Background
ဒီဇင်ဘာ ၁၃ ရက် မော်လမြိုင် ကုန်စည်ဒိုင်၏ကုန်ဈေးနှုန်းပေါက်ဈေး များမှာ ရော်ဘာ RSS-3 မှိုင်းခံပြား တစ်ပေါင် ကျပ် ၁၂၂၀ ၊ဒေသထွက်၁၀၈ ပေါင် ဆန်တစ်အိတ်(အနိမ့်)ဈေးနှုန်း ဧည့်မထ ကျပ် ၄၂၀ဝ၀၊ ပေါ်ကျွဲ ကျပ် ၅၀ဝ၀ဝ၊ ပေါ်ဆန်း ကျပ် ၅၉၀ဝ၀၊ ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်း ပဲတီ စိမ်း ကျပ်၄၁၀ဝ၀၊ မတ်ပဲ ကျပ် ၅၈၀ဝ၀၊ ပဲလွမ်းဖြူ ကျပ် ၄၂၀ဝ၀၊ ဗိုလ်ကိတ် ကျပ်၃၉၀ဝ၀၊ ပဲပုပ် ကျပ် ၄၉၅၀ဝ၊ မြေပဲ ကျပ် ၁၀၄၀ဝ၀၊ ၊ ရေထွက်ကုန် တစ် ပိဿာဈေးနှုန်း ငါးတန် ကျပ် ၃၅၀ဝ၊ ငါးသလောက် ကျပ် ၁၁၀ဝ၀၊ ငါးမြစ်ချင်း ကျပ် ၅၃၀ဝ၊ တီလားဗီးရား ကျပ် ၈၀ဝ၀၊ ကင်းမွန် ကျပ် ၁၆၅၀ဝ ၊ ကကတစ်ကျပ် ၁၃၅၀ဝ၊ ငါးကွန်းရှပ် ကျပ် ၉၀ဝ၀၊ ငါးပုတ်သင် (ငါ
နိုဝင်ဘာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၈၄ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၇၅၀ဝ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၆၇၀ဝ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၅၆၀ နှင့် အီရန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၄၀ ကျော် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး အောက်တိုဘာလနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၅၁၅၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။
မကွေးမြို့ ကန်သာဈေး၌ ရောင်းချလျက်ရှိသော ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ၊ အာလူး၊ မုန်လာဥနီ၊ မုန်ညင်းသီးနှံများမှာ ရှမ်းပြည်နယ် (အောင်ပန်းမြို့) မှ ဝင်ရောက်လျက်ရှိပြီး ရွှေဖရုံသီး၊ ရုံးပတီသီး၊ ပဲသီး၊ သံပရာသီး၊ ချဉ်ပေါင်ရွက်၊ ကန်စွန်း ရွက် များမှာ မကွေးမြို့နယ် ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မကျီးကန်ကျေးရွာများမှဖြစ်ကြောင်း သိရှိရ သည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ယာမြေများ ၌ စက်တင်ဘာလတွင်ရွာသော မိုးကြောင့် အောက်တိုဘာလဆန်းတွင် ယာမြေများ၌ ကုလားပဲကို မိုးရေအစိုဓာတ်ဖြင့် စတင်စိုက်ပျိုးကြသည်။ အချို့မှာ မိုးရေအစိုဓာတ် အပြင် ရေစက်များဖြင့် ရေတင်၍ စိုက်ပျိုးကြ ကြောင်း၊ ရေဖြင့် ထပ်မံတင်၍ စိုက်ပျိုးသော ယာမြေများသည် မိုးရေဖြင့် စိုက်ပျိုးသော ယာမြေများထက် ပို၍ကောင်းမွန်ပြီး အထွက်နှုန်းပိုမိုကောင်း မွန်ကြောင်း တောင်သူများထံမှ သိရှိရ သည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၃၀ဝ၀ အထက်တွင်ရှိပြီး စိုက်ပျိုးမြေဧရိယာ အများဆုံးမှာ ကော်ဖီ ဖြစ်သည်။ သံတောင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန မှ ရရှိသည့်စာရင်းအရ လျားထားစိုက်ဧက ၉၈၃၆ ဧကရှိပြီး စိုက်ပျိုး ပြီး ဧကမှာ ၉၈၀၆ ဧကဖြစ်သည်။ စိုက်ပျိုးသည့်ကော်ဖီမှာ Robusta အမျိုးအစားဖြစ်သည်။ အသီးဆွတ်ခူးနိုင်သည့် အပင်မှာ ၇၅၄၇ ဧက ရှိသည်။ ယခုနှစ် ကော်ဖီအထွက်နှုန်းမှာ တစ်ဧကလျှင် ၁၇၂ ပိဿာ ရှိသဖြင့် ကော်ဖီစေ့ ၂၁၂၀ တန်ခန့် ထွက်ရှိသည်။ သံတောင်ကြီး မြို့နယ်သည် သီးနှံများ စိုက်ပျိုးရာတွင် ဓာ
