Main menu

Background

Tuesday, 13 Jun 2017

        ယခုတစ်ပတ်တွင် ပြည်တွင်းရွှေဈေးသည် ကျပ် ၉၁၄၀၀၀ သို့ရောက်ရှိခဲ့ပြီး ပြန်လည်ကျဆင်းလာခဲ့သည်။ အဆိုပါဈေးသည် ယခုတစ်ပတ်အတွင်း အမြင့်ဆုံး ဈေးဖြစ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည်လည်း အမြင့်ဆုံးဈေးအဖြစ်  အမေရိကန် ၁၂၉၃ ဒေါ်လာအထိ ရောက်ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်ပြီး ကမ္ဘာ့ရွှေဈေးများ ပြန်လည်ကျဆင်းလာချိန်တွင် ပြည်တွင်းရွှေဈေးများလည်း ပြန်လည် ကျ ဆင်းလာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ "ကမ္ဘာ့ရွှေဈေးက မြင့်တက်လာတော့ ပြည်တွင်းရွှေဈေးကလည်း လိုက်ပြီး မြင့်တက်လာတယ်။ ဒီတစ်ပတ်မှာ ပြည်တွင်းရွှေဈေးက အမြင့်ဆုံး ကျပ် ၉၁၄၀၀၀ အထိ ရောက်ရှိခဲ့သလိ

Tuesday, 13 Jun 2017

      ပြီးခဲ့သည့်ရက်သတ္တပတ်များက ဈေးငြိမ်သက်ခဲ့သည့် ပြည်တွင်းငွေလဲ နှုန်းများသည် ယခုတစ်ပတ်တွင် ဈေးအနည်းငယ်ကျဆင်းကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ကမ္ဘာတစ်ဝန်းလုံးတွင်လည်း အမေရိက န်ဒေါ်လာနှင့် ဖလှယ်နှုန်းများ ကျဆင်းနေသဖြင့် ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းနေရခြင်းဖြစ် ကြောင်း ငွေလဲဈေးကွက်အတွင်းမှ သိရသည်။ "ဒီတစ်ပတ်မှာ ငွေလဲနှုန်းက ပြီးခဲ့တဲ့တစ်ပတ်ကနဲ့ နှိုင်းယှဉ်ရင် နည်းနည်းကျ သွား တယ်။ ဈေးကျသွားပေမယ့် အရောင်းအဝယ်က ပုံမှန်အတိုင်းပါပဲ။ ကမ္ဘာ့ နိုင်ငံအသီးသီးမှာလည်း အမေရိကန်ဒေါ်လာနဲ့ဖလှယ်နှုန်းက ကျဆင်းသွားတဲ့ အတွက် ပြည်တွင်းငွေလဲနှုန်းတွေပါ လိုက်ပါကျဆင်းရတာဖြစ်ပါတယ်"ဟု ဈေးကွက် အတွင်း ဝယ်ရော

Monday, 12 Jun 2017

     ပြည်ပဝယ်လက် ပဲများဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ယခုနှစ်အတွင်း ဈေးအေးခဲ့တဲ့အတွက်  လှောင်လက်သမားများ အရှုံးပေါ်သကဲ့သို့ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ လည်း တွက်ခြေမကိုက်သလောက် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံသီးနှံသည်လည်း ယခုကာလတွင် ပဲအဝင်မရှိဘဲ လက်ကျန် ပဲများဖြင့်သာ ရောင်းချခဲ့ကြပြီး ရန်ကုန်ဝယ်လက် သာ အဝယ်ရှိခဲ့ပါတယ်။ သို့ သော်လည်း နေ့စဉ်အရောင်း အဝယ်မဖြစ်ဘဲ ရက်ခြားသာ အရောင်း အဝယ်ဖြစ်ခဲ့ပြီးဝယ်လို အားရှိတဲ့ရက်မှာ အိတ် ၃၀၀ ကျော်ခန့်ရောင်းချခဲ့ရကြောင်း သိရပါတယ်။ ပဲဈေးမှာ တစ်တင်း နှစ်သောင်းအောက်ဖြင့်ဈေး ငြိမ်လျက်ရှိသလို မတ်ပဲဈေးထက်လည်း လျော့နည်းလျက်ရှိ ကြောင်းသိရပါတယ်။

