးပို့ဖို့ရှိပါတယ်။ နေရောင်ခြည် အပူဓာတ်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံတွေကို နေသွားရာ လမ်းကြောင်းပေါ်မှာတည်ထောင်ထား အတွက် ရာနှုန်းြ့ပည့်နေရောင်ခြည်ရရှိ ပြီး လျှပ်စစ်ဓာတ်အားကို ကုန်ကျစရိတ် အနည်းဆုံးနဲ့ ထုတ်လုပ်ရရှိနိုင်ပါတယ်။ ဒါ့ကြောင့်အချိန်တိုကာလအတွင်း တွင်း ထွက် လောင်စာ (ရေနံနဲ့ ကျောက်မီး သွေး)တွေနဲ့ လျှပ်စစ်ဓာတ်အားထုတ် လုပ်ဖြန့်ဖြူးရေးစနစ်ကို ယှဉ်ပြိုင်လာ နိုင်စရာရှိပါတယ်။ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနဲ့ စီးပွားရေးအလားအလာ အရလည်း ဖွံ့ဖြိုးတိုးတက်လာစရာရှိပါ တယ်။ Desentec Project မှာ အသုံးပြု မယ့် ရှေ့ပြေးနည်းပညာ စက်ရုံကို Aachen မြို့အနီး Julicg ဒေသမှာ တွေ့မြင်နိုင်ပါတယ်။ အဲဒီ နေစွမ်းအင် စက်ရုံဟာ မီတာ ၅၀ မြင့်တဲ့ မျှော်စင် ကြီး (tower) ပေါ်မှာ မှန်ချပ်ပေါင်း ၂၅၀၀ ကို နေရောင်ခြည်တိုက်ရိုက် ကျ ရောက်နိုင်အောင်စီမံထားပြီး လျှပ်စစ် ဓာတ်အားထုတ်ယူပါတယ်။ ယူရိုငွေ ၂၂ သန်းကုန်ကျပြီး လျှပ်စစ်ဓာတ်အား ၁ ဒသမ ၅ မီဂါဝပ်ထုတ်လုပ်နိုင်တဲ့အတွက် အိမ်ထောင်စု ၃၅၀ ကို အလုံအလောက် ဖြန့်ဝေပေးနိုင်တယ်လို့ သိရပါတယ်။ ဂျာမနီနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာနဝန်ကြီး Sigman Gabried က အဲဒီ နေရောင်ခြည်သုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံဟာ အနာဂတ်မှာ ဖြစ် ပေါ်လာမယ့် ပြန်ပြည့်မြဲစွမ်းအင် ဓာတ် အားပေးစက်ရုံတွေရဲ့ ရှေ့ပြေး နမူနာ စက်ရုံတစ်ရုံပဲဖြစ်ပါတယ်။Ref; www.magazin deutschland.deမောင်ပုဆိုးကြမ်း
စင်ပြိုင်ထဲမှာ အချက်အချာအမေရိကန်အဖို့ အင်အားကြီး ထွားလာသော တရုတ်နှင့်အပြေး ပြိုင် ရသည်လည်းရှိသည်။ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးဆိုပြီး အီရတ်၊ အာဖဂန် နစ္စတန်တို့တွင် စစ်တိုက်နေရသည် လည်းရှိသည်။ တစ်ပြိုင်နက်တည်း စစ် မျက်နှာနှစ်ရပ်ဖွင့်ပြီး အလုပ်ရှုပ်နေရ သည်။ ဤတွင် စစ်မျက်နှာနှစ်ရပ်တွင် သီးခြားအနက်အဓိပ္ပာယ်ကိုယ်စီရှိကြောင်း သိရှိလာသည်။ အကြမ်းဖက်ဝါဒ ဆန့် ကျင်ရေးသည် ဒုံးပျံကောင်းကောင်း၊ လူ့ ခန္ဓာကိုယ်ကို စစ်ဆေးသော စကင်နာ ကိရိယာ ကောင်းကောင်း၊ လေယာဉ်ပျံ ကွင်းတို့တွင် လုံခြုံရေးအလုပ်မျိုးစုံတို့ကို ဖန်တီးရန် ဖိအားပေးသည်။ တရုတ်နှင့်ပြိုင်ပြေးရာတွင်မူရုရှား က စပွန်နစ် ဂြိုလ်တုလွှတ်တင်စဉ်က ရုရှားနှင့် ပြိုင်ပြေးခဲ့ ရသည့် ဖြစ်စဉ်ကို ပြန်လည် သတိရစေသည်။ ပညာရေး အဆင့်အတန်းမြင့်မြင့်၊ အခြေခံ အဆောက် အအုံတွေကောင်းကောင်း၊ တက္ကနိုလိုဂျီ ခေတ်မီရေး၊ ကျွမ်းကျင်မှု မြှင့်တင်ရေး တွေ ပြုလုပ်ရသည်။ တစ်နည်းဆိုလျှင် သိပ္ပံပညာနှင့် ပညာရေးတို့တွင် အရမ်း ရင်းနှီးမြှုပ်နှံရသဖြင့် အင်တာနက်တွေ ပေါ်သည်။ သင်္ချာဘက် လိုက်စားသော ကျောင်းသားတွေ များလာသည်။ နိုင်ငံ ကို အသစ်ထူထောင်ချင်သူတွေ အား ကောင်းလာသည်။ ယခုလည်း တရုတ် နှင့် ပြိုင်ပြေးရာတွင် ဘက်စုံမှ ပြိုင်ရ သည်။ ဤသဘောသည် နှစ်နိုင်ငံစလုံး အဖို့ အကျိုးရှိသည်။ အလားအလာ ကောင်းတို့ကို ရည်ညွှန်းသည်။ ပညာရေးနှင့် တက္ကနိုလိုဂျီအကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး ဘက် အဓိကအာရုံစိုက်သောအခါ လူ တွေအတော် စိတ်ညစ်ရ သည်။ ဒုံးပျံတွေ၊ မောင်းသူမဲ့ လေယာဉ်တွေ၊ ပြင်းထန် သောဗုံးတို့ကို တီထွင်အသုံးပြုရသည်။ လုံခြုံရေးကိရိယာတို့ဖြင့် စိစစ်နေရ သည်။စပွန်နစ်တီထွင်မှုသည် အနာဂတ် ကို တံတားခင်း ပေးသည်။ အကြမ်းဖက် ဆန့်ကျင်ရေးစစ်ပွဲသည် ဘာတံတားမှ လည်း မခင်း၊ ကောင်းသော အနာဂတ် ကိုလည်း ရှေ့ရှုစေခြင်း မရှိ၊ အဖျက် သဘောသက်သက်သာ ဖြစ်သည်။ ထို့ကြောင့် ခေတ်ပြိုင် ခေတ်၌ တရုတ်နှင့် ယှဉ်ပြိုင်ပြေးသော ပြိုင်ပွဲနှင့် အကြမ်းဖက်သမားတို့ နောက်လိုက် သော ပြိုင်ပွဲဟူ၍ နှစ်မျိုးနှစ်စား ပြိုင်တူပေါ် နေသည်။ ဤသို့ပြိုင်တူပေါ်သဖြင့် မည့်သည့် ပြိုင်ပွဲကို ဦးစားပေးမလဲဟု