Background
ယခုတစ်ပတ်တွင် ပြည်တွင်း၌ ရွှေဈေးရောင်းဝယ်မှုများမှာ ဈေးအမြင့် ဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေ ကြောင်း သိရသည်။ပြည်တွင်းရွှေဈေးသည် အတက် အကျအနည်းငယ် သာရှိေ နပြီး ကျပ် ၇၉၀၀၀၀ တွင်သာ တန့်နေကြောင်း၊ ကမ္ဘာ့ရွှေဈေးမှာမူ အတက်အကျများရှိ နေကြောင်း၊ သို့သော် ပြည်တွင်းတွင် ရှယ်ယာဈေးများ ကျဆင်းနေမှုကြောင့် ရွှေဈေးကွက်တွင် ဈေးနှုန်းများတန့်နေ ရခြင်းဖြစ်ကြောင်းရွှေဈေးကွက်အတွင်း မှ သိရှိရသည်။
မေ ၁ ရက်မှ ၇ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ၂၉၃၀၅၀၆တန်ဖိုးရှိ ဘိလပ်မြေ ၃၅၉၂၄ ဒသမ ၇၄၆ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အိန္ဒိယ မှ ၁၇၀၀ ဒသမ ၀၂၆ တန်၊ တရုတ်နိုင်ငံမှ ၁၆၈တန်နဲ့ ထိုင်းနိုင်ငံမှ ၃၄၀၅၆ ဒသမ ၇၂ တန် တင်သွင်းခဲ့တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံနဲ့ အိန္ဒိယမှ အများဆုံး တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ် ဘိလပ်မြေအဝင်မှာ တန်ချိန် တစ်သိန်းကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ် အဝင်နဲ့ယှဉ်ရင်တန်ချိန် ၆၈၃၀၀ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဘိလပ်မြေဈေးကွက် ပုံမှန် အရောင်းအဝယ်ဖြစ်မေ ၁ ရက်မှ ၇ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ အဝင်မှာ ၃၅၉
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကသာခရိုင်၊ ကသာ၊ ထီးချိုင့်မြို့နယ်များကို ဖြတ်သန်းစီးဆင်းတဲ့ ဧရာဝတီ မြစ်ရိုးတစ်လျှောက် နုန်းတင်လယ်ယာမြေ များမှာ မြေပဲအများ အပြား စိုက်ပျိုးထွက်ရှိတဲ့အပြင် ကျန်မြို့နယ်များဖြစ်တဲ့ အင်း တော်၊ ဗန်းမောက်၊ ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူးမြို့နယ် များမှာလည်း မဲဇာ၊ လေးတန်၊ ဒေါင်းယူးချောင်းများ နံဘေး နုန်းတင်လယ်ယာမြေပေါ် မြေပဲသီးနှံ အများအပြား စိုက်ပျိုး ကြောင်း သိရပါတယ်။ကသာခရိုင် မှာ ဆောင်းမြေပဲ စိုက်ဧက ၄၅၃၂၈ ရှိပြီး တစ်ဧကအထွက်နှုန်း အတောင့်တင်း ၁၀၀ ကျော်နဲ့ ယနေ့ ပေါက်ဈေးအတောင့် တင်းတစ်ရာ ကျပ်ဆယ့်နှစ်သိန်းရှိလို့ အထွက်နှုန်းကောင်း ပြီး ဈေးကောင်းလည်းရ တယ်လို့ မြေပဲ ဈ
ဧပြီ ၂၃ ရက်မှ ၂၉ ရက်အထိ ရက်သတ္တပတ်မှာ ကုန် သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၀၀၈သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၀၉၆၅ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ပါတယ်။မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၆၈၆၅ တန်ကျော်နဲ့ ဧည့်မထဆန် တန် ၅၀၀၊ လွယ်ဂျယ် ကုန် သွယ်ရေးစခန်းမှ ငစိန်ဆန် ၃၂၉၅ တန်ကျော်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၃၀၄ တန်တင်ပို့ခဲ့တာဖြစ်ပါ တယ်။ ယခင်တစ်ပတ် တင်ပို့မှုထက် ၃၉၃၇ တန် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ဆန်ကွဲကိုလည်း အဆိုပါစခန်းများ မှပင် တန် ၂၅၈၀ တင်ပို့ခဲ့ပါတယ်။တန်ဖိုးမှာ ကန်ဒေါ်လာ သုည ဒသမ ၈၄၃ သန်းဖြစ်ပြီး မူဆယ်မှ တန် ၂၄၅၀၊ လွယ် ဂျယ်မှ တန် ၂၀၊ ချင်းရွှေ
