Main menu

Background

Monday, 1 Mar 2010

၂ဝဝ၉ ခုနှစ်တွင် ဂျာမနီနိုင်ငံကို ကျော် တက်ကာ တရုတ်နိုင်ငံသည် ကမ္ဘာ့ပို့ကုန်အများ ဆုံးတင်ပို့သည့်နိုင်ငံ ဖြစ်လာသည်။ သို့နှင့်ပင် ကမ္ဘာ့ ကုန်သွယ်မှုအဖွဲ့(WTO)သို့ ယမန်နှစ်က တိုင် ကြားခဲ့သော ကုန်သွယ်ရေး အငြင်းပွားမှုများ၏ ထက်ဝက်တိတိသည် တရုတ်နိုင်ငံနှင့် ပတ်သက် နေတော့သည်။  ဤအချက်နှစ်ရပ်မှာ အဆက် အစပ်မရှိဟု မဆိုနိုင်ပေ။ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့၏ အကြီးအကဲ ပါစကယ်လာမီက '' နိုင်ငံများအကြား ကုန်သွယ်မှု တိုးတက်လာသည်နှင့်အမျှ ကုန်သွယ် ရေး  အဖုအထစ်များအဖြစ်  ပိုများလာသည့် သဘော ဖြစ်သည်''ဟု မှတ်ချက် ပေးခဲ့ဖူးသည်။ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအကြား အငြင်း ပွားမှုများ ပေါ်ပေါက်လာမည့်အရေးကို WTOက မျှော်လင့်ထားပြီးဖြစ်သည်။ပါစကယ်လာမီ  ပြောခဲ့သည့်အတိုင်းပင် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တရုတ်နိုင်ငံက WTO သို့  တိုင်ကြားလာတော့သည်။ တရုတ် ပြည်မှ တင်ပို့သည့်ဖိနပ်များအပေါ် ဈေးကွက်လု ရန်  ဈေးလျှော့ရောင်းခြင်းအား  တားဆီးသည့် အနေဖြင့် ဥရောပသမဂ္ဂက သွင်းကုန်ခွန်တိုးမြှင့် ကောက်ခံ (Anti-dumping duties) သည့် အတွက်ကန့်ကွက်တိုင်ကြားခြင်းဖြစ်သည်။ တရုတ် ပြည်မှတင်ပို့သည့် သံမဏိကြိုး၊ မော်တော်ကား တာယာနှင့် ကြက်၊ ဘဲစသည့် မွေးမြူရေးတိရစ္ဆာန် ပို့ကုန်များအပေါ် ကန့်သတ်ချက်များ ချမှတ်ခဲ့သ ဖြင့်  တရုတ်ပြည်ကတိုင်ကြားခဲ့သည့် အမှုများ နောက်တွင် ဖိနပ်ပို့ကုန်အတွက် တိုင်ကြားမှု ဆက် လက်ပေါ်ပေါက်လာခြင်းဖြစ်သည်။ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့တွင် အဖွဲ့ဝင်ဖြစ် လာသည့် ၂ဝဝ၁ ခုနှစ်မှစ၍ ၂ဝဝ၈ ခုနှစ်အထိ တရုတ်ပြည်က တိုင်ကြားခဲ့သည့် ကုန်သွယ်ရေး အငြင်းပွားမှုဦးရေမှာ နှစ်မှုသာရှိခဲ့သည်။ ယင်း ကာလ နောက်ပိုင်းတွင် တရုတ်ပြည်က တိုင်ကြား သည့် အမှုအရေအတွက်သည် နောက်ထပ် ငါးဆ တိုးလာခဲ့သည်။ အဖွဲ့ဝင်ဖြစ်စအချိန်က ''စောင့် ကြည့်လေ့လာ''သည့်အနေဖြင့် အခြားအငြင်းပွား မှုများကို  အာရုံစိုက် လေ့လာစူးစမ်းခဲ့ခြင်းဖြင့် အငြင်းပွားမှုများအတွက် တရားနည်းလမ်းတကျ ဖျန်ဖြေရေးတွင် တရုတ်ပြည်က တက်တက်ြွကြွက ပါဝင်လာခြင်းဖြစ်သည်ဟု ဝါရှင်တန်ရှိ ဂျော့ တောင်း တက္ကသိုလ်မှ ပါမောက္ခ မာ့ခ်ဘွတ်ချ်က သုံးသပ်ခဲ့သည်။ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့သို့ တရုတ်ပြည်က အငြင်းပွားမှုများ တင်ပြရန် လိုလိုလားလားဖြစ်လာ ခြင်းသည် ပိုမိုကျယ်ပြန့်သောပြောင်းလဲမှု၏ တစ် စိတ်တစ်ပိုင်းဖြစ်သည်။ သို့တိုင်အောင် ၂ဝဝ၁ခုနှစ် နောက်ပိုင်းတွင် WTOသို့ နှစ်စဉ်တိုင်ကြားသည့် ပုံမှန်အငြင်းပွားမှု အရေအတွက်မှာ လျော့ကျလာ ခဲ့သည်။ ဤသို့လျော့ကျလာခြင်းမှာ တစ်စိတ်တစ် ပိုင်းအားဖြင့် ချမ်းသာနိုင်ငံများက အချင်းချင်း ရန်ဖြစ်နေရသည့်အတွက် အချိန်ကုန် မခံလိုကြ တော့ခြင်းကြောင့်ဖြစ်သည်။ WTO စတင်တည် ထောင်ခဲ့သည့် ၁၉၉၅ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ် ကုန်အထိ တိုင်ကြားခဲ့သည့်အငြင်းပွားမှု အရေ အတွက် တစ်ဝက်တိတိမှာအမေရိကန်နှင့် ဥရောပ သမဂ္ဂတို့မှ တိုင်ကြားခြင်းဖြစ်သည်။ သို့သော်လည်း ၂ဝဝ၁ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အတွင်း ယင်းတို့မှ တင်ပြတိုင်ကြားသည့် အမှုအရေအတွက်မှာ ၂၇ ဒသမ ၂ ရာခိုင်နှုန်းသာရှိတော့သည်။ ကျန်အမှု အရေအတွက် ထက်ဝက်ကျော်မှာ ဖွံ့ဖြိုးဆဲနိုင်ငံ များက တိုင်ကြားမှုများဖြစ်သည်။ကမ္ဘာ့ကုန်သွယ်မှု ပမာဏထဲတွင် အခိုျး အစား ပိုမိုတိုးတက်ပါဝင်လာသည့် စီးပွားထွန်း သစ်စနိုင်ငံများက WTO ၏ အငြင်းပွားမှု ဖျန် ဖြေရေးစနစ်အပေါ် ယုံကြည်ကိုးစားမှု ပိုရှိလာကြ သည်။ ထိုသို့ဖြေရှင်းခြင်းမပြုဘဲ မည်သည့်စည်း မျဉ်း စည်းကမ်း အထိန်းအခုျပ်မျှမရှိသော လက် တုံ့ပြန်နည်းကို အသုံးပြုမည်ဆိုလျှင် ကုန်သွယ်မှု စစ်ပွဲ ဖြစ်ပေါ်လာသည်အထိ ဆိုးဝါးသွားနိုင်ပေ သည်။ သို့ဆိုလျှင် ွှွျှဥ၏  အငြင်းပွားမှုဖျန်ဖြေ ရေးယန္တရားဖြင့် တရုတ်ပြည်နှင့် ကုန်သွယ်ရေး တင်းမာမှုများ တိုးပွားလာသည်ကို ပြေငြိမ်းစေနိုင် ပါ့မလား မေးစရာဖြစ်လာသည်။အငြင်းပွားမှုဖျန်ဖြေရေးယန္တရားမှာ ယခင် WTO ခေတ်ကနှင့် မတူတော့ပေ။ WTO က ချမှတ်သည့်ဆုံးဖြတ်ချက်များကို  ယခင်တုန်းကလို ပယ်ချလိုက်ရုံနှင့် မပြီးတော့ပေ။ ဆုံးဖြတ်ချက်ကို လိုက်နာရန်ပျက်ကွက်သည့် နိုင်ငံအပေါ် တိုင်ကြား သည့် နိုင်ငံအနေဖြင့် တရားဝင် လက်တုံ့ပြန်ရန် WTO က ခွင့်ပြုနိုင်သည်။ သက်ဆိုင်ရာ နိုင်ငံ၏ ဈေးကွက်သို့ ဝင်ရောက်ကူးသန်းရောင်းဝယ်ခွင့်ကို ပိတ်ပင်သည်အထိ လက်တုံ့ပြန်နိုင်သည်။ သို့သော် ကုန်သွယ်မှုစစ်ပွဲ ဖြစ်ပွားသည်အထိ မပြင်းထန် စေရန်အတွက်လည်း လက်တုံ့ပြန်ရမည့် အတိုင်း အတာကို ထိခိုက်နစ်နာခဲ့သည်အပေါ် အခြေပြု စဉ်းစားပြီး WTO က ကန့်သတ်ခွင့်ပြုနိုင်သည်။ ထို့ကြောင့်ပင် အငြင်းပွားမှု ၇ဝ ရာခိုင်နှုန်းခန့်မှာ နှစ်ဖက်စေ့စပ်ညှိနှိုင်းစေခြင်းနည်းဖြင့် ဖျန်ဖြေနိုင် ခဲ့သည်ဟု ဆိုပါသည်။ဦးဟန်ထွန်း(အခွန်)

Monday, 1 Mar 2010

အာဆီယံ-သြစတြေးလျ၊ နယူးဇီလန်  (AANZ-FTA) AANZ-FTA တည်ထောင်ခြင်းသ ဘောတူစာချုပ်ကို၂၇.၂.၂၀၀၉ နေ့ တွင်အဖွဲ့ဝင်နိုင်ငံများမှ လက်မှတ်ရေး ထိုးခဲ့ပြီး ၁.၁.၂၀၁၀ နေ့မှစတင်အ ကောင်အထည်ဖေါ်ခဲ့ပါသည်။ထို့ ကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနကFTAဆိုင်ရာပင်ရင်း ဒေသထောက်ခံချက် (CO Form - AANZ) ကို၁-၁-၂၀၁၀နေ့မှစ၍လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ပေးနေပြီဖြစ်၍ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနတို့တွင် လျှောက်ထားရယူနိုင်ပြီဖြစ်ကြောင်း၊ကြေ ညာချက် ထုတ်ပြန်ခဲ့ ပါသည်။ AANZ-FTA သည်ကုန်စည် ကုန်သွယ်ရေး ဝန်ဆောင်မှု ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတို့ ပါဝင်သော ပြီး ပြည့်စုံ သည့် ဘက်စုံစီးပွားရေးပူးပေါင်း ဆောင် ရွက်မှု ဆိုင်ရာသဘောတူစာချုပ်ဖြစ် ပါသည်။အာဆီယံအတွက်အလားအလာကောင်း သောဈေးကွက် သြစတြေးလျနိုင်ငံနှင့် နယူးဇီလန် နိုင်ငံတို့သည် လူဦးရေနည်းသော်လည်း <ကယ်ဝချမ်းသာ သည့် ဖွံ့ဖြိုးပြီးနိုင်ငံများ ဖြစ်ကြသည်နှင့်အညီ စားသုံးမှုမြင့်မား သောနိုင်ငံများဖြစ်ကြပါသည်။ထို့ ကြောင့် အာဆီယံအတွက် ဈေးကွက် ကောင်းတစ်ခုဖြစ်ပါသည်။အာဆီယံနှင့် သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့အကြား ကုန်သွယ်ရေးတိုးတက်မှုအခြေအနေ၊ အာဆီယံနှင့် သြစတြေးလျ၊ နယူးဇီလန် နိုင်ငံတို့အကြား ကုန်သွယ်မှုအခြေအ နေကိုလေ့လာသည့်အခါ ဖွံ့ဖြိုး တိုး တက်လာ ကြောင်း တွေ့ရပါသည်။ ၁၉၉၅ ခုနှစ် တွင်အာဆီယံနှင့် သြစတြေးလျ၊နယူးဇီလန်နိုင်ငံတို့အကြား ကုန်သွယ်မှု၌၊ သြစတြေးလျ၊ နယူးဇီလန် နိုင်ငံတို့က အမေရိကန်ဒေါ်လာ ၂၀၉၈ သန်းအသာစီး ရခဲ့ပါသည်။ သို့ရာတွင် ၁၀ နှစ်ကြာသည့်အခါ ၂၀၀၅ ခုနှစ်၌ အာဆီယံ၊အမေရိကန်ဒေါ်လာ ၁၆၆၇၃ သန်းအသာစီးရခဲ့ရာ၊၂၀၀၅ ခုနှစ် နောက်ပိုင်းအရှိန်အဟုန်ဖြင့်တိုးတက်ခဲ့ ကြောင်းတွေ့ရပါ သည်။၁၉၉၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း အာဆီယံမှသြစ တြေးလျ၊နယူးဇီလန်နိုင်ငံများသို့ ပို့ကုန် တင်ပို့မှုသည်၊ပျမ်းမျှနှစ်စဉ် ၄၁.၃% တိုးတက်ခဲ့ပြီး သြစတြေးလျ၊နယူးဇီလန် နိုင်ငံများမှ အာဆီယံကဝယ်ယူ တင် သွင်းမှုသည် ပျမ်းမျှနှစ်စဉ် ၁၂.၆ % တိုးတက်ခဲ့ပါသည်။သို့ဖြစ်၍ AANZ-FTA စတင်အကောင်အထည်ဖေါ်သည့် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင်အာဆီယံ၏ ပို့ကုန်သည် FTA မတိုင်မီအချိန် ကာလထက်ပိုမိုတိုးတက်လာရန်သာ ရှိ ကြောင်းသုံးသပ်ရ ရှိပါသည်။သားငါးဈေးကွက် H.S Chapter 1 to 3 သည်သားငါး ဆိုင်ရာကုန်ပစ္စည်းများဖြစ်ပါသည်။ Chapter-1 သည် တိရိစ္ဆာန်အရှင်များ ဖြစ်ပါသည်။မြင်း၊မြည်း၊နွား၊သိုး၊ဆိတ် ကြက်၊ဘဲ၊ငန်း၊ကြက်ဆင်၊ဝေလငါး၊ လင်းပိုင်၊ငှက်စသည့်တိရိစ္ဆာန်အရှင် များအပေါ်သြစတြေးလျနှင့်နယူးဇီလန် နိုင်ငံတို့က စည်းကြပ်သောအခြေခံ အကောက်ခွန်နှုန်းမှာသုည(ဝ%)ဖြစ် ပါသည်။ Chapter 2  မှာ၊ Chapter 1အောက်ရှိတိရစ္ဆာန်များ၏လတ်ဆတ် သောအသားများနှင့် ရေခဲရိုက်ထားသော ရေခဲဖြင့်အတုံးအခဲပြုလုပ်ထားသော အသားများဖြစ်ပါသည်။ယင်းအသား များအပေါ်သြစတြေးလျနိုင်ငံ၏အခြေခံ အကောက်ခွန်နှုန်းမှာ သုည(ဝ%)ဖြစ် ပါသည်။ နယူးဇီလန်နိုင်ငံက ယင်း အသားများအပေါ်စည်းကြပ်သည့် အခြေခံအကောက်ခွန်နှုန်းမှာ အများ အားဖြင့် သုည(ဝ%)ဖြစ်သော်လည်း အကောက်ခွန်လိုင်း (၁၂)လိုင်းပေါ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် အကောက် ခွန် လိုင်း (၁၆)လိုင်းပေါ်တွင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားပါသည်။  သို့ ရာတွင် AANZ-FTA စတင်အကောင် အထည်ဖော်သည့် နေ့မှစ၍ အဆိုပါ အကောက်ခွန် လိုင်း (၂၈) လိုင်းပေါ် တွင် သတ်မှတ်ထားသော အခြေခံ အကောက်ခွန်နှုန်း အားလုံးတို့သည် သုည(ဝ%)ရာခိုင်နှုန်းသို့ လျှော့ချပေးမည်ဖြစ်ပါသည်။ Chapter 3 မှာ ငါးနှင့်ရေထွက် ကုန်များဖြစ်ပါသည်။ သြစတြေး လျနိုင်ငံသည် Chapter 3 အောက်ရှိ အကောက်ခွန်လိုင်းအားလုံး အပေါ် အခြေခံအကောက်ခွန်နှုန်း သုည(ဝ%)သတ်မှတ် ထားပါသည်။ နယူးဇီလန်နိုင်ငံကလည်း Chapter  3 အောက်ရှိ အကောက်ခွန် (၆) လိုင်းမှ လွဲ၍ ကျန်အကောက်ခွန် လိုင်းအားလုံးအပေါ် အခြေခံ အကောက်ခွန်နှုန်း သုည(ဝ%) သတ်မှတ်ထား ပါသည်။ အဆိုပါ အကောက်ခွန်လိုင်း (၆)လိုင်းအနက် (၅) လိုင်း၏ အခြေခံအကောက်ခွန်နှုန်းမှာ ၆ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး ကျန်တစ် လိုင်း၏ အကောက်ခွန်နှုန်းမှာ ၅ ရာခိုင် နှုန်းဖြစ်ပါသည်။ အခြေခံအကောက်ခွန်နှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်းရှိသော အကောက် ခွန် လိုင်းများမှာ-(၁) HS.0306.21.02-Rock lobster and other sea crawfish: whole, cooked(၂) HS.0306.22.02-Lobster: whole, cooked(၃) HS.0306.23.02-Shrimps and prowns :whole, cooked(၄) HS.0303.24.02-Crabs: whole, cooked(၅) S.0306.29.02-Other including flours, meals and pellets of crustacears, fit for human consumption: whole, cookedအခြေခံအကောက်ခွန်နှုန်း ၅ ရာခိုင် နှုန်း ရှိသော အကောက်ခွန်လိုင်းမှာ-(၆) HS.0307.99.19- Other including flours, meals and pellets of aquatie invertebrates other than crustacears, fit for human consumption: Other(၆)လိုင်းကိုလည်း AANZ-FTA စတင် အကောင်အထည်ဖေါ်သည့်နေ့မှ စ၍ အကောက်ခွန်နှုန်း ဖယ်ရှားပေးမည် ဖြစ်ပါသည်။သုံးသပ်ချက် သြစတြေးလျနှင့်နယူးဇီ လန်နိုင်ငံတို့သည်မွေးမြူရေးကဏ္ဍ၌  အလွန်ဖွံ့ဖြိုးပြီးအရည်းအသွေးမြင့် တိရိစ္ဆာန်နှင့်အသားများထုတ်လုပ်တင် ပို့ရောင်းချသည့်နိုင်ငံများဖြစ်ပါသည်။ သြစတြေးလျနိုင်ငံမှ အာဆီယံသို့တင်ပို့ရောင်းချသောထိပ် ဆုံးပို့ကုန်(၁၀)မျိုးတွင် တိရစ္ဆာန်အ ရှင်များတင်ပို့ရောင်းချခြင်းနှင့်အသား များတင်ပို့ရောင်းချခြင်းတို့သည် အမှတ်စဉ်(၉)နှင့်(၁၀)နေရာများ၌ရှိ ကြောင်းတွေ့ရပါသည်။ ထို့ကြောင့်အာဆီယံသည်  H.S Chapter 1 and 2  အောက်ရှိကုန် ပစ္စည်းများ ထုတ်လုပ်တင်ပို့ ရောင်းချရာ ၌ သြစတြေးလျနှင့်နယူးဇီလန်နိုင်ငံ တို့အားယှဉ်ပြိုင်နိုင်မည်မဟုတ်ပါ။သို့ ဖြစ်၍ အာဆီယံ၏ မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရန် မျိုးနည်းပညာများရယူ၍ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ သို့ရာတွင်  Chapter 3 အောက်ရှိငါးနှင့်ရေထွက်ကုန်များ ထုတ်လုပ်တင်ပို့ရောင်းချရာတွင် အာဆီ ယံသည်သြစတြေးလျ၊နယူူးဇီလန်နိုင်ငံ တို့နှင့်ယှဉ်ပြိုင်နိုင်သည့်အနေအထား ရှိပါသည်။သြစတြေးလျနှင့်နယူးဇီ လန်နိုင်ငံတို့သည်အပူပိုင်းဒေသထွက် ငါးပုဇွန်၊ ကဏန်း စသည်တို့ကို အာဆီယံ ဒေသမှဝယ်ယူခြင်းတင်သွင်းလျက်ရှိ ပါသည်။မြန်မာနိုင်ငံအတွက် အလားအလာ ကောင်းသောရေထွက်ကုန်ဈေးကွက် မြန်မာနိုင်ငံမှ သြစတြေးလျ နယူးဇီလန်နိုင်ငံသို့ တင်ပို့သောပို့ကုန်စာရင်းတွင် ရေထွက်ကုန်များသည်ထိပ်ဆုံး အပိုင်း၌ရှိနေပါသည်။ ထို့ကြောင့်အကောက်ခွန် အတားအဆီးမရှိသောသြစတြေးလျ နှင့်နယူးဇီလန်ဈေးကွက်သို့ မြန်မာ နိုင်ငံ၏ငါးပုဇွန်၊ဂဏန်း၊ငါးရှဉ့်စသည့် ရေထွက်ကုန်များကို အရည်အသွေး မြင့်မြင့် ပိုမို တိုးတက်ဝင်ရောက်ရန်ကြိုး ပမ်းသင့်ပါသည်။အရည်အသွေးမြင့် မြင့်ဟုဆိုရာ၌ Sanitary and Phytosanitary Measures များနှင့် ညီညွတ်ရန်ဖြစ်ပါသည်။မောင်မောင်ရီ (ဘောဂဗေဒ)

