Main menu

Background

Tuesday, 27 Jun 2017

           ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲစင်တာများ၌ ရောင်းဝယ်လျက်ရှိသည့် ငွေလဲနှုန်းများသည် အမြင့်ဆုံးဈေးအဖြစ်  ၁၃၆၁ ကျပ်သို့ ရောက်ရှိခဲ့ပြီးမှ ပြန် လည်ကျဆင်းခဲ့ကြောင်း သိရသည်။ ရက်သတ္တပတ်အတန်ကြာ အနည်းငယ်ငြိမ်သက် ခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင် ပြန်လည်လှုပ်လာခဲ့ခြင်းဖြစ် သည်။ မူဆယ်နယ်စပ်တွင် ရောင်းဝယ်ဖောက်ကားလျက်ရှိသည့် မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများကို တရုတ်နို င်ငံက ပိတ်ထားခဲ့သည့်ကိစ္စကြောင့် ပြည် တွင်းငွေလဲနှုန်းများ မြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုအခါ အဆိုပါစာရင်းများကို  ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သဖြင့် ငွေလဲနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း  ဈေးကွက်အတွင်း မှ သ

Tuesday, 27 Jun 2017

         ပြည်ဈေးကွက်အတွင်း ယခုတစ်ပတ်တွင် အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းများအဝင်မရှိသလောက်ဖြစ်နေပါ တယ်။ ယခုအချိန်မှာ မိုးများ၍ အချို့မြို့နယ် များတွင် ရေလွှမ်းမိုးခံနေရပါတယ်။ အရောင်းအဝယ်အေးနေပြီး ဒေသတွင်းလက်လီ အရောင်းအဝယ်သာရှိနေတာကြောင့် အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ပါတယ်။ ယခုတစ်ပတ် ချင်းတစ် ပိဿာ (ဂျွန်) ကျပ် ၆၀၀ မှ ကျပ် ၇၀၀ ရှိပြီး၊ (ရှယ်) ကျပ်၉၀၀ မှ ကျပ် ၁၁၀၀တို့ဖြင့်ရောင်းဝယ်လျက် ရှိပါတယ်။ ပြည်ချင်းဈေးကွက်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်တွင်လည်း မိုးများအဆက်မပြတ် ရွာသွန်းနေတာကြောင့် အနည်းငယ်သာ တင်ပို့နိုင်ကြောင်း သိရပါတယ်။

 

ဝင်းဝင်းခိုင်

Tuesday, 27 Jun 2017

           ယခုသီတင်းပတ်အတွင်း ရန်ကုန်မြို့ဆန်ဈေးကွက်မှာ ဆန်ချောဝယ်လိုအားနည်းပြီး ဆန်ကြမ်းဝယ်လိုအားများတဲ့အတွက် ဆန်ကြမ်းဈေးအနည်းငယ်မြင့်တက်လာကြောင်း သိရပါတယ်။ ရန်ကုန်မြို့ဝါးတန်းဆန်ကုန်စည် ဒိုင်ရဲ့ဆန်လက် ကားဈေးနှုန်းများမှာ ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်ကျပ် ၃၄၅၀၀၊လတ်စတစ်အိတ် ကျပ် ၃၃၀၀၀၊ ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန်ထိပ်စတစ်အိတ်ကျပ် ၃၆၅၀၀၊လတ်စတစ်အိတ်ကျပ် ၃၄၀၀၀၊ နယ်စုံကျိုက်လတ်ထိပ်စ တစ် အိတ်ကျပ် ၃၂၀၀၀၊ လတ်စတစ်အိတ်ကျပ် ၃၁၀၀၀၊ ရွှေဘို ပေါ်ဆန်းဆန်တစ်အိတ်ကျပ် ၄၂၀၀၀ မှ ကျပ် ၄၄၀၀၀ ဖြစ်ပြီး ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပါတယ်။ ဆန်အဝင် ပုံမှန်ရှိပြီး ဝယ်လို အားနည်းကြောင်းသိရပါတယ်။ဆန်ကြမ်းဝ

