Background
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်နှင့် သီဟိုဠ်စိုက်ပျိုးသူ တောင်သူများအား မြေယာပိုင်ဆိုင်မှုလျှောက်ထားမှုအခြေအနေနှင့် ဈေးကွက်ဈေးနှုန်း စိုက်ပျိုး ထုတ် လုပ်မှုနှင့် ဆက်လက်တိုးချဲ့စိုက်ပျိုးမည့်အခြေအနေများကို သီဟိုဠ်လုပ်ငန်းရှင်များအသင်းရုံး၌ မတ် ၇ ရက် နံနက်ပိုင်းတွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ် က မိမိတို့ဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုး တက်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းအဖွဲ့များအနေဖြင့် သီဟိုဠ်စိုက်ပျိုးတောင်သူများ၏ မြေယာပိုင်ဆိုင်ခွင့်
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် ပြည်ပဈေးကွက် ဝယ်လိုအားရှိသော မိချောင်းကွမ်းဖတ်စိုက်ပျိုးသည့် တောင်သူများ ယခုနှစ်တွင် ဈေးကောင်းရရှိပြီး တွက်ခြေကိုက်လျက်ရှိကြောင်း ကျောင်း ကုန်းမြို့နယ် သစ်ဆိမ့် ကုန်း ကျေးရွာအုပ်စု ရွှေကညင်ပင်ကျေးရွာရှိ မိချောင်းကွမ်းဖတ် စိုက်ပျိုးသူတောင်သူ ဦးကျော်စိုးထံမှ သိရသည်။ကျောင်းကုန်းမြို့နယ်တွင် ယခင်မိချောင်းကွမ်းဖတ် စိုက်ပျိုးသော တောင်သူ ၂၅/၃၀ ခန့်ရှိပြီး ဈေးကွက် ဝယ်လိုအား ရှိသော်လည်း ဈေးနှုန်း ခန့်မှန်းလို့မရသောကြောင့် နောက်ပိုင်းတွင် မိချောင်းကွမ်းဖတ်စိုက်ပျိုး သော တောင်သူများ လျော့နည်းလာကြောင်း၊ ၂၀၁၆ခုနှစ်တွင် မိချောင်း ကွမ်းဖတ် တစ်ပိဿာကို
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် များတွင် ဂန္ဓမာပန်းများကို တစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ကိုင် လျက်ရှိပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။ ဂန္ဓမာပန်းမျိုးစေ့ အများအပြားရှိ သည့်အနက် စံပယ်ဖြူ၊ နှင်းကမ္ဘာ၊ ဆန်းပန်း စသည့် မျိုးစေ့များကို အဓိက စိုက်ပျိုးလျက်ရှိပြီး ကျောက်ကြီးဂန္ဓမာပန်းစိုက် တောင်သူများ အနေဖြင့် ပန်းများကို ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လတွင် စတင်ရောင်းချနိုင်ကြောင်း သိရှိရသည်။တစ်ပိုင်တစ်နိုင် စိုက်ပျိုးရသည့်အတွက် တစ်ဧကလျှင် မျိုးစေ့ ရှစ်သောင်းခန့် စိုက်ပျိုးလျှင် အပင်ခြောက်သောင်းခန့် ပွင့်ကြောင်း သိရှိရပြီး အရင်းအနှီးသည် တစ်
