Main menu

Background

Tuesday, 2 Aug 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊  ဝက်လက်မြို့နယ်သည် စိုက်ပျိုးမြေ ၂၅၂၇၅၉ ဧကရှိပြီး စိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်သော မြို့နယ်တစ်ခုဖြစ်သည်။ ပင်းဇင်းရွာလေးသည် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်ပြီး အပူပိုင်းဒေသလည်းဖြစ်သဖြင့် တောင်သူဦးကြီးများ၊ ကောက်စိုက်သမများနှင့်အခြားသော လုပ်သားများ သည် ပေါ့ပါး၍ အပူဒဏ်ခံနိုင်ပြီး အကြမ်းလည်းခံသည့် ဦးထုပ်များကို ဝယ် ယူသုံးစွဲကြရာ ဝက်လက်မြို့နယ် ပင်းဇင်းကျေးရွာတွင် ရက်လုပ်ရောင်းချသည့် ဂျုံရိုးဦးထုပ် များသည်လည်းအပါအဝင်ဖြစ်သည့် အပြင် အများဆုံးအသုံးပြုကြ၍ လူသိများပြီး ဈေးကွက်တွင်နာမည်ကြီးလှသည်။ ပင်းဇင်းကျေးရွာတွင် မိရိုးဖလာလုပ်ငန်းဖြစ်သည်

Tuesday, 2 Aug 2022

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကထားလုပ်ကိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ဆန်စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါနှင့် ဟင်းသီး ဟင်းရွက်   သစ်သီးဝလံတို့ကို စိုက်ပျိုးကြသည်။ ယင်းအပြင် တောင်သူများသည် ပြည်ပ ပို့ကုန်တစ်မျိုးဖြစ်သော  အစေ့ထုတ်ပြောင်းများကိုလည်းတစ်နှစ်လျှင် နှစ်သီးစား၊သုံးသီးစားစိုက်ပျိုးလာကြ သည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသရှိ ပြောင်း စိုက်ပျိုးထုတ်လုပ်သော တောင်သူများသည်လည်း ပြည်တွင်း လိုအပ်ချက် နှင့် ပြည်ပဝယ်လိုအား မြင့် တက်နေသော အစေ့ထုတ် ပြောင်းများကို နှစ်စဉ် တိုးတက် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ယခုနှစ် တွင် မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်  အသင

Friday, 29 Jul 2022

ကမ္ဘာ့ကော်ဖီဈေးကွက် မြင့်တက်လာသောကြောင့် မြန်မာနိုင်ငံအနေဖြင့် ကော်ဖီအဓိကထုတ်လုပ်တင်ပို့သည့်နိုင်ငံဖြစ်လာစေရန်စိုက်ဧကများတိုးချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း ကော်ဖီဗဟိုအဖွဲ့မှ သိရသည်။လက်ရှိ ကမ္ဘာ့ကော်ဖီ ကုန်သွယ် မှုတန်ဖိုး မှာ အမေရိကန်ဒေါ်လာ  ၃၀  ဘီလီယံကျော်ရှိကာ International Coffee Organiza tion၏  ခန့်မှန်းချက်များအရ  ကမ္ဘာ့ကော်ဖီ သောက်သုံးမှုသည် လာမည့်ငါးနှစ်အတွင်းနှစ်စဉ် ၃ ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်း သိရ သည်။