Tuesday, 23 Feb 2010

သမုဒ္ဒရာဟာ အလွန်လျှို့ဝှက်နက်နဲတဲ့ လောကကြီးဖြစ် တယ်။ ဘယ်လောက်နက်တယ်၊ ဘယ်လို ရတနာတွေရှိတယ်၊ ဘာတွေလုပ်တယ်ဆိုတာကို လူတွေက ကောင်းကောင်း မသိကြဘူး။ ဒီလိုမသိကြတဲ့အတွက် လူတွေဟာ ဘဝမှာတွေ့ကြုံရတဲ့ ကိစ္စ အတော်များများ အတွက် ဥပမာပေးဖို့ အသုံးပြုကြတယ်။ အခက် အခဲနဲ့တွေ့ပြီဆိုရင်၊ " ဒုက္ခသမုဒ္ဒရာဟာ မဆုံးနိုင်ဘူး" လို့ ပြောလေ့ရှိကြတယ်။ လူတစ်ယောက်ပျောက်နေလို့ ရှာမတွေ့ရင် လူသမုဒ္ဒရာ ထဲမှာ ပျောက်သွားလို့ ရှာမတွေ့ဘူးလို့ ပြောကြတယ်။ သုတေသီတွေကတော့ "ဘဝဆိုတာ အကန့်အသတ်ရှိပေမယ့်၊ ပညာသမုဒ္ဒရာကတော့ မဆုံးနိုင်ဘူး" လို့ ပြောကြတယ်။ ပညာ သင်တာ အဆုံးမရှိဘူးလို့ ဆိုလိုချင်တယ်။ လူတွေ ပဋိပက္ခ ဖြစ်ပြီဆိုရင်၊ သူတို့ရဲ့ အမျက်ဒေါသ ဟာ သွေးသမုဒ္ဒရာထဲကို စီးသွားတယ် ကျယ်ပြောတဲ့၊ အကန့်အသတ် မရှိတဲ့ သမုဒ္ဒရာဟာ၊ ရှည်ကြာမှု၊သည်းခံမှုတွေရဲ့ သင်္ကေတဖြစ်ပြီး အဆုံးမရှိတဲ့ မျှော်လင့် ချက်တွေကိုလည်း ကိုယ်စားပြုတယ်။ ချစ်သူတွေက၊ တစ်ယောက်ကို တစ်ယောက်ထားရှိတဲ့အချစ်ကို၊ "သမုဒ္ဒရာတွေ ခန်းခြောက်၊ ကျောက်တုံးတွေ ပုပ်သိုးကုန်တဲ့အထိ" ချစ်မယ်လို့ ဆိုတတ်ကြတယ်။ ရန်ဖြစ်တာတစ်ခုကို ဖြေရှင်းတဲ့အခါ နှစ်ဖက်စလုံးကို ခြေတစ် လှမ်းပြန်ဆုတ်ပြီး၊ ကျယ်ပြန့်တဲ့ သမုဒ္ဒရာနဲ့ ကောင်းကင်ကြီးကို အားရပါးရကြည့်လိုက်စမ်းပါလို့ ပြောတတ်ကြတယ်။ "သမုဒ္ဒရာထဲက နန်းတော်" တို့၊ "ကောင်းကင်က တိုက်တာ" တွေဆိုတာမျိုးက၊ တကယ်မရှိတဲ့ တံလျပ်တွေကို ရည်ညွှန်းတာ။ သမုဒ္ဒရာအောက်ခြေ က လမင်းကို ငါးမျှားသလို မျှားနေတယ်ဆိုတဲ့ စကားကတော့ တခြားသူတွေကို ထင်ယောင် ထင်မှားဖြစ်အောင် လုပ်နေတဲ့ လှည့်စားမှုတစ်ခုကို ရည်ညွှန်းတယ်။ သမုဒ္ဒရာလှိုင်းတွေ ကောင်းကင် ရောက်တယ်ဆိုတဲ့ အသုံးအနှုန်းဟာ၊ သမုဒ္ဒရာကြီး မငြိမ်မသက် ဖြစ်ပြီး၊ အလွန်အန္တရာယ်ကြီးတာကို ရည်ညွှန်းတယ်။ သမုဒ္ဒရာထဲမှာ အပ်တစင်းလိုက်ရှာနေတယ်ဆိုတဲ့ စကားဟာ၊ အလွန်တရာ ခက်ခဲတာကို ဆိုလိုတယ်။ သမုဒ္ဒရာရဲ့ထောင့်၊ ကောင်းကင်ရဲ့ အစွန်းဆိုတဲ့ စကားက တစ်ခုနဲ့ တစ်ခု ဝေးကွာတာကို ဆိုလိုတယ်။ သမုဒ္ဒရာဟာ ကျယ်ပြောနက်ရှိုင်းပေမယ့် လူတွေနဲ့ နီးနီးစပ်စပ် ဆက်သွယ်နေတဲ့အတွက် ပင်လယ်မှာ လူ့အသက်ဆုံးရှုံးမှုတွေ မကြာ ခဏဖြစ်တယ်။ကမ္ဘာကြီးကသိပ်ကြီးတယ်။ ရေတွေလေတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေကို ထိန်းချုပ်ဖို့၊ ကြိုးစားနေတဲ့ သူတွေ  အမြဲတမ်းရှိတယ်။ ဒါပေမယ့်သမုဒ္ဒရာကြီးက အမြဲတမ်းဖွင့်လှစ်ထား တာဖြစ်လို့၊ နိုင်ငံတကာ ရေပြင်ပိုင်နက်ကို ကြီးကြပ်ဖို့ ဥပဒေ တွေရှိတယ်။ ရေပြင်ပိုင်နက် အငြင်းပွားတာကို ဖြေရှင်းဖို့ တရားရုံး တွေရှိတယ်။သမုဒ္ဒရာနဲ့ ပတ်သက်တဲ့ ဥပမာတွေအများကြီးရှိသေးတယ်။ ဗုဒ္ဓစာပေကျမ်းဂန်တွေမှာလဲ၊ သမုဒ္ဒရာကို မကြာခဏ ဥပမာပေး လေ့ရှိတယ်။ ဥပမာ-စိတ်ဟာသမုဒ္ဒရာလို အကန့်အသက်မရှိ ကျယ်ပြောပြီး၊ သတ္တဝါတွေကို ကယ်တင်ဖို့ စင်ကြယ်တဲ့ကြာတွေ စိုက်ပျိုးကြတယ်။ ဓမ္မသမုဒ္ဒရာဟာ အလွန်တရာကျယ်ပြောနက်ရှိုင်း တဲ့အတွက် ရတနာတွေ လိုက်ရှာနိုင်တယ်။ မြစ်ရာပေါင်းများစွာ သမုဒ္ဒရာထဲစီးဆင်းပြီး၊ သူတို့အားလုံးဟာ ပင်လယ်ရေတွေ ဖြစ်သွားတယ်ဆိုတာက ဘယ်လောက်ညစ်ညမ်းတဲ့ ရေတွေ ရေစီးကြောင်းတွေဖြစ်ပေမယ့် သမုဒ္ဒရာကြီးရဲ့ စင်ကြယ် မှုကို ညစ်ညမ်းအောင် မလုပ်နိုင်ဘူးလို့ ဆိုလိုတယ်။ ဒါကြောင့် လူတယောက်ရဲ့စိတ်ဟာ၊ တောင်ကြီး တွေလို မြင့်မားရုံသာမက သမုဒ္ဒရာကြီးလိုလဲ နက်ရှိုင်းတဲ့အတွက်၊ ဓမ္မလမ်းကြောင်းကိုရှာချင်တဲ့ သူတွေဟာ ဉာဏ် ပညာသမုဒ္ဒရာကြီးကို ရယူပိုင်ဆိုင်နိုင်အောင် ပိဋကတ်သုံးပုံကို နက်နက်ရှိုင်းရှိုင်းလေ့လာချင်ကြတယ်။ ပိဋကတ် (၃)ပုံကို ပိဋကတ်သမုဒ္ဒရာလို့ခေါ်ပြီး၊ လူတွေရဲ့စိတ်ကိုတော့ စိတ်သမုဒ္ဒရာလို့ခေါ်တယ်၊ စိတ်ကိုသမုဒ္ဒရာလို့ ခေါ် တဲ့အတွက် လူတွေဟာသမုဒ္ဒရာလို ကျယ်ပြန့်ပွင့်လင်းတဲ့ စိတ်ထားရှိအောင် အားပေးတိုက်တွန်းရာ ရောက်တယ်။  တစ်ချို့လူတွေမှာ ကျဉ်းမြောင်းတဲ့ စိတ်တွေရှိတယ်။ သူတို့ဟာလောကအကြောင်း၊ နိုင်ငံအကြောင်း၊ တခြားလူတွေ နဲ့ ဆက်ဆံရေးတွေအကြောင်းကို ကောင်းကောင်းနားမလည်ကြဘူး။ ဒါကိုသူတို့နဲ့ ရင်းနှီးတဲ့သူတွေက အခွင့် ကောင်းယူပြီး အသုံးချတဲ့အခါ သူတို့ဟာ ရက်စက်ကြမ်းကြုတ် လာကြတယ်။ သူတို့ဟာ မီးခြစ်ဗူး သေးသေးလေး တွေနဲ့ တူတယ်။ ထပ်ဖြည့်ရင် ပေါက်ထွက်တော့မယ့် သွားတိုက်ဆေးဗူးနဲ့တူတယ်။ ကျဉ်းမြောင်းတဲ့ စိတ်ရှိတဲ့ သူတွေကို ကျယ်ပြန့်တဲ့ ဓမ္မမဝင် ရောက်နိုင် ဘူး။ ရင်းနှီးတဲ့ မိတ်ဆွေတွေ ချစ်သူတွေတောင်မှ နေရာ မရနိုင်ဘူး၊ သမုဒ္ဒရာကြီးလိုစွမ်းရည်မရှိဘူး။ တစ်ချို့လူတွေမှာ သမုဒ္ဒရာလို ကြီးမားတဲ့ စိတ်မျိုးရှိပေမယ့် တစ်ချို့ကျတော့ နောက်ဖေးလမ်းကြား လောက် ကျဉ်းမြောင်းတဲ့ စိတ်မျိုး ရှိတယ်။ ကိုယ့်စိတ်ကျယ်ပြန့်လေ များများဆန့်လေပဲ။ ဒါကြောင့် ဓမ္မကိုလက်ခံနိုင်တဲ့ သမုဒ္ဒရာ လောက်ကျယ်ပြန့်တဲ့ စွမ်းရည်မရှိရင်၊ စိတ်ဟာ အားလုံးကို ပွေ့ဖက် လက်ခံခြင်း မပြုနိုင်တဲ့အတွက် ဓမ္မရဲ့ အကျိုးကျေးဇူးကို မခံစားနိုင်ဘူး။    (HSING YUN. SEEKING HAPPINESS)ညိုညို

