Main menu

Background

Friday, 17 Mar 2017

   ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၃ ရက်အထိ သီတင်းပတ် အတွင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၃ ဒသမ ၉၂၄ သန်းဖိုးရှိ ရော်ဘာတန် ၂၀၁၃ တန်ခန့် တင်ပို့ခဲ့တဲ့အနက်RSS1 ၁၁၆ တန်ကျော် ၊RSS3  ၁၅၄၈ တန်ကျော်၊MSR 20 ၃၃၂ တန်နဲMSR 50 ၁၆ တန် ဖြစ်ပါတယ်။ အလားတူ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၆၉၆ သန်းဖိုးရRSS1 ၄၃၄ တန်ခန့်နRSS3၁၇ တန်ကျော်၊ မြိတ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၂၀၆ သန်းဖိုးရMSR 20 ၀ ၁၂၅ တန်ကျော် တင်ပို့ခဲ့ရာ စခန်းအားလုံးမှ စုစု ပေါင်း တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၂၆ သန်း ဖိုးနဲ့ တန်ချိန်၂၅၈၉ ကျော်ဖြစ် ပါတယ်။ ယခင်တစ်ပတ်က ၄၃၈၂ တန်ကျော် တင်ပို့ခဲ့တ

Friday, 17 Mar 2017

မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ် လုပ်  တင်ပို့ရောင်းချသူများအသင်း (ဗဟို) သည်  Winrock International  အဖွဲ့အစည်း၏   ကူညီပံ့ပိုးမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီး အတွင်းရှိ ဖရဲ၊ သခွား မွှေး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး စီမံကိန်းကိုUSAID၏ ရန်ပုံငွေဖြင့် ]]မြန်မာနိုင်ငံ  အပူပိုင်းဒေသ ဖရဲ၊ သခွားမွှေး တန်ဖိုးမြှင့် ကွင်းဆက်စီမံ ကိန်း ၂၀၁၇-၁၈ စီမံကိန်း}}အစီအစဉ် ကို ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ နိုင်ငံ အပူပိုင်းဒေသ ဖရဲ၊ သခွားမွှေး တန်ဖိုးမြှင့် ကွင်းဆက်စီမံကိန်း Up- grading Value Chain for Melon in Dry Zone, Myanmar Project)  ရုံးခန်း

Friday, 17 Mar 2017

    အုန်းသီးစိမ်းကို ကသည်းလူမျိုး များ အဝယ်များ၊ အစားများတဲ့အတွက် နန့်ဖာလုံဈေးမှာ အုန်းသီးစိမ်းတွေ ဈေး ကောင်းရနေပါတယ်။ ကလေး၊ တမူး၊ ကလေးဝမြို့နယ်အတွင်း ကျေးရွာများ မှာ အုန်းသီးစိမ်းတစ်လုံးလျှင်  အလုံး အရွယ်အစားပေါ်  မူတည်ပြီး ကျပ် ၃၀၀ မှ ကျပ် ၅၀၀ ခန့် ဈေးရှိပါတယ်။ နန့်ဖာလုံဈေးမှာတော့ အုန်းသီးစိမ်း တစ်လုံးလျှင် ရူပီး ၅၀ (မြန်မာငွေကျပ် ၁၀၀၀ ခန့်) ရှိပါတယ်။အုန်းသီးခြောက် ကတော့ သီတင်း ကျွတ်၊ တန်ဆောင်မုန်း လရောက်မှသာ ဈေးကွက်ရှိပါတယ်။ ဟိန္ဒူလူမျိုးများက အုန်းသီးခြောက်ကို မိမိသက်စေ့ ဝယ် ယူပြီး မိဘ၊ ဘိုးဘွားများကို ကန်တော့ ခြင်း၊ မြစ်အတွင်း အုန်းသီးခြောက်ရေ မျှောသည့်ပွဲများ နှစ်စဉ်ကျင်းပခြင်းတို့ ကြ

