Background
မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်ကုန်သွယ်ရေစခန်းမှ ၂၀၁၆ ခုနှစ် ဖေဖော် ဝါရီအတွင်း ကန်ဒေါ်လာ သုည ဒသမ ၆၇၉ သန်းတန်ဖိုးရှိ ကဏန်းမျိုးစုံဖြစ်တဲ့ အေးခဲကဏန်းပျော့ ၅၈ တန်ကျော်၊ ကဏန်းနီ ၅၁ တန်ကျော်၊ ကဏန်း သေး (အသေ) ငါးတန်ကျော်နဲ့ သဲကဏန်းနှစ်တန်ကျော် စုစုပေါင်း ၁၁၇ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလနဲ့နှိုင်းယှဉ်ပါက ၅၄ တန်ကျော် ယမန်နှစ် ကာလတူနဲ့နှိုင်းယှဉ်ပါက ၂၄ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါ တယ်။မြိတ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီအတွင်း ကဏန်းမျိုးစုံအပြင် ကန်ဒေါ်လာ ၁၁ ဒသမ ၁၈၉ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၄၈၃၈ တန်ကျော်၊ ပုစွန် ၁၇၅ တန်နီးပါး၊ ငါးမ
ဖေဖော်ဝါရီတွင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၄၀၅၄၉ တန်ဖိုးရှိ ပြောင်းကြိတ်ဖတ်မှုန့် ၅၀၂ တန်တင်ပို့ခဲ့ပါတယ်။ပြောင်းကြိတ်ဖတ်မှုန့်ကိုတိရစ္ဆာန်အစာအတွက် အသုံးပြုရ တာဖြစ်လို့ တရုတ်နိုင်ငံ သို့ ယခုလို ပုံမှန်တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။ အနီးစပ်ဆုံးကာလတူ ဇန်နဝါရီမှာတော့ ၁၀၄၂ တန်ထိ တင်ပို့နိုင်ခဲ့ပါတယ်။ ပြောင်းကြိတ်ဖတ်မှုန့် တစ်တန်ရဲ့ လိုင်စင်ဈေးမှာ (ငွေလဲနှုန်းအရ) ဇန်နဝါရီက ၇၆-၇၇ ဒေါ်လာရှိပြီး ယခုဖေဖော်ဝါရီမှ ၇၈-၈၁ ဒေါ်လာရှိတယ်လို့ မူဆယ်ကုန်စည်ဒိုင်မှသိရပါတယ်။
မော်မော်အောင်
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း ပဲသစ်များအားလုံးလိုလို ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေပြီး ဝင် ရောက်မှုပမာဏလည်း များခဲ့ပေမယ့် ဆောင်းပဲတီစိမ်းသီးနှံကတော့ အဝင်ပါးသွားတာကြောင့် ယခုမတ်လဆန်းမှာ အရောင်းအဝယ် နေ့စဉ်မဖြစ်တော့ဘဲ ရက်ခြားသာ အိတ် ၂၀၀ ကျော် မန္တလေးဝယ်လက်မှ ဝယ်ယူနေခဲ့တယ်လို့ သိရ ပါတယ်။ မတ်ပဲသီးနှံကတော့ နယ်စုံတွင် ရိတ်သိမ်းနေပြီဖြစ်လို့ ဈေးကွက်သို့လည်း အိတ် ၅၀၀ကျော်အထိ ယခုတစ်ပတ် တွင် နေ့စဉ်ဝင်ရောက်လာသလို ရန်ကုန်ဝယ်လက်မှလည်း ဝယ်ယူခဲ့တဲ့အတွက် အရောင်းအဝယ်သွက်နေခဲ့တာကို တွေ့ရပါတယ်။ ပဲသစ်ပေါ်စတွင် ကျပ်ငါးသောင်းခန့်ရရှိသော်လည်း ပဲအဝင်များလာတာနဲ့အမျှ ပဲဈေးနှုန်းကလည်း လျော့သွားခဲ့တဲ့အတွက် တစ်တင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှွန်ကြားမှုဦးစီးဌာနသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီမှတ်ပုံတင်ခြင်းများအား ယခင်ကထက် ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်ရေး နှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီမှတ်ပုံ တင်ခြင်းဆိုင်ရာ သတင်းအချက်အလက်များ ပိုမိုလွယ်ကူစွာ ဖြန့်ဖြူးပေးနိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဘ်ဆိုက်အသစ်ကို မတ် ၇ ရက်မှစတင်ကာ ထုတ်လွှင့် လိုက်ပြီဖြစ်ေ ကြာင်း သိရ သည်။အဆိုပါဝက်ဘ်ဆိုက် အသစ်စတင် ထုတ်လွှင့်ရန်အတွက် မိတ်ဆက်ခြင်းအခမ်း အနားကို မတ် ၁ ရက်က ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပခဲ့သည်။ယင်း
ဇန်နဝါရီအတွင်း ဂျပန်နိုင်ငံမှာအလုပ်အကိုင်ရရှိမှုက ၁ ဒသမ ၂၈ ဆ ရှိတဲ့အတွက် ၂၄ နှစ်အတွင်း အမြင့် ဆုံးနှုန်းကို ရောက်ရှိခဲ့ကြောင်း မတ် ၁ ရက်ကထုတ်ပြန်တဲ့အစိုးရကိန်း ဂဏန်းများကို ကိုးကားပြီး နီကေး သတင်းမှဖော်ပြပါတယ်။ အလုပ် အကိုင်ရရှိနိုင်မှုက ၁ ဒသမ ၂၈ ဆ ရှိတဲ့ အချက်က အလုပ်အကိုင်ရှာဖွေသူ ၁၀၀ ရှိပါက လစ်လပ်နေရာ ၁၂၈နေရာ ရှိတဲ့သဘောဖြစ်ပါတယ်။ဇန်နဝါရီမှာ ရရှိခဲ့တဲ့အခြေအနေ က ၁၉၉၁ ခုနှစ် ဒီဇင် ဘာနောက်ပိုင်း အမြင့်ဆုံးအခြေအနေဖြစ်ပြီး ဟိုတယ်၊ စားသောက်ဆိုင်၊ ဆေးဝါးနဲ့ လူမှုရေး ကဏ္ဍတွေမှာ အလုပ်အကိုင်ဖန်တီးမှု အခြေအနေကောင်းမွန်နေတဲ့ အတွက် ကြောင့်ဖြစ်ကြောင်း ကျန်းမာရေး၊
ဇန်နဝါရီအတွင်း ဥရောပသမဂ္ဂ တစ်ခုလုံးစီးပွားရေးကျဆင်းလာပြီး နောက်ပိုင်းအလူးအလဲရုန်းကန်နေရ တာကြောင့်ယူရိုဇုန်ကိုတိုးမြှင့်ထောက် ပံ့ပေးရန် ဥရောပဗဟိုဘဏ် (Euro- pean Centeral Bank -ECB) အပေါ်သို့ ဖိအားပေးမှုများကြီးထွားလာကြောင်း ဂါးဒီးယန်းသတင်းမှာ ဖော်ပြပါတယ်။ဈေးနှုန်းတွေရုတ်တရက် ကျဆင်းလာတာကိုကြည့်ခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုနှုန်းက အနုတ်သဘောဆောင်လာပြီးယူရိုဇုန်တစ်ခု လုံးကအလုံးစုံငွေတန်ဖိုး ကြုံ့မှုနဲ့ ရင်ဆိုင်ရမယ့်အဖြစ်သို့ ဦးတည်နေတာကိုပြသလျက်ရှိပါတယ်။ အီးစီဘီ ကလာမယ့်သီတင်းပတ်ထဲမှာ ပြုလုပ် မယ့်အစည်းအဝေးမှာဈေးကွက် အတွင်းသို့ငွေတွေဖြည့်ဆည်းပေးပြီး ဗဟိုဘဏ် အတိ
ဇန်နဝါရီ ၁၆ ရက်မှာ အမေရိ ကန်ပြည်ထောင်စုနဲ့ကုလသမဂ္ဂတို့က အီရန်နိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို ရုပ်သိမ်းပြီးနောက်ပိုင်း ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရေနံနဲ့ဓာတု ထုတ်ကုန်ပထမသုတ်ကို ဥရောပသို့အီရန်နိုင်ငံကတင်ပို့ခဲ့ကြောင်း အီရန်သင်္ဘောလိုင်းညွှန်ကြားရေးမှူးချုပ် မိုဟာမက်ဆာအီးဒီရဲ့ပြောကြားချက် ကို ကိုးကားပြီး တီဟီရန်တိုင်းသတင်းမှာဖော်ပြပါတယ်။လာမယ့်ရက်အနည်း ငယ် အတွင်းဥရောပဆိပ်ကမ်းများသို့ တင်ပို့လိုက်တဲ့ ပစ္စည်းများရောက်ရှိ မှာ ဖြစ်ကြောင်း Tasnim သတင်း အေဂျင်စီက ဖေဖော်ဝါရီ ၂၈ ရက်က ပြောပါတယ်။ အီရန်သင်္ဘောလိုင်းများ အား စီးပွားရေးဒဏ်ခတ် ပ