Tuesday, 23 Feb 2010

"ရန်ကုန်မြို့မှာ နာဂစ်မုန်တိုင်း တိုက်တဲ့နေ့တုန်းက ဘဲဥ တစ်လုံး သုံးရာကျပ်ဖြစ်သွားတာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကိုယ်ကျင့်တရားမကောင်းတဲ့ လုပ်ရပ်တစ်ခုလား"  လို့ ကျွန်မကို မေးကြဖူးပါတယ်။ ဈေးထဲမှာ ကုန်ရှားပါးပြတ်လပ်လို့ ဈေးတက် ကုန်တဲ့ ပြဿနာဟာ လုပ်ငန်းရှင်တွေရဲ့ ကိုယ်ကျင့်တရားနဲ့ ဘယ်လောက် ပတ်သက်နေသလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မ ရဲ့ အမြင်ကို အကျဉ်းချုံးပြီး ပြောပြရမယ်ဆိုရင်...ပြဿနာရဲ့အကြောင်းရင်း စီးပွားရေးလောကထဲက ပြဿနာ အားလုံးဟာ ကိုယ်ကျင့် တရားကြောင့်ဖြစ်တဲ့ ပြဿနာတွေ ချည်းပဲ မဟုတ်ပါဘူး။ ကုန် ဈေးနှုန်းတွေ တက်တဲ့ကိစ္စဟာ ဈေးကွက်စနစ် (Market System) ကနေ ဖြစ်ပေါ်လာတာပါ။ ယေဘုယျအားဖြင့် ဈေးကွက် တစ်ခုထဲမှာရောင်းလိုအားရယ်၊ ဝယ်လို အားရယ်၊ ဈေးနှုန်း ရယ် ဟာ ဆက်စပ်နေတာပါ။ ရောင်းချင်တဲ့သူတွေဆီမှာ ပစ္စည်းတွေ ပိုနေပြီး ဝယ်ချင်သူက သိပ်မရှိရင်ဈေးကျပြီး၊ ပစ္စည်းရှားပါး ပြတ် လပ်ပြီး ဝယ်လိုသူတွေက သိပ်များမယ်။ သူတို့မှာလဲ သိပ် လိုအပ်နေမယ်ဆိုရင် ရောင်းသူက ဈေးတင်ရောင်းမှာပါပဲ။တရားမျှတမှု ဈေးကွက်စနစ်ကိုကျင့်သုံးရင် ရောင်းသူမှာ ကိုယ်ရောင်းတဲ့ ကုန်ကို လွတ်လွတ်လပ်လပ် ရောင်းဈေး သတ်မှတ်ခွင့် ရှိပါတယ်။ ဒီလိုဆိုတော့ လူတိုင်းကြိုက်ရာ လုပ်ကုန်ကြမှာပေ့ါလို့ စိုးရိမ် စရာရှိပါတယ်။ ရောင်းသူက လုပ်ချင်တိုင်း လုပ်ကြတာကို ဝယ်သူကခံရရင် တရားပါမလားလို့ ဆိုစရာရှိပါတယ်။ လွတ်လပ်စွာဈေးနှုန်း သတ်မှတ်ခွင့်ပေးတိုင်း ဈေးတက် မလာနိုင်တဲ့ အခြေအနေတွေရှိပါတယ်။ တစ်ချက်ကတော့ ဝယ်သူက ကြိုက်ဈေးရမှ ဝယ်တာဖြစ်နိုင်တယ်။ နောက်တစ်ချက် ကတော့ တခြားရောင်းသူတွေကလဲ ကိုယ့်ကိုယှဉ်ပြိုင်နိုင်တဲ့ ရောင်းဈေးမျိုး သတ်မှတ်တာဖြစ်နိုင်တယ်။ လူတစ်စုက ပဲဈေးနှုန်းသတ်မှတ်ခွင့် ရထားလို့ ဈေးကျသွား မှာကိုစိုးပြီး ထုတ်လုပ်မှုကို ထိန်းထားတာလို့ မရောင်းဘဲ လှောင် ထားလိုက်တာတို့ လုပ်ရင်တော့ ဈေးတက်လာမှာပါပဲ။ ဒီ အခြေ အနေမျိုးမှာဆိုရင်တော့ ကိုယ်လို ဇာတ်တူသား လုပ်ငန်းရှင် တွေအပေါ်မှာရော၊ ဝယ်သူတွေ အပေါ်မှာပါ တရားရဲ့ လားဆို တာကို စဉ်းစားစရာဖြစ်ပါတယ်။ စီးပွားရေးဆိုတာ ကိုယ်ကျိုး ရှာမှု တစ်ခုဖြစ်ပါတယ်။ အဲဒီကိုယ်ကျိုးရှာမှုဟာ သူ တစ်ပါး အကျိုးလဲပါမှ အပြန်အလှန် အကျိုးရှိပြီး ရေရှည်တွဲလုပ်လို့ရမှာ ဖြစ် ပါတယ်။တာဝန် စီးပွားရေးလုပ်ငန်းရှင်တွေဟာ အမြတ်ရဖို့ အလုပ်လုပ် ကြတာလို့ ဆိုပေမယ့် သူတို့မှာ စီးပွားရေး တာဝန်ရှိပါတယ်။ သူတို့လိုချင်တဲ့ အမြတ်ဟာ အလကားရတာမဟုတ်ပါဘူး။ လူ တွေအတွက် ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုခု လုပ်ပေးလို့ ရတာပါ။ ထိုက်တန်တာ တစ်ခုခုမရရှိပါဘဲနဲ့ အခွင့် အရေး သက်သက်ယူချင်တာ၊ ကိုယ့်တာဝန်ကိုယ်မကျေရာ ရောက်ပါတယ်။ နာဂစ်ကာလကိုပြန်ညွှန်းရရင် ကုန်စည်ပြတ်လပ်သွားနိုင်တဲ့ အလားအလာကြောင့် ဈေးတွေတက်ကုန်တဲ့ ကာလမှာ ရောင်းသူ အချို့ဟာ ပုံမှန်ဈေးနဲ့ပဲ ရောင်းပေးတာတို့ ပိုက်ဆံရှိလို့ သိမ်းကျုံး ဝယ်လိုသူကို အားလုံးရောင်းမပစ်ဘဲ ကိုတာစနစ်နဲ့ ရောင်းပေးတာကို တွေ့ရဘူးတယ်။ ကုန်ပြတ်သွားရင် ဒီထက် ပိုဈေးတက်မှာကို ဖြစ်ပါစေလို့ ဒီ အတိုင်းလက်ပိုက်ကြည့် နေလို့မရဘူး။ ကုန်ပြတ်သွားရင် ကိုယ်လဲရောင်းစရာ မရှိတော့ ဘဲ ငုတ်တုတ်ထိုင်နေရမှာဆိုတော့ မဖြစ်ဖြစ်အောင်ကြံဆရင်း လုပ်ငန်းတွေ ပြန်လည်ပတ်လာတာပါ ပဲ။ စီးပွားရေးသမားဆိုရင် စီးပွားရေး တာဝန်ကို လုပ်ကိုလုပ်ရပါတယ်။ အခွင့် အရေး သမားဆိုရင်သာ ဘာမှမလုပ်ဘဲ အချောင်ရတာပါ။ ဒါပေမယ့် စီးပွားရေးနဲ့ အခွင့်အရေးဟာလဲ တွဲနေတယ်ဆို တာမမေ့ သင့်ပါဘူး။မအိမ်သူ