ပေါ် လစီရေးရာကိစ္စပေါ်လာသည်။ ဤကိစ္စ နှင့် ပတ်သက်၍ အမေရိကန် ကွန်ဆာ ဗေးတစ်ခေါင်းဆောင် ဒုတိယ သမ္မတ ဟောင်း ဒစ်ချီနီက အကြမ်းဖက် သမား တို့နောက်လိုက်သော ပြိုင်ပွဲကို ဦးစား ပေးချင်နေသည်။ လစ်ဘရယ် သြဇာ လွှမ်းမိုးသော သူတို့က တရုတ်နှင့်အပြေး ပြိုင်ပွဲကို ပို၍ ဦးစားပေးချင်သည်။ တရုတ်နှင့် အပြေးပြိုင်ပွဲကြောင့် ပညာ ရေး၊ သိပ္ပံနှင့် တက္ကနိုလိုဂျီတို့ ပိုပြီး အဆင့်အတန်းမြင့်လာမည်ဟု ထောက် ပြသည်။အမျိုးသား ပရိုဂျက်ထိုစဉ်ဘဏ္ဍာရေးအကျပ်အတည်း ပေါ်လာသည်။ ဝိုင်းဝန်းဖြေ ရှင်းနေရဆဲ ဖြစ်သည်။ ဘဏ္ဍာရေး အကျပ်အတည်း ပေါ်လာသောအခါ အကြမ်းဖက်သမား တို့၏ဆောင်ပုဒ်ကပြောင်းလဲသွားသည်။ "သင်တို့ကို မြေမြှုပ်ပစ်မည်" ဟု မပြော တော့ဘဲ "သင်တို့ကို မွဲအောင် လုပ်ပစ် မည်" We will bankrupt you ဟု ပြော လာသည်။ သူတို့ သိနိုင်ကောင်းသည့် အချက်မှာ အနောက်တိုင်းမွဲလျှင် သူတို့ ၏ ခြေကုတ် အရှေ့အလယ်ပိုင်းလည်း မွဲသွားမည်ဆိုသော အချက်ဖြစ်သည်။ ယခုခေတ်သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မွဲအောင်လုပ်ပစ်လို့ မကောင်းသည့် ခေတ် ဖြစ်လာ သည်။ ဝင်းဝင်းဂိမ်း Win Win Game ဖြစ်လာသည်ကို သတိချပ် သင့်သည်။ယခု နိုင်ငံတို့ သည် မိမိတို့ဆိုင်ရာ အမျိုးသားပရိုဂျက် National Project တွေရှိသည်။ အမေရိကန်၏ အမျိုးသား ပရိုဂျက်သည် တရုတ်နှင့် ယှဉ်ပြေးရေး Racing China နှင့် အကြမ်းဖက် အယ်လ် ကိုင်ဒါတို့နောက် လိုက်ရေးChasing Alqaeda ဖြစ်လာသည်ဟု နိုင်ငံခြား ရေးပေါ်လစီကျွမ်းကျင်သူတို့ကထောက် ပြသည်။ racing နှင့် chasing ခြားနား သည်။ပါရာဒိုင်းရှာတရုတ်ပြည်နှင့် ပြိုင်ပြေးရသည် မှာလည်း မှန်သည်။ အယ်လ်ကိုင်ဒါတို့ နှင့် ထိပ်တိုက် ရင်ဆိုင်ရသည်မှာလည်း မှန်သည်။ သို့ဖြင့် ထိုနှစ်ချက်အနက် မည်သည့်အချက်က အဓိက အနှစ်သာ ရကို ဖော်သလည်းဟု မေးလာသည်။ တရုတ်ပြည်နှင့် ပြိုင်ပြေးရေးသည် အဓိကအဓိပ္ပာယ်ပေါ်သည်။ တရုတ်နှင့် ပြိုင်ပြေးမှ အမေရိကန် ပညာရေး၊ သိပ္ပံ ပညာနှင့် တက္ကနိုလိုဂျီတို့ ဖွံ့ဖြိုးတိုး တက်မည်။ ပညာရေး သိပ္ပံပညာနှင့် တက္ကနိုလိုဂျီတို့ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကမောင်းနှင်အားဖြစ်သည့်အတွက် ဤအပိုင်းတွင် ယှဉ်ပြိုင်ရေးကို ဦးစား ပေးရမည်ဟု ဆိုသည်။တရုတ်၏ နိုင်ငံရေးစနစ်ကို နား လည်ပုံကိုလည်း ပြောင်းလဲရန် တိုက် တွန်းသည်။ တစ်ပါတီ အာဏာရှင်စနစ် ဟု နားလည်ခြင်းကို ပယ်ဖျက်၍ တစ်ပါ တီ ဒီမိုကရေစီစနစ်ဟု ပြောင်းလဲနား လည်ရန် ဖြစ်သည်။ တရုတ်၏ စီးပွား ရေးစနစ်သည် တရုတ်ပြည် ဖွံံ့ဖြိုးတိုး တက်မှုကို တွန်းအားပေးသည်။ ဆင်းရဲ မွဲတေမှု ပြဿနာကြီးကို ဖြေရှင်းပေး သည်။ တရုတ်လူထု၏ဝင်ငွေလည်း တိုး ပွား၍ လူလတ်တန်းစားလည်း ကြီးထွား စေသည်။ နိုင်ငံရေးအသိလည်း ခေတ် မီလာသည်။ လူထုကလည်း ကျေနပ် သည်။ ဤဖြစ်ထွန်းမှုတို့ကို ဖြစ်ထွန်းစေ သောအကြောင်းအရင်းသည် အာဏာ ရှင်စနစ်မဟုတ်။ တရုတ်ပုံစံ ဒီမိုကရေစီ သာဖြစ်သည်ဟု ပညာရှင်တို့က သုံး သပ်လာသည်။ သို့ဖြင့် တစ်ပါတီ အာ ဏာရှင်စနစ်ဆိုသော အသုံးအနှုန်းကို ပယ်၍ တစ်ပါတီ ဒီမိုကရေစီဆိုသော အသုံးအနှုန်းကို ပြောင်းလဲသုံးသည်။ သဘောမှာ လူတို့၏ အဓိကလိုလား ချက်သည် စီးပွားရေးလား၊ နိုင်ငံရေး လားဟု ပါရာဒိုင်းရှာခြင်းဖြစ်သည်။အညွှန်း။ NYT, Globalistမောင်စူးစမ်း
အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ်မှုဒေသ (ASEAN-China Free Trade Area - ACFTA) မှာ ၂၀၁၀ ပြည့်နှစ် ဇန်န ဝါရီလစာရင်းအရ လူဦးရေ ၁ဒသမ ၉ဘီလီယံရှိပြီး စုစုပေါင်း ဂျီဒီပီ အမေရိကန် ဒေါ်လာ ၆ ဒသမ ၆ ထရီလီယံနဲ့ စုစုပေါင်းကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ထရီလီယံ ရှိပါတယ်။ ACFTA အကောင်အထည်ဖော်ရတဲ့ အဓိကအကြောင်းရင်း ကတော့ တရုတ်နိုင်ငံရဲ့ ကြီးထွားလာတဲ့ ဝန်ဆောင်မှုနဲ့ ထုတ်လုပ်မှု ကဏ္ဍတွေမှာပါဝင်နိုင်ဖို့နဲ့ ကမ္ဘာ့အကြီး ဆုံးသော ကုန်သွယ်မှုဒေသ တစ်ခု ဖန်တီးဖို့အတွက် ဖြစ်ပါတယ်။ အာဆီယံနိုင်ငံများအတွက် တရုတ် ဈေးကွက်ဟာ ကြီးမားပြီး အလားအလာရှိတဲ့ ပို့ကုန်ဈေးကွက် တစ်ခုဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်စာရင်းအရ အာဆီယံစုစုပေါင်းပို့ကုန် ရဲ့ ၁၂ ရာခိုင်နှုန်း၊ စုစုပေါင်းသွင်းကုန်ရဲ့ ၁၀ ရာခိုင်နှုန်း နဲ့ စုစုပေါင်း ကုန်သွယ်မှုရဲ့ ၁၁ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံနဲ့ဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ ဈေးသက်သာတဲ့ သွင်းကုန်ပစ္စည်းများဟာ အာဆီယံအတွင်းရှိ စားသုံးသူများအတွက် ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူစားသုံးလို့ရနိုင်သလို၊ ထုတ်လုပ်သူများ အတွက်လည်း သွင်းအားစုတွေကို ဈေးသက်သာစွာနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒ့ါအပြင် တရုတ်နိုင်ငံရဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုနဲ့ အပြန်အလှန်ကုန်သွယ်မှုတို့ဟာ အရေးပါတဲ့ချိတ်ဆက်မှု တွေကို ဖန်တီးနိုင်မှာဖြစ်သလို အာဆီယံအတွင်း ထုတ်လုပ်မှု ကွင်းဆက်တိုးတက်ဖို့အတွက်လည်း မျှော်မှန်းနိုင်ပါတယ်။ ACFTA အရ ကုန်သွယ်မှုဖြေလျော့မှုမှတစ်ဆင့် ဝန်ဆောင်မှု ကဏ္ဍတွင်လည်း အလားအလာ ရှိတဲ့ အကျိုးကျေးဇူးများ ရနိုင် ပါတယ်။ လေကြောင်းဖြတ်သန်းမှု၊ ထောက်ပံ့ပို့ဆောင်မှု၊ ခရီးသွား လုပ်ငန်းနဲ့ ဘဏ္ဍာရေးကဏ္ဍတု့ိမှာ တရုတ်နိုင်ငံရဲ့ ဝင်ငွေ အလယ် အလတ်ရှိသူတွေ တိုးပွားလာလို့ အာဆီယံအတွက် ခိုင်မာတဲ့ ဝန်ဆောင်မှု ပို့ကုန်ဈေးကွက် တစ်ခုလည်း ဖြစ်စေနိုင်ပါတယ်။ အာဆီယံအတွင်းရှိ အသေးစားနဲ့ အလတ်စားလုပ်ငန်းများ (SMEs) အပေါ် ကာလတို အကျိုး သက်ရောက်မှုက ရှိမှာဖြစ်ပါ တယ်။ စက်နဲ့ စက်ကိရိယာ ထုတ်လုပ်မှုလုပ်ငန်းများမှာ တရုတ်နိုင်ငံရဲ့ ပို့ကုန်ယှဉ်ပြိုင်မှု အကျိုးသက်ရောက်ချက်ကတော့ ပိုပြီးဖွံ့ဖြိုးတိုးတက် တဲ့ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့က SMEs များအပေါ် သက်ရောက်နိုင်တယ်လို့ မျှော်မှန်းရပါ တယ်။ CLMV နိုင်ငံများနဲ့ ထွန်းသစ်စနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံ တေက လုပ်သားအင်အားကို အဓိကထားအသုံးပြုဖို့ ပို့ကုန်ဦးတည်လုပ်ငန်း တွေမှာ အရေးပါတဲ့ အကျိုးသက်ရောက်မှု ရှိနိုင်တဲ့အတွက် ဖြစ်ပါ တယ်။ ACFTA ကြောင့် တရုတ်ဈေးကွက်ရဲ့ လွှမ်းမိုးမှုကြောင့် ဒေသတွင်း ဈေးကွက်ဟာ အာဆီယံဒေသကနေ သွေဖည်ပြီးသွားနိုင်လို့ အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဒေသနဲ့ အာဆီယံစီးပွား ရေး အသိုက်အဝန်း (AEC) တည်ထောင်မှုရဲ့ အခန်းကဏ္ဍနဲ့ အရေးပါ မှုကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ကာလတိုတွင် ညှိနှိုင်းမှုပြုဖို့ ကုန်ကျစရိတ်များရှိသော်လည်း အာဆီယံနဲ့တရုတ်အတွက် ကာလလတ်နဲ့ ကာလရှည် အလား အလာကောင်းများမှာ ထင်ရှားလျက်ရှိပါတယ်။ ACFTA မှ အကျိုး ကျေးဇူး အပြည့်အဝရရှိဖို့ အာဆီယံအနေနဲ့ အောက်ဖော်ပြပါ အချက်များကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ် -(က) အာဆီယံအနေဖြင့် အာရှစီးပွားရေး အသိုက်အဝန်း AEC တည်ထောင်ရာတွင် အရှိန်အဟုန်နဲ့ စည်းလုံးညီညွတ်စွာ ဖြင့် အာဆီယံရဲ့ အရေးပါမှုကို အဓိကထားပြီး ACFTA ရဲ့ အလားအလာကောင်းသော အကျိုးကျေးဇူးများကို အပြည့်အ၀ ရယူဖို့ဖြစ်ပါတယ်။ အာဆီယံက စီးပွားရေး အသိုက်အဝန်းတစ်ခုအဖြစ် ပူးပေါင်းချိတ်ဆက်ရာတွင် တစ်ခုတည်းသော ဈေးကွက်နဲ့ ထုတ်လုပ်မှုအခြေခံပြုလုပ် ဖို့ ရည်ရွယ်ထားပြီး ACFTAမှသည် ကြီးမားပြီး လွတ်လပ် တဲ့ ကုန်သွယ်မှုဒေသအဖြစ် အရှေ့အာရှလွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (ASEAN+3)(သို့မဟုတ်) အရှေ့အာရှ ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ASEAN+6) အဖြစ် ထပ်မံပေါ်ပေါက်ဖွယ်ရှိပါတယ်။(ခ) အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုပုံစံမှာ ကွဲပြားမှုရှိနေ တဲ့အတွက် အာဆီယံဒေသ အတွင်း ဝင်ငွေမညီမျှမှုကို