ပခုက္ကူနှင့်ရေစကြိုမြို့နယ်များက ထွက်ရှိသော သနပ်ခါးများ မကွေး တိုင်းဒေသကြီး ရေနံချောင်းမြို့၌ ဝင်ရောက်မှုများကာ ယခင် မိုးရာသီထက် အပြိုင်အဆိုင် ရောင်းချလျက်ရှိကြောင်း သိရသည်။သနပ်ခါးတုံး ကို ယခင်က မြို့မဈေးဝန်းကျင်၌ သနပ်ခါးအရောင်းဆိုင် သုံးဆိုင်ခန့်သာ ရောင်းကြပြီး ယခုပွင့်လင်းရာသီ၌ သနပ်ခါးအရောင်းဆိုင် ၁၀ဆိုင်ခန့် ရောင်းကြကြောင်း၊ ဈေးအပြင်ဘက်ရှိ ရတနာဈေး၊ ပျံကျဈေး၊ ကျမ်းကိုင်ဘုရားကွေ့တို့တွင် ရောင်းချကြသည်ကို တွေ့ရသည်။ပခုက္ကူ၊ ရေစကြိုဒေသထွက်သနပ်ခါးများ သနပ်ခါး အရောင်းအဝယ် လိုက်လာကြောင်း၊ ပွင့်လင်းရာသီတွင် သနပ်ခါးအရောင်းအဝယ် မြိုင်လာ ပြီး သနပ်ခါးဆိုင် များလာကြောင်း၊ ပျံကျရောင်းသူလည်း မ
မန္တလေးဈေးကွက်သို့ စစ်ကိုင်း တိုင်းဒေသကြီး ရွှေဘိုနှင့် မြင်းမူနယ်မှ မြေပဲဆန်အသစ်များ ဝင်ရောက်မှုရှိပြီး မကွေးနှင့် ရေနံချောင်းနယ်တို့မှလည်း အညာဆီဆန်များ ဝင်ရောက်လျက်ရှိ သည်။ အဆိုပါ မြေပဲလုံးဆန်များကို ဒေသတွင်း ရောင်းဝယ်သူများအနေ ဖြင့် မန္တလေးမှတစ်ဆင့် တရုတ်ဝယ် လက်များမှ အဝယ်ရှိသလို ရန်ကုန်သို့ လည်း တင်ပို့မှုရှိကြောင်းနှင့် မန္တလေး မြို့တွင်းရှိ ဆီစက်များမှလည်း စက် ကြိတ်များကောင်းမွန်သဖြင့် ဆီကြိတ်ခွဲ မှုရှိကာ အဝယ်လိုက်ကြောင်း သိရ သည်။
မြန်မာနိုင်ငံသည် သစ်တောထွက် သယံ ဇာတများစွာ ထွက်ရှိသောနိုင်ငံဖြစ်သည်။အဖိုး တန် သစ်အမျိုးမျိုး၊ ဝါးအမျိုးမျိုး၊ သစ်ခွများ ထွက်ရှိ သကဲ့သို့ လူတို့၏ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အိမ် သန့်ရှင်းရေးအတွက် အသုံးပြုကြသော တံမြက် စည်းမှာလည်း မြန်မာ့သစ်တောများမှ ထွက်ရှိ သည်။ တံမြက်စည်းပင်များကို မြန်မာနိုင်ငံ အရှေ့ ပိုင်းဒေသများဖြစ်သော မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်၊ တာလေမြို့နယ်များရှိ သစ် တောများတွင် နေရာကွက် ကျားအလေ့ကျ ပေါက် နေကြသည်ကို တွေ့ရှိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးဖြိုးဓနလင်းသည် ဝမ်းတွင်းမြို့ စိုက်ကွင်း(၁)ကျေးရွာသို့ ကွင်းဆင်း၍ အိန္ဒိယဒန့်သလွန် စိုက်ပျိုးသော တောင်သူ ဦးမြအေးနှင့် စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို တွေ့ဆုံမေးမြန်းခဲ့သည်။ဒန့်သလွန်ပင်သည် အပူပိုင်းသီးနှံဖြစ်သော်လည်း တောင်ပေါ် မြေပြန့်မရွေး ဖြစ်ထွန်းသဖြင့် ရာသီဥတုမရွေးသော အပင်ဟု ဆိုနိုင်ကြောင်း၊ ဒန့်သလွန်ပင်သည် သဲဆန်လွန်းသောမြေနှင့် ကျောက်စရစ်မြေများမှလွဲ၍ မြေမရွေးဖြစ်ထွန်းသော အပင်ဖြစ်ကြောင်း၊ ဒန့်သလွန် စိုက်ပျိုးရန် ရေမဝပ်သော နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းမြေစေးများတွင် အကောင်းဆုံးဖြစ်ကြောင်း၊