Tuesday, 23 Feb 2010

"အမြီးကျက်အမြီးစား၊ ခေါင်းကျက် ခေါင်းစား" ဆိုတဲ့ စကားပုဒ်ကို လူတိုင်း စာတွေရေးကြပေမယ့် ကြက်တစ် ကောင်လုံးကျက်တဲ့အထိ မစောင့်နိုင်ဘဲ စိတ်မရှည်စွာနဲ့ ရတာကိုအလုအယက် ရယူခံစားခြင်းကို ရည်ညွှန်းခြင်းဖြစ်ပါ တယ်။ စီးပွားရေးလုပ်ငန်းတွေကို လုပ် ကိုင်ဆောင်ရွက်ကြ တဲ့အခါ "အများမိုး ခါးရေသောက်" တယ်ဆိုတဲ့ သဘောကို လည်း တချို့ကအဟုတ်ကြီး ထင်မှတ်ပြီး ကျင့်သုံးနေကြတာတွေ့ရပါတယ်။ စီးပွား ရေးလုပ်တဲ့နေရာမှာ ဦးတည်ချက်တစ်ခု သာရှိတယ်လို့ စီးပွားရေးပညာရှင်တွေ က ပြောကြတယ်။ ရေးသားကြတယ်။ ဒီဦးတည်ချက်က အမြတ် Profit ပဲ ဖြစ်ပါတယ်။ အမြတ်ရဖို့သာ အဓိက၊ ကျန်တာတွေဘာမှ စဉ်းစားစရာမလို ဘူး လို့ နိုဘယ်ဆုရှင်ပါမောက္ခ Friedman က အတိအလင်းပြောကြားခဲ့ပြီး စာ အုပ်တွေအများကြီး ရေးသားခဲ့ပါ တယ်။  အမြတ်လို့ပြောရမှာ အစုရှယ် ယာရှင်တွေရဲ့အကျိုး၊ သူတို့ရှယ်ယာ တွေရဲ့ တန်ဖိုးကို တက်နိုင်သမျှ တက် အောင် လုပ်ဖို့ပဲရှိတယ်လို့ ယူဆကြပါ တယ်။ ဒီအတွေးအခေါ်ကို ယခုအချိန် အထိ  အများကလက်ခံနေကြတာကို တွေ့ရှိ ရပါတယ်။  ဆရာ့အနေနဲ့ မြန်မာပြည်မှာ ပြောင်းလဲကျင့်သုံးတဲ့စီးပွားရေးရာ မူဝါဒရည်မှန်းချက်များနဲ့အညီ ပုဂ္ဂလိက  ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး နေချိန်မှာ ဒီအခြေခံကို ပြန်စဉ်းစားသင့် တယ်လို့ ယုံကြည်ပါတယ်။ မူဝါဒတွေ ပြောင်းလဲရုံမကဘဲ ပြောင်းလဲတဲ့မူဝါဒ တွေနဲ့ လိုက်လျော ညီထွေရှိစေတဲ့ အပြု အမူတွေနဲ့ ကျင့်သုံးဖို့လိုအပ်မှာဖြစ်ပါ တယ်။ အထူးသဖြင့် ဘယ်သူသေ ငတေမာပြီးရော ဆိုတဲ့ အတွေးအခေါ်အစား လူ့ကျင့်ဝတ်သိက္ခာနဲ့အညီ ကျင့်ကြံလုပ် ကိုင် ဆောင်ရွက်နိုင်ဖို့ အလွန်အရေးကြီး နေပါတယ်။  အခုဆိုအပြုအမူအတွေးအခေါ် ပြောင်းလဲဖို့ ကျင့်ဝတ်သိက္ခာအကြောင်း စဉ်းစားဖို့ လိုအပ်ပါလိမ့် မယ်။ ကျင့်ဝတ် သိက္ခာဆိုတာဘာလဲ၊ ကျင့်ဝတ် သိက္ခာ နဲ့အညီ ကျင့်ကြံဆောင်ရွက် တယ်ဆို တာဘာလဲဆိုတာကို မေးမှာဖြစ်ပါ တယ်။ ကျင့်ဝတ် သိက္ခာက အမှား အမှန်ကိုခွဲခြားပြီး မှန်တာကိုလုပ်ရဲတဲ့ သတ္တိဖြစ် တယ်လို့ ဆရာထင်ပါတယ်။ မှားတာမှန်တာကို  သိနိုင်ဖို့ အသိတရား ရှိဖို့လိုပါတယ်။ဒါပေ မဲ့သိရုံနဲ့မပြီးသေးပါ ဘူး။ သိတဲ့အတိုင်း လုပ်နိုင်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လာရင် လုပ်ငန်းအဖွဲ့အစည်း တိုင်းမှာ ကျင့်ဝတ်သိက္ခာနဲ့ပတ်သက် လို့ လုပ်ငန်းတိုင်း လမ်းညွှန်မှုရှိဖို့လိုပါ လိမ့်မယ်။ ဒီလမ်းညွှန်မှုတွေကို လိုက် နာပြီး ဦးစီးသူတွေရော ဝန်ထမ်းတွေပါ ကျင့်ကြံလုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ အမှန်တကယ်တော့ လူ့ကျင့်ဝတ်နဲ့ ကိုက်ညီတဲ့ သံလိုက်အိမ် မြှောင်ရှိဖို့ပါပဲ။ သံလိုက်အိမ်မြှောင်ဟာ အနောက်ဘက် စူးစူးအရပ်ကို အမြဲညွှန် ပြနေတယ်။ ဘယ်နေရာရောက်ရောက် သံလိုက် အိမ်မြှောင်ဟာ အနောက်ဘက်ကိုပဲ အမြဲပြနေတယ်။ ဒီလိုညွှန်ပြနေတဲ့ အတွက်လည်း ခရီးသွားတဲ့ နေရာမှာ လမ်းမပျောက်နိုင်မှာဖြစ်ပါတယ်။ ဒီလိုပါပဲ၊ လူတိုင်းမှာ အကျင့်ပညာနဲ့ ပတ်သက်လာရင် အမှားအမှန်နိုင်ဖို့ အရည်အချင်းတွေ မွေးထုတ်ပြုစုဖို့ လိုပါတယ်။ အခုလို အဆုံးအဖြတ်လုပ် နိုင်ဖို့ ဆရာဥပမာတစ်ခုပေးချင်ပါတယ်။ လူတစ်ယောက်ဟာ ပရဟိတလုပ်ငန်း တစ်ခုမှာ မိဘမဲ့ကလေးတွေကို စောင့် ရှောက်တဲ့ ရိပ်သာဆောင်တစ်ခုကို တည်ထောင်ထားတယ်။ ဒါပေမယ့် ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရပါ တယ်။  ဒီအချိန်မှာ လူကုန်ကူးနေသူတစ် ဦးက ကမ်းလှမ်းလာတယ်။ မိဘမဲ့ ကလေး ၁ ဦး၊ ၂ ဦးကို သူ့ရဲ့လက်ထဲ အပ်ရင် ကျပ်သိန်းတစ် ထောင်ပေး မယ်လို့ ပြောလာပါတယ်။ ဒီလူအနေ နဲ့လက်ခံ သင့်ပါလား။ မိဘမဲ့ကလေး တွေဖြစ်တာ မို့ ဘယ်သူကမှ ဂရုစိုက်မှာ မဟုတ်ဘူး။ ဘယ်သူ့မှ လည်း ဘာပြဿနာမှလုပ်မှာ မဟုတ်ဘူး ဆိုတာ သိနေပါတယ်။ ဒီကိစ္စမျိုးဟာ ဆုတ်စူးစားရူးတဲ့အဖြစ် မျိုးဖြစ် နေပါတယ်။ မှားတယ်မှန်တယ် ဆိုတာကို အလွယ်တကူ ရွေးချယ် နိုင်ဖို့ ခက်ခဲနေတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ ဆရာပေးတဲ့ဥပမာမှာ ငွေကိုလက်မခံ လိုက်ရင် ရိပ်သာကိုပိတ်ရတော့မဲ့အခြေ အနေဖြစ်နေတယ်။ ရိပ်သာကိုမှီခိုနေသူ ကလေးပေါင်း မြောက်မြားစွာ ဒုက္ခ ရောက်လိမ့်မယ်။ ဒီတော့ ကလေး ၁ ယောက်၊ ၂ ယောက်ကို လူကုန် ကူးမဲ့သူ နဲ့ထည့်လိုက်တာဟာ လုပ်သင့်တယ်လို့ ထင်မြင်ယူဆနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေလုပ်တဲ့ နေရာမှာ အခွင့်အရေးရဖို့ လာဘ်ထိုး ရင်  မျက်နှာသာရမယ့် ထောင်မြင်ရာ မစွန့်သင့်ပါဘူးလားလို့ တချို့တွေက ဆင်ခြေပေး ကြမှာဖြစ်ပါတယ်။ ရင်ဆိုင်ရတဲ့အဆုံးအဖြတ်ပြဿ နာတွေမှာ ကျင့်ဝတ်သိက္ခာနဲ့အညီ ဆုံး ဖြတ်တဲ့နေရာမှာ တွေ့ကြုံရတဲ့ လွန်ဆွဲ မှုနှစ်မျိုးကို လုပ်ငန်းအဖွဲ့အစည်းတွေမှာ ကြုံတွေ့ရတတ်ပါတယ်။ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအကြား ရှိနိုင်တဲ့ပဋိပက္ခနဲ့  အဖွဲ့အစည်းနဲ့လူ့အသိုင်းအဝိုင်းအကြား ရှိနိုင်တဲ့ ပဋိပက္ခဖြစ်ပါတယ်။ လူကိုဦး စားပေးမလား၊ အချိန်ကိုဦးစားပေး မလား။ အဖွဲ့အစည်း အကျိုးကို ကြည့် မလား၊ လူ့အသိုင်းအဝိုင်းအတွက် ဦး စားပေးမလား။ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ကျင့်ဝတ်သိက္ခာတရားကို ၂၁ ရာစုမှာ ပိုပြီးအလေးထားပို၍ ဂရုပြုလာတာကို တွေ့ရှိရပါတယ်။ စီးပွားရေးလုပ်တာနဲ့ ကျင့်ဝတ်သိက္ခာနဲ့ညီအောင်ကျင့်တာဟာ ဆန့်ကျင်ဘက်တွေမဟုတ်ဘူးဆိုတာကို နားလည်လာတယ်။ လက်ခံလာကြတာ တွေ့ရပါတယ်။ ဒီလိုဖြစ်လာတဲ့ အကြောင်းတွေ အမျိုးမျိုးရှိတဲ့အနက် Corporate Social Responsibility (CSR) လို့ ခေါ်တဲ့ စီးပွားရေးအဖွဲ့ အစည်းတွေရဲ့ လူမှုရေးတာဝန်ကျေမှု အတွေးအခေါ်အယူအဆ အလွန် အရေးပါလှပါတယ်။ CSR ရဲ့ အနှစ်သာရကတော့ စီးပွားရေးအဖွဲ့ အစည်းတွေမှာ ကိုယ့်ရဲ့အစုရှင်တွေ အပေါ် တာဝန်ရှိရုံမက မိမိရဲ့ပတ်ဝန်း ကျင်အသိုင်းအဝိုင်းတစ်ခုလုံးအတွက် ပိုတာဝန်ရှိကြောင်း လက်ခံခြင်းဖြစ်ပါ တယ်။ ကျင့်ဝတ်သိက္ခာနဲ့အညီ စီးပွားရေးလုပ်ရင် အကျိုးရှိကြောင်း မီးမောင်း ထိုးခြင်းပဲဖြစ်ပါတယ်။ CSR နဲ့ပတ် သက်လာရင် ရှုဒေါင့် (၃) မျိုးက စပြီး သုံးသပ်နိုင်တာတွေ့ရပါတယ်။ ပထမ ရှုဒေါင့်က ပတ်ဝန်းကျင်ဖြစ်ပါတယ်။ မိမိရဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ရမဲ့တာဝန်ကိုအလေးအနက်ထားလာတာ တွေ့ရပါတယ်။ စက်ရုံခေါင်းတိုင် ကြီးတွေက လေထုညစ်ညမ်းစေမဲ့ မီးခိုး တွေကို အတားအဆီး မရှိထုတ်လွှတ်တာ မျိုးပါ။ စက်ရုံအရှေ့က မြောင်းထဲကို စက်ရုံက အညစ် အကြေး တွေစည်း ကမ်းမဲ့ စွန့်ပစ်တာမျိုး၊ အခု ဃွျှကို လက်ခံလာကြတဲ့ အတွက် လုပ်တာကိုင် တာတွေဟာ ထိန်းထိန်းသိမ်းသိမ်း ဖြစ်လာတာ တွေ့ရပါတယ်။ဒုတိယ အပိုင်းကတော့ မတရားသဖြင့် အမြတ် ထုတ်ခြင်းပဲဖြစ်တယ်။ လုပ်သားတွေရဲ့အကျိုးကိုရှေ့တန်းမတင်ဘဲ ကိုယ့်ရဲ့အမြတ်ရရှိရေးကိုသာ ဦးစား ပေးမှုကို ဟန့်တားနိုင်ဖို့ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ အဂတိ လိုက်စားမှုနဲ့ လာဘ်စားခြင်း ကိစ္စဘဲဖြစ် တယ်။ဒီကိစ္စနဲ့ပတ်သတ်လာရင် စဉ်းစား စရာတွေကအများကြီးဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ် သက်လာရင် ယူတဲ့ သူမှာအပြစ်ရှိ တာ လား၊ ပေးတဲ့သူက အပြစ်ရှိတာလား၊ ဒါကို အသေအချာစဉ်းစားရမှာဖြစ်ပါ တယ်။ စီးပွားရေးလုပ်ငန်းတွေမှာ ဧည့်ခံ ကျွေး မွေးမှုဟာမလုပ်မဖြစ်တဲ့ အလုပ်တစ်ခု ဖြစ်နေတာတွေ့ရပါတယ်။ဒီလိုဧည့်ခံရာ မှာ အကန့်အသတ်ရှိသင့် သလား၊ ဘယ်အဆင့်မှာ ဧည့်ခံခြင်းဖြစ် ပြီး ဘယ်အဆင့်ရောက်ရင်တော့ လာဘ်ထိုးခြင်းဖြစ်မလဲ လုပ်ငန်း အတွင်းမဟုတ်တာ တွေလုပ်နေတာကို တားဆီးနိုင်အောင်၊ လျော့ပါးနိုင် အောင် ခရာမှုတ်တဲ့ အစီအစဉ်တွေချ မှတ်ဖို့ လိုတာတွေ့ရ တယ်။ ဘောလုံးပွဲ ကဒိုင်လူကြီးတွေသုံးတဲ့ခရာဟာ ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်တဲ့အခါ၊ ဂိုးဝင်သွားတဲ့အခါနဲ့ ပွဲပြီးတဲ့အချိန်မှာ ဒိုင်လူကြီးတွေက မှုတ် တတ်ကြတယ်။ဒီလိုပဲ လုပ်ငန်းတွင်းက မဟုတ်တာတွေ ကိုမြင်တဲ့သူတွေအနေနဲ့သက်ဆိုင်ရာကို အကြောင်းကြားနိုင် အောင် Whistle blower အစီအရင် တစ်ရပ်ကို ဖော်ထုတ်နေတာတွေ့ ခဲ့ရပါတယ်။ ကျင့်ဝတ်သိက္ခာနဲ့ညီအောင် ကျင့်ကြံလိုတဲ့ လုပ်ငန်းတွေအနေနဲ့ လူမှုရေးတာဝန်ကျေတဲ့ လုပ်ငန်းတွေဖြစ် အောင် ကြိုးစားဖို့လိုအပ်မှာဖြစ်ပါ တယ်။အခုဆိုလူမှုရေးတာဝန် ကျေပွန် တဲ့အတွက် မိမိရဲ့စီးပွားရေးအကျိုး အမြတ်မထိခိုက်တဲ့အပြင် အကျိုးရှိကြောင်း တွေ့ရှိရပါ တယ်။ဒါကို တချို့လုပ်ငန်းရှင်တွေကတော့သိပ်လက်မခံ နိုင်တာကိုတွေ့ရပါတယ်။အခုလိုလက်ခံ သဘောတူတဲ့လုပ်ငန်းရှင်တွေ သဘောပေါက်အောင် ကျင့်ဝတ်သိက္ခာ နဲ့အညီ ဆောင်ရွက် နိုင်ရင် ရလာနိုင်မဲ့ အကျိုးတရားကို ဖော်ပြချင်ပါတယ်။ ပထမအနေနဲ့ အခုဆိုလူမှုရေး တာဝန်ကျေပွန်မှုကို ပတ်ဝန်းကျင် အသိုင်းအဝိုင်းက မျှော်လင့်ကြတာတွေ့ ရပါတယ်။ဒုတိယအနေနဲ့ အခုလို တာဝန်ကျေပွန်ရင် ရေရှည်ကာလ အတွက်အမြတ်ပမာဏတိုးပွားနိုင်တာ တွေ့ရပါတယ်။တတိယအနေနဲ့ ကတော့ အခုလိုတာဝန်ကျေဖို့လုပ်ငန်း တိုင်းမှာဝတ္တရားရှိပါတယ်။စတုတ္ထအနေ နဲ့ကတော့အများရဲ့ အမြင်မှာ ဒီလုပ်ငန်း ဟာ လူမှုရေးတာဝန်ကျေတဲ့လုပ်ငန်း ဖြစ်တဲ့အတွက်အသိအမှတ်ပြုခြင်းခံရ မှာဖြစ်တယ်။နောက်ဆုံးအချက် အနေနဲ့ကတော့ ဒီလိုကျေပွန်မှုဟာ ပတ်ဝန်းကျင် ရဲ့အနေအထားကို ပိုမိုကောင်းမွန်နိုင်စွမ်းရှိနိုင်ပါတယ်။ကျင့်ဝတ်သိက္ခာ နဲ့အညီကျင့်မှုနဲ့ စီးပွား ရေးအကျိုး သက်ရောက် မှုတို့အကြား ဘယ်လို ဆက်စပ်မှုမျိုး ရှိနိုင်သလဲဆို တာလဲ သုတေသနလုပ်ခဲ့ ကြပါတယ်။ သုတေသနတွေ့ရှိချက်များအရ ဆက်စပ်မှုက အပေါင်းလက္ခဏာရှိတာ တွေ့ရပါတယ်။ပိုပြီးတာဝန်ကျေလေ လေ မိမိရဲ့လုပ်ငန်းစီးပွားရေးအကျိုး အမြတ် များလေလေဖြစ်တာတွေ့ ရ ပါတယ်။အခုလို ကျင့်ဝတ်သိက္ခာနဲ့ အညီ ကျင့်ကြံနိုင်ဖို့ အခြေခံ လိုအပ်ချက် သုံးရပ်ရှိတာ တွေ့ရ ပါတယ်။ဒါကို အလွယ်တ ကူ မှတ်သားနိုင်ဖို့ အတွက် 3P  လို့ခေါ်ဝေါ် သတ်မှတ်နိုင် ပါ တယ်။ တစ်မျိုးပြောရရင် P သုံးလုံး ဖြစ်တယ်။ ပထမ P ကဏမသ်ငအအမြတ် ဖြစ်ပြီး ဒုတိယ P က ဏနသစူန လူဖြစ်ပါတယ်။နောက်ဆုံး P က ဏူညေနအ ကမ္ဘာမြေကြီး ဖြစ်ပါ တယ်။ဒီ  P သုံးလုံးရဲ့ အဓိပ္ပါယ် က ကျင့်ဝတ်သိက္ခာနဲ့ အညီ ဆောင်ရွက်ကြတဲ့ စီးပွားရေး လုပ်ငန်းတွေဟာ အမြတ်ကိုရ အောင်ရှာကြမယ်။အမြတ် တစ်ခု တည်းကိုသာ မစဉ်း စားဘဲ မိမိလုပ်ငန်းမှာအလုပ်လုပ် နေ သူတွေ၊ မိမိရဲ့ဖောက်သည်တွေ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်း မှာနေထိုင်ကြသူတွေ၊ အစု ရှယ်ယာဝင်တွေ ဒါတွေ အား လုံးဟာ လူတွေသာဖြစ်ပါတယ်။ နောက်ဆုံး P ကတော့ မိမိရဲ့ ပတ်ဝန်းကျင်၊ မိမိရဲ့ကမ္ဘာ မြေကြီးကို ထိန်းသိမ်း စောင့် ရှောက်ရမဲ့တာဝန်ပဲ ဖြစ်ပါ တယ်။ အဖွဲ့အစည်းတစ်ခု အ နေနဲ့ စီးပွားရေး တာဝန်ကျေမှု၊ ဥပဒေအရ တာဝန်ကျေမှု၊လူမှု ရေးအရ တာဝန်ကျေမှုတွေရယ် လို့တာဝန်ကျေမှုသုံးရပ်ကို ထိန်း သိမ်းအပ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ ကျင့်ဝတ်သိက္ခာနဲ့အညီ ဆောင် ရွက်နိုင်ဖို့ ကျင့်ဝတ်သိက္ခာနဲ့ အညီ နေထိုင်ပြောဆိုနိုင်တဲ့ လူပုဂ္ဂိုလ်တွေလိုသလို၊ ကျင့်ဝတ် သိက္ခာနဲ့ညီတဲ့ဦးဆောင်သူ တွေရှိရမှာဖြစ်တယ်။ကျင့်ဝတ် သိက္ခာ စောင့်ထိန်းမှု ကိုပြုစုလို ပါက ကျင့်ဝတ်သိက္ခာနဲ့ ပတ် သတ်တဲ့ သင်တန်းတွေကို လုပ် ပေးဖို့လိုအပ်ပါတယ်။ Ethics Training ဟာ အဖွဲ့အစည်း တိုင်းမှာ ရှိသင့်တဲ့ သင်တန်း မျိုးဖြစ်တယ်။ ဆရာကိုယ်တိုင် အခုဆိုရင် လုပ်ငန်းတွေမှာ ဒီလိုသင်တန်း မျိုးကိုပေးလျှက် ရှိပါတယ်။ ဒီသင်တန်း တွေ ကြောင့်အလုပ် ရှင်တွေ အလုပ် သမားတွေ အနေနဲ့ ကျင့်ဝတ် သိက္ခာ နဲ့ ပတ်သတ်လို့ ပိုမိုနား လည်မှု ရှိလာပြီး လက်တွေ့ ဆောင်ရွက်မှုနဲ့ ပတ်သတ်တဲ့ လွန်ဆွဲမှုတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်စွမ်းရှိပါတယ်။ လုပ်ငန်းဦးစီးသူတွေဖို့ ကျင့်ဝတ်သိက္ခာ ထိန်းသိမ်း မှုဟာ အလွန်အရေးကြီးလှ ပါ တယ်။ အခြေခံလိုအပ်ချက်က ရိုးသားဖြူစင်မှု ဖြစ်ပါတယ်။မှန်တာကို ပြောရဲလုပ်ရဲတဲ့ သတ္တိရှိရမှာဖြစ်တယ်။ ကိုယ် ကတော့ အမှားလုပ်မိရင်လုပ်မိ ကြောင်းဝန်ခံနိုင်တဲ့ သတ္တိလည်း ရှိရမှာဖြစ်ပါတယ်။ကျင့်ဝတ် သိက္ခာရဲ့ အရေးပါမှုကို မိမိလုပ် ငန်း အတွင်းမှာ မပြတ်ပြော နေဖို့လိုသလို၊ နမူနာဖြစ် အောင် နေထိုင် ပြောဆိုဖို့လည်း အထူး လိုအပ်ပါတယ်။ ဆရာ့အနေနဲ့ အခုလို နိုင်ငံရေး ပြောင်း လဲမှုတွေ ဆောင်ရွက်နေတဲ့ အချိန်ကာလမှာ စီးပွား ပြောင်းလဲမှု တွေလည်း လိုက် လျောညီထွေရှိဖို့ လိုအပ်ပါ တယ်။ ဒါပေမဲ့ စီးပွား ရေးပြုပြင် ပြောင်းလဲမှုတွေ လုပ်ယုံနဲ့ မလုံလောက်ပါဘူး။အခြေခံ လိုအပ်ချက်ဖြစ်တဲ့ ကျင့်ဝတ် သိက္ခာနဲ့ အညီကျင့်ကြံ နေထိုင် ဖို့ပြောဆို လုပ်ကိုင်ဆောင်ရွက် ဖို့ အလွန်အရေးကြီးလှပါ တယ်။ဒေါက်တာအောင်ထွန်းသက်