ပုံမှန်ဝင်ရောက်နေတဲ့ ကျီးသဲ၊ ကြံခင်း၊ ထုံးဘိုဘက်မှ ပွဲရုံများမှ မန် ကျည်းမှည့်များ ပြည်ဈေးကွက်သို့ ဈေး ငြိမ်ပြီး ဝင်ရောက်နေတာ တွေ့ရပါ တယ်။ ဒေသတွင်း အရောင်းအဝယ် နှင့် ရခိုင်ဝယ်လက်တို့ရှိနေ တာကြောင့် နေ့ စဉ်ပိသာချိန် ၂၅၀ ကျော်အရောင်း အဝယ်ရှိနေပါတယ်။ ယခုတစ်ပတ် မန် ကျည်းမှည့် (ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ် ၁၆၀၀ ဖြင့် ဈေးငြိမ်ကာ အရောင်း အဝယ် ဖြစ်နေပါတယ်။ ဒေသတွင်း (လက်လီဈေး)ကတော့ ၂၀၀၀ ကျပ်ဖြစ် ပါတယ်။ ဒေသစုံ၊ နယ်စုံတွေမှာလည်း မန်ကျည်းမှည့် အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရပါတယ်။ ရခိုင်ဘက်သို့ နေ့စဉ်ပိသာချိန် ၂၀၀ ပုံမှန်တင်ပို့ လျက်ရှိနေကြောင်းလည်း သိရပါတယ်။
နီနီဝင်း
ဒေသထွက် ရော်ဘာသစ်ကုန်ကြမ်းမှ စားပွဲ၊ ကုလား ထိုင်၊ ဘီဒို၊ ဆက်တီကုလားထိုင်၊ ကုတင်၊ နံရံကပ်ဘီဒိုအစရှိတဲ့ လူ့အသုံးအဆောင်ပစ္စည်းထုတ် စက်ရုံကို ဧပြီ ၂၉ ရက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ရိုးရိုးရွာမှာ ဖွင့်လှစ် လိုက်ပြီလို့ သတင်းရရှိပါတယ်။ဒေသခံမိုးမြချယ်ကုမ္ပလီမိတက်နဲ့ ဂျပန်နိုင်ငံမှOJC Forest & Products Co.,Ltd Sumitomo Forestry Co.Ltd တို့ ပူးပေါင်းကာ MOS Lumber Products ကုမ္ပဏီအနေနဲ့ တန်ဖိုးမြှင့် ထုတ် ကုန်များအဖြစ် ပရိဘောဂပစ္စည်းများ ထုတ် လုပ်သွားမယ်လို့ သိရပါတယ်။ရော်ဘာပင်အိုများ အစေးထွက်နှုန်း ကျဆင်းလာတဲ့ အခါခုတ်လှဲပြီး ထင်းအဖြစ်သုံးကြပါတယ်။ ယခုအခါ ရော်ဘာ သစ်ကို ကုန်ကြမ်းအဖြစ
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကသာခရိုင်၊ ကသာ၊ ထီးချိုင့်မြို့နယ်များကို ဖြတ်သန်းစီးဆင်းတဲ့ ဧရာဝတီ မြစ်ရိုးတစ်လျှောက် နုန်းတင်လယ်ယာမြေ များမှာ မြေပဲအများ အပြားစိုက်ပျိုးထွက်ရှိတဲ့အပြင် ကျန်မြို့နယ်များဖြစ်တဲ့ အင်း တော်၊ ဗန်းမောက်၊ ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူးမြို့နယ် များမှာလည်း မဲဇာ၊ လေးတန်၊ ဒေါင်းယူးချောင်းများ နံဘေးနုန်းတင်လယ်ယာမြေပေါ် မြေပဲသီးနှံ အများအပြား စိုက်ပျိုး ကြောင်း သိရပါတယ်။
ဧပြီ ၂၃ ရက်မှ ၂၉ ရက်အထိ ရက်သတ္တပတ်မှာ ကုန် သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၀၀၈သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၀၉၆၅ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ပါတယ်။မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၆၈၆၅ တန်ကျော်နဲ့ ဧည့်မထဆန် တန် ၅၀၀၊ လွယ်ဂျယ် ကုန် သွယ်ရေးစခန်းမှ ငစိန်ဆန် ၃၂၉၅ တန်ကျော်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန်၃၀၄ တန်တင်ပို့ခဲ့တာဖြစ်ပါ တယ်။ ယခင်တစ်ပတ်တင်ပို့မှု ထက် ၃၉၃၇ တန် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ဆန်ကွဲကိုလည်း အဆိုပါစခန်းများ မှပင် တန် ၂၅၈၀ တင်ပို့ခဲ့ပါတယ်။တန်ဖိုးမှာ ကန်ဒေါ်လာ သုည ဒသမ ၈၄၃ သန်းဖြစ်ပြီး မူဆယ်မှ တန် ၂၄၅၀၊ လွယ် ဂျယ်မှ တန် ၂၀၊ ချင်းရွှေဟေ
ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ တန်ချိန် ၂၅၄၁ တန်ကျော်အဝင်ရှိခဲ့ပြီး ဧပြီ ၁၇ ရက်မှ ၂၃ အတွင်း ၅၈၇ တန် ဝင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၉၅၀ ကျော် အဝင်လျော့ခဲ့တ ယ် လို့ သိရပါ တယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ် မြေသြဇာအဝင်မှာ ၅၉၁၂ တန် ကျော်ရှိခဲ့ပြီး၊ ယခင်တစ်ပတ် အဝင်မှာ ၅၄၆၂ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၄၅၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်း ရော နယ်စပ်လမ်းမှပါ မြေသြဇာအဝင်လျော့ခဲ့ပါတယ်။