ဂျပန်နိုင်ငံမှာ စူပါမားကက်များ ကစွန့်ပစ်ထားတဲ့ အစားအစာတွေကို အမှိုက်ဆွေးမြေသြဇာအဖြစ်ဖန်တီးပြီး တိုကျိုမြို့အနောက်ပိုင်း ဒေသရှိ တာချီကာဝါလယ်ယာစိုက်ခင်းတွေမှာ အသုံး ပြုလျက်ရှိပါတယ်။ အဲဒီစိုက်ခင်းမှ ထွက်ရှိလာတဲ့ ဟင်းသီးဟင်းရွက်တွေ ကို တိုကျိုမြို့ပေါ်မှာရှိတဲအီတိုယိုကာဒို စတိုးဆိုင် ၄၀ မှာရောင်းချလျက်ရှိကြောင်းအဆာဟိသတင်းမှာဖော်ပြပါတယ်။အီတိုယိုကာဒိုစူပါမားကက်ဆိုင် ခွဲရှစ်ခုကထွက်ရှိတဲ့အစားအသောက် အကြွင်းအကျန်များကိုSeven Farm Tokyo က စုစည်းပြီးအမှိုက်ဆွေးမြေသြဇာအဖြစ်ပြုပြင်ထုတ်လုပ်ပါ တယ်။ ထွက်ရှိလာတဲ့ မြေသြဇာကို ဧရိယာ ၁၇ ဟက်တာရှိမြေပေါ်မှာ ဟင်းနုနွယ်၊ ပန်းမုန်လာ၊မုန်လာဥနဲ
ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးကျဆင်းမှုအတွက် စိုးရိမ်ပူပန် မှုတွေထပ်မံဖြစ်ပွားရတဲ့အတွက် ၂၀၁၆ ခုနှစ် အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲက အမေရိကန်စီးပွား ရေးစွမ်းဆောင်ရည်အပေါ်ကိုပိုမို အလေးထား လာနိုင်ဖွယ်ရှိကြောင်း ဝေါစထရိစ်ဂျာနယ်သတင်းမှာ ဖော်ပြ ထားပါတယ်။ယခုနှစ် ဆောင်းဦးမှာ ပြုလုပ် မည့် ရွေးကောက်ပွဲတွင်မည်သည့်ပါတပိုမိုအကျိုးဖြစ်ထွန်းနိုင်သည်ကို တွက်ချက်ရာတွင် ပြည်သူများက ရွေး ကောက်ပွဲလှုပ်ရှားမှုေ<ကးကြော်သံတွေ နဲ့ စကားရည်လုပွဲ ပြောကြားချက်တွေ ထက်လာမယ့်လများအတွင်း ဖြစ်ပေါ် လာမယ့် စီးပွားရေးအခြေအနေကို ပိုမိုအာရုံစိုက်လာဖွယ်ရှိကြောင်း နိုင်ငံရေးသိပ္ပံ
ရေနံစိမ်းဈေးနှုန်းတွေ ကျဆင်းမှု နဲ့ ကမ္ဘာ့ဝယ်လိုအားကျဆင်းမှုကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ပို့ကုန်တွေ ကျဆင်းနေတာကို တွေ့ရပါတယ်။ ကျဆင်းနေတဲ့ ပို့ကုန်တွေမြှင့်တင်နိုင် ရေးအတွက် ကြိုးပမ်းမှုတစ်ရပ် အဖြစ်တောင်ကိုရီးယားနိုင်ငံက စက်မှုလုပ် ငန်းသစ်တွေမှာကုမ္ပဏီတွေရဲ့ ရင်းနှီး မြှုပ်နှံမှုတွေ တိုးတက်လာစေမယ့် အစီအမံတွေကို ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ခဲ့ကြောင်း ယွန်းဟပ်သတင်း မှာ ဖော်ပြထားပါတယ်။ ကြိုးနီစနစ်ကိုဖယ်ရှားခြင်းနဲ့ ကုမ္ပဏီတွေပင်လယ်ရပ်ခြားဈေးကွက် တွေကိုထိုးဖောက်နိုင်အောင် အကူအညီပေးခြင်းဖြင့် လျှပ်စစ်ကားထုတ် လုပ်ရေးနည်းပညာသစ် ကဏ္ဍတွေမှာ ပုဂ္ဂလိက ရင်းနှီးမြ