လျှော့ချရန် ရည်ရွယ်သင့်ပါတယ်။ ဥပမာ-အာဆီယံ အနေနဲ့ CLMVနိုင်ငံများရဲ့ စွမ်းဆောင်ရည်မြှင့်တင်ဖို့နဲ့ ကုန်သွယ်မှုချောမွေ့ဖို့အတွက် အခြေခံအဆောက်အဦကို အခိုင်အမာတည်ဆောက်ဖို့ လိုအပ်ပါတယ်။(ဂ) ပြိုလဲသွားတဲ့လုပ်ငန်းများမှ လုပ်သားများကို CLMV ရှိ တိုးတက်တဲ့ လုပ်ငန်းများသို့ ချောမွေ့စွာ စီးဆင်းမှုကို အထောက်အကူဖြစ်စေဖို့အတွက် အာဆီယံအနေနဲ့ လူ့ စွမ်းအား အရင်းအမြစ် တည်ဆောက်ဖို့ လိုအပ်ပါတယ်။(ဃ) အာဆီယံဒေသတွင်း အသေးစားနဲ့ အလတ်စားလုပ်ငန်း များ (SMEs) ခိုင်မာအောင် ပြုလုပ်ခြင်းနဲ့ ဖွံ့ဖြိုးလာတဲ့ တရုတ်ဈေးကွက်ရဲ့ အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။ အထူးသဖြင့် အာဆီယံ အတွင်းရှိ SMEs များအနေနဲ့ ဒေသတွင်းရှိ တိုးတက်လာတဲ့ ဝယ်လိုအား၊ လုပ်ငန်း များနဲ့ လိုက်လျောညီထွေစွာ ကိုယ်ပိုင်စွမ်းရည်နဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု (R&D) စွမ်းရည်တို့ ကိုတိုးမြင့်ဖို့ လိုအပ်ပါတယ်။ အာဆီယံအနေနဲ့ နယ်စပ်ဆိုင်ရာ ပြဿနာများဖြစ်တဲ့ နည်းပညာနဲ့ စံချိန်စံညွှန်းဆိုင်ရာ စည်းမျဉ်းများကို အပြည်ပြည်ဆိုင် ရာ စံသတ်မှတ်ချက်များနဲ့အညီ တစ်ပြေးညီဖြစ်စေဖို့လည်း အထူးလို အပ်ပါတယ်။ အရည်အသွေးမြင့် ကုန်စည်များ ဆက်လက်ထိန်းသိမ်း ဖို့နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှ အရည်အသွေးညံ့ သွင်းကုန်များကို ပြည်တွင်း ထုတ်ကုန်ပစ္စည်းများနဲ့ သိသာစွာခွဲခြားမှုပြုဖို့ လိုအပ်ပါတယ်။ ကုန် ပစ္စည်းအရည်အသွေး ကွဲပြားခြားနားအောင် ပြုလုပ်ခြင်းနဲ့ ပြည်တွင်းရှိ လုပ်ငန်းများအနေနဲ့ ပြည်တွင်းဈေးကွက်ဝေစုကို ဆက်လက်ထိန်း သိမ်းထားဖို့ အခွင့်အလမ်းကောင်းဖြစ်သလို ကမ္ဘာ့ဈေးကွက်ဝေစု ကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ ကုန်ပစ္စည်းအရည်အသွေး ဖော်ထုတ်ခြင်းနဲ့ တစ်ပြေးညီဖြစ်ခြင်းဖြင့် အာဆီယံဒေသတွင်း ကမ္ဘာ့ထုတ်လုပ်မှု တန်ဖိုးကွင်းဆက် ဖော်ထုတ်ရန် အဓိကအချက်ဖြစ်သကဲ့သို့ ဒေသတွင်း လွတ်လပ်တဲ့ ကုန်သွယ်မှု သဘောတူညီချက်များရဲ့ အကျိုးကျေးဇူး ကိုလည်း အများဆုံး ရရှိနိုင်မှာဖြစ်ပါတယ်။ ဒေါက်တာ ထိန်လင်း
လာမယ့် ဆယ်စုနှစ်တွေအတွင်း ရာ သီဥတု ပြောင်းလဲဖောက်ပြန်မှုကြောင့် မိုးသက်မုန်တိုင်း ကျရောက်တာ၊ မိုးခေါင် ရေရှားတာ၊ ကပ်ရောဂါတွေ ပျံ့နှံ့ဖြစ် ပွားလာတာတွေ စတဲ့ သဘာဝဘေး အန္တရာယ်ရဲ့ စိန်ခေါ်မှုတွေဟာ တချို့ နိုင်ငံတွေရဲ့ အမျိုးသားလုံခြုံရေးကို ငြိမ်းခြောက် လာနိုင်ဖွယ် ရှိနေပါတယ်။ ဥပမာ- ရေဘေးအန္တရာယ် အကြီး အကျယ်ကျရောက်ခဲ့ရင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံက ရေဘေးဒုက္ခသည် ထောင်ပေါင်းရာနဲ့ချီပြီး ဘေးလွတ်ရာ ဒေသဖြစ်တဲ့ အိန္ဒိယနိုင်ငံ အတွင်းကို အလုံးအရင်းနဲ့ချီပြီး ပြေးဝင် ခို အောင်း လာနိုင်ကြပါတယ်။ အခြေခံ အဆောက် အအုံတွေ ကြီးကြီးမားမား ပျက်စီးပြီး နယ်စပ် ပဋိပက္ခတွေ ကူးစက်ရောဂါ ပျံ့နှံ့မှုတွေ ဖြစ်ပွား လာနိုင်ပါတယ်။ အဲဒီ အန္တရာယ်ကို သိမြင်တဲ့အတွက် အိန္ဒိယအာဏာပိုင်တွေဟာ ယခုကတည်း က နှစ်နိုင်ငံ နယ်စပ်မှာ တံတိုင်းတွေကာရံနေတယ်လို့ သိရပါတယ်။ကမ္ဘာကြီးရဲ့ အပူချိန်ဒီကရီ မြင့်တက် လာတာ၊ ပင်လယ်သမုဒ္ဒရာအတွင်း သမားရိုးကျ မဟုတ်တဲ့ မုန်တိုင်းတွေ သောင်းကျန်းလာတာ၊ ဝင်ရိုးဝန်းဒေသ က ရေခဲတောင်တွေနဲ့ ဟိမဝန္တာတောင် ပေါ်က ရေခဲမြစ်တွေ အရည်ပျော်ကျ စီးဆင်းလာတာစတဲ့ အန္တရာယ်တွေ ဟာ အဲဒီဒေသတွေနဲ့ ဆက်စပ်နေကြ တဲ့ နိုင်ငံတွေရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာနေကြပါတယ်။ လူမှု ရေး ပြဿနာတွေ၊ စီးပွားရေးနဲ့ နိုင်ငံ ရေး ပြဿနာတွေ စုပြုံကျရောက်လာ နိုင်ပြီး အခန့်မသင့်ရင် စစ်ရေးအရ ဖြေရှင်းရတာတွေ ပေါ်ပေါက်လာနိုင် ပါတယ်။ဆူဒန်နိုင်ငံ တောင်ပိုင်းမှာ ပြဿနာ တွေ အဆက်မပြတ် ဖြစ်ပွားနေပြီး လူထောင်သောင်းချီ၍ သေဆုံးနေရ ခြင်းဟာ မြောက်ပိုင်းမှာ မိုးခေါင်ပြီး သဲကန္တာရတွေ ကျယ်ပြန့်လာတဲ့ ပြဿ နာတွေရဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ယခု ရာစုနှစ် အလယ်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ ရေကြီးမှုတွေက အာဖရိကနဲ့ အာရှ တိုက်က လူအများအပြားကို မိမိတို့ နေရပ်တွေက စွန့်ခွာသွားနိုင်ကြပါ တယ်။ အပူချိန် မြင့်တက်တာတဲ့ အတွက် မိုးလိုနေတဲ့ ဒေသတွေမှာ မိုးမရွာဘဲ သဲကန္တရတွေ ချဲ့ထွင်လာ လို့ နေရင်းဒေသက စွန့်ခွာနိုင်ကြ ပါတယ်။ အချို့က မုတ်သုံမိုးပိုလာ ပြီး ရေလွှမ်းမှုဟာ တစ်ချိန်ထက် တစ်ချိန် ဆိုးဝါးလာနေတဲ့အတွက် တခြားဒေသကို ထွက်ပြေးနိုင်ကြ ပါတယ်။ တချို့ မြင့်တက်လာတဲ့ ပင်လယ်ရေမျက်နှာပြင်ကြောင့် ကုန်း တွင်းပိုင်းကို တိုးဝင်ပြီး နေထိုင်လာ နိုင်ကြပါတယ်။ အိန္ဒိယ သမုဒ္ဒရာ အတွင်းမှာရှိတဲ့ မော်လဒိုက်၊ ပစိဖိတ် သမုဒ္ဒရာအတွင်းမှာရှိတဲ့ တုဗာလူတို့ လို အနိမ့်ပိုင်း ဒေသရှိ ကျွန်းတွေဟာ ရေလွှမ်းမိုးခံရပြီး တစ်ကျွန်းလုံး ပျောက်ကွယ်သွားနိုင်တဲ့ အလား အလာရှိနေပါတယ်။ရာသီဥတု ပြောင်းလဲမှုရဲ့ ဆိုးဝါးတဲ့ အကျိုးဆက်ကြောင့် လာမယ့် ဆယ်စု နှစ်အတွင်း လက်တင် မေရိက၊ အာရှနဲ့ အာဖရိကတိုက်တွေမှာ အနည်းဆုံး လူဦးရေ ၂၀၇သန်းဟာ သောက်သုံး ရေ မလုံလောက်မှုနဲ့ ရင်ဆိုင်လာရစရာ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် မြစ်ဝကျွန်း ပေါ်မှာ ရေအောက် ရောက်မယ့် စိုက် ပျိုးမြေပမာဏဟာ အခြားကမ္ဘာ့ဒေသ များထက် ပိုနိုင်ပါတယ်။ ၂၀၅၀ ပြည့် နှစ်ရောက်ရင် ဆန်အထွက်နှုန်း ၁၀ ရာခိုင်နှုန်းနဲ့ ဂျုံအထွက်နှုန်း ၃၀ ရာ ခိုင်နှုန်း လျော့ကျလာ ဖွယ်ရာရှိပါတယ်။ မူရင်းဒေသမှာ နေထိုင်လို့ မဖြစ်တော့ တဲ့အတွက် ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံ တည်းမှာပဲ လူ ၁၅သန်းခန့်ကို နေရာ ဒေသ ရွှေ့ပြောင်းပေးရစရာ ရှိနေပါ တယ်။အကယ်၍ ပင်လယ်ရေမျက်နှာပြင် အမြင့် တစ်မီတာလောက် မြင့်တက်လာ မယ်ဆိုရင် အီဂျစ် နိုင်ငံရဲ့ နိုင်းမြစ်ဝှမ်းက စိုက်ပျိုးဧရိယာရဲ့ ၁၃ ရာခိုင်နှုန်းခန့် လက်လွတ် ဆုံးရှုံးသွားနိုင် ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ မဲခေါင်မြစ်ဝကျွန်း ပေါ်ဒေသရှိ စိုစွတ်တဲ့လယ်ယာ မြေ ဧရိယာ ၂၈ ရာခိုင်နှုန်းခန့်ဆုံးရှုံးရ ဖွယ် ရှိပါတယ်။ ဂျီနီဗာမြို့အခြေစိုက် ကမ္ဘာ့ လူသားချင်း စာနာ ထောက်ထားမှု ဖိုရမ် အဖွဲ့က ရာသီဥတုပြောင်းလဲမှု ဒဏ် ကြောင့် နှစ်စဉ်လူပေါင်း ၃၂၅ သန်း ဟာ ဆိုးဝါးစွာထိခိုက်စေခဲ့ပြီး လာမယ့်အနှစ် ၂၀ လောက်ရောက်ရင် ကမ္ဘာ့လူဦးရေ ၂၀ ရာခိုင်နှုန်းခန့်အထိ ထိုခိုက်လာ စေနိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။စစ်ဘက်အခြေစိုက်စခန်း အများ အပြားဟာလည်း မုန်တိုင်းတွေရဲ့ ဒဏ် ကြောင့်ပဲဖြစ်ဖြစ် ပင်လယ် ရေမျက်နှာ မြင်မြင့်တက်လာမှုဒဏ်ကြောင့်ပဲ ဖြစ် ဖြစ် ပျက်သုဉ်းသွားနိုင် ဖွယ်ရာရှိနေပါ တယ်။ ဖလော်ရီဒါပြည်နယ်ရှိ Homestead လေတပ်စခန်းကြီးဆိုရင် အင်ဒရူးဟာ ရီကိန်းကြီး ကြောင့် ပျက်စီး သွားခဲ့ပြီးဖြစ်ပါတယ်။ အိုင်ဗင် ဟာ ရီကိန်းကတော့ Noval Air station Persacola စခန်းကြီးကို ဆိုးဆိုးဝါးဝါး ဖျက်ဆီးပစ်ခဲ့ပါတယ်။ အိန္ဒိယသမုဒ္ဒရာ အတွင်းရှိ Diego Garcia ရေတပ် စခန်းဆိုရင် ပင်လယ်ရေမျက်နှာပြင် အထက် ပေအနည်းငယ်သာမြင့်တဲ့ အတွက် ရေအောက်ကိုရောက်ရတော့ မယ့်အန္တရာယ်နဲ့ ကြုံတွေ့နေရပြီဖြစ်ပါ တယ်။ ယခုအခါ ပင်တဂွန်စစ်ဌာန ချုပ်နဲ့ ထောက်လှမ်းရေး အေဂျင်စီ အမျိုးမျိုးတို့က ရာသီဥတုပြောင်းလဲ မှုကြောင့် နိုင်ငံတွေရဲ့ အမျိုးသား လုံခြုံရေးအခြေအနေကို ထိပါးလာ စေနိုင်ကြောင်း အလေးအနက်ထား ပြီး ပြောကြားလာကြရပြီ ဖြစ်ပါ တယ်။ ရာသီဥတုဖောက်ပြန်မှု ကိစ္စ ရပ်ကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အလေးအနက်ထား လာရခြင်းဟာ ကွန်ဂရက်လွှတ်တော် က အဲဒီကိစ္စကို မဟာဗျူဟာကိစ္စရပ် တွေစာရင်းမှာ ထည့်သွင်းလာပြီး အစီအမံတွေ ချမှတ်ဆောင်ရွက်လာ လို့ပဲဖြစ် ကြောင်းပါခင်ဗျား။မောင်ပုဆိုးကြမ်း
