Background
ကညွတ်သည အာဟာရဓာတ်များ ပြည့်ဝစွာပါဝင်သော အစားအစာဖြစ်သည့်အပြင် အဆီဓာတ်ပါဝင်မှု မရှိသလောက် နည်းပြီး ကယ်လိုရီပါဝင်မှုလည်း အလွန်နည်းပါးသောကြောင့် နေ့စဉ်စားသောက်သည့် ဟင်းလျာများတွင် ထည့်သွင်း စားသောက်သင့်သော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ကညွတ် စားသုံးခြင်းဖြင့် အရိုးသန်မာစေခြင်း၊ ရောင်ရမ်းမှုကို လျော့ကျ စေခြင်း၊ ဆီးရွှင်စေခြင်း၊ အစာချေလမ်းကြောင်းအတွက် အကျိုး ပြုခြင်း၊ ကိုယ်ဝန် အတွက် ကောင်းကျိုးပြုခြင်း၊ ကင်ဆာဆဲလ် တိုက်ဖျက်ခြင်း၊ ကိုယ်အလေးချိန် လျှော့ချရာတွင် အထောက် အကူပေးခြင်း၊ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ သွေး တွင်း သကြားဓာတ် ထိန်းညှိခြင်း၊ အရေပြားကျန်းမာရေ
ရခိုင်ဒေသမှထွက်ရှိသည့် ရေ ထွက်ကုန်များမှာ အိမ်နီးချင်းနိုင်ငံဖြစ် သော ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားသည့် ဈေးကွက်တစ်ခုအဖြစ် ရပ်တည်နေကြောင်း ပြည်နယ် ငါးလုပ် ငန်းဦးစီးဌာနမှ သိရသည်။ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ် ဇွန် ၁၁ ရက်အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မြန်မာ့ရေထွက်ကုန် တန်ချိန် ၂၇၁၁ ဒသမ ၈၀ တင်ပို့ထားပြီး အမေ ရိကန်ဒေါ်လာ ၃ ဒသမ ၃၇၈ သန်း ရရှိထားခြင်းဖြစ်သည်။လက်ရှိတွင်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရေချို ထွက်ကုန် တင်ပို့မှုဈေးကွက်ရရှိထားသောကြောင့် ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနတို့မှ နည်းပညာနှင့် အရင်း အနှီး ဖြည့်ဆည်းမှုဖ
လက်ရှိရော်ဘာခြံပိတ်ရာသီ၌ ကမ္ဘာ့ရော်ဘာဈေးကျဆင်းနေသောကြောင့် ပြည်တွင်းရော်ဘာဈေးနှုန်းများပါ လိုက်ပါကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာ စိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MRPPA) မှသိရသည်။ယခင်က ပြည်တွင်းရော်ဘာတစ်ပေါင်လျှင်ကျပ် ၁၂၀ဝကျော်အထိရှိပြီး လက်ရှိတွင်တစ်ပေါင် လျှင် ကျပ် ၁၁၀ဝ မှ ၁၁၅၀အထိသာပေါက်ဈေးရှိနေကြောင်းသိရသည်။နိုင်ငံတကာပေါက်ဈေးအနေဖြင့်တစ်တန်လျှင် ယခင်က ဒေါ်လာ ၂၀ဝ၀ ကျော်အထိ ရှိခဲ့ပြီး လက်ရှိ တွင် ဒေါ်လာ ၂၀ဝ၀ ပတ်ဝန်းကျင်ခန့်သာ ရှိကြောင်း သိရသည်။ဈေးကွက်အတွင်းလက်ရှိ၌ ပြည်ပအဝယ် ရှိသော်လည်း ရော်ဘာခြံပိတ်ရာသီ ဖြစ်၍ပစ္စည်း လက်ကျန် များသာ တင်ပို့ရောင်းချနေ
သစ်သီးဝလံဈေးကွက်သို့ နဂါးမောက်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိသည့်အပြင် ရေနံချောင်းမြို့မဈေးကြီး၊ ပျံကျဈေးတို့တွင် လည်းကောင်း၊ ရပ်ကွက်အချိူ့တွင် စိုက်ပျိုးသူများက ရောင်းချလျက်ရှိကြောင်း သိရသည်။ "နဂါးမောက်သီး အရောင်းအဝယ် ပြန်သွက်လာ တယ်။ ရေနံချောင်းမှာရှိတဲ့ နဂါးမောက်ခြံအချို့ကလည်း ထွက်ရှိတဲ့အပြင် ကျောက်ပန်းတောင်းကထွက်တဲ့ နဂါးမောက်သီးတွေလည်း ရေနံချောင်းမြို့မဈေးနှင့် ပျံကျဈေးကို ဝင်ရောက်နေတယ်။ ခြံပိုင်ရှင်၊ စိုက်ပျိုးသူများနှင့် ပြန်လည်ရောင်းချသူများအတွက် ဝင်ငွေရနေတယ်" ဟု ရေနံချောင်းမြို့မှ ရောင်းဝယ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ သစ်သီးဝလံဈေးကွက်၌ နဂါးမောက်သီးတစ်လုံးလျှင်
အိန္ဒိယနိုင်ငံတွင်ခရမ်းချဉ်သီးဈေးနှုန်းများ မြင့်တက်လျက်ရှိရာ အိန္ဒိယနိုင်ငံရှိ နိုင်ငံရေးသမားများအတွက် များစွာစိတ်ပျက် ဖွယ်ရာ ဖြစ်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဟင်းသီးဟင်းရွက် ဈေးနှုန်းများသည် အိန္ဒိယနိုင်ငံအစိုးရအတွက် အကောင်းဆုံး အနေအထားဆီသို့ ဦးတည်ခေါ်ဆောင်ပေးနိုင်သည့် သမိုင်းအစဉ်အလာရှိခဲ့သောကြောင့်ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ပျမ်းမျှခရမ်းချဉ်သီး လက်လီဈေးနှုန်းသည် ပြီးခဲ့သောလမှ စတင်၍ ၇၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရသည်။ခရမ်းချဉ်သီးအပါအဝင် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းသည် နိုင်ငံရေးသက်ရောက်မှုတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်သည်။ အဘယ်ကြောင့်ဆိုသော်လက်
မေလတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာ တန်ချိန် ၁၇၉၆၀ကျော်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၉၄၆ သန်းရရှိခဲ့သည်။ မေလအတွင်း နိုင်ငံအလိုက်တင်ပို့မှုများမှာ တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀၃၈၀ ကျော်၊ မလေးရှား နိုင်ငံသို့ ရော်ဘာတန်ချိန် ၅၆၆၀ကျော်၊အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၇၄၀ကျော် အများဆုံးတင်ပို့ခဲ့ကြောင်း သိရသည်။မေလတွင် နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၂၇၈၀ ကျော် တင်ပို့ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၉၁ သန်း ရရှိခဲ့သည်။ မြန်မာ-တရုတ်နယ်စပ်မှ တန်ချိန် ၇၁၀ ခန့်၊ မြန်မာ-ထိုင်းနယ်စပ်မှ တန်ချိန် ၂၀၇၀ခန့်တင်ပို့ခဲ့သည်။ မေလတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန
ယခုအချိန်တွင် လိုင်ချီးသီးများ လှိုင်လှိုင်ပေါ်နေသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းနေကြောင်း သိရသည်။ လိုင်ချီးသီးများကို မြန်မာပြည်အနှံ့အတွင် စိုက်ပျိုးကြပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်များတွင် စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရှိရသည်။ နောင်မွန်ကျေးရွာနှင့် နောင်လိုင်ကျေးရါာတို့မှ အများဆုံးစိုက်ပျိုးထွက်ရှိသော လိုင်ချီးသီးများသည်အလုံးကြီးပြီး အရသာ ချိုသောကြောင့် လူကြိုက်များ၍ အရောင်းအဝယ်ကောင်းနေကြောင်းကို သိရသည်။ ၎င်းအသီးများကို လားရှိုးမြို့တွင်းသာမက လောက်ကိုင်မြို့၊ မူဆယ်မြို့၊ ရန်ကုန်၊ မန္တလေး စသည့်မြို့များသို့လည်း တင်ပို့ ရောင်းချနေသည်။ အသီးပေါ်စအချိန်တွင်
မေလတွင်ပင်လယ်ရေကြောင်းကုန်သွယ်မှုမှပြောင်းတန်ချိန် ၃၈၃၀ဝတင်ပို့ခဲ့ပြီးတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁၉၅ သန်းကျော်ရရှိခဲ့သည်။ မေလ အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် အများဆုံးတင်ပို့ခဲ့ပြီး ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့လည်းတင်ပို့ခဲ့သည်။ ထို့ပြင်မေလတွင် နယ်စပ်ကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၂၁၆၆၃၀ ကျော် တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၆၇ ဒသမ ၃၈၅ သန်းဖိုး တင်ပို့ခဲ့ရာ ထိုင်း နိုင်ငံသို့ ပြောင်းတန်ချိန် ၂၁၅၉၇၄ တန် အများဆုံး တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသို့၆၅၉တန် တင်ပို့ခဲ့သည်။အနီးစပ်ဆုံး ဧပြီလနှင့်နှိုင်းယှဉ်ပါကတန်ချိန် ၁၉၁၁၈၀နှင့်တန်ဖိုးအမေရိကန်ဒေါ်လာ၅၉ဒသမ ၆၃
ပြည်မြို့တွင်နံနံပင်ကိုပန်းတောင်း၊ ပေါင်းတလည်၊ပေါက်ခေါင်း၊ ရွှေတောင်၊သဲကုန်းမြို့များတွင် စိုက်ပျိုးကြသည်။ရာသီအချိန်မရွေးစိုက်ပျိုး၍ရသော်လည်း မိုးတွင်းပိုင်းတွင် ရှားပါးသည်။ နံနံစေ့တစ်ပိဿာလျှင် ပိဿာချိန်၄၀ခန့် ထွက် ရှိကြောင်း သိရသည်။ ပြည်ဈေးကွက်မှ နံနံပင်များကို ရန်ကုန်သို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိသည်။ တင်ပို့သည့်အခါ ဂုန်နီအိတ်နှင့် ၄၀ ပိဿာ၊ ပီပီအိတ် နှင့် ၂၅ပိဿာဖြင့် ထုပ်ပိုးတင်ပို့လျက်ရှိကြောင်း သိရသည်။ တစ်နှစ်လျှင် ပိဿာချိန် ၂၀ဝ၀ဝ ခန့် အရောင်းအဝယ် ဖြစ်ကြောင်းနှင့် ပြည်ဈေးကွက်အနေဖြင့် နံနံပင်တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ ဖြင့်ဈေးကောင်းရနေသည်။ ပြည်ဈေးကွက်သို့ ဇွန်လ၊ ဇ