Main menu

Background

Thursday, 1 Jun 2017

     ယခုတစ်ပတ်အတွင် ပြည်တွင်းရွှေဈေးများ ပြန်လည်ကျဆင်းလာသော်လည်း ကျပ်ကိုးသိန်းအထက်တွင်သာရှိနေသေးကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းလာမှုကြော င့် ပြည်တွင်းရွှေဈေး ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်း ရွှေကုန်သည်တစ်ဦးက သုံးသပ်ခဲ့သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ပြည်တွင်းရွှေဈေးများသည် ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် လိုက်ပါမြင့်တက်ခဲ့သဖြင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၉၁၀၀၀၀ သို့ ရောက်ရှိခဲ့သည်။

Thursday, 1 Jun 2017

ပြည်ခရိုင်အတွင်း ပြည်ဈေးကွက်နှင့်အနီးတစ်ဝိုက်ရှိ ဒေသဈေးကွက်များတွင် ဧပြီ၊ မေလများအတွင်း ဆန်၊ စပါးဈေးနှုန်းများ ဈေးငြိမ်လျက်ရှိကြောင်း သိရပါတယ်။ ယခုမေလစတုတ္ထပတ်အတွင်းမှစ၍သဲကုန်းမြို့နယ်မှ အစောဆုံး ထွက်ရှိလာသော နွေစပါးများ ပြည်ဈေးကွက်သို့ ဝင် ရောက်လာတာ တွေ့ရပါတယ်။ ဆန်ကုန်သည်တစ်ဦးရဲ့ ပြောပြချက်အရ ဒီနှစ်ပေါ်စ နွေစပါးဟာ အရည်အသွေး ကောင်းမွန်သဖြင့် ဝင်ရောက်လာသမျှ ဝယ်လက်အဆွဲများပြီး အေ ရာင်းသွက်၍ ဈေးကောင်းရရှိကြောင်းလည်း သိရပါတယ်။ ပြည်ဈေးကွက်မှ အောင်လံ၊ ပြည်၊ ပန်းတောင်း၊ ဥသျှစ်ပင်၊ မင်းတုန်းစတဲ့မြို့နယ်များမှ တစ်ရက်ကြိတ်ခွဲရသမျှ အရောင်းအဝယ်အကုန်ဖြစ်ကာ  ရန်ကုန်ဝယ်လက် အဝယ်ရှိ သလောက် မတင်ပို့နိုင်သေးက

Thursday, 1 Jun 2017

      ပြည်ပဲမျိုးစုံဈေးကွက်အတွင်း မေတတိယပတ်မှာ အချို့ပဲများအဝင် မရှိသလို လက်ကျန်လည်း သိပ်မရှိခဲ့တာကြောင့် အရောင်းအဝယ်အေးနေတာ တွေ့ရပါတယ်။ ဒါကြောင့် ပဲလွန်းဖြူသီးနှံ အရောင်းအဝယ်သိပ်မဖြစ်ခဲ့ဘဲ အိတ် အနည်းငယ်သာ ရောင်းဝယ်မှုရှိပြီး လက်လီသမားအချို့ဝယ်ယူကြတာ ကြောင့် တစ်တင်းကျပ် ၂၈၅၀၀ ဖြင့် ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် ပိုရလာခဲ့ပါတယ်။ လက်လီ ပဲဈေးကွက်မှာ ပဲနီပြား၊ ဘိုကိတ်ပဲများနှင့်နှိုင်းယှဉ်ပါက  ပဲလွန်းဖြူသီးနှံဟာဈေးကောင်းရခဲ့တာကို တွေ့ရပါတယ်။   ယခင်နှစ်က မေလအတွင်း ပဲလွန်းဖြူ တစ်တင်းကျပ်  ၂၁၀၀၀ သာရရှိခဲ့လို့ ယခင်နှစ်ထက် လည်း ဈေးကောင်းရနေခဲ့ကြောင်း သိရပါတယ်။

 

Tuesday, 23 May 2017

မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက စတုတ္ထအကြိမ်မြောက်   မြန်မာ့သရက်ပွဲတော်၊ မြန်မာ့လက်ဖက်ပွဲတော်နှင့် စိုက်ပျိုးရေးဆိုင်ရာကုန်စည်ပြပွဲ (၂၀၁၇) ကို မန္တလေး မြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၆၈ လမ်းကြားရှိ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းတွင် မေလ ၂၀ ရက်မှ ၂၂ ရက်ထိ ကျင်းပခဲ့ကြောင်းသိရှိရသည်။  