Thursday, 9 Mar 2017

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ ရက်သတ္တ ပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၂၆၅ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၁၈ တန်ခွဲတင်ပို့ခဲ့ရာ တင်ပို့ ခဲ့ တဲ့ နှမ်းအမျိုးအစားတွေကတော့ နှမ်းဖြူတန် ၂၀၊ နှမ်းနက် ၁၆၆ တန်ခွဲနဲ့ နှမ်းညို ၃၂ တန်ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ်မှ နှမ်းဖြူ /နှမ်းနက် ၆၈ တန်ခွဲသာ တင်ပို့ခဲ့လို့ယခုတစ်ပတ် မူဆယ်မှနှမ်းတန် ၁၅၀ ပိုမိုတင်ပို့နိုင် ခဲ့တာတွေ့ရ ပါတယ်။

Thursday, 9 Mar 2017

ပြည်ပဲဈေးကွက်သို့ ဆောင်းပဲသစ်များ မတ်လဆန်းတွင် ဝင်ရောက်မှုများလာ ပြီဖြစ်တဲ့အတွက် မတ်ပဲသီးနှံလည်း အထွက်လှိုင်လာလို့ ဈေးကွက်မှာ နယ်စုံမှ ဝင်ရောက်လာပြီဖြစ်ပါတယ်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်း ၊ရွှေတောင်၊ ကျီးသဲနှင့် ပြည်မြို့နယ်အတွင်းမှ ဝင်ရောက်မှုများသလို ကံမမြို့နယ် ဘက်မှလည်း ဝင်ရောက်ခဲ့တာကြောင့် တစ်ရက်အိတ် ၅၀၀ ကျော် ၆၀၀ အထိ ပဲအဝင်များခဲ့ပြီး၊ ရန်ကုန်ဝယ်လက်မှလည်း ဝင်လာသမျှ ဝယ်လို အားကောင်းနေကာ  ပဲဈေးမှာ တစ်တင်း ကျပ် ၃၀၈၀၀ ဖြင့် ဖေဖော်ဝါရီလကုန်က ဈေးထက် အနည်းငယ်ဈေးပို လာပေမယ့် တချို့တောင်သူတွေကတော့ ပဲဈေးကောင်းစောင့်ကာ  ထွက်ရှိလာသမျှ ပဲများ အား ရောင်း ချခြင်း မရှိသေးဘဲ သိုလှောင်ထားရှိကြ တ

Wednesday, 8 Mar 2017

    ကော်ဖီကြိုက်နှစ်သက်သူများနှင့် စိတ်ပါဝင်စားသူများ လေ့လာ နိုင်မည့် မြန်မာ့ပထမဆုံး Coffee Origin Tour  ကို ရှမ်းပြည်နယ်တောင် ပိုင်း ရွာငံမြို့နယ်တွင် လုပ်ဆောင်ထားကြောင်း သိရသည်။အဆိုပါ Coffee Origin Tour လုပ်ဆောင် ရခြင်းမှာ ကော်ဖီသောက် သုံးမည့်သူများအား ကော်ဖီစိုက်ပျိုးပုံ စိုက်ပျိုးနည်းနှင့် ကော်ဖီစေ့ကောင်း ရရှိရန်၊ အထွက်နှုန်းကောင်းသည့် ကော်ဖီများ ရရှိရန်၊ ဆောင်ရွက်ပုံ ဆောင်ရွက်နည်းများကို သိရှိစေ ရန်နှ င့် ဒေသခံများအတွက် အလုပ် အကိုင် အခွင့်အလမ်းများရရှိစေရန်  ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ် ကြောင်း သိရသည်။