အာဆီယံ- သြစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်ရေး ဒေသ တည်ထောင်ခြင်း သဘောတူ စာချုပ် (Agreement Establishing the ASEAN-Austraie-New Zaland Free Trade Area-AANZ-FTA) အာဆီယံ - သြစတြေးလျ၊ နယူးဇီ လန် လွတ်လပ်သော ကုန်သွယ်ရေးဒေသ တည်ထောင်ခြင်း သဘောတူစာ ချုပ် (AANZ - FTAသဘောတူ စာချုပ်) ကို အာဆီယံ စီးပွားရေးဝန်ကြီး များနှင့် သြစတြေးလျ၊ နယူးဇီလန် စီးပွားရေး ဝန်ကြီးများသည် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ (၂၇) ရက ်နေ့တွင် ထိုင်းနိုင်ငံ ချအမ်(Cha-am)မြို့၌ လက်မှတ် ရေးထိုးခဲ့ကြပါသည်။ AANZ-FTA သဘောတူ စာချုပ်သည် သြစတြေးလျ၊ နယူးဇီလန်နှင့် အနည်းဆုံး အာဆီယံ (၄)နိုင်ငံက အတည်ပြုကြောင်း အကြောင်း ကြားပြီးပါက ၂၀၀၉ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှ စတင်အသက်ဝင်မည် ဖြစ်ပါသည်။ အကောက်ခွန် နှုန်းများ လျှော့ချ၊ ဖယ်ရှားခြင်းကို သဘောတူ စာချုပ် အသက်ဝင်သည့် ၂၀၀၉ ခုနှစ် မှစ၍ လျှော့ချ ဖယ်ရှားပေးရန် စီစဉ် ထားပါသည်။တစ်ခုတည်းသော ကတိကဝတ် (Single Undertaking) AANZ-FTA သဘောတူ စာချုပ် သည် ကုန်စည်ကုန်သွယ်ရေး (Trade in Goods)၊ ဝန်ဆောင်မှု ကုန်သွယ်ရေး (Trade in Services)၊ ရင်းနှီးမြှုပ်နှံမှု (Investment)၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (Economic Cooperation) နှင့် ယင်းတို့နှင့် ဆက်စပ်လျက် ရှိသော ကိစ္စရပ်များ ပြည့်ပြည့်စုံစုံပါဝင် သည့် သဘောတူစာချုပ် ဖြစ်ပါသည်။ ယင်းသဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခြင်းသည် ကုန်စည်ကုန်သွယ်မှု ဆိုင်ရာ ကတိကဝတ်များ၊ ဝန်ဆောင်မှု ကုန်သွယ်ရေးဆိုင်ရာ ကတိကဝတ်များ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကတိကဝတ်များ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကတိကဝတ်များကို တစ်ပေါင်းတည်း တစ်ခုတည်း ကတိကဝတ်များ အဖြစ် လိုက်နာအကောင်အထည်ဖော်ရန် သ ဘောတူခြင်း ဖြစ်ပါသည်။ အာဆီယံက ဆွေး နွေးဖက်နိုင်ငံများနှင့် CEP/FTA တည်ထောင်ရန် ဆွေးနွေး ညှိ နှိုင်းခဲ့သည့် သဘောတူ စာချုပ်များ အနက်AANZ-FTA သဘောတူ စာချုပ်သည် အပြည့်စုံဆုံးနှင့် ခေတ် အမီဆုံးသဘောတူစာချုပ်ဖြစ်ပါသည်။ကုန်စည်ကုန်သွယ်ရေး (Trade in Goods) သြစတြေးလျနိုင်ငံနှင့် နယူးဇီလန် နိုင်ငံတို့သည် လယ်ယာ၊ သားငါးနှင့် သစ်တောထုတ်ကုန်များ၊ စက်မှုထုတ် ကုန်များနှင့် ဓာတ်သတ္တုများ ထုတ်လုပ် တင်ပို့ရောင်းချရာ၌ ထိပ်တန်းနိုင်ငံများ ဖြစ်ပါသည်။ လယ်ယာသားငါးထုတ် ကုန်များ ထုတ်လုပ်တင်ပို့ရာ၌လည်း ကောင်း၊ ပြည်ပ တင်ပို့ ရောင်းချရာ၌ လည်းကောင်း၊ အစိုးရ ငွေကြေး အ ထောက်အပံ့ (Subsidy) မပေးသည့် နိုင်ငံများဖြစ်ပါသည်။ ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ (WTO) ၏ဖွံ့ဖြိုးပြီး အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည် နှင့်အညီ ကုန်သွယ်မှု အတားအဆီးများကို လျှော့ချလျက်ရှိ ရာ သွင်းကုန်အကောက်ခွန်နှုန်းများ သည် အနိမ့်ဆုံးအဆင့်တွင် ရောက်ရှိ လျက် ရှိပါသည်။ ထို့ကြောင့် AANZ - FTAသဘော တူ စာချုပ် စတင် အသက်ဝင်သည့် အချိန်တွင် သြစတြေးလျ နိုင်ငံနှင့် နယူးဇီလန် နိုင်ငံတို့၏ အကောက်ခွန်လိုင်း အများစု သည် အကောက်ခွန်နှုန်း သုည ရာခိုင် နှုန်း (ဝ%)ရှိနေပြီ ဖြစ်ပါသည်။AANZ-FTA တွင် "ဆန်" ပါဝင်မှုအခြေအနေသြစတြေးလျနိုင်ငံ ဖွံ့ဖြိုးပြီးနိုင်ငံများထဲတွင် ပြည်ပသို့ ဆန်အများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပါသည်။ အရည်အသွေး မြင့်မားသည့် တန်းမြင့် ဆန်များ တင်ပို့ရောင်းချပါသည်။ ဆန် ကို ကုန်စည်ကုန်သွယ်ရေးတွင် ထည့် သွင်းထားပြီး ဆန်နှင့်ပတ်သက်သောHS.10.06 အောက်ရှိ အကောက်ခွန် လိုင်းအားလုံး၏ အခြေခံအကောက် ခွန်နှုန်းများမှာ သုည(ဝ%) ဖြစ်ပါ သည်။ ထို့ကြောင့် စာချုပ်အသက် ဝင်သည့် အချိန်မှစ၍ဆန်အပေါ်စည်း ကြပ်သည့် အကောက်ခွန်နှုန်းကို