Tuesday, 23 May 2017

   ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ ရွာသာကျေးရွာနှင့် လိန်ကုန်းကျေးရွာ များသည် ဆန်ကော၊ ဆန်ခါ ရက်လုပ် ခြင်းလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ကျေးလက်နေ ပြည်သူများအနေဖြင့် စီးပွားရေးကောင်း မွန်လျက်ရှိကြောင်း သိရပါသည်။ဆန်ကောရက်လုပ်ခြင်း လုပ် ငန်းတွင် ဝါးလုံးအဆစ်ဖြတ်တောက် ခြင်း၊ ဝါးဆစ်ကိုဝါးချောင်းငယ်များ အဖြစ် ခွဲစိတ်ခြင်း၊ ဝါးခြမ်းစိတ်ငယ်မှ နှီးလွှာခြင်း၊ နှီးပြားများကို အချော သတ်ခြင်း၊ အချော သတ်ပြီး နှီးများကို ဆန်ကောဆန်ခါပြင်အဖြစ် ရက်လုပ် ခြင်း၊ ရက်လုပ်ပြီး ဆန်ကောပြင်ကို နှီးများသိပ်သည်းရန်ဒေါက်ရိုက်ခြင်း၊ ဒေါက်ရိုက်ပြီး ဆန်ကောပြင်ကို ဆန်ကော အရွယ်အစားမီစေရန် စက်လှည့်ပြီး ဖြ

Thursday, 18 May 2017

     နိုင်ငံတော်မှ ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရန်နှင့် နိုင်ငံခြားဝင်ငွေတိုးမြှင့် ရှာဖွေနိုင်ရန်အတွက်  အမျိုးသား ပို့ကုန်မဟာဗျုဟာအရ ပို့ကုန်မြှင့်တင် မည့် ဦးစားပေးကဏ္ဍ ခုနစ်ရပ်အဖြစ် ဆန်နှင့် ဆန် ထွက်ပစ္စည်း၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ၊ ရေထွက် ကုန်ပစ္စည်း၊ အထည်အလိပ်နှင့် အဝတ်အထည်၊ သစ်နှင့် သစ်တောထွက်ပစ္စည်း၊ ခရီးသွားလုပ်ငန်း၊ ရော်ဘာတို့အပြင် ဟင်းသီး ဟင်းရွက်နှင့် သစ်သီး ဝလံ ပန်းမန်များကိုပါ ဦးစားပေးကဏ္ဍတွင် ထည့် သွင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

Wednesday, 17 May 2017

ပြည်(ပွဲရုံ) ဈေးကွက်အတွင်းသို့ ကြက်သွန်ဖြူအသစ်တွေ ဝင်ရောက်လာတာတွေ့ရပါတယ်။ အစိုဓာတ်ရှိနေပေမယ့် ဈေးကွက်ဝင်  အရွယ်အစားရှိပြီး၊ ဈေးနှုန်းကျဆင်းတာကြောင့်လည်း အရောင်းအဝယ်ကျ မသွားဘဲ ပုံမှန်ရောင်း ဝယ်နေတာတွေ့ ရပါတယ်။ ကြူကုတ်စရော၊ ရှမ်းစပါ အသစ်တွေချည်း ဝင်ရောက်လာတာ တွေ့ရပါတယ်။ယခုတစ်ပတ် ကြက်သွန်ဖြူဈေးတွေကတော့ ပြည်(ပွဲရုံဈေး) လက်ကားတစ်ပိဿာလျှင် ရှမ်းစ ကျပ် ၃၃၀၀ မှ ကျပ် ၃၅၀၀ ထိရှိပြီး၊ ကြူကုတ်စ တစ်ပိဿာ  ကျပ် ၅၇၀၀ တို့ဖြစ်ပါတယ်။ လက်လီဈေးများတွင်တော့ ရှမ်းစ ကျပ် ၄၅၀၀ နှင့် ကြူကုတ်စ ကျပ် ၆၈၀၀ ဈေးတို့ဖြင့် ရောင်းချလျက်ရှိပါတယ်။ အဝင်အနေဖြင့် ပြည်ဈေးကွက်အတွင်း မှာ ကြက်သွန်ဖြူ အဟောင်းလက်ကျန် ကိုသာ ရောင်းချနေက