Friday, 29 Jul 2022

ပြည်ဒေသတွင်း ထွက်ရှိသည့် မန်ကျည်းမှည့် လက်ကျန်သည် ပွဲရုံလှောင် သမားများ လက်ဝယ်၌ရှိခြင်းကြောင့် အခြားနယ်ဖြစ်ကြသော ကျောက်ပန်းတောင်းမှ ဝင်ရောက်လာသော မန်ကျည်းမှည့်ဈေးမှာ အမြင့်ဈေးဖြစ်သောကြောင့် ဒေသထွက် လက်ကျန် မန်ကျည်းမှည့်ဈေး အနည်းငယ်မြင့်နေသည်။ အရောင်းအဝယ်အနေဖြင့် အေးနေပြီး လှောင်လက်များ လက်ဝယ်ဈေးမြင့်တက်နေသည်။ယခုတစ်ပတ် မန်ကျည်းမှည့် တစ်ပိဿာ(အသား)(ပွဲရုံဈေး) ကျပ် ၃၇၀ဝ ဈေးတို့ဖြစ်သည်။ဒေသတွင်း လက်လီတစ်ပိဿာ အသားဈေးမှာ ကျပ် ၄၃၀ဝတို့ဖြင့်ရောင်းချလျက်ရှိသည်။မန်ကျည်းသီးစိမ်းကိုလည်း ပြည်အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ခူးဆွတ်၍ ပြည်မြို့ရှိဈေးများတွင် ရောင်းချလျက်ရှိသည်။ မန်ကျည်းသီးစိ

Friday, 29 Jul 2022

ကယားပြည်နယ်တွင် ချင်းကို လွိုင်ကော်မြို့နယ် လင်ဖုန်းလေး၊ ဆောင်ပြောင်း၊ ကုန်းသာ ကျေးရွာများတွင် အဓိကစိုက်ပျိုးကြပြီး ဒေသထွက်ချင်းကို ဟင်းခက်အမွှေး အကြိုင်အဖြစ်  ရိုးရာအစားအစာများ၊ ဟင်းလျာများတွင် အသုံးများ သဖြင့် ပြည်နယ်တွင်း စားသုံးမှုများကြောင်း၊ ယခု ဇူလိုင်လ ပထမပတ်တွင် ဈေးကွက်အတွင်း ဒေသထွက် ချင်း တစ်ပိဿာလျှင် ၂၂၀ဝ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်ဇွန်လပထမပတ်တွင် ဒေသထွက်ချင်း တစ်ပိဿာလျှင် ၁၅၀ဝ ကျပ်ခ န့်သာရှိခဲ့ပြီး  ဇွန်လပထမပတ်နှင့် ဇူလိုင်လ ပထမပတ် နှိုင်းယှဉ်လျှင် ဒေသထွက်ချင်း  တစ်ပိဿာလျှင် ၇၀ဝ ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့် တက်လာရခြင်းမှာ  ချင

Thursday, 14 Jul 2022

ကညွတ်သည အာဟာရဓာတ်များ ပြည့်ဝစွာပါဝင်သော အစားအစာဖြစ်သည့်အပြင်  အဆီဓာတ်ပါဝင်မှု  မရှိသလောက် နည်းပြီး ကယ်လိုရီပါဝင်မှုလည်း အလွန်နည်းပါးသောကြောင့် နေ့စဉ်စားသောက်သည့် ဟင်းလျာများတွင် ထည့်သွင်း  စားသောက်သင့်သော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ကညွတ် စားသုံးခြင်းဖြင့် အရိုးသန်မာစေခြင်း၊ ရောင်ရမ်းမှုကို လျော့ကျ စေခြင်း၊ ဆီးရွှင်စေခြင်း၊ အစာချေလမ်းကြောင်းအတွက် အကျိုး ပြုခြင်း၊ ကိုယ်ဝန် အတွက်  ကောင်းကျိုးပြုခြင်း၊ ကင်ဆာဆဲလ် တိုက်ဖျက်ခြင်း၊ ကိုယ်အလေးချိန်  လျှော့ချရာတွင် အထောက် အကူပေးခြင်း၊ နှလုံးကျန်းမာရေးကို  ကောင်းမွန်စေခြင်း၊ သွေး တွင်း သကြားဓာတ် ထိန်းညှိခြင်း၊   အရေပြားကျန်းမာရေ