 

Monday, 12 Jun 2017

    မေ ၂၇ ရက်မှ  ဇွန် ၂ ရက်အထိ သီတင်းပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂၂၈ သန်းတန်ဖိုးရှိ ဆန်နဲ့ ကောက်ညှင်းဆန် ၃၆၂၇၁ တန်တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်မှ တင်ပို့မှု များမှာ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၅၂၈တန်ကျော်နဲ့ဧည့် မထဆန်တန်ချိန် ၁၉၈၀၀ ကျော် ၊ချင်းရွှေ ဟော်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၁၂၄ တန်ကျော်နဲ့ ဧည့်မထဆန် ၂၁၃ တန် ကျော်၊ လွယ်ဂျယ် ကုန်သွ ယ်ရေးစခန်းမှ ငစိန်ဆန်တန်၁၅၀၅၀ ကျော် တင်ပို့ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တော ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၃၇တန်ကျော် တင်ပို့ခဲ့ပါတယ်။ ဆန်အပြင် ကောက်ညှင်းဆန် ၅၀၄တန်ခန့်ကို မူဆယ် (၁၀၅)မိုင်ကုန်သွယ

Thursday, 8 Jun 2017

        ကမ္ဘောဇဘဏ်လီမိတက်သည် မြန်မာအလုပ် သမားများအတွက် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြား  ယုံကြည်စိတ်ချစွာ ငွေလွှဲနိုင်စေရန်အတွက် Myanmar Remit Card (မြန်မာငွေလွှဲကတ်) ဝန် ဆောင်မှုအသစ်ကို ထိုင်းနို င်ငံရှိ Kasikorn ဘဏ် (KBank) နှင့်ပူးပေါင်း၍ စတင်လုပ်ဆောင်လျက်ရှိ နေပြီဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ သတင်းထုတ် ပြန်ချက်များအရ သိရသည်။ ထိုင်းနိုင်ငံမှ ထုတ်ပေးထားသော ကတ်များ နှင့် ထိုင်းနိုင်ငံတစ်ဝန်းရှိ KBank ATM စက်များမှ တစ်ဆင့် ဘားကုဒ်အား Scan ဖတ်စစ်ဆေးခြင်း ဖြင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား များအနေဖြင့် လက်ခံအကောင့်တစ်ခုဆီသို့ တစ် နေ့လျှင်တစ်ကြိမ်နှုန်းဖြင့် ထိုင်းဘတ်ငွေ ၁၀၀ç၀၀၀

Thursday, 8 Jun 2017

     MMK Supporting Consultant Co,Ltd သည် ဂျပန်နိုင်ငံမှ မျိုးစေ့ ယူဆောင်လာ၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ၊ပြင်ဦးလွင်မြို့၊ ဗိုလ်ချုပ်ရွာ B2 တွင် Bupleurum Root (ဂျပန်စမုံစပါး) ၊Saposhnikovia Divaricata (Boufu) (တရုတ် နံနံပင်)၊  Scutellaria Baicalensis (Ougon) (မွန်ဂိုလီယံပင်ပွ)၊ Platycodon Grand- iflorus (ဘောလုံးပန်း) တို့အား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာခန့်မှစ၍ မြေစမ်းစတင်စိုက်ပျိုးခဲ့ပြီး၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ဆေးမြစ်များတူးဖော်၍  သဘာဝနည်းဖြင့် အခြောက်ခံကာ ၂၀၁၇ ခုနှစ် ဇွန်လတွင် အဆိုပါဆေးမြစ်များအား ဈေးကွက်သစ် ရရှိရေးအတွက် စမ်းသပ်ကာလအဖြစ် အမေရိကန်ဒေါ်လာ ၂၆၃ ဒသမ ၈၀ တန် ဖိုးရှိ ဆေးမြစ်

