Main menu

Background

Thursday, 31 Mar 2016

    အောင်လံဈေးကွက်မှာ  ဒီတစ်ပတ် ပဲတီစိမ်းကြီးကို တရုတ် လိုင်းအဝယ်အေးတာကြောင့် ဈေးကွက်မှာ အရောင်းအဝယ်အေး နေကြောင်းသိရပါတယ်။ ပဲစင်းငုံနီကို အဓိကဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်ကတစ်ပိဿာကို ၂၁၈၅ ကျပ်(တစ်တန်ကို ၁၃၃၈၀၇၂ ကျပ်) ဈေးဖြင့် ဝယ်လိုအားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များကအရောင်းနည်းနေကြောင်းသိရပါတယ်။ ဒေသထွက်သိပ္ပံနှမ်းကို ရန်ကုန်-မန္တလေးဝယ်လက်ကတစ်ပိဿာ ကို ၃၆၆၇ ကျပ် ဈေးဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။

Thursday, 31 Mar 2016

       မတ် ၁၃ ရက်မှ ၁၉ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ် မြေအဝင်မှာ ၉၂၄၆၆ တန်ကျော်ရှိခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေအဝင်မှာ ၃၆၇၁၅ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ တန်ချိန် ၅၅၇၅၀ ကျော်အဝင်ပိုခဲ့တယ်လို့သိရပါတယ်။နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန်၂၄၃၈၀ ကျော်ရှိခဲ့ပြီးယခင်တစ်ပတ်အဝင်မှာတန်ချိန် ၂၂၉၆၆ ကျော်ရှိခဲ့တာကြောင့်ဒီတစ်ပတ်မှာ တန် ၁၄၁၅ ကျော်အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ဒီတစ်ပတ်မှာ ရေလမ်းရောနယ်စပ်လမ်းမှပါဘိလပ်မြေအဝင်ပိုခဲ့ပါတယ်။မော်လမြိုင်ဈေးကွက်မှာဘိလပ်မြေကပွင့်လင်းရာသီဖြစ်တာကြောင့်အရောင်းအဝယ်ကောင်းပေမယ့် ဈေး ငြိမ်နေဆဲပဲလို့ သိရပါတယ်။

Thursday, 31 Mar 2016

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မတ် ၁၂ ရက်မှ ၁၈ ရက်တာ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၆၃၁၆၀ တန်ဖိုးရှိ ကြက် သွန်နီ ၁၀၃၂ တန်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅၉၃၆၀ တန်ဖိုးရှိ ကြက်သွန်နီ ၁၅၃ တန်ခွဲ တင်ပိုခဲ့ပါတယ်။ ယခင်သီတင်း ပတ်က မူဆယ်မှ တန် ၇၀၀၊ မြဝတီမှ ၁၄၂ တန်ခွဲနဲ့ တာချီလိတ်မှ တန် ၁၀၀ တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ကြက်သွန်နီ ၂၄၃ တန်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါ တယ်။စလင်းမြို့နယ်အတွင်းရှိ ကြက် သွန်နီစိုက်တောင်သူတွေရဲ့  စိုက်ခင်း များတွင် ကြက်သွန်နီ  အထွက်နှုန်း ကောင်းသော်လည်း ယခုကြက်သွန်များ တူးဖော်ရောင်းချချိန်တွင် ဈေးနှုန်းကျ

Thursday, 31 Mar 2016

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ မတ်  ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း နနွင်းတက် (ရှမ်းစ) ၂၁၄ တန်ခွဲကို ကန်ဒေါ်လာ ၁၅၇၀၀၃ တန်ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က မူဆယ် ကုန်သွယ်ရေး ဇုန်ကနေ နနွင်းတက် ၁၀၄ တန်ခွဲသာ တင်ပို့ခဲ့လို့ ယခုတစ်ပတ် နနွင်းတင်ပို့မှု တန် ၁၁၀ ထိပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ နနွင်းတက်တစ် တန်ရဲ့ မိမိဘက်ပေါက်ဈေး (ငွေလဲနှုန်းအရ) ၈၇၃၅၀၂-၈၉၇၆၈၂ ကျပ်ဝန်းကျင်ခန့်ရှိ တယ်လို့ သိရပါတယ်။

