Background
ပုံမှန်ဝင်ရောက်နေတဲ့ ကျီးသဲ၊ ကြံခင်း၊ ထုံးဘိုဘက်မှ ပွဲရုံများမှ မန် ကျည်းမှည့်များ ပြည်ဈေးကွက်သို့ ဈေး ငြိမ်ပြီး ဝင်ရောက်နေတာ တွေ့ရပါ တယ်။ ဒေသတွင်း အရောင်းအဝယ် နှင့် ရခိုင်ဝယ်လက်တို့ရှိနေ တာကြောင့် နေ့ စဉ်ပိသာချိန် ၂၅၀ ကျော်အရောင်း အဝယ်ရှိနေပါတယ်။ ယခုတစ်ပတ် မန် ကျည်းမှည့် (ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ် ၁၆၀၀ ဖြင့် ဈေးငြိမ်ကာ အရောင်း အဝယ် ဖြစ်နေပါတယ်။ ဒေသတွင်း (လက်လီဈေး)ကတော့ ၂၀၀၀ ကျပ်ဖြစ် ပါတယ်။ ဒေသစုံ၊ နယ်စုံတွေမှာလည်း မန်ကျည်းမှည့် အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရပါတယ်။ ရခိုင်ဘက်သို့ နေ့စဉ်ပိသာချိန် ၂၀၀ ပုံမှန်တင်ပို့ လျက်ရှိနေကြောင်းလည်း သိရပါတယ်။
နီနီဝင်း
ဒေသထွက် ရော်ဘာသစ်ကုန်ကြမ်းမှ စားပွဲ၊ ကုလား ထိုင်၊ ဘီဒို၊ ဆက်တီကုလားထိုင်၊ ကုတင်၊ နံရံကပ်ဘီဒိုအစရှိတဲ့ လူ့အသုံးအဆောင်ပစ္စည်းထုတ် စက်ရုံကို ဧပြီ ၂၉ ရက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ရိုးရိုးရွာမှာ ဖွင့်လှစ် လိုက်ပြီလို့ သတင်းရရှိပါတယ်။ဒေသခံမိုးမြချယ်ကုမ္ပလီမိတက်နဲ့ ဂျပန်နိုင်ငံမှOJC Forest & Products Co.,Ltd Sumitomo Forestry Co.Ltd တို့ ပူးပေါင်းကာ MOS Lumber Products ကုမ္ပဏီအနေနဲ့ တန်ဖိုးမြှင့် ထုတ် ကုန်များအဖြစ် ပရိဘောဂပစ္စည်းများ ထုတ် လုပ်သွားမယ်လို့ သိရပါတယ်။ရော်ဘာပင်အိုများ အစေးထွက်နှုန်း ကျဆင်းလာတဲ့ အခါခုတ်လှဲပြီး ထင်းအဖြစ်သုံးကြပါတယ်။ ယခုအခါ ရော်ဘာ သစ်ကို ကုန်ကြမ်းအဖြစ
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကသာခရိုင်၊ ကသာ၊ ထီးချိုင့်မြို့နယ်များကို ဖြတ်သန်းစီးဆင်းတဲ့ ဧရာဝတီ မြစ်ရိုးတစ်လျှောက် နုန်းတင်လယ်ယာမြေ များမှာ မြေပဲအများ အပြားစိုက်ပျိုးထွက်ရှိတဲ့အပြင် ကျန်မြို့နယ်များဖြစ်တဲ့ အင်း တော်၊ ဗန်းမောက်၊ ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူးမြို့နယ် များမှာလည်း မဲဇာ၊ လေးတန်၊ ဒေါင်းယူးချောင်းများ နံဘေးနုန်းတင်လယ်ယာမြေပေါ် မြေပဲသီးနှံ အများအပြား စိုက်ပျိုး ကြောင်း သိရပါတယ်။
ဧပြီ ၂၃ ရက်မှ ၂၉ ရက်အထိ ရက်သတ္တပတ်မှာ ကုန် သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၀၀၈သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၀၉၆၅ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ပါတယ်။မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၆၈၆၅ တန်ကျော်နဲ့ ဧည့်မထဆန် တန် ၅၀၀၊ လွယ်ဂျယ် ကုန် သွယ်ရေးစခန်းမှ ငစိန်ဆန် ၃၂၉၅ တန်ကျော်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန်၃၀၄ တန်တင်ပို့ခဲ့တာဖြစ်ပါ တယ်။ ယခင်တစ်ပတ်တင်ပို့မှု ထက် ၃၉၃၇ တန် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ဆန်ကွဲကိုလည်း အဆိုပါစခန်းများ မှပင် တန် ၂၅၈၀ တင်ပို့ခဲ့ပါတယ်။တန်ဖိုးမှာ ကန်ဒေါ်လာ သုည ဒသမ ၈၄၃ သန်းဖြစ်ပြီး မူဆယ်မှ တန် ၂၄၅၀၊ လွယ် ဂျယ်မှ တန် ၂၀၊ ချင်းရွှေဟေ
ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ တန်ချိန် ၂၅၄၁ တန်ကျော်အဝင်ရှိခဲ့ပြီး ဧပြီ ၁၇ ရက်မှ ၂၃ အတွင်း ၅၈၇ တန် ဝင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၉၅၀ ကျော် အဝင်လျော့ခဲ့တ ယ် လို့ သိရပါ တယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ် မြေသြဇာအဝင်မှာ ၅၉၁၂ တန် ကျော်ရှိခဲ့ပြီး၊ ယခင်တစ်ပတ် အဝင်မှာ ၅၄၆၂ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၄၅၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်း ရော နယ်စပ်လမ်းမှပါ မြေသြဇာအဝင်လျော့ခဲ့ပါတယ်။
ဧပြီ ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ အဝင်မှာ ၁၀၇၅၂ တန် ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၃ ရက်မှ ၉ ရက် သီတင်း ပတ် ဘိလပ်မြေအဝင်မှာ တန် ချိန်၇၃၂၉၀ ကျော် ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ တန်ချိန် ၆၂၅၀၀ ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၁၅၅၉၆ ကျော် ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၁၂၆၈ ကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ တန် ၄၃၂၇ ကျော်အဝင်ပိုခဲ့ တယ်လို့သိရပါတယ်။ ဒါကြောင့်ဒီတစ်ပတ်မှာ ရေလမ်းမှ အဝင်လျော့ခဲ့ပြီး နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်ပိုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ၏ အဓိကဆိပ်ကမ်းများသို့ ပဲဝင်ရောက်မှုမှာ ဧပြီလ ၁၁ ရက်မှ ၁၇ ရက်အထိ တန်ထောင် ၈၁ ဖြစ်ပြီး၊ ဧပြီလ ၄ ရက်မှ ၁၀ ရက်အထိ တင်သွင်းမှုတန်ထောင် ၈၈ ထက် ၇% လျော့ကျပါသည်။ ကုလားပဲ၊ ဘိုကိတ်ပဲ၊ ပဲတီစိမ်း၊ ပဲဝါ၊ ပဲစိမ်း၊ မြေထောက်ပဲတို့တွင် ဝင်ရောက်မှုလျော့ကျပြီး၊ မတ်ပဲ၊ ပဲစင်းငုံတို့တွင် ဝင်ရောက်မှုပိုမိုကြောင်း ဖော်ပြထားပါသည်။ကုလားပဲလက်ကားကုန်စည်ဈေးနှုန်းမှာ ၁၀ ရက်အတွင်း ၁၅% မှ ၂၀% မြင့်တက်ခဲ့ ပါသည်။ မုတ်သုန်ရာသီဥတုကောင်းမွန်ခြင်း၊ စားသုံးသူများက နွေပဲသီးနှံကို ဈေးအမြင့်ပေးခြင်း တို့ကြောင့်ဖြစ်ပါသည်။
ပဲခူးတိုင်းဒေသကြီး အနောက် ကြို့ပင်ကောက်မြိ့နယ်တွင် မန်ကျည်းသီးကို သီးခြားစိုက်ပျိုးခြင်းမဟုတ်ဘဲ မိမိတို့၏ ခြံမြေအတွင်း ပေါက်နေသည့် မန်ကျည်းပင်များမှ အသီးများရင့်မှည့်ချိန်တွင် လှုပ်ခြွေ၍ရရှိသည့် မန်ကျည်း သီးများကို အခွံချွတ်ပြီး မန်ကျည်းသီး အဝယ်ဒိုင်များသို့ သွားရောက်ရောင်းချ ကြပါတယ်။ အဝယ်ဒိုင်များမှ ဝယ်ယူ၍ မန်ကျည်းသီး ပွဲရုံ ၅ ရုံသို့ စုပေါင်းပေး သွင်းကြပါတယ်။ ပွဲရုံများအနေဖြင့် ရခိုင်ပြည်နယ်ဘက်သို့ တင်ပို့ရာ တွင် ယခင်နှစ် မန်ကျည်းသီးပေါ်စ ဇန်နဝါရီ မှာ တစ်ပိဿာ ၅၀၀ ကျပ်ဈေး၊ မတ်တွင် ၄၅၀ ကျပ်ဈေးသာ ပေးဝယ်ပြီး မိုးဦးကျသည်နှင့် ဈေးချကြပါတယ်။ တစ်မြို့လုံးအနေဖြင့် နှစ်တစ်ပတ်လည် ပိဿာချိန
ယခုနှစ်အတွင်း ပဲဈေးနှုန်းများ ပြည်ပဝယ်လက်ပဲရော၊ ပြည်တွင်းဝယ် လက်ပဲပါ ဈေးကောင်းရရှိမှုများခဲ့ပေမယ့် ပဲပုပ်သီးနှံဈေးကတော့ ယခုနှစ် အတွင်း ဈေးအေးခဲ့တဲ့နှစ်ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ ဧပြီလမှ ယခု မတ်လ ကုန်အထိ ဈေးနှုန်းအခြေအနေကိုလေ့လာကြည့်ရာ တစ်နှစ်တာလုံး ကျပ်နှစ် သောင်းအောက်သာရရှိခဲ့ပြီး အနိမ့်ဆုံးတစ်တင်း ၁၆၀၀၀ ကျပ်နဲ့ အမြင့်ဆုံး တစ်တင်း ၁၉၅၀၀ ကျပ်သာရရှိခဲ့ပါတယ်။ မိုးပဲပုပ်ဈေးရော၊ ဆောင်းပဲပုပ် ေ ဈးပါ ဈေးအတက်အကျသိပ်မဖြစ်ခဲ့ဘဲ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ပဲအထွက်လှိုင်လာချိန်ကာလများမှာ ရန်ကုန်ဝယ်လက်၊ နယ်ဝယ်လက်နဲ့ ဒေသတွင်း လက်လီသမားအဝယ်သွက်ပေမယ့် ပဲလက်ကျန်သာရှိတော့တဲ့ အချိန်မှာ လက်လီသမားအနည်း