သိုးမွေးထိုးခြင်း လက်မှုပညာဟာ လွန်ခဲ့တဲ့ ရှေးနှစ်ပေါင်းများ စွာက ထွန်းကားလာတဲ့ လက်မှုပညာတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအပါ အဝင် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းမှာလည်း ထင်ရှားတဲ့ လက်မှုပညာ (ံညေိ ြေိန) တစ်ခုဖြစ်ပါတယ်။ သိုးမွေးထိုးခြင်း လက်မှုပညာကို အမျိုးသမီးမှမဟုတ်ဘဲ အချို့အမျိုးသားများပါ စိတ်ပါဝင်စားစွာလုပ် ကိုင်ကြတာကိုလည်း တွေ့ရှိရပါတယ်။ သိုးမွေးထိုးခြင်းဆိုတာ အရမ်း လှပတဲ့ လက်မှုပညာတစ်ခုလည်းဖြစ်ပါတယ်။ ၎င်းလက်မှု ပညာဟာ ဘယ်တော့မှ တိမ်ကောသွားခြင်းမရှိတဲ့ လက်မှုပညာတစ်ခု ဖြစ်ပါ တယ်။ ကမ္ဘာ့အနောက်ခြမ်း နိုင်ငံတွေမှာရှိတဲ့ လူတော်တော်များများ ဟာ လက်တစ်စုံနဲ့ ဖန်တီးပြုလုပ်ထားတဲ့ သိုးမွေးထည် (ံညေိ ြေိန) များ
အညာဒေသထွက် ဆောင်းရာသီပေါ် သီးနှံစိမ်းစားဥ ဖြိုင်ဖြိုင် ပေါ်နေပြီး ယခင်နှစ်ထက် ဈေးကောင်းမွန်သောကြောင့် ရောင်းချ သူများ အဆင်ပြေလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ရေနံချောင်း မြို့နယ်က ရောင်းဝယ်သူများထံမှ သိရသည်။ စိမ်းစားဥ ဈေးကွက်အနေအထားမှာ ယခင်နှစ်က စိမ်းစားဥ ငါးလုံးပါ တစ်တွဲလျှင် ကျပ် ၅၀ဝ၊ သုံးလုံးပါ တစ်တွဲလျှင် ကျပ် ၃၅၀၊ စိမ်းစားဥ အသေးတစ်တွဲလျှင် ကျပ် ၂၅၀ ရောင်းခဲ့ရပြီး ယခုနှစ်တွင် စိမ်းစားဥတစ်တွဲလျှင် အမြင့်ဆုံး ကျပ် ၈၀ဝ မှ အနိမ့်ဆုံး ကျပ်၅၀ဝ အသေးစများမှာ တစ်တွဲလျှင် ကျပ် ၄၀ဝ ရှိသောကြောင့် ယခုနှစ် ဈေး ကောင်းရကြောင်း မကွေးတိုင်းဒေသကြီးမှ ရောင်းဝယ်သူ အမျိုးသား တစ်ဦးက ပြောသည်။ အညာဒေသ၌ စိမ်း
ပြောင်းဖူးကို မြန်မာနိုင်ငံအလယ် ပိုင်းဒေသ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ မြို့နယ်ရှိ ကျေးရွာများတွင် စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရသည်။ မြေတစ်ဧကကို ပြောင်းဖူးစေ့ မျိုးစေ့ တစ်ထုပ် စိုက်ပျိုးရပြီး ပြောင်းမျိုးစေ့ အများအပြားရှိသော်လည်း ၆၂၁၊ ၆၂၅၊ ၃၃၉ မျိုးများကိုသာ အများဆုံးစိုက်ပျိုး လျက်ရှိသည်။ မျိုးစေ့တစ်ထုပ်ကို ကျပ် ၄၆၀ဝ၀ မှ ၅၈၀ဝ၀ ထိ ပေးဝယ်ရပြီး ယခင်က မြေတစ်ဧကလျှင် ထွန်ယက်ခ တစ်မနက် ကျပ် ၇၅၀ဝ နှုန်းဖြင့် ၁၀ ရက် ထွန်ယက်ရကြောင်း၊ ယခုအခါ ထွန်စက်ကြီးများဖြင့် တစ်နာရီလျှင် ကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် ထွန်ယက်နေ ကြောင်း၊ စိုက်ပျိုးပြီး တစ်လကျော်လျှင် လူငှား ၁၀ ယောက်ဖြင့် တစ်မနက်