Main menu

Background

Wednesday, 6 Apr 2016

        မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မတ်လ ၁၉ ရက်မှ ၂၅ ရက်တာ သီတင်းပတ်တွင် ကန်ဒေါ်လာ ၁၀၉၃၉၀ တန်ဖိုးရှိ နနွင်းတက် (ရှမ်းစ) ၁၄၈ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၂၁၄ တန်ခွဲ တင်ပို့ခဲ့တာ မို့ မူဆယ်နယ်စပ်ကနေ နနွင်းတက်တင်ပို့မှု ပုံမှန်ရှိတယ်လို့ ဆိုရပါမယ်။ မူဆယ် ကုန်စည်ဒိုင်မှာ နနွင်းတက်တစ်တန်ကို   (ငွေလဲနှုန်းအရ) မိမိဘက်ပေါက်ဈေး ၈၄၅၆၀၀-၉၀၆၇၅၀ ကျပ်ဈေးအထိ ရှိပါ တယ်။ နနွင်းတက်ကို တစ်ဖက်တရုတ်နိုင်ငံမှာ ဆေးဖော်ဖို့နဲ့ အမှုန့်ပြုလုပ်ဖို့ ဝယ်ယူနေတာကြောင့် ပုံမှန်အရောင်းအဝယ်ရှိနေတာလို့ ကုန်စည်ဒိုင်တွေကတစ်ဆင့် သိရပါတယ်။ နနွင်းခါးကတော့ ဈေးချိုပြီး နည်းနည်းချင်းစီပဲအဝယ် ရှိ

Wednesday, 6 Apr 2016

            နှစ်စဉ် ဈေးနေကာင်းရနေတဲ့ ပြည်တွင်းဝယ်လက်စားတော်ပဲသီးနှံဟာ ယခုနှစ်မှာလည်း  ကျပ် သုံးသောင်း အထက် ရရှိနေခဲ့ပါတယ်။ မင်းတုန်း၊ ကံမမြို့နယ်များမှ ပြည်ဈေးကွက်သို့ ဝင်ရောက်ခဲ့လို့ တစ်ရက် အိတ် ၁၅၀ ေ ကျာ် နေ့စဉ် ဝင်ရောက်လျက်ရှိပြီး ဝယ်လက်အနေဖြင့် လှောင်သမားရော၊ လက်လီပါအဝယ်ရှိခဲ့ပါတယ်။  ယခင်တစ်ပတ်က တစ်တင်း ၃၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်ခဲ့ရာမှ ယခုရက်မှာတော့ တစ်တင်း ၃၂၀၀၀ ကျပ်ရရှိခဲ့တာကို တွေ့ရ ပါတယ်။ ယခင်နှစ်က မတ်လအတွင်း လက်လီပဲထဲမှာ တစ်တင်း ၂၅၀၀၀ ကျပ်ဖြင့် ဈေးကောင်းတယ်လို့ ဆိုရမှာဖြစ်သော်လည်း ယခုနှစ်မှာတော့ တစ်တင်း ကျပ် ၇၀၀၀ ခန့် ဈေးပိုရလာသလို အခြားပြည်တွင်း ဝယ်လက်ပဲများနဲ့ ယှဉ်ရင်လည်း ဈေး ကောင

Wednesday, 6 Apr 2016

         သာယာဝတီခရိုင်အတွင်းရှိ တောင်သူလယ်သမားများသည် မိုးစပါးစိုက်ပျိုးရာမှ ထွက်ရှိသည့် စပါးတင်း ၁၀၀ ကို ၆၁၆၄၀၀ ကျပ်ဈေးရရှိကြပြီး၊ ဆောင်းရာသီတွင် ဆောင်းသီးနှံမတ်ပဲကို မိုးစပါးရိတ်ပြီးလျှင်ပြီးခြင်း မြေအစု ဓာတ် အမီစော၍ စိုက်ပျိုးခဲ့သည့်တောင်သူများ ယခုအချိန်တွင် မတ်ပဲများ ထွက်ပေါ်နေပြီဖြစ်သောကြောင့် မတ်ပဲတစ်တင်း ပေါက်ဈေး ၄၇၂၀၀ ကျပ်နဲ့ ယခင်နှစ်ကထက် ဈေးကောင်းရရှိ နေပြီဖြစ်ပါတယ်။

Tuesday, 5 Apr 2016

           မုံရွာကုန်စည်ဒိုင် မတ်လကုန် ပတ် ပဲဈေးကွက်မှာ အဓိက Export ပဲတွေထဲက ငုံနီနဲ့မတ်ပဲတို့ ဈေးမာခဲ့ကြ ပြီး၊ ပြည်တွင်းသုံး လိုအပ်ချက်မြင့်မားတဲ့ ကုလားပဲမျိုးစုံကလွဲရင် ကျန်ပဲတွေ ဈေး အေးခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါ တယ်။ ယခုတစ်ပတ် ငုံနီဈေးကွက်မှာ ကုန်သည်လှောင်လက်ထက်  နယ် တောင်သူပဲတွေ  အဝင်ရှိခဲ့သလောက် အရောင်းအဝယ်ဖြစ်ခဲ့ကာ    တစ်ရက် အိတ် ၁၀၀၀ မှ ၁၅၀၀ ဝန်းကျင်အထိဖြစ် ခဲ့ပြီး၊ တစ်တင်း ၄၆၆၀၀ ကျ ပ်အထိ ဈေး မာခဲ့တာ တွေ့ရပါတယ်။ မတ်ပဲဈေးကွက်မှာလည်း နယ်အဝင်နဲ့ကုန်သည်အရောင်းပုံမှန်ဖြစ်ခဲ့လို့ တစ်ရက်အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၄၉၀၀၀ ကျပ်အထိ အ