Tuesday, 23 Feb 2010

ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲ ခြင်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ IPCC သိပ္ပံ ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်မှုအရ မြန်မာ နိုင်ငံမှာ လာမယ့် အနှစ် ၃၀ အတွင်း အပူချိန် ၁ ဒီဂရီစင်တီဂရိတ်  တက်လာပြီး  ပိုမိုပူနွေးလာနိုင် တယ်လို့ သိရပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုက မြန်မာနိုင်ငံရဲ့ ရာသီဥတုကိုလည်း အကျိုးသက် ရောက်မှုရှိလာခဲ့တာ တွေ့ရပါတယ်။ အထင် ရှားဆုံးတွေ့ရှိရတဲ့ သက်သေကြီးကတော့ နာဂစ် မုန်တိုင်း တိုက်ခတ်ခဲ့တာပဲဖြစ်ပါတယ်။ နာဂစ် မုန်တိုင်းစတင်ဖြစ်ပေါ်မှုဟာ ပုံမှန်အတိုင်း ဖြစ် ပေါ်ခဲ့ပေမယ့်  မထင်မှတ်ဘဲ  တိုက်ခတ်မှုလမ်း ကြောင်း ပြောင်းလဲသွားခဲ့ခြင်းဟာ ရာသီဥတု ဖောက်ပြန်မှုရဲ့ အကျိုးဆက်ကြောင့်ပဲ ဖြစ်ပါ တယ်။လွန်ခဲ့တဲ့ သုံးနှစ်အတွင်း မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းတွေရဲ့ အခြေအနေကို ကြည့်ရင်လည်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲ မှုကို သိသိသာသာ တွေ့မြင်နိုင်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ မာလာမုန်တိုင်း၊ ၂၀၀၇ ခုနှစ်မှာ အာဂစ် မုန်တိုင်း၊ ၂၀၀၈ ခုနှစ် မှာ နာဂစ်မုန်တိုင်း၊ ၂၀၀၉ ခုနှစ်မှာ အယ်ဂျစ်မုန်တိုင်းနဲ့ မေလမှာ အိုင်လာ မုန်တိုင်းတွေ သုံးနှစ်ဆက်တိုက် ဝင်ရောက်ခဲ့ကာ ၂၀၀၉ ခုနှစ်အတွင်း တစ်နှစ်မျှ မဖြစ်ပေါ်ခဲ့ဖူးတဲ့ နှစ်ကြိမ်ဖြစ်ပေါ်ခဲ့မှုတွေဟာ မြန်မာနိုင်ငံရဲ့ ရာသီ ဥတုဖြစ်စဉ်မှာ ပြောင်းလဲမှုကြီးတစ်ခု ဖြစ်နေပါ တယ်။ ဘင်္ဂလားပင်လယ်အော်ကို မုတ်သုံရာသီ အဝင်မှာ ဖြစ်ပေါ်လေ့ရှိတဲ့ မုန်တိုင်းအများစုဟာ လေဖိအားနည်း ရပ်ဝန်းကနေ မုန်တိုင်းငယ်အဆင့် အထိသာ ဖြစ်ပေါ်ခဲ့ပေမယ့် ၂၀၀၉ ခုနှစ် ဧပြီလမှာ ဖြစ်ပေါ်ခဲ့တဲ့  အယ်ဂျစ်မုန်တိုင်းဟာ  အင်အား အသင့်အတင့်ရှိတဲ့ မုန်တိုင်းဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ် မေလမှာ  ဖြစ်ပေါ်ခဲ့တဲ့  အိုင်လာမုန်တိုင်းဟာ မုန်တိုင်းအဆင့် ၃ နဲ့ ၄ အထိ ပြင်းထန်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။မြန်မာနိုင်ငံမှာ ရာသီဥတု ပြောင်းလဲ လာတာကို သိသိသာသာတွေ့မြင်ရတဲ့ အခြား ဖြစ်စဉ်နှစ်ခုကတော့ လေဆင်နှာမောင်း ပိုမို တိုက်ခတ်လာမှုနဲ့ မိုးကြိုးပိုမိုပစ်လာမှုတို့ပဲ ဖြစ်ပါ တယ်။ ၂၀၀၆ ခုနှစ်မတိုင်မီ နှစ်တွေက မြန်မာ နိုင်ငံမှာ လေဆင်နှာမောင်း  ဝင်ရောက်တိုက် ခတ်မှုတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမယ့် ၂၀၀၆ ခုနှစ်က စတင်ပြီး လေဆင်နှာမောင်း ၁၆ ကြိမ်၊ ၂၀၀၇ ခုနှစ်မှာ ၁၁ ကြိမ်၊ ၂၀၀၈ ခုနှစ်မှာ ၈ ကြိမ်နဲ့ ၂၀၀၉ ခုနှစ်မှာ ၁၀ ကြိမ် ဝင်ရောက် တိုက်ခတ်ခဲ့တာကို  တွေ့ရပါတယ်။ တစ်နိုင်ငံလုံးမှာ မိုးကြိုးပစ်လို့  ထိမှန်သေဆုံး သူဦးရေဟာ ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ် အထိ ၂၃၀ ကျော် ရှိခဲ့ပါတယ်။မြန်မာနိုင်ငံဟာ အကြမ်းအားဖြင့် မြောက် လတ္တီတွဒ် ၉.မှ ၂၈.အတွင်း  တည်ရှိနေတဲ့ အတွက် မြန်မာနိုင်ငံရဲ့ကောင်းကင်ရှိ အိုဇုန်းလွှာ ဟာ ပညာရှင်တွေရဲ့ လေ့လာချက်အရ ပျက်စီးမှု မရှိဘဲ အကောင်းပကတိနီးပါး ရှိနေသေးတယ်လို့ သိရပါတယ်။ အိုဇုန်းလွှာသာ ပျက်စီးခဲ့ရင် ခရမ်း လွန် ရောင်ခြည်များ ကျရောက်လာပြီး ပိုမိုပူနွေး လာစေနိုင်ပါတယ်။ ဒါ့ကြောင့် ယခုအခါ မြန်မာ နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမျိုးသားကော် မရှင်ဟာ ကုလသမဂ္ဂ  ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်ရဲ့ ပံ့ပိုးကူညီမှုနဲ့ မြန်မာနိုင်ငံမှာ အိုဇုန်း လွှာ ပျက်စီးစေတဲ့ ဓာတ်ပစ္စည်းတွေသုံးစွဲမှု လျှော့ ချရေးလုပ်ငန်း  အစီအစဉ်တစ်ရပ်ကို ရေးဆွဲပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။မြန်မာနိုင်ငံရဲ့ ရာသီဥတု ပြောင်းလဲ လာခဲ့ရမှုရဲ့  အဓိက  အကြောင်းအရင်းကြီး တစ်ခုကတော့ သစ်တောတွေ ပြုန်းတီးလာမှုနဲ့ ဒီရေတောတွေ ခုတ်ယူမှုတွေကြောင့်ဖြစ်ကြောင်း တချို့ပညာရှင်တွေက  ထောက်ပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့ပြတွေနဲ့ ကျေးလက်တောရွာ တွေမှာ အဓိကလောင်စာအဖြစ် ထင်းနဲ့မီးသွေး ကို အသုံးပြုနေကြပါတယ်။  အဲဒီလောင်စာ လို အပ်ချက်အရ သစ်တောနဲ့ ဒီရေတောတွေကို ခုတ်ယူသုံးစွဲခဲ့ကြပါတယ်။ ယခင်က မြန်မာနိုင်ငံ ရဲ့ ဧရိယာ ၇၄ ရာခိုင်နှုန်းခန့်ဟာ သစ်တော တွေနဲ့  ဖုံးလွှမ်းနေခဲ့ပေမယ့်  ယခုအခါ ၅၀ ရာခိုင်နှုန်းအောက်ကို ရောက်ရှိနေတယ်လို့ သိရ ပါတယ်။၂၀၀၄ခုနှစ် ဒီဇင်ဘာလအတွင်း ဆူမာ တြား မြေငလျင်ကြီးကြောင့် ကြီးမားတဲ့ ဆူနာမီ ရေလှိုင်းကြီးတွေ ဖြစ်ပေါ်ခဲ့ပြီး အာရှနဲ့ အာဖရိက တိုက်ရှိ နိုင်ငံပေါင်း ၁၂ နိုင်ငံက မြို့ပေါင်းများစွာ ကို ထိခိုက်ပျက်စီးစေခဲ့ပါတယ်။ အဲဒီ ဆူနာမီဘေး ဒဏ်ကြောင့် မြန်မာနိုင်ငံမှာလည်း ကျေးရွာပေါင်း ၂၉ ရွာ ထိခိုက်ခဲ့ပြီး အိမ်ခြေပေါင်း ၆၀၀ ကျော် ပျက်စီးခဲ့ရပါတယ်။ လူ ၆၁ ဦး သေဆုံးခဲ့ပြီး ကျပ် ၁၅၈၅ သန်းဖိုးခန့် ဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အမျိုးသားသဘာဝဘေး ကာကွယ် ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး သဘာဝဘေး အန္တရာယ်တွေရဲ့ ဆိုးကျိုးကို နည်းပါးသည်ထက် နည်းပါးစေဖို့နဲ့ ကျရောက်လာရင်လည်း ဆောင် ရွက်ရမယ့် ကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်း တွေကို  လုပ်ဆောင်နေတယ်လို့  သိရပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက လည်း ဘက်စုံသဘာဝဘေး ကြိုတင်သတိပေးဌာန ကို ထူထောင်ထားရရှိပြီး  မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေငလျင်နဲ့ ဆူနာမီ စတဲ့ သဘာ၀ ဘေးအန္တရာယ် အမျိုးမျိုးအတွက် ကြိုတင်ခန့်မှန်း ချက်နဲ့ သတိပေးချက်တွေကို ထုတ်ပြန်ပေးနေတာ တွေ့ရကြောင်းပါခင်ဗျား။Ref: IPCC Reportမောင်ပုဆိုးကြမ်း

Tuesday, 23 Feb 2010

ကောက်ခွန်အခွင့်အရေးမရှိသည့် ဆန် ဆန်သည်အာရှနိုင်ငံများ၏ အဓိက ကျသည့် အခြေခံစားကုန် ဖြစ်ပါသည်။ ထို့ကြောင့် ဆန်စိုက်ပျိုး ထုတ်လုပ်သည်မှ ရောင်းဝယ် (ပြည်တွင်း/ပြည်ပ ရောင်း ဝယ်)သည်အထိ အာရှနိုင်ငံ အစိုးရများ ပါဝင်စီမံခန့်ခွဲကြခြင်း ဖြစ်ပါသည်။ အာဆီယံ-အိန္ဒိယ FTAတွင် နိုင်ငံ အလိုက် ကုန်စည်များကို လေ့လာသည့် အခါဆန်နှင့် ပတ်သက်၍ အောက်ပါ အတိုင်းတွေ့ရှိရပါသည်။အိန္ဒိယနိုင်ငံ ဆန်၊ ဆန်ကွဲတို့ကို FTA အခွင့် အရေးမရရှိသည့် ဖယ်ထားစာရင်း (Exclusion List - EL )တွင် ထည့်ထားပါ သည်။ တစ်နည်းအားဖြင့် ဆန်နှင့်ဆန် ကွဲကို FTA ဆိုင်ရာအကောက်ခွန်အခွင့် အရေးမပေးခြင်း သို့မဟုတ် ဈေးကွက် ဝင်ခွင့် (Market Access)မပေးခြင်း ဖြစ်ပါသည်။ ဆန်နှင့် ဆန်ကွဲအပေါ် စည်းကြပ် သည့် သွင်းကုန် အကောက်ခွန်နှုန်းမှာ အာဆီယံနိုင်ငံများနှင့်  နှိုင်းယှဉ်လျှင် အလွန်မြင့်မားလျက်ရှိကြောင်း တွေ့ရပါ သည်။ HS 1006 အောက်ရှိ ဆန်နှင့် ပတ်သက်သော  အကောက်ခွန်လိုင်း အလိုက် အကောက်ခွန်နှုန်းများကို သိရှိ နိုင်ရန် ဖော်ပြလိုက်ရပါသည်-အင်ဒိုနီးရှားနိုင်ငံ ဆန်၊ ဆန်ကွဲတို့ကို FTA အခွင့် အရေးမရရှိသည့် ဖယ်ထားစာရင်း (Exclusion List - EL)တွင် ထည့်ထားပါ သည်။ HS 1006  အောက်ရှိ ဆန်နှင့်ပတ် သက်သော အကောက်ခွန်လိုင်းအားလုံး အပေါ် စည်းကြပ်သည့် သွင်းကုန် အကောက်ခွန်နှုန်းမှာ နှုန်းတစ်မျိုးတည်း ဖြစ်ပါသည်။ တစ်ကီလိုဂရမ်ကို ရူပြား ၄၅၀ (Rp450/kg)ဖြစ်ပါသည်။ ဆန် နှင့် ဆန်ကွဲ မခွဲခြားဘဲ တစ်တန်အပေါ် သွင်းကုန် အကောက်ခွန် အမေရိကန် ဒေါ်လာ ၅၀ ခန့် စည်းကြပ်ကောက်ခံ ပါသည်။မလေးရှားနိုင်ငံ ဆန်၊ ဆန်ကွဲတို့ကို FTAအခွင့် အရေးမရရှိသည့် ဖယ်ထားစာရင်း (Exclusion List - EL) တွင် ထည့်ထား ပါသည်။ HS 1006 အောက်ရှိ ဆန်နှင့် ပတ် သက်သော အကောက်ခွန်လိုင်းအားလုံး စည်းကြပ်သည့် သွင်းကုန် အကောက် ခွန်နှုန်းမှာ နှုန်းတစ်မျိုးတည်း ဖြစ်ပါ သည်။ တန်ဖိုး၏ ၄၀ ရာခိုင်နှုန်း ဖြစ်ပါ သည်။ဖိလစ်ပိုင်နိုင်ငံ HS 1006 အောက်ရှိ 1006.10.00A Suitable forsowing မှလွဲ၍ ကျန်  အကောက်ခွန်လိုင်း အားလုံးက FTA အခွင့်အရေးမရရှိသည့် ဖယ်ထား စာရင်း (Exclusion List - EL)တွင် ထည့်ထားပါသည်။ HS 1006.10.00A ကိုမူFTA ၏ အကောက်ခွန်နှုန်း ဖယ် ရှားပေးရမည့် သာမန်လမ်းကြောင်း (၁) တွင် ထည့်ထားပါသည်။ ယင်း၏ သွင်း ကုန်အကောက်ခွန်နှုန်းမှာ သုည (ဝ%) ဖြစ်ပါသည်။ ဆန်နှင့်   ပတ်သက်သော ကျန် အကောက်ခွန်လိုင်း    အားလုံးအပေါ် စည်းကြပ်သည့် အကောက်ခွန်နှုန်း (၂) မျိုးဖြစ်ပါသည်။ ကိုတာအတွင်း အရေ အတွက်(In Quota)အပေါ် ၄၀ ရာခိုင် နှုန်းနှင့် ကိုတာပြင်ပ  အရေအတွက် (Out Quota) အပေါ် ၅၀ ရာခိုင်နှုန်း သတ်မှတ်ထားပါသည်။ထိုင်းနိုင်ငံ ဆန်၊ ဆန်ကွဲတို့ကို FTA အခွင့် အရေးမရရှိသည့် ဖယ်ထားစာရင်း (Exclusion List - EL)တွင် ထည့်ထားပါ သည်။ HS 1006 အောက်ရှိ ဆန်နှင့်ပတ် သက်သော အကောက်ခွန်လိုင်းအားလုံး အပေါ် စည်းကြပ် သည့် အကောက်ခွန် နှုန်းမှာ နှုန်းတစ်မျိုးတည်းဖြစ်ပါသည်။ တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းဖြစ်ပါသည်။ကမ္ဘောဒီးယားနိုင်ငံ HS.1006.40-Broken rice ကို အရေးကြီး ကုန်ပစ္စည်းစာရင်း (Sensitive List - SL)တွင်  ထည့်ထားပါ သည်။ ဆန်ကွဲ၏ အခြေခံ အကောက် ခွန် နှုန်းမှာ ၇ ရာခိုင်နှုန်းဖြစ်ပါသည်။ သတ်မှတ်ထားသော စည်းမျဉ်းအရ ၅ ရာခိုင်နှုန်းသို့  လျှော့ချရမည်ဖြစ်ရာ ၁.၁.၂၀၁၄နေ့တွင် ၆ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၁.၁.၂၀၁၅ နေ့တွင် ၅ ရာခိုင်နှုန်းသို့လည်းကောင်း လျှော့ချ မည်ဖြစ်ပါသည်။ ဆန်နှင့်    ပတ်သက်သော   ကျန် အကောက်ခွန်လိုင်းအားလုံးကို သာမန် လမ်းကြောင်း(၁)တွင်ထည့်ထားပါသည်။ ယင်းတို့အပေါ်စည်းကြပ်သည့်အကောက် ခွန်နှုန်းမှာ နှုန်းတစ်မျိုးတည်း ဖြစ်ပါ သည်။ တန်ဖိုး၏ ၇ ရာခိုင်နှုန်း ဖြစ်ပါ သည်။ အဆိုပါ အကောက်ခွန်နှုန်းကို  သတ်မှတ်ထားသော   စည်းမျဉ်းအရ သုည (ဝ%)သို့ လျှော့ချရမည်ဖြစ်ရာ ၁.၁.၂၀၁၃ နေ့တွင် ၆ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၁-၁-၂၀၁၅ နေ့တွင် ၅ရာခိုင်နှုန်းသို့လည်းကောင်း၊ ၁-၁- ၂၀၁၈ နေ့တွင် ၃ ရာခိုင်နှုန်းသို့ လည်း ကောင်း၊ ၃၁-၁၂-၂၀၁၈ နေ့ တွင် သုည (ဝ%)သို့လည်းကောင်း လျှော့ချမည် ဖြစ်ပါသည်။လာအိုနိုင်ငံ ဆန်၊ ဆန်ကွဲကို အရေးကြီးကုန် ပစ္စည်းစာရင်း (Sensitive List-SL) တွင် ထည့်ထားပါသည်။ HS.1006  အောက်ရှိ   ဆန်နှင့်ပတ်သက်သော အကောက်ခွန်လိုင်းအားလုံးအပေါ်စည်း ကြပ်သည့် အကောက်ခွန်နှုန်းမှာ နှုန်း တစ်မျိုးတည်း ဖြစ်ပါသည်။ တန်ဖိုး၏ ၅ ရာခိုင်နှုန်း ဖြစ်ပါသည်။ သတ်မှတ် ထားသော စည်းမျဉ်းအရ ၅ ရာခိုင်နှုန်း သို့လျှော့ချရမည်ဖြစ်ရာ ထပ်မံလျှော့ချ ရန်မလိုဘဲ ၅ ရာခိုင်နှုန်းကို ဆက်လက် စည်းကြပ်မည် ဖြစ်ပါသည်။မြန်မာနိုင်ငံ ဆန်၊ ဆန်ကွဲတို့ကို FTA အခွင့် အရေးမရရှိသည့် ဖယ်ထားစာရင်း (Exclusion List - EL)တွင် ထည့်ထားပါ သည်။ HS. 1006 အောက်ရှိ ဆန်နှင့်ပတ် သက်သော   အကောက်ခွန်လိုင်းများ အနက် HS. 1006.10.10.00 - suitable for sowingနှင့် HS.1006.10.90.00-Otherတို့၏ သွင်းကုန် အကောက်ခွန် နှုန်းမှာ သုည (ဝ%)ဖြစ်ပါသည်။  ကျန် အကောက်ခွန်လိုင်း    အားလုံးအပေါ် စည်းကြပ်သည့်  အကောက်ခွန်နှုန်းမှာ နှုန်းတစ်မျိုးတည်းဖြစ်ပါသည်။ တန်ဖိုး၏ ၅ ရာခိုင်နှုန်း ဖြစ်ပါသည်။ဗီယက်နမ်နိုင်ငံ ဆန်၊ ဆန်ကွဲကို အကောက်ခွန်နှုန်း  လျှော့ချဖယ်ရှားပေးမည့်သာမန်လမ်းကြောင်း (၁)တွင် ထည့်ထားပါသည်။ HS. 1006အောက်ရှိ ဆန်နှင့်ပတ် သက်သော အကောက်ခွန်လိုင်းအားလုံး အနက် HS. 1006.10.10.00-suitable for sowing မှလွဲ၍ ကျန် အကောက် ခွန်လိုင်းအားလုံးအပေါ်စည်းကြပ်သည့် အကောက်ခွန်နှုန်းမှာ တစ်မျိုးတည်းဖြစ် ပါသည်။ တန်ဖိုး၏ ၄၀ ရာခိုင်နှုန်းဖြစ်ပါ သည်။ ယင်း ၄၀ ရာခိုင်နှုန်းကို နှစ်စဉ် လျှေ၁ာ့ချမည်ဖြစ်ရာ ၁-၁-၂၀၁၈ နေ့ တွင် သုည (ဝ%)သို့ရောက်ရှိမည်ဖြစ်ပါ သည်။ HS. 1006.10.10.00၏ အကောက်ခွန်နှုန်းမှာ သုည (ဝ%)ဖြစ် ပါသည်။သုံးသပ်ချက် အိန္ဒိယနိုင်ငံသည် ဘာစမာတီဆန် ကဲ့သို့ တန်းမြင့်ဆန်များကို ပြည်ပသို့ တင်ပို့ရောင်းချပြီး၊ တန်းလတ်ဆန်များ ကို ပြည်တွင်းစားသုံးမှုအတွက် ပြန် လည် ဝယ်ယူတင်သွင်းသည့်နိုင်ငံဖြစ်ပါ သည်။ ထိုသို့ ပြည်ပသို့ဆန်တင်ပို့ရောင်း ချခြင်းနှင့် ပြည်ပမှဆန်ဝယ်ယူတင်သွင်း ခြင်းကိုလည်း အစိုးရက စနစ်တကျ ထိန်းချုပ်ထားပါသည်။ ထို့ကြောင့် ဆန် ကို FTAမှ ဖယ်ထုတ်ထားခြင်းဖြစ်ပါ သည်။ အာဆီယံအတွက် လွတ်လပ် သော  ဆန်ဈေးကွက်   မပါဝင်သည့် အာဆီယံ-အိန္ဒိယFTAဖြစ်ပါသည်။မောင်မောင်ရီ (ဘောဂဗေဒ)