Wednesday, 17 May 2017

     ပဲခူးတိုင်းဒေသကြီး၊   ပြည်ခရိုင်အတွင်း သစ်သီးဝလံ ဈေးကွက်သို့ မေလဆန်းမှစ၍ သရက်သီးမှည့်များ စတင် ဝင်ရောက်လာတာကို တွေ့ရပါတယ်။ ပြည်ခရိုင်၊ ပြည်မြို့နယ် တွင် မြကျောက်၊ ရင်ကွဲ၊ မချစ်စု၊ ဘုတ်ဆုံသီး စသည်ဖြင့် အမျိုးအစားများစွာရှိသော်လည်း   မြကျောက်သရက်သီး အထွက်ပိုများလို့ ပြည်ဒေသရဲ့  ဒေသထွက်လက်ဆောင်တစ်ခု အဖြစ်ပါဝင်နေခဲ့ပါတယ်။  ပြည်အနီးတစ်ဝိုက်နှင့် ပြည်တစ် ဖက်ကမ်း၊ ရွှေဘုံသာမုနိ ဘုရား အနီး ကျေးရွာများမှလည်း မြကျောက်သရက်သီးများ ထွက်ရှိတာကြောင့် ရွှေဘုံသာမုနိ ဘုရားကြီး၏ ဈေးတန်းတစ်လျှောက်မှာ ယခုလိုအချိန် ကာလ များတွင် သရက်သီးအရောင်းဆိုင်များ ပြည့်နှက်လျက်ရှိကြ ကာ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး လာရောက်

Wednesday, 17 May 2017

ယခုတစ်ပတ်တွင် မင်းတုန်း၊ ကံမနှင့်ပန်းတောင်းမြို့နယ်ဘက်မှတစ်နေ့လျှင် မြေပဲဆန်အိတ် ၅၀၀ ခန့် ပြည်ဈေးကွက်သို့   ဝင်ရောက်လာတာ တွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆန်ကို ဆီစက်များက အဝယ်ရှိပေမယ့်လည်း ယခုချိန်တွင် နှမ်းကို ဦးစားပေးဝယ်ယူနေသဖြင့် မြေပဲဆန်ဈေးမှာ ယခင် တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဈေးအနည်းငယ်  ကျလာတာတွေ့ရပါတယ်။ လုံးဆန် (အဖြူ)ကို ဝယ်လက်များက ဝယ်ယူမှုရှိခြင်း၊ လုံးဆန်(အနီ)ကိုပဲလှော်သမား များက ဝယ်ယူမှုရှိနေသော်လည်း ဈေးအနည်းငယ် ကျလာတာတွေ့ရပါတယ်။ ယခုတစ်ပတ် မြေပဲဆန်ဈေးမှာ ဆီကြိတ်မြေပဲဆန် တစ်ပိဿာလျှင် ကျပ် ၂၁၀၀၊ လုံးဆန်(အဖြူ) တစ်ပိဿာလျှင် ကျပ် ၂၆၀၀ နှင့် လုံးဆန်(အနီ) တစ် ပိဿာလျှင် ၂၄၂၅ ကျပ်ဖြင့် တစ်နေ့လျှင် အ

Wednesday, 17 May 2017

   ယခုတစ်ပတ် ရန်ကုန်မြို့ ဝါးတန်းဆန်ဈေးကွက်ရဲ့ ဆန်လက်ကားဈေးနှုန်းများအရ  ဆန်ချောဈေးငြိမ်ပြီး ဆန်ကြမ်း ဈေးတက်ကြောင်း သိရပါတယ်။ ဖျာပုံပေါ်ဆန်း ဆန်ထိပ်စတစ်အိတ်လျှင် ကျပ် ၃၆၀၀၀၊ လတ်စတစ်အိတ် လျှင်  ကျပ် ၃၄၀၀၀၊ ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်လျှင် ကျပ် ၃၆၅၀၀၊ လတ်စတစ်အိတ်လျှင် ကျပ် ၃၄၀၀၀၊နယ်စုံကျိုက်လတ်ပေါ်ဆန်းဆန်ထိပ်စတစ်အိတ် လျှင် ကျပ် ၃၃၀၀၀၊ လတ်စတစ်အိတ်လျှင် ကျပ် ၃၁၀၀၀ နဲ့ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပါတယ်။ ရွှေဘို ပေါ် ဆန်းဆန်အသစ်ကတော့  တစ်အိတ်လျှင် ကျပ် ၄၂၀၀၀ မှ ကျပ် ၄၅၀၀၀ ရှိပြီး ယခင်တစ်ပတ်ဈေးထက်တစ်အိတ်ကို ကျပ်၁၀၀၀ ခန့်ဈေး တက်ပါတယ်။ ဧည့်မထဆန်ထိပ်စတစ်အိတ်လျှင် ကျပ် ၂၀၅၀၀၊ လတ်စတစ်အိတ်လ

Pages