Tuesday, 5 Apr 2016

  မတ်လကုန်သီတင်းပတ်အတွင်း ပြည်ပဲဈေးကွက်မှာ ပဲနီပြားသီးနှံများ ဝင် ရောက်မှုများတဲ့အတွက် အိတ် ၃၀၀ ကျော်အထိ ဝင်လာခဲ့တာကို  တွေ့ရပါတယ်။ ဖေဖော်ဝါရီလမှစ၍ ပဲသစ်များ ဝင်ရောက်ခဲ့ပြီး၊ ၎င်းလအတွင်း ပဲ နီပြားေ ဈးနှုန်းမှာ ၃၄၅၀၀ ကျပ်အထိ ရရှိခဲ့တဲ့အတွက် အခြားလက်လီပဲများထက်လည်း ဈေးပိုရလာခဲ့ တယ်လို့ သိရပါတယ်။ မတ်လမှာတော့ ပဲအဝင်များလာတဲ့အတွက် ပဲဈေးမှာ ဈေး ပြန်လျော့သွားပြီး ကျပ်သုံးသောင်းအောက်သာ  ရရှိခဲ့ ကာ ယခုရက်ပိုင်းမှာလည်း ဈေးအလျော့နဲ့ ဆက်လက်အဝယ်ရှိလို့ တစ်တင်း ၂၁၀၀၀ ကျပ်ရရှိခဲ့ပြီး လှောင် လက်များ ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ လက်လီသမားလည်း အဝယ်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ပါတယ်။

 

Tuesday, 5 Apr 2016

          မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ်ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ မတ် ၁၉ ရက်မှ ၂၅ ရက် အထိကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၈၂၉ သန်းဖိုးရှိ  ဆန်တန်ချိန် ၁၀၄၆၉ တန်ခန့်တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၇၆၆၀ တန်ခန့်၊ ဧည့်မထဆန် တန် ၈၀၀၊ ၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် တန် ၂၀၀၀ တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်  တင်ပို့မှုထက် ၄၁၈၆ တန် ပိုမိုတင် ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၄၁၁ သန်းဖိုးရှိ ဆန်ကွဲ ၁၂၆၅ တန်တင်ပို့ပြီး ယခင်တစ်ပတ် တင်ပို့မှုထက် ၄၀၇ တန် လျော့နည်းခဲ့ပါတယ်။

Friday, 1 Apr 2016

ပဲခူးတိုင်းဒေသကြီး၊   ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ဆောင်းပဲများ လှိုင်လှိုင်ဝင်ရောက်ရှိရာ၊ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲကြီး၊ ကုလားပဲသီးနှံများ ဝင်ရောက်မှုများပြီး ပဲတီစိမ်းသီးနှံမှာ ပဲ အဝင်နည်းသွားပြီလို့ သိရပါတယ်။ ပြည်အနီး တစ်ဝိုက် နယ်စုံ မှ ဝင်ရောက်ခဲ့ကာ  အရောင်းအဝယ်ဖြစ်မှုကတော့ မတ်ပဲနှင့် ပဲစင်းငုံသီးနှံကို ရန်ကုန်ဝယ်လက်မှဝယ်ယူနေသလို ကုလားပဲ နှင့် ပဲကြီးသီးနှံများကတော့ ဒေသတွင်း ဝယ်လက်များ အဓိက ထား အရောင်းအဝယ်ဖြစ်ခဲ့ကြပါ တယ်။  ပဲတီစိမ်းသီးနှံမှာ မန္တလေးဝယ်လက်က ဝယ်ယူပြီး လက်ကျန်ပဲအနည်းငယ်သာ ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့အတွက် အိတ် ၁၀၀ ကျော်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မတ်ပဲသီးနှံမှာ

Friday, 1 Apr 2016

 ရန်ကုန်မြို့  ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့  မတ် ၂၅ ရက် လက်ကားဆန်ဈေးနှုန်းများမှာ  ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ၃၃၅၀၀ ကျပ်၊ လတ်စတစ်အိတ် ၃၁၅၀၀ ကျပ်ဖြစ်လို့ ယခင်သီတင်းပတ်ထက် ထိပ်စ၊ လတ်စ တစ်အိတ် ၁၀၀၀ ကျပ်ခန့်စီ ဈေးမြင့်လာပါတယ်။ မြောင်းမြ၊ ပုသိမ်ပေါ် ဆန်းဆန်ထိပ်စ တစ်အိတ် ၃၅၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၃၀၀၀ ကျပ်ဖြစ်လို့  ယခင်တစ်ပတ်ထက် ထိပ်စ ၊ လတ်စ တစ်အိတ်ကို ၅၀၀ ကျပ်ခန့်စီ မြင့် တက်လာပါတယ်။ နယ်စုံ ပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ၃၂၅၀၀ ကျပ်၊ လတ်စတစ် အိတ် ၃၁၅၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်နဲ့ ဈေးနှုန်းနှိုင်းယှဉ် ကြည့်ပါက  ထိပ်စ၊ လတ်စ တစ်အိတ်ကို ၁၀၀၀ ကျပ်ခန့်စီ ဈေးမြင့် လာကြောင်း တွေ့ရပါတယ်။ရွှေဘိုပေါ်ဆန်းဆန

Pages