Monday, 26 Jun 2017

       မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းဒေသကြီး အဆင့်မိတ်ဖက် အဖွဲ့အစည်းများပူးပေါင်း၍ ဇွန်လ ၁၉ ရက်တွင် မန္တလေး မြို့နှင့် အနီးတစ်ဝိုက်ရှိ ပဲပြားထုတ်လုပ်သည့် ပင်ရင်းစက်ရုံများအား ရှောင် တခင် ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ ထိုကဲ့သို့ စစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်၊ အမှိုက်စုတောင်ရပ်ရှိ ဦးပိုင်စိုး၏ K အမှတ်တံဆိပ် ပဲပြား ထုတ်လုပ်သော စက်ရုံသို့ လည်းကောင်း၊ အမရပူရမြို့နယ်၊ နတ်ရေကန် ကျေးရွာအုပ်စု၊ မုတ်ပုလဲကျေးရွာရှိ ဦးအောင်ဝင်း၏ A နှင့် T အမှတ်တံဆိပ် ပဲပြားစက်ရုံသို့လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ် ညည ၉/၇၂ ၊ (င)ရပ်ကွက် ဗထူးလမ်းရှိ ဦးအိုက်ပီး(ခ)

Monday, 26 Jun 2017

            မြန်မာနိုင်ငံ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အီဂျစ်နိုင်ငံသို့ အစားအသောက် ပို့ကုန်များတင်ပို့ရာတွင် လိုအပ်သည့် နည်းပညာဆိုင်ရာ စံသတ် မှတ်ချက်များကို သိရှိနိုင်စေရန် မြန်မာနိုင်ငံရှိ အီဂျစ်သံရုံးမှပေးပို့သည့် အချက်အ လက်များကို ကောက်နုတ်တင်ပြလိုက်ပါသည်။

Friday, 23 Jun 2017

        ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ကျဆင်းခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် ပြန်လည်မြင့်တက်လာခဲ့ကာ ကျပ် ၉၁၂၀၀၀ သို့ ရောက် ရှိခဲ့သည်။ ပြီးခဲ့သည့်တစ်ပတ်က ကျပ် ၉၁၄၀၀၀ ဖြင့် အမြင့်ဆုံးေ ဈးနှုန်းအဖြစ် ရပ်တည်ခဲ့သည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်မလာသော်လည်း အမေရိကန်ဒေါ်လာ ရည်ညွှန်းငွေလဲနှုန်းများ မြင့်တက်လာသဖြင့် ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်သည်ဟုဆိုသည်။ "ကမ္ဘာ့ရွှေဈေးက မြင့်တ က်မလာပေမယ့် အမေရိကန်ဒေါ်လာရဲ့ ရည်ညွှန်း ငွေလဲနှုန်းက မြင့်တက်လာတယ်။ အဲဒါကြောင့် ပြည်တွင်းရွှေဈေး မြင့်တက်လာရတာပါ။ ကမ္ဘာ့ရွှေဈေးက တက်လိုက်ကျလိုက်ဖြစ်နေတော့ ပြည်တွင်းရွှေဈေးကလည်း လိုက်ပြီး အတက်အကျဖြစ်နေတာပါ"ဟ

Friday, 23 Jun 2017

         ရန်ကုန်  စတော့အိတ်ချိန်းတွင် ရောင်းဝယ်လျက်ရှိသည့် အစုရှယ်ယာ များ၏ ရှယ်ယာများကို အနိမ့်ဈေးဖြင့် သာ ရောင်းဝယ်လျက်ရှိကြောင်းရန်ကုန် စတော့အိတ်ချိန်း၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ထို့ပြင် အဆို ပါ အိတ်ချိန်းတွင် ရောင်းဝယ်လျက်ရှိသည့်အစုရှယ်ယာ ကုမ္ပဏီများအနက်မှ MCB နှင့် MTSH တို့သည် ၎င်းင်းတို့၏ အမြတ် ဝေစုများကို ပေးအပ်ရန် စီစဉ်လျက်ရှိ သဖြင့် အစုရှယ်ယာရောင်းဝယ်သူူများ အနေဖြင့် သတိပြု၍ ရောင်း ဝယ်ကြရန် လိုအပ်ကြောင်း အစုရှယ်ယာဈေးကွက် အတွင်း အချင်းချင်း သတိပေးလျက်ရှိ သည်ဟု ဈေးကွက်အတွင်းမှသိရသည်။ "ဒီတစ်ပတ်ထဲမှာ အစုရှယ်ယာ အရောင်းအဝယ်က တော်တော်လေးကို နည်းတယ်။ ဈေးကလည်း ကျနေတော့ အဝယ်ရှိတာတောင်

