Background
ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် သြဂုတ်လ ပထမပတ်မှစ၍ ပဲဈေးများ မြင့်တက် လျက်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဗိုလ်ကိတ်ပဲနှင့် စားတော်ပဲများ ရောင်းဝယ်လျက်ရှိသည်။ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ ပိဿာ ၂၀ ဝင် တစ်တင်းကို ကျပ် ၅၄၅၀ဝ-၅၅၀ဝ၀ ဖြင့် တစ်ရက်ကို ၁၅၀၊ ၂၀ဝ ခန့် အရောင်းအဝယ် ဖြစ်ပြီး ရန်ကုန်သို့တင်ပို့မှုရှိခဲ့သည်။ ပြည်ကုန်စည်ဒိုင် တွင် သြဂုတ်လ ဒုတိယပတ်၌ မတ်ပဲဈေးတက်လာခဲ့ပြီး တစ်တင်းကို ကျပ် ၅၈၅၀ဝ-၅၉၀ဝ၀-၅၉၅၀ဝ ဖြင့် အရောင်းအဝယ်ရှိခဲ့သည်။သြဂုတ်လပထမပတ်တွင် ပဲစင်းငုံ တစ်တင်းကို ကျပ် ၄၉၅၀ဝ-၅၀ဝ၀ဝ-၅၀၅၀ဝ ဒုတိယ ပတ်တွင် ပဲတစ်တင်းကို ကျပ် ၅၈၀ဝ၀ -၅၈၅၀ဝ-၅၉၀ဝ၀ ဖြင့် တစ်ရက
ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် International Rice Market Website ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၈ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၃၅၈ ဒေါ်လာ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည် ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၄ ဒေါ်လာ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၄၁၀ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၆ ဒေါ်လာ ဖြင့်လည်း
ပြည်ဈေးကွက်ရှိ ရှမ်းအားလူးများမှာ ဈေးနှုန်းအနေဖြင့် ယခင်ရက် များက လက်ကားတစ်ပိဿာလျှင် ကျပ် ၁၉၀ဝ-၂၀ဝ၀၊ လက်လီဈေး တစ် ပိဿာလျှင် ကျပ် ၂၂၀ဝ-၂၄၀ဝဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု တစ်ပတ်တွင် လက်ကားကျပ် ၁၈၀ဝ-၁၉၀ဝ၊ လက်လီ ကျပ် ၂၅၀ဝ-၂၈၀ဝ ဈေးရှိသည့်အတွက် ယခင်တစ်ပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်ပါက လက်ကားအနေဖြင့် တစ်ပိဿာလျှင် ကျပ် ၁၀ဝ ၊ လက်လီတစ်ပိဿာလျှင် ကျပ် ၃၀ဝ-၄၀ဝ ဈေးပိုလာသည်ကို တွေ့ရသည်။
ဇူလိုင် ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ၃ဒသမ၆၀၂ သန်းတန်ဖိုးရှိရော်ဘာတန်ချိန် ၂၃၅၀ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ရော်ဘာတန်ချိန် ၁၅၃၀ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၃၀၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ တန်ချိန် ၆၃၀ နှင့် အင်ဒိုနီးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၆၀ တင်ပို့ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင် နမ့်စန်မြို့နယ် အတွင်းရှိ မက်မွန်းမွန်းရွာ၊ တွံ့တီးရွာနှင့် လွယ်ဆိုင်ရွာတို့တွင် နာနတ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြသည်။ ကျန်သောရွာများ တွင်လည်း အနည်းငယ် စိုက်ပျိုးကြသည်။ နာနတ်သီးအား အပင်အသစ်စိုက်ပျိုးပါက သုံးနှစ်မှ စတင်အသီးသီးပြီး သုံးနှစ် အသီးထွက်ရှိသည်။ အသီးအထွက် သုံးနှစ်ပြည့်အခင်းမှ အပင်များ တူးထုတ်ပြီး အခင်းအသစ် ပြန်လည်စိုက်ပျိုးသည်။ တောင်သူများအနေဖြင့် နာနတ်စိုက်ခင်းအား မိမိစိုက်မြေပေါ် ကိုမူတည်၍ နှစ်ခင်း၊ သုံးခင်းအားစိုက်ချိန်ခွာ၍ စိုက်ပျိုးကြ သည့်အတွက်ကြောင့် နှစ်စဉ်ဝင်ငွေရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်သည် စိုက်ပျိုးမြေ ၂၅၂၇၅၉ ဧကရှိပြီး စိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်သော မြို့နယ်တစ်ခုဖြစ်သည်။ ပင်းဇင်းရွာလေးသည် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်ပြီး အပူပိုင်းဒေသလည်းဖြစ်သဖြင့် တောင်သူဦးကြီးများ၊ ကောက်စိုက်သမများနှင့်အခြားသော လုပ်သားများ သည် ပေါ့ပါး၍ အပူဒဏ်ခံနိုင်ပြီး အကြမ်းလည်းခံသည့် ဦးထုပ်များကို ဝယ် ယူသုံးစွဲကြရာ ဝက်လက်မြို့နယ် ပင်းဇင်းကျေးရွာတွင် ရက်လုပ်ရောင်းချသည့် ဂျုံရိုးဦးထုပ် များသည်လည်းအပါအဝင်ဖြစ်သည့် အပြင် အများဆုံးအသုံးပြုကြ၍ လူသိများပြီး ဈေးကွက်တွင်နာမည်ကြီးလှသည်။ ပင်းဇင်းကျေးရွာတွင် မိရိုးဖလာလုပ်ငန်းဖြစ်သည်