Tuesday, 23 Feb 2010

ခရီးသွားလုပ်ငန်းသည် သိမ်မွေ့သော၊ ဆောင်ရွက်ဖွယ်လုပ်ငန်း ဆောင်တာများပြားသော လုပ်ငန်းတစ်ခုဖြစ်သည်။ သဘာ၀ သယံ ဇာတ အရင်းအမြစ်နှင့် လူသားအရင်းအမြစ်<ကယ်ဝသော နိုင်ငံအနေ ဖြင့် ခရီးသွားလုပ်ငန်းမှ ရရှိသောနိုင်ငံခြားဝင်ငွေဖြင့် လူနေမှုဘဝကို မြှင့်တင် နိုင်ရန် အခွင့်အလမ်းများစွာရှိသည်။ ခရီးသွားလုပ်ငန်း အနေဖြင့် အခြားသော လုပ်ငန်း များနှင့် မတူသော အားသာချက်မှာ Multiplier Effect ခေါ် ဆပွားအကျိုးသက်ရောက်မှုပင်ဖြစ်သည်။ ဆိုလိုသည်မှာ နိုင်ငံတော်အတွက် ဝင်ငွေရရှိသည်သာမက နိုင်ငံ တော်အတွင်း မှီတင်း  နေထိုင်သော လူထုလူတန်းစား အသီးသီး အ တွက် အလုပ်အကိုင် အခွင့်အလမ်းထက်မကသော အခြားဝင်ငွေများ လည်း တစ်ပြိုင်တည်းရရှိနိုင်သည်။ သို့ဖြစ်၍လည်း ကမ္ဘာနိုင်ငံ အသီးသီးသည် ခရီးသွားလုပ်ငန်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာရေး အတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြရာမှ ဝင်ငွေ ရှာဖွေသော လုပ်ငန်းတစ်ရပ်အဖြစ်ထက် ပိုလွန်ကာ နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်ဆောင်လုပ်ငန်း အဖြစ်သို့  အသွင်ကူးပြောင်းလာလျက်ရှိသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသည် မြန်မာ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာ စေရေးအတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဟိုတယ် ဆိုင်ရာလုပ် ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွား ဈေးကွက်မြှင့်တင်ရေး ကော် မတီများသို့ လမ်းညွှန်မှုများပေး၍သော်လည်းကောင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်သော်လည်းကောင်း ကြိုးပမ်းဆောင်ရွက် လျှက်ရှိသည်။ ယခုနှစ် ဖေဖော်ဝါရီလအတွင်းတွင် ခရီးသွားလုပ်ငန်း မြှင့်တင်ကြိုးပမ်းမှုအတွက် ဆောင်ရွက်မှုအချို့ရှိခဲ့သည်။ ပထမတစ်ခုမှာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက"MISS TOURISM 2010"ပြိုင်ပွဲနှင့် Fun Fairကျင်းပ ပြု လုပ်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်း၊ မြန်မာနိုင်ငံ အတွင်းမှ စိတ်ဝင်စားဖွယ်ရာဒေသများကို ဖော်ထုတ်ကာ အများသူငှာ သိရှိစေလိုခြင်း၊  မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း၏ ကိုယ်စားပြုသံတမန်တစ်ဦးကို ဖော်ထုတ်ပေးလိုခြင်းနှင့် ခရီးသွားလူထု ပရိသတ်နှင့် ခရီးသွားလုပ်ငန်းဦးဆောင်သူများ ရင်းနှီး နွေးထွေးစွာ အကျိုးပြုတွေ့ဆုံခြင်းအစရှိသည့် ထူးခြား ကောင်း မွန်သည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ပြိုင်ပွဲ အားဖေဖော်ဝါရီလ ၁၂ရက်နေ့ (ပြည်ထောင်စုနေ့) တွင် အင်းလျား လိပ်ဟိုတယ် မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ သည်။ Air Bagan, Aureum Palace Hotels & Resorts , Myanmar Treasure Resorts, Dagon Beer, Alpine, Premier, Ayeyarwaddy Legands Travels & Tours, Upland Travels & Tours, Gulf Travels & Tours  ESifh Peace Smile Land Travel & Toursတို့မှ ပံ့ပိုးကူညီကြသည်။ အကဲဖြတ်ဒိုင်များအနေဖြင့်သရုပ်ဆောင်ဒါရိုက်တာဝိုင်း၊ အကယ်ဒမီခန့်စည်သူ၊ အကယ်ဒမီမို့မို့မြင့်အောင်၊ ဓါတ်ပုံဝဏ္ဏ ခွါနီးနှင့် ဒေါ်ညွန့်ညွန့်သန်း ညွှန်ကြားရေးမှူး(ငြိမ်း) Miss Ahtuနှင့် ဦးသာဖြိုးတို့က မေတ္တာဖြင့်ကူညီဆောင်ရွက်ပေးကြသည်။ ပြိုင်ပွဲဝင် များအား အဆင့်ဆင့် ယှဉ်ပြိုင်စေပြီး၊ နောက်ဆုံးဆန်ခါတင် ၃ ဦး အား ဉာဏ်စမ်းမေးခွန်းများမေးမြန်း၍ ဖြေဆိုစေခဲ့ သည်။ Miss Tourism 2010 နှင့် Miss Dagon Beerဆုကို ဂျူးဂျူးကေ ကလည်း ကောင်း၊ Miss Tourism 1st Runner Up ဆုနှင့် Miss Photogenic ဆုကို ခမ်းအိအိမွန်ကလည်းကောင်း၊ Miss Premier ဆုကို နှင်းထက်ထက်ဝေကလည်းကောင်း၊  Miss Costume ဆုကို့ မြတ်မို့မို့သိမ့်ကလည်းကောင်း၊ Miss Premier ဆုကို ဖူးမြတ် သွယ် ကလည်းကောင်း ရရှိခဲ့ကြသည်။ ပေးအပ်သည့်ဆုများမှာMiss Tourism 2010 အတွက် ကျပ် (၁၀) သိန်းနှင့် MAI လေယာဉ် လက်မှတ်တစ်စောင်(ရန်ကုန်-ဘန်ကောက်-ရန်ကုန်ခရီးစဉ်)နှင့် ဇွန်လတွင် ကျင်းပပြုလုပ်မည့် TTM Thailand Promotion ခရီးစဉ်တွင် Tourism  ကိုယ်စားပြုတက်ရောက်ခွင့်၊ 1st Runner ဆုအတွက် ငွေကျပ်(၅) သိန်း နှင့် Air Mandalay ခရီးစဉ် အသွားအပြန်လေယာဉ် လက်မှတ် တစ်စောင်(Air Mandalay Any Destination), 2nd Runner Up ဆုအတွက်ငွေကျပ်(၃) သိန်းနှင့် Hotel Gift Voucher များ၊ Miss Photogenic ဆုအတွက် ငွေကျပ်(၂)သိန်းနှင့် Hotel Gift Voucherများ၊ Miss Best Costume ဆုအတွက် ငွေကျပ်(၂) သိန်းနှင့် Hotel Gift Voucher များကို တက်ရောက်လာကြသော အနုပညာရှင်များ၊ စာနယ်ဇင်း၊ ပံ့ပိုးကူညီခဲ့ကြသော ကုမ္ပဏီ များနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။ အစီအစဉ် တင်ဆက်သူအဖြစ် မတင်မိုးလွင်က ဆောင်ရွက်ပြီး Event Organizerအဖြစ် People Mediaကဆောင်ရွက်သည်။ ကြားဖြတ် အစီအစဉ်များအနေဖြင့် အဆိုတော်အေသင်ချိုဆွေ၊ သြရသနှင့် အခြားအဆိုတော် များက သီဆိုဖျော်ဖြေ၍လည်းကောင်း၊ ဟားစတိုင်(လ်)အဖွဲ့၏ အမျိုးမျိုးအဖုံဖုံ Tourism လောကဇာတ်ခုံ၊ ဟာသပြဇာတ်တို့ဖြင့်လည်းကောင်း တင်ဆက်ခဲ့ကြသည်။ ဒုတိယ ခရီးသွားလုပ်ငန်းဆိုင်ရာဆောင်ရွက်မှုမှာ မြန်မာနိုင်ငံ ခရီးသွားဈေးကွက်မြှင့်တင်ရေးကော်မတီ(MMC) က Chatrium Hotel တွင် (၁၅.၂.၂၀၁၀)ရက်နေ့မှ(၂၈.၂.၂၀၁၀) ရက်နေ့ထိ ကျင်းပပြုလုပ်သော "Mystical Myanmar Photo Art Exhibation" ဖြစ်သည်။ အဆိုပါ ဓါတ်ပုံပြပွဲအား မြန်မာနိုင်ငံရှိ ခရီးသွား လုပ်ငန်းဆိုင်ရာ ယဉ်ကျေးမှုနှင့် သယံဇာတများအား မြန်မာလူမျိုးများ သာမက၊ ကမ္ဘာကသိစေရန်၊ အရည်အသွေးပြည့်ဝသော ဓါတ်ပုံပညာဖြင့် မြန်မာ့ခရီးသွားလုပ်ငန်းအား မြှင့်တင်နိုင်ရေးအတွက် ရန်ပုံငွေရရှိရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ဓါတ်ပုံပြပွဲဖွင့်ပွဲအား(၁၅.၂.၂၀၁၀)ရက်နေ့(၁၆း၀၀)နာရီ ချိန်ခန့်တွင် Charitum Hotel ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ခရီးသွား ဈေးကွက်မြှင့်တင်ရေးကော်မတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦး ကျော်မင်းထင်က အဖွင့်အမှာစကားပြောကြားပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်မှူးချုပ်အေးမြင့်ကြူ၊ မြန်မာစာ ပါမောက္ခ(ငြိမ်း) ဒေါ်ခင်ဆွေမြင့်၊ မြန်မာနိုင်ငံ ဓါတ်ပုံပညာရှင်များအသင်း ဥက္ကဌဦးဖေမြင့်ဦး၊ မြန်မာနိုင်ငံ ခရီးသွားဈေးကွက် မြှင့်တင်ရေး ကော်မတီဒုတိယဥက္ကဌ ဦးဖြိုးေ၀ ရာဇာတို့က ဖဲကြိုးဖြတ် ဖွင့် လှစ်ပေးခဲ့ကြသည်။ ဓါတ် ပုံပြပွဲ ဖွင့်ပွဲသို့ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ရှင်များ နှင့် ဓါတ်ပုံဝါသနာပါသူများ တက်ရောက် အားပေး ကြည့် ရှုကြသည်။ ဓါတ်ပုံပြပွဲတွင် ဓါတ်ပုံ ပညာရှင် ၄၂ ဦး၏ လက် ရာမြောက် ဓါတ်ပုံ ပေါင်း ၁၁၅ ပုံ ခင်းကျင်း ပြသထား သည်။  ခရီးသွားလုပ်ငန်းအား ကြော်ငြာကြရာတွင် လက် ကမ်း စာစောင်၊ စာအုပ် စာ တမ်းများဖြင့် လည်းကောင်း၊ CD များ၊ ရုပ်ရှင် ဇာတ်လမ်း များဖြင့် လည်းကောင်း၊ အင်တာနက်မှ လည်းကောင်း၊ ကြော် ငြာလေ့ရှိရာ သဘာဝအလှကို ပီပြင်စွာ ဖော်ကျူးနိုင်သော အရည်အသွေး ကောင်း မွန်သည့် ဓါတ်ပုံများသည် လွန်စွာ အရေး ပါသည်။ ယခုကဲ့သို့ပြပွဲများ ဆောင်ရွက် နိုင်ခြင်းကြောင့် ဓါတ်ပုံ ပညာရှင်များ တိုးတက်ပေါ်ထွန်းလာနိုင်ပြီး ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရန် ရန်ပုံငွေရရှိမည် ဖြစ်သည်။ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း အနေ ဖြင့်လည်း ငွေဆောင်ဇုန်၁၀ နှစ်ပြည့် အခမ်းအနားအား ၂၆.၃.၂၀၁၀ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ငွေဆောင်ကမ်းခြေ၌ ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိရာ Miss Ngwe Saung 2010  ရွေးချယ်ပွဲ၊ ဓါတ်ပုံပြိုင်ပွဲ၊ အားကစားပွဲများစသည်ဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည်။ ခရီးသွားလုပ်ငန်းသည်ယဉ်ကျေးမှုနှင့် သဘာဝသယံ ဇာတ များဖြင့် ဧည့်သည်များ လာရောက်လည်ပတ်အောင် ဆွဲဆောင်ရ သည့် လုပ်ငန်းဖြစ်ပေရာ၊ ၎င်းအမွေအနှစ်များအား ရေရှည် တည်တံ့အောင်ထိန်းသိမ်းနိုင်ရန်နှင့် မြှင့်တင် ကြော်ငြာရန် အတွက် ငွေကြေးရင်းနှီးမြုပ်နှံမှု လိုအပ်သည့်လုပ်ငန်း တစ်ရပ် ဖြစ်သည်။ လူထုလူတန်းစားအသီးသီး၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အသိ အမြင်<ကယ်ဝမှုသည်လည်း မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်မှုကို များစွာအထောက်အကူပြုသည်။ သို့ဖြစ်၍ နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သော ခရီးသွား လုပ်ငန်းစနစ်တကျဖြင့် ပိုမို ဖွံ့ဖြိုးတိုးတက် လာစေရေး အတွက် အားလုံးမှကူညီဆောင်ရွက်နိုင်ရန် "မြှင့်တင်ကြိုးပမ်း၊ ခရီးသွား လုပ်ငန်း"  ဆောင်းပါးဖြင့် ရေးသားတိုက်တွန်းအပ်ပေသည်။ရဲမြင့်(ဟိုတယ်/ခရီး)

Tuesday, 23 Feb 2010

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုက တစ်နှစ်ထက်တစ်နှစ် မှန်မှန်တိုးတက် နေသည်ကို တွေ့ရသည်၊၊ ကုန်သွယ်မှု တိုးတက်လာခြင်းသည်ပုဂ္ဂလိကအခန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းအတွက် သက်သေပြချက် တစ်ခု ဖြစ်သလို အခြားတစ်ဘက်တွင်လည်း ကုန်သွယ်မှု နှင့် ဆက်စပ်သည့် ဌာနဆိုင်ရာများ၏ ကြိုးပမ်း ဆောင်ရွက်မှုကိုလည်း တွေ့ ရမည်ဖြစ်သည်၊၊ ကုန်သွယ်မှုကဏ္ဍတွင် အစိုးရနှင့် ပုဂ္ဂလိကတို့ ဟန်ချက်ညီစွာ ကြိုး ပမ်းရုန်းကန်မှသာ ဖွံ့ဖြိုးတိုး တက်မှု အရှိန်ကောင်းကို ရရှိမည်ဖြစ်ရာ အစိုးရ ပိုင်းသည် အရေးကြီးသော Stakeholder ဖြစ်နေသည်မှာလည်း ထင်ရှား ပါသည်၊၊ အစိုးရပိုင်းဟု ဆိုရာတွင် ကုန်သွယ်မှုယန္တရားနှင့် ၎င်းင်းယန္တရားကို မောင်းနှင်နေသည့် ဌာနဆိုင်ရာ ဝန် ထမ်းများတို့ ပါရှိနေသည်ဖြစ်ရာ ဝန် ထမ်းများ၏ လုပ်ကိုင်ဆောင်ရွက်မှု သည် ယန္တရားကို မည်သို့လည်ပတ်စေ သည်ကိုလည်း ဆင်ခြင်သုံးသပ်နိုင် ပေသည်၊၊ အထူးသဖြင့် ဝန်ထမ်းများ၏ ကျင့်ဝတ်က ကုန်သွယ်မှု ဝန်းကျင်၊ ထို့ထက်ပို၍ဆိုရလျှင် စီးပွားရေး ဝန်းကျင်၏ ကောင်းမှု၊ဆိုးမှုတွင် အခရာဖြစ်ပေသည်၊၊ " ပြည်သူတို့၏ အကျိုးစီးပွားကို အလေးထား၍ ဆောင်ရွက်ရမည်" "တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာ နှင့် ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ရ မည်" "အကျင့်စာရိတ္တပျက်ပြားခြင်း၊ သိက္ခာ ကင်းမဲ့စွာ ပြုမူနေထိုင်ခြင်းကို ရှောင်ကြဉ်ရမည်" "တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာခြင်း ၊ လာဘ်ပေးလာဘ်ယူပြုခြင်းတို့ကို ရှောင်ကြဉ်ရမည်" "တရား သဖြင့် ရရှိအပ်သော ဝင်ငွေမှတပါး မရိုးသား သော အခြားနည်းဖြင့် ဝင်ငွေရှာခြင်းကိုရှောင်ကြည် ရမည်" ဤအချက်များကား ဝန်ထမ်းကျင့်ဝတ် (၂၀၀၄ ခုနှစ်) စာ စောင်တွင် ဖော်ပြထားသည့် ဝန်ထမ်း များ စောင့်ထိန်းရမည့် ကျင့်ဝတ်ပါ အချက်များမှ ကောက်နုတ်ချက်များ ဖြစ်ပါသည်၊၊ ကုန်သွယ်ရေးကဏ္ဍတွင် တာဝန်ယူနေရသည့် ဝန်ထမ်းများနှင့် ဆက်စပ်နေသည့် ကျင့်ဝတ်များ လည်း ဖြစ်သည်၊၊ ယခင်တုန်းက  ကုန်သွယ်မှုအတွက် သက်ဆိုင်ရာ ဌာနသို့ သွားရောက်ဆောင်ရွက်ရာတွင် အသံမျိုးစုံကြားခဲ့ရ သည်၊၊ "လိုင်စင် တစ်စောင်ရဖို့စားပွဲ(၉)လုံး ဖြတ်ရသည်" "ဝန်ထမ်း ကိုကို၊ မမတို့ မျက်နှာ ကြည်သာနေမှ အဆင်ပြေမည်၊ မျက်နှာ ကြည်သာအောင် ဖန်တီးရမည်" "ဟောက်တာကိုလည်း ခံနိုင်ရမည်၊ ငေါက်တာကိုလည်း အရေထူရမည်၊ ရစ်တာခံရမည်၊ ညစ်တာခံရမည်" ကိုယ့်ကိစ္စ အဆင်ပြေဖို့ အခြေအနေ အရပ်ရပ်ကို ကျော်ဖြတ်ရမည် ၊ ကုန်သွယ်မှု လျင်မြန်ချောမွေ့ရေးတွင် ဒီလို ကိစ္စမျိုးတွေက အဟန့်အတား ဖြစ်ခဲ့သည်၊ ငွေတွေ ပိုကုန်ခဲ့ရသည်၊ အချိန်တွ ပိုကုန်ခဲ့ရ သည်၊၊သန့်ရှင်းသော အစိုးရ ကောင်းမွန်သော အုပ်ချုပ်မှု လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ဝက် လောက်က စပြီး နိုင်ငံတော်အပိုင်းက ဌာနဆိုင်ရာများအား  ပြုပြင်ပြောင်း လဲမှု များနှင့်အတူ ကုန်သွယ်ရေး ဌာနတွင်လည်း အခြေခံကျကျပြောင်း လဲမှုတွေ ကို တွေ့လာရပါသည်၊၊ ဝန် ထမ်းများ၏ စိတ်ဓါတ်ရေးရာပိုင်း ပြောင်းလဲမှုကို နေပြည်တော်သို့ ပြောင်း ရွှေ့ရောက်ရှိချိန်မှစ၍ မြှင့်တင် ဆောင်ရွက်ခဲ့သည်၊၊ စိတ်ဓါတ်မြင့်မား သော ၊ ကျင့်ဝတ်ကောင်းမွန်သော ဝန် ထမ်းများဖြစ်ရေး နည်းလမ်းအသွယ် သွယ်ဖြင့် ပြုပြင် ပြောင်းလဲမှုများ ရှိလာခဲ့သည်၊၊ နိုင်ငံတော်ကလည်း "Clean Government, Good Governance" ကို တစိုက် မတ်မတ် တွန်း အားပေးလာသည်၊၊ ကုန်သွယ်ရေး ဝန် ထမ်းများအနေဖြင့် ကိုယ့်ကိုယ်ကို မ ပြောင်းလဲလို့မရတော့မှန်း သိလာရ သည်၊၊ "ရမှ လုပ်မည်ဆိုတဲ့အသိတွေ တစ်စတစ်စ နည်းလာတယ်၊ စည်းကမ်း တကျနေရတာကိုလည်း လုံခြုံတယ်လို့ လည်း ခံစားရလာတယ် ၊ သိက္ခာရှိ လာတယ်လို့လည်း ယုံကြည်လာတယ်၊ မဟုတ်တာမလုပ်အောင် အထက်လူ ကြီးတွေကလည်း ကြုံတိုင်းပြောတယ်" ဟု ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန က ဒုဦးစီးမှူး တစ်ဦးက ပြောပြသည်၊၊ " လိုင်စင်တစ်စောင်ကို ကိုယ့်လက်ထဲ လက်ခံတဲ့အခါ အချိန်မှတ်တမ်း သွင်းရ တယ်၊ ကိုယ်က ပြန်လွှဲရင် အချိန်တစ်ခါ ပြန်မှတ်ရတော့ ကိုယ့်လက်ထဲမှာ အီလေးဆွဲပြီး ကြာကြာထားလို့ မရတော့ဘူး၊ မြန်မြန်စစ်၊ မြန်မြန်တင်ပဲ၊ ဒီစနစ်ကို စလုပ်တုံးက ကျဉ်းကျပ်တယ် လို့ ထင်ပေမဲ့ ယခုတော့ အသားကျ သွားပါပြီ"  သွင်းကုန်ဌာနမှ ဝန်ထမ်း တစ်ဦးက ပြောသည်၊၊  ဝန်ထမ်းများစိတ်ဓါတ်ရေးရာ ပြောင်းလဲမှုနှင့်အတူ လုပ်နည်းစနစ် ပြောင်းလဲမှုတွေကိုလည်း တွေ့ရသည်၊၊ သတင်းအချက်အလက် နည်းပညာ သုံးကာ online ဆောင်ရွက်လိုက်ခြင်း ကြောင့် မလိုအပ်ဘဲ အဆင့်တွေများ နေမှု၊ အချိန် ကြာနေမှုကို ကျော်ဖြတ် သွားခဲ့သည်၊၊ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်း မင်းက "ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှု တွေကို online က လျှောက်လို့ရအောင် လိုအပ်တဲ့  software တွေ ရေးပြီး ဆောင်ရွက်ခဲ့ပါ တယ်၊ လုပ်ငန်းရှင်တွေ ပိုမိုအဆင်ပြေ စေဖို့ ၊ ကုန်သွယ်မှုပမာဏ များသထက် များလာရင် လူတွေ (ဝန်ထမ်းတွေ) နဲ့ချည်း ဘယ်လိုမှလုပ်ဖို့ အဆင်မပြေ တော့ဘူး၊ ဒါကြောင့် နည်းပညာ သုံးပြီး ဆောင်ရွက်ထားတာပါ၊ အခြား တစ်ဘက်ကလည်း ဝန်ထမ်းတွေနဲ့ ထိ တွေ့လုပ်ကိုင်ရတဲ့ အဆင့်တွေ နည်း သွားတာပေါ့"  ဟု ပြောသည်၊၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပို့ ကုန်သွင်းကုန်မန်နေဂျာ ၊ ဦးဇော်ဇော် သင်းက "Port Authority" အနေနဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ အစစ အဆင်ပြေအောင် ကြိုးပမ်းဆောင်ရွက် ပေးထားပါတယ်၊ ကျွန်တော်တိ့ုအပါ အဝင် ဝန်ထမ်းတွေကလည်း ကုန်သွယ် မှု တိုးတက်ရေး အတွက် ကျွန်တော်တို့ ဌာနက လုပ်ပေးရမဲ့အပိုင်းကို လွယ်ကူ ချောမွေ့အောင် နည်းလမ်းရှာ လုပ် ပေးဖို့ အမြဲစိတ်အား ထက်သန်နေတာ ပါ"  ဟု ပြောသည်၊၊ ပုဂ္ဂလိကပိုင်းလည်း ပြောင်းလဲရန်လို အစိုးရပိုင်းက ဝန်ထမ်းများ ကျင့် ဝတ်မြင့်မားလာအောင် တိုးတက် ပြောင်းလဲမှု ဆောင်ရွက် နေချိန်တွင် ပုဂ္ဂလိကအပိုင်းကလည်း ပူးပေါင်း ပါဝင်ရန် လိုအပ်ပါသည်၊၊ ဝန်ထမ်းကျင့် ဝတ်စည်း မျဉ်းနှင့် လာဘ်ပေး လာဘ် ယူမှု ဆိုသည်မှာ ဒင်္ဂါးတစ်ပြား၏ ခေါင်း နှင့်ပန်းဟု  OECD  စာတမ်းတစ်ခုက ဆို ထားပါသည်၊၊ တစ်ဘက်ကို မြင်ရလျှင် အခြားတစ်ဘက်ကို မမြင်နိုင် ၊ သို့ဖြစ်၍ ဌာနတွင်း ကျင့်ဝတ်မြင့်မားကောင်း မွန် နေလျှင် လာဘ်ပေးလာဘ်ယူမှု ကျဆင်း နိုင်မည်ဟု ဆိုပါသည်၊၊ သို့သော်နေရာ တကာတွင် ငွေပေးလုပ်မှ အဆင်ပြေ သည်ဟူသော အယူအဆက ပုဂ္ဂလိက နယ်ပယ်မှ အချို့သော ပုဂ္ဂိုလ်များ ကြားတွင် အားကောင်းနေဆဲဖြစ် သည် ကို ဝမ်းနည်းဘွယ်တွေ့ရပါသည်၊၊ "ကျွန်တော်တို့ဌာနက လွယ် ကူလျင်မြန်အောင် စေတနာဖြင့် ဆောင်ရွက်ပေးနေပါသည်၊ မိမိတို့၏ မမှန်မကန်ကိစ္စအတွက် ဝန်ထမ်းများ အား လာဘ်ပေး၍ မဖျက်ဆီးပါနှင့်"  လို့ စာလုံးကြီးကြီးနဲ့ စာတွေကပ်ထား ပေမယ့်လည်း တချို့ ကုမ္ပဏီဝန်ထမ်း တွေက ငွေပေးမှ အဆင်ပြေမယ် ဆိုတဲ့ ပုံစံနဲ့ လုပ်ကိုင်နေကြတာတွေ တွေ့နေ ရတုံးပါဘဲ" ဟု ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ၊ ပို့ကုန်ဌာနမှ ဦးကျော်ဝင်း ထွန်းက ဆိုပါသည်၊၊ ၎င်းက"လိုင်စင် လာလျှောက်တဲ့ ကုမ္ပဏီက ပုဂ္ဂိုလ်တွေ က အများအားဖြင့် ကုမ္ပဏီဝန်ထမ်း တွေ ဖြစ်ကြပါတယ်၊ ကျွန်တော်တို့ဆီ လိုင်စင်လာလျှောက်တဲ့အခါ တစ်ပြားမှ မပေးရပေမယ့်လည်း တချို့က သူတို့ ကုမ္ပဏီလူကြီးတွေကို စာရင်းတင်တဲ့ အခါ ဝန်ထမ်းတွေကို မည်ရွေ့မည်မျှ ပေးရတယ်ဆိုပြီး စာရင်းတင်ကြတော့ သူတို့လူကြီးတွေက တကယ်ထင်ကြ တယ်၊ တကယ်တော့ ကျွန်တော်တို့ ပြောင်းလဲနေပြီဆိုတာ သူတို့ လူကြီး တွေမသိကြဘူး" }ဟု ပြောသည်၊၊ " လူကြီး တွေကို ကျွန်မတိ့ုဌာနက ဝန်ထမ်းတွေက ငွေရမှ လုပ်တယ်ဆိုပြီး ပြောကြ တော့ ရုံးချိန်အတွင်းမှာ ရုံးတံခါးပိတ်ပြီး ရှောင်တခင် စစ်ဆေးတာ ခံခဲ့ရဘူးပါ တယ်၊ ကိုယ်က မှန်မှန်ကန်ကန်လုပ်ပါ လျက်နဲ့ အခုလို သင်္ကာမကင်းဖြစ်ခံခဲ့ရ တော့ ဝမ်းနည်းပြီး မျက်ရည်တောင် ကျမိပါတယ်" ဟု ကုန်သွယ်ရေးညွှန် ကြားမှုဦးစီးဌာန ၊ မူဝါဒနှင့် မှတ်ပုံ တင်ဌာနမှ အမျိုးသမီးဝန်ထမ်း တစ်ဦး က ပြောပါသည်၊၊ စီးပွားရေးဆိုင်ရာ ဌာနဝန်ထမ်းများ၏ ကျင့်ဝတ် စီးပွားရေးနှင့်ပတ်သက်သည့် လုပ် ငန်းတာဝန်များကို ထမ်းဆောင်နေရ သည့် ဝန်ထမ်းများ ထားရှိရမည့် ကျင့် ဝတ်နှင့်ပတ်သက်၍ ဝန်ထမ်းရေးရာ ဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ၊ ဦး ကျော်ဇံလှက "ဝန်ထမ်း စည်းကမ်းနဲ့ ကျင့်ဝတ်တွေထဲက စီးပွားရေးဆိုင်ရာ ဌာန ဝန်ထမ်း တွေဟာ ကြိုတင်ခွင့်ပြု ချက်မရဘဲ မည်သည့်စီးပွားရေး လုပ် ငန်းတွေမှာမှ ပါဝင်ဆောင်ရွက်ခြင်း မပြုဘို့ ၊ နိုင်ငံတော်အစိုးရရဲ့ ခွင့်ပြုချက် ကြိုတင် မရရှိဘဲ အခြားစီးပွားရေး ဆိုင်ရာ အဖွဲ့အစည်း တွေမှာ ပါဝင် ဆောင်ရွက်ခြင်း မပြုဘို့၊ တာဝန်အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်နဲ့ ရာထူး သြဇာ အရှိန်အဝါကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးရှာခြင်း၊ လာဘ်ပေးလာဘ် ယူပြုခြင်း ရှောင်ကြဉ်ဘို့ ၊ တရားသဖြင့် ရရှိတဲ့ ဝင်ငွေကလွဲပြီး အခြားဝင်ငွေ ရှာခြင်းကိုရှောင်ကြဉ်ဘို့ ၊ မိမိတာဝန် ယူရတဲ့ စာရွက်စာတမ်း၊ အမှုတွဲတွေကို မသက်ဆိုင် သူများကို ကြည့်ရှုစေတာ၊ ကူးယူစေတာ ၊ လွှဲပြောင်း ပေးတာ ၊ ပြောကြားတာတွေ မလုပ်ဘို့စတဲ့ အချက်တွေကို အလေးအနက်ထား လိုက်နာဘို့ လိုပါတယ်"  ဟု ပြောကြား သည်။ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းမှ  အစိုးရပိုင်းက ဝန်ထမ်းများ ကျင့် ဝတ်တိုးတက်ကောင်းမွန်ဖို့အတွက် အခြေခံဥပဒေသများ ဖြစ်သော ပြည်သူ တို့၏ အကျိုးစီးပွားကို ဦးထိပ်ထားခြင်း၊ ပွင့်လင်းမြင်သာမှုရှိစေခြင်း၊ ဂုဏ်သိက္ခာ ထိန်းသိမ်းခြင်း၊ တရားဝင်ဆောင်ရွက် မှုသာ ပြုခြင်း၊ မျှတခြင်း၊ မြန်မြန်ဆန် ဆန်ဆောင်ရွက်ခြင်း၊ ကျွမ်းကျွမ်းကျင် ကျင် ထိထိရောက်ရောက် ဆောင်ရွက် ခြင်းကို လက်ကိုင်ပြုကာ ကုန်သွယ်မှု လျင်မြန်ချောမွေ့ရေး ဆောင်ရွက်နေချိန် တွင် ပုဂ္ဂလိကပိုင်း ကလည်း စီးပွားရေး လုပ်ငန်း ကျင့်ဝတ်အခြေခံဥပဒေသ ဖြစ်သော  "ယုံကြည်ကိုးစားဘွယ် ဖြစ် ခြင်း၊ ပွင့်ပွင့်လင်းလင်းရှိခြင်း၊ စည်း မျဉ်း စည်းကမ်းများကို လိုက်နာခြင်း၊ မမှန် ကန်သည့် စာရွက်စာတမ်းများ အသုံး မပြုခြင်း၊ လိုအပ်သလို ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ စာရင်းဇယား မှန်ကန် စွာ ရေးဆွဲခြင်း၊ ရိုသေလေးစားမှုရှိခြင်း"  တို့ဖြင့် ဟန်ချက်ညီစွာ ပေါင်းစပ်ဆောင် ရွက်ရန်လိုပါသည်၊၊ သို့မှသာ အစိုးရ၊ ပုဂ္ဂလိက အပေးအယူမျှတသည့် စီးပွား ရေး ဝန်ကျင် ကောင်း တစ်ခု ပေါ်ပေါက် လာမည် ဖြစ်ပါသည်၊၊မာဂျာနို