အစေ့ထုတ်ပြောင်းသီးနှံသည် ပြည်တွင်း မွေးမြူရေးအစားအစာနှင့်ပြည်ပသို့ တင်ပို့ရောင်း ချရန်အတွက် အရေးပါသော သီးနှံတစ်မျိုးဖြစ် သည်။ အစေ့ထုတ်ပြောင်းသီးနှံကို တောင်ပေါ် ဒေသများတွင် ဧကရီ၊ ရေဆင်းစပ်မျိုး(၃)နှင့် ရေဆင်းစပ်မျိုး(၅)တို့ကို အများဆုံးစိုက်ပျိုးကြပြီး မြေပြန့်ဒေသများတွင် ရွှေဝါ(၁)၊စူဝမ်(၃)၊ရေဆင်း စပ်မျိုး(၂)၊ ရေဆင်းစပ်မျိုး(၃)၊ ရေဆင်းစပ်မျိုး(၄)နှင့် ရေဆင်းစပ်မျိုး(၅)တို့ကို အဓိကထားပျိုးကြ သည်။ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် ရေစိမ့် ဝင်မှုကောင်း၍ ရေမဝပ်သောမြေ၊ နုန်းမြေ၊စနယ် မြေ၊ သဲနုန်းမြေ၊ မြေနီနှင့် စနယ်မြေနက်တို့တွင် အများဆုံး စိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင
ယခုတစ်ပတ်တွင် ပြည်ပွဲရုံများသို့ တစ်ရက်လျှင် ချင်းအိတ် ၅၀၊ ၆၀ ခန့် ဝင်ရောက်နေသည်။ ဝင်ရောက်လာသော ချင်းများမှာ ချင်းအသစ်များဖြစ်ပြီး အရည်အသွေးကောင်းကာ အစိုဓာတ်အနည်းငယ်သာရှိ၍ အရောင်းအဝယ်ပုံမှန် ဖြစ် သည်။ ဝင်ရောက်မှုများသည့်အတွက် ဈေးအနည်းငယ်ကျလာသည်။ ကထိန်ရာသီဖြစ်သည့်အတွက် ဓားလှီးချင်းသမားများ အဝယ်လိုက်နေသည်။ ယခုတစ်ပတ် ချင်း တစ်ပိဿာလျှင် ပွဲရုံဈေး ကျပ် ၁၅၀ဝ-၁၆၀ဝ သည် အိတ်ဆွဲဈေး ဖြစ်ပြီး လက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ ဖြင့် ရောင်းချလျက်ရှိသည်။ ချင်းဖတ် တစ်ပိဿာလျှင် ကျပ် ၂၁၀ဝ ဈေးဖြစ် ပြီး ယခင်တစ်ပတ်ကထက် ပွဲရုံဈေး တစ်ပိဿာပေါ်တွင် ၁၀ဝ ကျပ် ဈေးထပ်မံကျဆင်းလာသည်။
မုံရွာမြို့ အနောက်ဘက်ကမ်း ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ် ရေဝင်ဒေသများဖြစ်ကြသည့် ရွာရှည်အုပ်စု လက်ပန်းတောင်းအုပ်စုနှင့် တုံအုပ်စုရှိ ကျေးရွာများမှ ပဲမျိုးစုံသီးနှံကို အဓိကစိုက်ပျိုး ကြောင်း သိရသည်။ အဆိုပါ ကျေးရွာ များလည်း မြေနုကျွန်းနှင့် ရေတင်အင်းမြေများတွင် ယခင်က မြေပဲသီးနှံကို အဓိက စိုက်ပျိုးခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် စိုက်ပျိုးစရိတ်သက်သာပြီး ဈေးကွက်ရရှိနေသည့် ပဲနီကြားများကို ပိုမိုစိုက်ပျိုးလာကြောင်း ဒေသခံ တောင်သူများထံမှ သိရှိရ သည်။
ကိုင်းမြေများ၌ ဆီထွက်သီးနှံ မြေပဲ၊ နေကြာအပြင် ပဲမာများအဖြစ် ကုလားပဲ၊ စားတော်ပဲ၊ ပဲတီစိမ်းအပြင် ပဲလွမ်းကိုလည်း အဓိက စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။
ယခုလက်ရှိ ကိုင်းမြေများတွင် ပဲလွမ်းကို စိုက်နေကြပြီး ပဲလွမ်းမှာ စိုက်ပျိုးစရိတ် သက်သာသည့်အပြင် အသစ်ပေါ်ချိန်၌ ဈေးကောင်းရရှိသဖြင့် ပဲလွမ်းကို အဓိကသီးနှံအဖြစ် စိုက်ပျိုးကြကြောင်း ရေနံချောင်းမြို့နယ် ပဲစိုက်တောင်သူ ဦးထွန်းအေးထံမှ သိရသည်။
ပဲလွမ်းကို မြေပဲစိုက်ခင်းများရိတ်သိမ်းအပြီး၌ သီးထပ်အဖြစ် ယာမြေများ၌ စိုက်ကြကြောင်း၊ လက်ရှိ ပဲလွမ်းအသစ်များမှာ တစ်တင်းလျှင် ကျပ် ၄၇၀ဝ၀ ပေါက်ဈေးရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ယာမြေများတွင်စိုက်သည့် ပဲနောက်ပင်များ ဆွတ်ခူးနေကြပြီဖြစ်သောကြောင့် စိုက်တောင်သူများ ဝင်ငွေရနေကြောင်း သိရသည်။ မိုးသီးနှံ နှမ်းနှင့် မြေပဲများ စိုက်ပျိုးရိတ်သိမ်း ပြီးနောက် သီးထပ်အဖြစ် မြေပြုပြင်ကာ နွားချေး၊ မြေသြဇာများချ၍ ထွန်ရေး၌ သီးထပ်အဖြစ် ပဲနောက်ကိုစိုက်ကြကြောင်း၊ တောင်သူများအနေဖြင့် မူလသီးနှံနှမ်းနှင့် မြေပဲအပြင် ပဲနောက်ကလည်း ဝင်ငွေရသည့်အပြင် နွားစာအဖြစ် ဖူလုံကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။ "ပဲနောက် လှိုင်လှိုင် ဆွတ်ခူးနေကြပါတယ်။ ယခုနှစ်စိုက် သီးထပ် တွေဖြစ်တဲ့ ပဲနောက်ကနေ ဝင်ငွေရတဲ့အပြင် အပင်အရို နွားစာအဖြစ် အသုံးဝင်တယ်"ဟု လင