Thursday, 14 Jul 2022

ရခိုင်ဒေသမှထွက်ရှိသည့်   ရေ ထွက်ကုန်များမှာ  အိမ်နီးချင်းနိုင်ငံဖြစ် သော      ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားသည့်   ဈေးကွက်တစ်ခုအဖြစ် ရပ်တည်နေကြောင်း ပြည်နယ် ငါးလုပ် ငန်းဦးစီးဌာနမှ သိရသည်။ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ် ဇွန် ၁၁ ရက်အထိ    ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မြန်မာ့ရေထွက်ကုန်  တန်ချိန် ၂၇၁၁ ဒသမ ၈၀  တင်ပို့ထားပြီး အမေ ရိကန်ဒေါ်လာ   ၃ ဒသမ ၃၇၈ သန်း ရရှိထားခြင်းဖြစ်သည်။လက်ရှိတွင်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရေချို ထွက်ကုန်  တင်ပို့မှုဈေးကွက်ရရှိထားသောကြောင့်   ပြည်နယ် အစိုးရအဖွဲ့နှင့်     ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနတို့မှ    နည်းပညာနှင့် အရင်း အနှီး ဖြည့်ဆည်းမှုဖ

Thursday, 14 Jul 2022

လက်ရှိရော်ဘာခြံပိတ်ရာသီ၌ ကမ္ဘာ့ရော်ဘာဈေးကျဆင်းနေသောကြောင့် ပြည်တွင်းရော်ဘာဈေးနှုန်းများပါ လိုက်ပါကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာ စိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MRPPA) မှသိရသည်။ယခင်က ပြည်တွင်းရော်ဘာတစ်ပေါင်လျှင်ကျပ် ၁၂၀ဝကျော်အထိရှိပြီး လက်ရှိတွင်တစ်ပေါင် လျှင် ကျပ် ၁၁၀ဝ မှ ၁၁၅၀အထိသာပေါက်ဈေးရှိနေကြောင်းသိရသည်။နိုင်ငံတကာပေါက်ဈေးအနေဖြင့်တစ်တန်လျှင် ယခင်က  ဒေါ်လာ ၂၀ဝ၀ ကျော်အထိ  ရှိခဲ့ပြီး လက်ရှိ တွင် ဒေါ်လာ ၂၀ဝ၀ ပတ်ဝန်းကျင်ခန့်သာ ရှိကြောင်း သိရသည်။ဈေးကွက်အတွင်းလက်ရှိ၌ ပြည်ပအဝယ် ရှိသော်လည်း ရော်ဘာခြံပိတ်ရာသီ ဖြစ်၍ပစ္စည်း လက်ကျန် များသာ တင်ပို့ရောင်းချနေ

Thursday, 14 Jul 2022

သစ်သီးဝလံဈေးကွက်သို့ နဂါးမောက်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိသည့်အပြင် ရေနံချောင်းမြို့မဈေးကြီး၊ ပျံကျဈေးတို့တွင် လည်းကောင်း၊ ရပ်ကွက်အချိူ့တွင် စိုက်ပျိုးသူများက ရောင်းချလျက်ရှိကြောင်း သိရသည်။ "နဂါးမောက်သီး အရောင်းအဝယ် ပြန်သွက်လာ တယ်။  ရေနံချောင်းမှာရှိတဲ့ နဂါးမောက်ခြံအချို့ကလည်း ထွက်ရှိတဲ့အပြင် ကျောက်ပန်းတောင်းကထွက်တဲ့ နဂါးမောက်သီးတွေလည်း ရေနံချောင်းမြို့မဈေးနှင့် ပျံကျဈေးကို ဝင်ရောက်နေတယ်။ ခြံပိုင်ရှင်၊ စိုက်ပျိုးသူများနှင့် ပြန်လည်ရောင်းချသူများအတွက် ဝင်ငွေရနေတယ်" ဟု ရေနံချောင်းမြို့မှ ရောင်းဝယ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ သစ်သီးဝလံဈေးကွက်၌ နဂါးမောက်သီးတစ်လုံးလျှင်

Pages