ဖယ် ရှားပြီးဖြစ်ပါသည်။နယူးဇီလန်နိုင်ငံ ဆန်ရောင်းနိုင်ငံ မဟုတ်သော်လည်း ဆန်ကို ကုန်စည်ကုန်သွယ်ရေး တွင် ထည့်သွင်းထားပါ သည်။ ဆန်နှင့် ပတ်သက်သော HS. 10.06 အောက် ရှိ အကောက်ခွန်လိုင်းအားလုံး၏ အ ခြေခံ အကောက်ခွန်နှုန်းမှာ သုည (ဝ%)ဖြစ်ပါသည်။ ထို့ကြောင့် စာချုပ် အသက်ဝင်သည့် အချိန်မှစ၍ ဆန် အပေါ် စည်းကြပ်သည့် အကောက်ခွန် နှုန်းကို ဖယ်ရှားပြီးဖြစ်ပါသည်။အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံ ဆန် ဝယ်ယူတင်သွင်းမှုများသည့် အာဆီယံ (၃)နိုင်ငံသည် ဆန်နှင့် ပတ် သက်သော HS. 10.06 အောက်ရှိ အကောက်ခွန်လိုင်း အားလုံးကို ကုန် စည်ကုန်သွယ်ရေးမှ ဖယ်ထုတ်ထား ပါသည်။ တစ်နည်းအားဖြင့် ဆန်ကို အကောက်ခွန်အခွင့်အရေး မပေးခြင်း ဖြစ်ပါသည်။ထိုင်းနိုင်ငံ ဆန်အများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်သော်လည်း ဆန်နှင့် ပတ်သက် သော HS. 10.06 အောက်ရှိ အကောက် ခွန်လိုင်းအားလုံးကို ကုန်စည်ကုန် သွယ်ရေးမှ ဖယ်ထုတ်ထားပါသည်။ သြစတြေးလျနိုင်ငံနှင့် မယှဉ်ပြိုင်လို သည့် သဘောဖြစ်ပါသည်။အာဆီယံအဖွဲ့ဝင်သစ် (၄)နိုင်ငံ အာဆီယံ အဖွဲ့ဝင်သစ် (၄) နိုင်ငံ သည် ဆန်နှင့် ပတ်သက်သော HS. 10.06 အောက်ရှိ အကောက်ခွန်လိုင်း အားလုံးကို ကုန်စည်ကုန်သွယ်ရေးတွင် ထည့်သွင်းထားပါသည်။ ဆန်ကို ဒုတိယအများဆုံး တင်ပို့ ရောင်းချသည့် ဗီယက်နမ်နိုင်ငံသည် ဆန်အပေါ်စည်းကြပ်သည့် အခြေခံ အကောက် ခွန်နှုန်း ၄၀ ရာခိုင်နှုန်းကို ၂၀၁၀ ပြည့်နှစ်မှစ၍ စတင်လျှော့ချ သွားမည်ဖြစ်ရာ ၂၀၁၉ ခုနှစ်တွင် သုည ရာခိုင်နှုန်း (ဝ%) ကို ရောက်ရှိ မည် ဖြစ်ပါသည်။ ဆန်ရောင်းနိုင်ငံဖြစ်သော ကမ္ဘော ဒီးယားနိုင်ငံ၏ ဆန်အပေါ်စည်းကြပ် သည့် အခြေခံ အကောက်ခွန် နှုန်းမှာ ၇ ရာခိုင်နှုန်းဖြစ်ပါသည်။ ဆန်နှင့်ပတ် သက်သောHS. 1006.20.10နှင့်HS.1006.20.90 မှလွဲ၍ ကျန်အကောက်ခွန် လိုင်းအားလုံး၏ အကောက်ခွန်နှုန်း များကိုလျှော့ချသွားမည်ဖြစ်ရာ၂၀၂၁ ခုနှစ်တွင် သုညရာခိုင်နှုန်း (ဝ%) သို့ ရောက်ရှိမည်ဖြစ်ပါသည်။ လာအိုနိုင်ငံ၏ ဆန်အပေါ်စည်းကြပ်သည့် အခြေခံအကောက်ခွန်နှုန်း မှာ ၅ ရာခိုင်နှုန်း ဖြစ်ပါသည်။ ဆန်နှင့် ပတ်သက်သောH.S 10.06 အောက်ရှိ အကောက်ခွန်လိုင်း အားလုံး၏ အကောက်ခွန်နှုန်းများကို လျှော့ချသွားမည်ဖြစ် ရာ ၂၀၂၃ ခုနှစ်တွင် သုညရာခိုင် နှုန်း (ဝ%)သို့ ရောက်ရှိမည် ဖြစ်ပါ သည်။ မြန်မာနိုင်ငံ ၏ ဆန်အပေါ်စည်း ကြပ်သည့်အကောက်ခွန်နှုန်းမှာ ၅ ရာ ခိုင်နှုန်းဖြစ်ပါသည်။ ဆန်နှင့်ပတ်သက် သော HS. 10.06 အောက်ရှိအကောက် ခွန်လိုင်း အားလုံး၏ အခြေခံ အကောက်ခွန်နှုန်း ကို လျှော့ချဖယ် ရှားခြင်းမရှိဘဲ စာချုပ်သက်တမ်း တစ်လျှောက် ၅ ရာခိုင်နှုန်း ဆက် လက်စည်းကြပ်မည် ဖြစ်ပါသည်။သုံးသပ်ချက်ရေရှည်ကိုမျှော်မှန်း၍ အာဆီယံ ဆန်ဈေးကွက်သို့ သြစတြေးလျ ဆန် များ ဝင်ရောက်ရန် ရည်ရွယ်သည့် သဘောတွေ့ရသည်။ အာဆီယံ ဆန် ဈေးကွက်သို့ ဝင်ရောက်ရန် လွယ်ကူ မည်မဟုတ်သော်လည်း ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ ၏ Agreement on Agricultural အရ ဝင်ရောက်ခွင့်ရှိပါ သည်။ အာဆီယံဒေသ၏ စဉ်ဆက် မပြတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရ အာဆီယံသည် တန်းမြင့်ဆန် ဈေးကွက် ဖြစ်လာနိုင်ပါသည်။ ယင်း အခါ သြစတြေးလျနိုင်ငံ၏ ရည်ရွယ် ချက်များ အကောင်အထည်ပေါ်လာ ဖွယ်ရှိပါသည်။မောင်မောင်ရီ (ဘောဂဗေဒ)