Wednesday, 30 Mar 2016

   ပြည်ပဲဈေးကွက်မှာ ဆောင်းပဲများအနေဖြင့်ပြည်ပဝယ်လက်ပဲများဖြစ်သော မတ်ပဲနဲ့ ပဲစင်းငုံသီးနှံအဝင်များခဲ့သလို ပြည်တွင်းဝယ်လက်ပဲမှာလည်း ကုလားပဲနဲ့ပဲကြီးသီးနှံများ ဝင်ရောက်မှုများခဲ့ပြီး ဘိုကိတ်ပဲသီးနှံမှာတော့ ပဲသိပ ်အဝင်မရှိတော့ဘဲ တစ်ရက်အိတ် ၅၀ ကျော်သာဝင်ရောက်လာပါတယ်။ဘိုကိတ်ပဲကိုရန်ကုန် အဝယ်ရှိသလို ဒေသတွင်းဝယ်လက်များလည်း ဝယ်ယူ လျက်ရှိခဲ့ပါတယ်။ ပဲဈေးနှုန်းမှာ တစ်တင်း ၂၁၀၀၀ ကျပ်ဖြင့် ပဲသစ်ပေါ်စအချိန်က ဈေးထက် ဈေးလျော့နည်းသွားပေမယ့် ယခင်နှစ်က မတ်လအတွင်း ရရှိခဲ့သော ဈေးထက်တော့ဈေးပိုရခဲ့ပါတယ်။   ယခင်နှစ်က မတ်လအတွင်း ရရှိခဲ့သော ပဲလွန်း ဖြူဈေးမှာ တစ်တင်း ၁၅၅၀၀ ကျပ်သာ ရရှိတယ်လို့ သိရပါတယ

Tuesday, 29 Mar 2016

   ကြွေးဆုံးများမြင့်တက်လာမယ့်အလားအလာကတည်ရှိနေဆဲဖြစ်တဲ့အတွက်ချေးငွေအတိုးနှုန်းများကျဆင်းလျက်ရှိတဲ့တိုင်အောင်အင်ဒိုနီးရှားနိုင်ငံမှာ ယခုနှစ်အတွင်းချေးငွေဖွံ့ဖြိုးတိုးတက်မှုနှုန်းထူးထူးခြားခြားဖွံ့ဖြိုး လာမယ့် လက္ခဏာမရှိကြောင်း စတန်း ဒတ်အင်ပူးဝါး ချေးငွေအကဲဖြတ်ရေးအဖွဲ့ရဲ့ လေ့လာချက်စစ်တမ်းကို ကိုးကားပြီးဂျကာတာပို့စ်အွန်လိုင်း သတင်းမှာဖော်ပြပါတယ်။ဘဏ်လုပ်ငန်းကဏ္ဍရဲ့ချေးငွေအရည်အသွေး က ၂၀၁၅ ခုနှစ်မှာကျဆင်းခဲ့သလို ၂၀၁၆ ခုနှစ်မှာ လည်း ဆက်လက်ကျဆင်းဖွယ်ရှိနေတာကို စစ်တမ်းအစီရင်ခံစာအရသိရကြောင်း စတန်းဒတ်အင်ပူးဝါးအေဂျင်စီရဲ့ချေးငွေစိစစ်ရေးမှူးနဲ့ဘဏ္ဍာရေးအဆင့်သတ်မှတ်ရေးဒါရိုက်တာ အီဗန် တန

Tuesday, 29 Mar 2016

   အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ဖောက်ဖျက်မှုကြောင့် တရုတ်တယ်လီကွန်ဆက်သွယ်ရေးကိရိယာနဲ့စမတ်ဖုန်းထုတ်လုပ်သူZTEကော်ပိုရေးရှင်းအားပို့ကုန်ကန့်သတ်မှုများကို အမေရိကန်   ပြည်ထောင်စုက ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရက အဆိုပါကန့်သတ်ချက်များကို ယာယီအားဖြင့် ရုပ်သိမ်းပေးခဲ့ကြောင်း အမေရိကန်စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအကြီးတန်းအရာရှိတစ်ဦးရဲ့ပြောကြား ချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။မတ်လစောစောပိုင်းက ချမှတ် ခဲ့တဲ့အမေရိကန်စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ကန့်သတ်ချက်များကြောင့် အမေရိကန်ကုမ္ပဏီများက ZTE အတွက် အ