Friday, 23 Jun 2017

       ယခုတစ်ပတ် ပြည်ဈေးကွက်ရဲ့ နှမ်းနီဈေးမှာ ယခင်တစ်ပတ် အတိုင်း ဈေးငြိမ်နေပြီး၊ နှမ်းနက်ဈေးပြန်တက်၍ စမုံနက်နှမ်းဈေးမှာ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ဈေးကျသွားတာ တွေ့ရပါတယ်။ ပြည်မြို့အနီးတစ်ဝိုက်တွင် ယခုတစ်ပတ်၌ မိုးများဆက်တိုက်ရွာသွန်းနေသဖြင့် ပြည်မြို့ရှိပွဲရုံများ၌ အရောင်းအဝယ်မဖြစ်သလောက် ရှိနေပါတယ်။ဆီစက်သမားများကလည်း လှောင်နှမ်းများကိုသာထုတ်ပြီး ဆီကြိတ်နေသဖြင့် ရံဖန်ရံခါသာ အရောင်းအဝယ် ဖြစ်လျက် ရှိပါတယ်။ ယခုတစ်ပတ် နှမ်းဈေးမှာ နှမ်းနီတစ်တင်းလျှင် ကျပ် ၃၀၀၀၀ ဖြင့် ယခင်တစ်ပတ်အတိုင်း ဈေးငြိမ် နေတာတွေ့ရပြီး နှမ်းနက်တစ်တင်းလျှင် ကျပ် ၃၈၃၀၀ ဖြင့်ယခင်တစ်ပတ်ထက် ဈေးမြင့်လာကာ စမုံနက်နှ မ်း တစ်တင်း လျ

Monday, 19 Jun 2017

        ဇွန် ၃ ရက်မှ ၉ ရက်အထိ သီတင်းပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၆၇သန်း တန်ဖိုးရှိ ဆန်နဲ့ကောက်ညှင်းဆန် ၃၀၄၂၃ တန် တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ ငစိန်ဆန် ၃၀၇၇ တန်၊ ဧည့်မထဆန် ၁၄၄၁၁ တန်နဲ့ ကောက်ညှင်းဆန် ၃၉၆ တန်ကျော်၊ ချင်းရွှေဟော်ကုန် သွယ်ရေးစခန်းမှ ငစိန်ဆန ၆၈တန်နဲ့ ဧည့်မထဆန် ၃၉၄ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၂၀၂၇တန် ကျော်တင်ပို့ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ  မောင်တောကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် တန် ၅၀ တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်က ၃၆၂၇၁ တန်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၅၈၄၈ တန်လျော့နည်းတင်ပို့ခဲ့ပ

Tuesday, 13 Jun 2017

       ယခုတစ်ပတ်တွင် ရန်ကုန်စတော့ အိတ်ချိန်း၌ ရောင်းဝယ်လျက်ရှိသည့် အစုရှယ်ယာများအား အနိမ့်ဈေးဖြင့်ပင် အရောင်းအဝယ်ပြုလုပ်လျက်ရှိ ကြောင်း YSX ၏ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ရန်ကုန် စတော့အိတ် ချိန်းတွင် အစုရှယ်ယာကုမ္ပဏီလေးခုက အရောင်းအဝယ်များ ပြုလုပ်လျက်ရှိရာ အစုရှယ် ယာလေးခုစလုံးပင် အကျဈေးဖြင့် ရောင်းဝယ်နေကြခြင်းဖြစ်သည်။ ယခုတစ်ပတ်အတွင်း အစုရှယ် ယာ အရောင်းအဝယ်ဖြစ်မှု ပမာဏမှာ ကျပ် သန်းသုံးရာနီးပါးရှိခဲ့ကြောင်း YSX ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Pages