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၌ အရင်းအနှီးက မောင်းသော ပုံသဏ္ဍာန်နှင့် ချေးငွေက မောင်းသော ပုံသဏ္ဍာန်တို့ ဟူ၍ နှစ်မျိုးရှိရာ ချေးငွေကမောင်းသော ပုံသဏ္ဍာန်သည် အရှိန်အလွန်ပြင်း သည်။ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို အတော် မြှင့်တင်နိုင်သည်။ ထိုသို့မြှင့်နိုင်သည့် အလျောက်လည်း ဘယ်လောက် အထိ အရှိန်မြှင့်နိုင်ပါသနည်းဟု မေးစရာပေါ် သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ချေးငွေဈေးကွက် credit market က မောင်းခဲ့လေရာ ယခုဘယ်လောက် အထိ အရှိန်မြှင့် မောင်းနိုင်မှာလဲဟု မေးခွန်းမေး၍ ချေးငွေဈေးကွက်၏စွမ်း ပကားကို ပြန်လည်ချိန်ဆတွက်ချက် ကြည့်လာကြသည်။ ဝေါစထရိဂျာနယ်၏သုံး သပ်ချက်အရ ချေးငွေဈေးကွက်သည် အရှိန်အမြန်နှုန်းကို ထိန်းနိုင်စွမ်း သိပ်မရှိ ပေ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအမြန်နှုန်း ကို ချေးငွေဈေးကွက်က မထိန်းနိုင် သဖြင့် ယခုကဲ့သို့ မဟာစီးပွားရေးဆုတ် ယုတ်မှု (ဂရိတ်ရီဆက်ရှင်)ကြီးဖြစ်ပွား လိုက်ရခြင်းဖြစ်သည်။ ချေးငွေဈေးကွက် ၌ ပုံသဏ္ဍာန်အမျိုးမျိုးရှိလေရာ ယခု အဓိကစကားပြောသည့် ချေးငွေဈေး ကွက်သည် အစိုးရငွေချေးအာမခံ စာချုပ်များဈေးကွက်နှင့် ကော်ပိုရေးရှင်း တို့က ထုတ်ဝေသောငွေချေးစာချုပ် ဈေးကွက်တို့ဖြစ်ကြသည်။ ဘွန်း ဈေးကွက်ဟုခေါ်သည်။စွန့်စားချင်စိတ် ဤဘွန်းဈေးကွက်၏လှုပ် ရှားမှုသည် ငွေပေါများခြင်းနှင့် ငွေဖော် ရလွယ်ခြင်း liquidity တို့အပေါ်မူတည်သည်။ ဈေးကွက်ထဲငွေတွေပေါများ သည်။ ငွေဖော်ရလဲ လွယ်သည်။ တစ် ဆက်တည်း၌ နိုင်ငံလုံးဆိုင်ရာ စီးပွားရေး အခြေအနေကလည်း တိုးတက်ကောင်း မွန်၍ ပူဖောင်းတို့ဖြင့် စန်းပွင့်နေသည်။ ထိုအခြေအနေတွင် အက်ဆက်တို့ကို စွန့်စားဝယ်ရောင်း လုပ်ရန် ရင်းနှီးမြှုပ်နှံ သူတို့က ဝန်မလေးတော့ပေ။ စီးပွားရေး ကို စွန့်စားလုပ်ကိုင်ချင်သော ဆန္ဒတွေ ပေါ်လာသည်။ ချေးငွေဈေးကွက်အပေါ် ယုံကြည်မှု တည်ဆောက်ရန် ချေးငွေဈေး ကွက်ကိုယ်နှိုက်က တည်ငြိမ်ဖို့ လိုသည်။ အတက်အကျတို့ဖြင့် မဖောက်ပြန်ရန် လိုသည်။ ထို့အတွက်ကြောင့် ချေးငွေ ဈေးကွက်တိုးတက်မှုကို မည်မျှကြာရှည် စွာထိန်းထားနိုင်မလဲဟုမေးကြသည်။ သီးသန့်အရန်ရန်ပုံငွေချဲ့ ချေးငွေဈေးကွက်နှင့်အတူ အရင်းအနှီးစီးဆင်းမှုအခြေအနေကို သုံးသပ်ကြသည်။ အရင်းအနှီး ကိစ္စ၌ ပမာဏကို အဓိကထားမကြည့်၊ ယခု စီးဆင်းမှု flow ကို အဓိကထားကြည့် သည်။ အရင်းအနှီးစီးဆင်းမှု၌လည်း ငွေပူ့hot money ကိုအဓိကထားစဉ်း စားကြည့်လာသည်။ ဝင်ရောက်လာ သောအရင်းအနှီးတို့ထဲ ငွေပူတွေဘယ် လောက်ပါဝင်လာသလဲဟုမေးသည်။ တရုတ်ပြည်၌ အရင်းအနှီးစီးဝင်မှု capital inflow သည် သိပ်များသည်။ ဤ အရင်းအနှီးစီးဝင်မှုထဲတွင် ငွေပူတို့ လည်း အတော်ပါလာသည်။ ငွေပူဆိုသည်မှာ ခဏ တဖြုတ်နေရာအသီးသီးမှ ရေတိုဈေး ကစားရန်ဝင်လာသော ငွေပင်ငွေရင်းတို့ ကိုဆိုလိုသည်။ နိုင်ငံခြားငွေမျိုးစုံလည်း ဖြစ်နိုင်သည်။ ပြည်တွင်းသုံးငွေလည်း ဖြစ်နိုင်သည်။ နည်းမျိုးစုံဖြင့်ငွေပူတို့ ဝင် လာနိုင်သည်။ ငွေပူသည် မြန်မြန်ဝင် မြန်မြန်ပြန်ထွက် တတ်သည်။ တရုတ် ပြည်တွင် နိုင်ငံခြားငွေမျိုးစုံကိုစုဆောင်း ကြသည်။ ဤသို့စုဆောင်းသည်မှာ ငွေကြေးဈေးကစားရန်ဖြစ်သည်။ တရုတ်အာဏာပိုင်တို့သည် ဤကဲ့သို့ ငွေပူဝင်လာခြင်းကို ဟန့်တားရန်အလို့ ငှား နိုင်ငံခြားငွေသီးသန့်ရန်ပုံငွေ အမြောက်အမြားစုဆောင်းထားရသည်။ နိုင်ငံခြားငွေသီးသန့် ရန်ပုံငွေကြီးမားရခြင်း သည် ငွေပူတို့၏ဈေးကစားမှုကို အချိန်မီ ကောင်းမွန်စွာ တန်ပြန်နိုင်ရန်အတွက် ဖြစ်သည်။ ငွေပူသည် နိုင်ငံခြားငွေ ဈေးကွက်ကို ဖရိုဖရဲဖြစ်စေနိုင်သည်။ ဤသို့ဖရိုဖရဲဖြစ်လာနိုင်မှုကို တားဆီးရန် အတွက် ငွေတန်ဖိုးကို အတိုးအလျော့ ကစားပေးသည်။ တရုတ်ယွမ်ငွေသည် တန်ဖိုးတက်သင့်ပါလျက် တန်ဖိုးနိမ့် နေ သည်။ သို့ဖြင့်တရုတ်ပြည်ထဲငွေပူတွေ လှိမ့်ဝင်လာသည်။ ဤသို့ဝင်လာသော ငွေပူတို့ကိုတားဆီးလိုလျှင် တရုတ်ယွမ် ငွေတန်ဖိုးကို မြှင့်လိုက်ရုံသာဖြစ်သည်။ သို့သော်တရုတ်ပြည်သည်ယွမ်ငွေတန်ဖိုး ကို မမြှင့်ဘဲ ငွေပူစီးဝင်ခြင်းကိုတားဆီး နေသည်။ တားဆီးနည်းမှာ နိုင်ငံခြားငွေ သီးသန့်ရန်ပုံငွေတို့ကို အများအပြားစု ဆောင်း၍ နိုင်ငံခြားငွေဈေးကွက်တို့ကို ဝင်ထိန်းခြင်းဖြစ်သည်။ ပြဿနာမှာ ငွေပူစီးဝင်းခြင်းကို ယွမ်ငွေတန်ဖိုးကို မပြောင်းလဲဘဲ တားဆီးနိုင်ပါ့မလားဟူ ၍ဖြစ်လာသည်။အညွှန်း။ Wall Street Journal မောင်စူးစမ်း