Tuesday, 29 Mar 2016

    ယခုနှစ်အတွင်း ထိုင်းနိုင်ငံမှာဖြစ်ပေါ်တဲ့ပူပြင်းခြောက်သွေ့မှုကြောင့် ၂၀၁၆ ခုနှစ် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု(ဂျီဒီပီ)ဖွံ့ဖြိုးမှုနှုန်းမှာ သုည ဒသမ ၈၅ ရာခိုင်နှုန်း ကျဆင်း ပြီး လယ်ယာ စိုက်ပျိုးရေးနဲ့ စီးပွားရေးကဏ္ဍများမှ  ဆုံးရှုံးမှုက ဘတ် ၁၁၉ ဒသမ ၂၈ ဘီလီယံအထိရှိနိုင်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ် စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်း ခန့်မှန်းတွက်ချက်ရေးစင်တာ (Center for Economic and Business Forecasting) ရဲ့ ထုတ်ပြန်ချက်ကိုကိုးကားပြီးနေးရှင်းသတင်းမှာဖော်ပြပါတယ်။ဒါပေမယ့်ပူပြင်းခြောက်သွေ့မှုဖြစ်ပွားတဲ့ကာလအတွင်းစီးပွားရေးတည်တံ့မှုကို အားပေးတဲ့အနေနဲ့ အစိုးရက စ

Thursday, 24 Mar 2016

   ၂၀၁၅ ခုနှစ်အတွင်းကတောင်ကို ရီးယား   စီးပွားရေးလုပ်ငန်းများကို တရုတ်ကုမ္ပဏီများက ရှယ်ယာဝယ်ယူကာလွှဲပြောင်းရယူမှု မြင့်မားခဲ့ရာ ယဉ်ကျေးမှုနဲ့ ဘဏ္ဍာရေးကဏ္ဍများက အဓိကပစ်မှတ်သဖွယ် ဖြစ်ခဲ့ကြောင်း မတ် ၁၄ ရက်က ထုတ်ပြန်တဲ့ကိန်းဂဏန်းတွေကို ကိုးကားပြီးယွန်းဟပ်သတင်းမှာဖော်ပြထားပါတယ်။ကိုရီးယားအပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအသင်းက  ပြုစုထားတဲ့ ကိန်းဂဏန်းများအရယခင်နှစ်ကတရုတ်ကုမ္ပဏီတွေက တောင် ကိုရီးယား စီးပွားရေးလုပ်ငန်းတွေကိုရှယ်ယာဝယ်ယူပြီးလွှဲပြောင်းရယူတဲ့ (Merger and Acquisition-M&A) သဘောတူ စာချုပ်ပေါင်း ၃၃ ခုရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကရှိခဲ့တဲ့ အရေအတွက်နဲ့နှိုင်းယှဉ် ရင်သုံးဆ မြင့်တ

Thursday, 24 Mar 2016

    လွန်ခဲ့တဲ့နှစ်  အနည်းငယ်အတွင်း စင်ကာပူကုမ္ပဏီတွေကCLMVကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်) နိုင်ငံများသို့ အခိုင်အမာဝင်ရောက်နေရာယူလျက်ရှိရာ အထူးသဖြင့်လျင်မြန်စွာဖွံ့ဖြိုးတိုးတက်နေတဲ့ မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံဈေးကွက်များ အတွင်းဝင်ရောက်ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်းနေးရှင်းသတင်းမှာဖော်ပြထားပါတယ်။ယနေ့အထိ စင်ကာပူနိုင်ငံကဗီယက်နမ်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၅၇၀ ခုမှာ ရင်းနှီးမြှုပ်နှံလျက်ရ ှိရာ ဗီယက်နမ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံလျက်ရှိတဲ့ နိုင်ငံပေါင်း ၁၁၂ နိုင်ငံအနက် တတိယနေရာမှာ ရှိနေပါတယ်။ ဗီယက်နမ်စီမံကိန်းအမျိုးမျိုးတွင် ပါဝင်ရင်းနှီး မြှုပ်နှ

Pages