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကထားလုပ်ကိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ဆန်စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါနှင့် ဟင်းသီး ဟင်းရွက် သစ်သီးဝလံတို့ကို စိုက်ပျိုးကြသည်။ ယင်းအပြင် တောင်သူများသည် ပြည်ပ ပို့ကုန်တစ်မျိုးဖြစ်သော အစေ့ထုတ်ပြောင်းများကိုလည်းတစ်နှစ်လျှင် နှစ်သီးစား၊သုံးသီးစားစိုက်ပျိုးလာကြ သည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသရှိ ပြောင်း စိုက်ပျိုးထုတ်လုပ်သော တောင်သူများသည်လည်း ပြည်တွင်း လိုအပ်ချက် နှင့် ပြည်ပဝယ်လိုအား မြင့် တက်နေသော အစေ့ထုတ် ပြောင်းများကို နှစ်စဉ် တိုးတက် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ယခုနှစ် တွင် မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင် အသင
ကမ္ဘာ့ကော်ဖီဈေးကွက် မြင့်တက်လာသောကြောင့် မြန်မာနိုင်ငံအနေဖြင့် ကော်ဖီအဓိကထုတ်လုပ်တင်ပို့သည့်နိုင်ငံဖြစ်လာစေရန်စိုက်ဧကများတိုးချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း ကော်ဖီဗဟိုအဖွဲ့မှ သိရသည်။လက်ရှိ ကမ္ဘာ့ကော်ဖီ ကုန်သွယ် မှုတန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံကျော်ရှိကာ International Coffee Organiza tion၏ ခန့်မှန်းချက်များအရ ကမ္ဘာ့ကော်ဖီ သောက်သုံးမှုသည် လာမည့်ငါးနှစ်အတွင်းနှစ်စဉ် ၃ ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်း သိရ သည်။
ပြည်ဒေသတွင်း ထွက်ရှိသည့် မန်ကျည်းမှည့် လက်ကျန်သည် ပွဲရုံလှောင် သမားများ လက်ဝယ်၌ရှိခြင်းကြောင့် အခြားနယ်ဖြစ်ကြသော ကျောက်ပန်းတောင်းမှ ဝင်ရောက်လာသော မန်ကျည်းမှည့်ဈေးမှာ အမြင့်ဈေးဖြစ်သောကြောင့် ဒေသထွက် လက်ကျန် မန်ကျည်းမှည့်ဈေး အနည်းငယ်မြင့်နေသည်။ အရောင်းအဝယ်အနေဖြင့် အေးနေပြီး လှောင်လက်များ လက်ဝယ်ဈေးမြင့်တက်နေသည်။ယခုတစ်ပတ် မန်ကျည်းမှည့် တစ်ပိဿာ(အသား)(ပွဲရုံဈေး) ကျပ် ၃၇၀ဝ ဈေးတို့ဖြစ်သည်။ဒေသတွင်း လက်လီတစ်ပိဿာ အသားဈေးမှာ ကျပ် ၄၃၀ဝတို့ဖြင့်ရောင်းချလျက်ရှိသည်။မန်ကျည်းသီးစိမ်းကိုလည်း ပြည်အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ခူးဆွတ်၍ ပြည်မြို့ရှိဈေးများတွင် ရောင်းချလျက်ရှိသည်။ မန်ကျည်းသီးစိ
ကယားပြည်နယ်တွင် ချင်းကို လွိုင်ကော်မြို့နယ် လင်ဖုန်းလေး၊ ဆောင်ပြောင်း၊ ကုန်းသာ ကျေးရွာများတွင် အဓိကစိုက်ပျိုးကြပြီး ဒေသထွက်ချင်းကို ဟင်းခက်အမွှေး အကြိုင်အဖြစ် ရိုးရာအစားအစာများ၊ ဟင်းလျာများတွင် အသုံးများ သဖြင့် ပြည်နယ်တွင်း စားသုံးမှုများကြောင်း၊ ယခု ဇူလိုင်လ ပထမပတ်တွင် ဈေးကွက်အတွင်း ဒေသထွက် ချင်း တစ်ပိဿာလျှင် ၂၂၀ဝ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်ဇွန်လပထမပတ်တွင် ဒေသထွက်ချင်း တစ်ပိဿာလျှင် ၁၅၀ဝ ကျပ်ခ န့်သာရှိခဲ့ပြီး ဇွန်လပထမပတ်နှင့် ဇူလိုင်လ ပထမပတ် နှိုင်းယှဉ်လျှင် ဒေသထွက်ချင်း တစ်ပိဿာလျှင် ၇၀ဝ ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့် တက်လာရခြင်းမှာ ချင