Thursday, 1 Jun 2017

     ယခုတစ်ပတ်အတွင် ပြည်တွင်းရွှေဈေးများ ပြန်လည်ကျဆင်းလာသော်လည်း ကျပ်ကိုးသိန်းအထက်တွင်သာရှိနေသေးကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းလာမှုကြော င့် ပြည်တွင်းရွှေဈေး ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်း ရွှေကုန်သည်တစ်ဦးက သုံးသပ်ခဲ့သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ပြည်တွင်းရွှေဈေးများသည် ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် လိုက်ပါမြင့်တက်ခဲ့သဖြင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၉၁၀၀၀၀ သို့ ရောက်ရှိခဲ့သည်။

Thursday, 1 Jun 2017

ပြည်ခရိုင်အတွင်း ပြည်ဈေးကွက်နှင့်အနီးတစ်ဝိုက်ရှိ ဒေသဈေးကွက်များတွင် ဧပြီ၊ မေလများအတွင်း ဆန်၊ စပါးဈေးနှုန်းများ ဈေးငြိမ်လျက်ရှိကြောင်း သိရပါတယ်။ ယခုမေလစတုတ္ထပတ်အတွင်းမှစ၍သဲကုန်းမြို့နယ်မှ အစောဆုံး ထွက်ရှိလာသော နွေစပါးများ ပြည်ဈေးကွက်သို့ ဝင် ရောက်လာတာ တွေ့ရပါတယ်။ ဆန်ကုန်သည်တစ်ဦးရဲ့ ပြောပြချက်အရ ဒီနှစ်ပေါ်စ နွေစပါးဟာ အရည်အသွေး ကောင်းမွန်သဖြင့် ဝင်ရောက်လာသမျှ ဝယ်လက်အဆွဲများပြီး အေ ရာင်းသွက်၍ ဈေးကောင်းရရှိကြောင်းလည်း သိရပါတယ်။ ပြည်ဈေးကွက်မှ အောင်လံ၊ ပြည်၊ ပန်းတောင်း၊ ဥသျှစ်ပင်၊ မင်းတုန်းစတဲ့မြို့နယ်များမှ တစ်ရက်ကြိတ်ခွဲရသမျှ အရောင်းအဝယ်အကုန်ဖြစ်ကာ  ရန်ကုန်ဝယ်လက် အဝယ်ရှိ သလောက် မတင်ပို့နိုင်သေးက

Thursday, 1 Jun 2017

      ပြည်ပဲမျိုးစုံဈေးကွက်အတွင်း မေတတိယပတ်မှာ အချို့ပဲများအဝင် မရှိသလို လက်ကျန်လည်း သိပ်မရှိခဲ့တာကြောင့် အရောင်းအဝယ်အေးနေတာ တွေ့ရပါတယ်။ ဒါကြောင့် ပဲလွန်းဖြူသီးနှံ အရောင်းအဝယ်သိပ်မဖြစ်ခဲ့ဘဲ အိတ် အနည်းငယ်သာ ရောင်းဝယ်မှုရှိပြီး လက်လီသမားအချို့ဝယ်ယူကြတာ ကြောင့် တစ်တင်းကျပ် ၂၈၅၀၀ ဖြင့် ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် ပိုရလာခဲ့ပါတယ်။ လက်လီ ပဲဈေးကွက်မှာ ပဲနီပြား၊ ဘိုကိတ်ပဲများနှင့်နှိုင်းယှဉ်ပါက  ပဲလွန်းဖြူသီးနှံဟာဈေးကောင်းရခဲ့တာကို တွေ့ရပါတယ်။   ယခင်နှစ်က မေလအတွင်း ပဲလွန်းဖြူ တစ်တင်းကျပ်  ၂၁၀၀၀ သာရရှိခဲ့လို့ ယခင်နှစ်ထက် လည်း ဈေးကောင်းရနေခဲ့ကြောင်း သိရပါတယ်။

 

Tuesday, 23 May 2017

မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက စတုတ္ထအကြိမ်မြောက်   မြန်မာ့သရက်ပွဲတော်၊ မြန်မာ့လက်ဖက်ပွဲတော်နှင့် စိုက်ပျိုးရေးဆိုင်ရာကုန်စည်ပြပွဲ (၂၀၁၇) ကို မန္တလေး မြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၆၈ လမ်းကြားရှိ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းတွင် မေလ ၂၀ ရက်မှ ၂၂ ရက်ထိ ကျင်းပခဲ့ကြောင်းသိရှိရသည်။  

Pages