Tuesday, 7 Mar 2017

ယခုရက်သတ္တပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ဈေးကွက်အတွင်းဝယ်လိုအားနှင့် ရောင်းလိုအားမျှ နေသော်လည်း ငွေလဲနှုန်းများမှာ ကျဆင်းနေသည်ဟုဆိုသည်။
''ပြီးခဲ့တဲ့တစ်ပတ်ကထက် ငွေလဲနှုန်းတွေ ကျဆင်းလာခဲ့ပါတယ်။ ဈေးကွက် ထဲမှာ ရောင်းလိုအားနဲ့ ဝယ်လိုအားမျှနေပေမယ့် ဈေးကကျလာတယ်။ ကမ္ဘာမှာ လည်း အမေရိကန်ဒေါ်လာနဲ့ တခြားငွေကြေးတွေရဲ့လဲလှယ်နှုန်းကလည်း ကျ ဆင်းလာတဲ့အတွက် အခုလိုပြည်တွင်းငွေလဲနှုန်းတွေပါ လိုက်ပါကျဆင်းလာတာပါ''ဟု ဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသည့် ကိုစိုးတင့်က ပြောကြားခဲ့သည်။

Tuesday, 7 Mar 2017

 မုံရွာ(ပွဲရုံ)စားဖိုဆောင်သီးနှံရောင်းဝယ်ရေးတွင် ဖေဖော်ဝါရီလကုန်ပတ်မှာ ကြက်သွန်နီဈေးနှုန်း  ဆက် လက်ကျဆင်းလာတာ တွေ့ရပါတယ်။ ကြက်သွန်နီ အသစ်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုများပြား သဖြင့် ဈေးနှုန်း ကျဆင်းရခြင်းဖြစ်ကြောင်း မုံရွာကြက် သွန်နီပွဲရုံလုပ်ငန်းရှင်များထံမှသိရပါတယ်။ပွဲရုံသို့နေ့စဉ် ကြက်သွန်နီ ဝင်ရောက်မှုမှာ ပိဿာ ၂၀၀၀၀ ခန့်ရှိပြီး မုံရွာပွဲရုံများမှ ဒေသတွင်းဝယ်လက်များနှင့် အိတ်ဆွဲ သမားများအပြင် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ ရောင်းဝယ်မှုအပါအဝင် တစ်ရက်လျှင် ပိသာ၃၀ ဝင် အိတ် ၆၅၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ်  ကြက်သွန်နီဈေးနှုန်းမှာ မုံရွာပွဲရုံများ၌ လက်ကား

Tuesday, 7 Mar 2017

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်   ကုန်သွယ် ရေးဇုန်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းနဲ့ လွယ်ဂျယ်ကုန် သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီ  ၁၈ ရက်မှ ၂၄ ရက် အထိ သီတင်းတစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၈၂၇ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၂၄၈၆၇ကို  တင်ပို့ခဲ့ရာ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၈၀၆ တန် ကျော်၊ ဧည့်မထဆန် ၁၂၂၀၀ တန်နီးပါး၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၈၃ တန်ခန့်နဲ့ ဧည့်မထဆန် ၄၂၃ တန်ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၁၃၅၅ တန်တင်ပို့ ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန်တန်ချိန် ၂၄၆၉၉ တန်ကျော် တင်ပို့ခဲ့တဲ့အတွက်  ယခုတစ်ပတ်မှာ ၁၆၈ တန် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။

Tuesday, 7 Mar 2017

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စုံမိုးစပါး ဈေးကွက်မှာ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက စပါး၊ ဆန် ဈေးနှုန်းများကျဆင်းလျက်ရှိရာ ယခုလက်ရှိဈေးကွက်မှာ အများအားဖြင့် အရောင်းအဝယ်အေးလျက်ရှိကြောင်း ယခု ရက်ပိုင်းအတွင်း ပုသိမ်ခရိုင်အတွင်းရှိ အချို့မြို့နယ်များတွင် စပါးတင်း ၁၀၀လျှင် ကျပ် ၁၀၀၀၀ ဝန်းကျင်မြင့်တက်လျက်ရှိ ကြောင်း ဆန်စပါးဈေးကွက်မှသိရပါတယ်။

Pages