Tuesday, 23 Feb 2010

ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ဖြစ် ပေါ်ပြီးနောက်ကမ္ဘာတစ်လွှားဖွံ့ဖြိုးမှုကို အထောက် အကူပေးရန်အတွက် ကမ္ဘာ့ဘဏ်က ချေးငွေအကူ အညီ ဒေါ်လာ ၈၉ဘီလျံ ထုတ်ပေးခဲ့သည်။ ကမ္ဘာ့ ဘဏ်အနေဖြင့် ပမာဏအများဆုံး ထုတ်ပေးခြင်း ဖြစ်သည်။ ထိုငွေထဲမှ အများစုသည် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ  ရောဘတ်ဇိုးလစ် အထူးအာရုံကျနေသည့် အာဖရိကနိုင်ငံများသို့  ရောက်ရှိ သွားလေသည်။ ရောဘတ်ဇိုးလစ်သည် သမ္မတဘွတ်ရှ်လက်ထက် က ကမ္ဘာ့ကုန်သွယ်မှု အဖွဲ့တွင် အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှု ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။ အာဖရိကဖွံ့ဖြိုးရေးသည် သူတို့ကိုယ်ပိုင် ပုံစံဖြင့် သွားနေသည်။ သို့သော်လည်း စိုက်ပျိုးရေး ကဏ္ဍ၌ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးခြင်းဖြင့် အစပြုခဲ့ပြီး၊ နောက်ပိုင်းတွင် ပို့ကုန်ဦးစားပေး ထုတ်လုပ်ရောင်းချခြင်းဖြင့် ဖွံ့ဖြိုးလာသည့် တရုတ်နိုင်ငံ မှ လည်းကောင်း၊ ဝန်ဆောင်မှု ကဏ္ဍတွင် အံ့မခန်း တိုးတက်လာခဲ့သော အိန္ဒိယနိုင်ငံမှ လည်းကောင်း သင်ခန်းစာများ ရယူခဲ့သည်။ နောက်ထပ် သင်ခန်း စာယူသည့် ဖွံ့ဖြိုးမှုမိုဒယ်မှာ ဥရောပသမဂ္ဂဖြစ် သည်။ ဆာဟာရသဲကန္တာရတစ်ပိုင်း အာဖရိက နိုင်ငံများအတွက် စိန်ခေါ်မှုမှာ ယင်းနိုင်ငံတို့၏ ဈေးကွက်အရွယ်အစား သေးငယ်နေသည့် ပြဿ နာဖြစ်သည်။ ထို့အတွက်ကြောင့် ဥရောပသမဂ္ဂကို နမူနာယူလျက် ဒေသတွင်းပူးပေါင်း ဆောင်ရွက် ရေးသည် အာဖရိက ဖွံ့ဖြိုးရေးအတွက် ပဓာနကျ သောအချက်ဖြစ်သည်ဟု ရောဘတ်ဇိုးလစ်က ဆို သည်။ အာဖရိကတိုက်တွင်   ဘော့စ်ဝါနာနှင့် မော်ရေးရှပ် နှစ်နိုင်ငံသာ ဝင်ငွေအတန်အသင့် ကောင်းမွန်ကြပြီး၊ ဒုတိယအဆင့်  ဝင်ငွေရရှိနေ သည့် နိုင်ငံများမှာ ရဝမ်ဒါ၊ ယူဂန်ဒါ၊ တန်ဇန်နီး ယား၊ မိုဇမ်ဘစ်၊ မာလီနှင့် ဘူကီနာဖာဆိုတို့ ဖြစ် သည်။ အာဖရိကဒေသ၏ လူလတ်တန်းစား ဦးရေ ဖွံ့ဖြိုးလာမှုကို ဆန်းစစ်ရာတွင် နိုင်ငံသားတစ်ဦးကျ တစ်နှစ်ဝင်ငွေအပေါ် အခြေပြု၍ တစ်နေ့ဝင်ငွေ ဒေါ်လာ ၂၀ ထက်မနည်းရသူကို  လူလတ်တန်း စားအဆင့်အဖြစ် သတ်မှတ်သည့် အများသုံးစံဖြင့် တိုင်းလို့ဖြစ်နိုင်မှာ မဟုတ်ပေ။ အာဖရိကနိုင်ငံများ မှာ တစ်နေ့ဝင်ငွေ နှစ်ဒေါ်လာ အထက်ရလျှင် လူလတ်တန်းစားအဖြစ် သတ်မှတ်ရလိမ့်မည်။  ဒေသအတွင်း ကုန်ထုတ် လုပ်သူများ အနေဖြင့် ဒေသ တွင်း ဈေးကွက်တွင် နေရာရနိုင်မှသာ ဝင်ငွေ အတန် အသင့်   မြင့်မားလာနိုင်မည် ဖြစ်သည်။စီးပွားရေး အကျပ် အတည်း ဖြစ်ပေါ်ပြီးနောက် မျှော်လင့်နိုင်ဖွယ် အလားအလာတစ်ရပ်မှာ တရုတ်ပြည်မှ အခြေခံ ကုန်ထုတ်လုပ်ငန်းများ အာဖရိကနိုင်ငံများသို့ ရွှေ့ ပြောင်းလာခြင်း  ဖြစ်သည်။ ယခု နောက်ပိုင်းတွင်  တန်ဖိုးမြှင့်    ကုန် ထုတ်  လုပ်ငန်းအချို့ ပါ လိုက်ပါလာခဲ့သည်။ တရုတ် ရင်း နှီးမြှုပ်နံှသူတို့ က အပြုသဘောဖြင့် အာဖရိကတွင် အရင်းအမြစ် ဖွံ့ဖြိုးရေးကိုဆောင်ရွက်မည်ဆိုလျှင် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက် လာနိုင်မည်ဟု မျှော်လင့်ရသည်။   သို့သော်လည်း အာဖရိကသို့ တရုတ်ကုန်စည်များ တင်သွင်းရာတွင် မမျှတသည့် သတ်မှတ်ချက်များအပေါ် အနောက် နိုင်ငံများက စွပ်စွဲဝေဖန်မှုများလည်း ရှိနေပေသည်။အာဖရိကတွင် မာလဝီ၊ ဘာရွန်ဒီစသည့် နိုင်ငံငယ်ကလေးများမှာ သယံဇာတ အရင်းအမြစ် မရှိသလောက် နည်းပါးသည့်အပြင် ပင်လယ်ရေ ကြောင်းဆက်သွယ်မှုမရှိသည့် ကုန်းတွင်းပိတ် နိုင်ငံ များဖြစ်နေကြသည်။ ထိုနိုင်ငံများမှာ ဈေးကွက် အရွယ်အစား  အင်မတန် သေးငယ်လွန်း သဖြင့် ဖွံ့ဖြိုးတိုးတက်လာရန်  အလှမ်းဝေးနေပေသည်။ မိမိတို့ထက် အရွယ်အစားကြီးမားသော ဈေးကွက် များနှင့်ချိတ်ဆက်မိရန် ကြိုးပမ်းနေရဆဲဖြစ်သည်။ ရဝမ်ဒါနိုင်ငံမှာ ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သော်လည်း တောင်ပေါ်လူဝံများကျက်စားရာ ဒေသတွင် လေ့လာကြည့်ရှုနိုင်သည့် အဆင့်မြင့် ခရီးသွားလုပ်ငန်း မှ ဝင်ငွေကောင်းနေပေသည်။ မာလဝီနိုင်ငံသည် လည်း ဒေသနှင့် ကိုက်ညီသည့် သီးနှံစိုက်ပျိုးရေးကို တိုးချဲ့ လုပ်ကိုင်ခြင်းဖြင့် ဝင်ငွေတိုးတက်အောင် ရှာဖွေ နိုင်မည့် အခွင့်အလမ်းရှိနေပေသည်။ကမ္ဘာစီးပွားရေး အကျပ်အတည်း ဖြစ် ပေါ်ခဲ့ပြီးနောက် ယနေ့ကာလကို စီးပွားထွန်းသစ်စ နိုင်ငံများ ရွှေခေတ်ဟု  ခေါ်ဆိုနေကြပေသည်။ အာဖရိကဒေသထဲမှ ရွှေခေတ်ရောက်လာမည့် နိုင်ငံ ရှိနိုင်ပါ့မလား စဉ်းစားကြည့်လျှင် အာဖရိက သည်လည်း ဖွံ့ဖြိုးမှုဝင်ရိုးတစ်ချောင်း ဖြစ်လာနိုင် ဖွယ်ရှိသည်ဟု ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ယုံကြည်ထား သည်။ လူအများက တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ ကိုသာ ထွန်းသစ်စ အင်အားကြီးနိုင်ငံများအဖြစ် အရေးတယူလုပ်ကာ ယင်းနိုင်ငံများ၏ ဖွံ့ဖြိုးမှုကိုသာ အာရုံစိုက်နေကြသည်။   အာဖရိက၏ အလားအလာကိုတော့ မေ့လျော့နေကြပုံရသည်။ အာဖရိကတွင် ဝယ်လိုအား အခြေခံများ ဖြစ်ပေါ် လာစေရန်အတွက်  ဘဏ္ဍာရေး အထောက်အပံ့ များ လုံလုံလောက်လောက် ဖြည့်ဆည်းပေးရန် လိုအပ်သည်။ ထို့ပြင် ကုန်ထုတ်လုပ်မှုစွမ်းရည် တိုးတက်ကောင်းမွန် လာစေရန်အတွက်လည်း ရင်းနှီး မြှုပ်နှံမှုများ လိုအပ်ပါသည်။ ထိုသို့ ရင်းနှီးမြှုပ်နှံ မှသာ အာဖရိက ၏ကုန်ထုတ်လုပ်မှုစွမ်းရည် မြင့် တက်လာနိုင်မှာဖြစ်ပြီး၊ အနာဂတ်တွင် အာဖရိက သည်လည်း ရွှေခေတ်ထဲ ဝင်လာနိုင်ပါသည်ဟု နယူးစ်ဝိခ်မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ရောဘတ် ဇိုးလစ်က ရှင်းပြခဲ့လေသည်။  Ref; Newsweekဦးဟန်ထွန်း(အခွန်)

Pages