Background
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာ ၂၅ ရက်နေ့ထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၉၈၂၆ ဒသမ ၉၈၂ သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ပို့ကုန်ကန်ဒေါ်လာ ၇၇၂၂ သန်းဝန်းကျင်နဲ့ သွင်းကုန် ကန်ဒေါ်လာ ၁၂၁၀၄ သန်းကျော်ဖြစ်ပါတယ်။ ထို့အတွက် ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာသန်း ၄၃၈၀ ကျော်ပြနေပါတယ်။ ယမန်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၁၀၃၂ သန်းကျော်လျော့နည်းခဲ့တာတွေ့ရပါ တယ်။ ပို့ကုန်လျော့နည်းရခြင်းမှာ ဆန်၊ ပြောင်း၊ နှမ်း၊ ပဲအမျိုးမျိုး (ပဲလွန်းဖြူ၊ ထောပတ်ပဲ၊ ပဲကြီး၊ ပဲကတ္တီပါ၊ ပဲဖြူလေး၊ ဘိုကိတ်ပဲ၊ ပဲနီကြား၊ မြေပဲဆံ) တို့အပို့ လျော့ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ တစ်ဖက်မှာ ပင်လယ်ရေကြောင်း တင်ပို့မှုနဲ့ နယ်စပ်တင်ပို့မှုကို နှိုင
ဆိုင်နိုကင်မ်ဂရုပ်(Sinochem Group)သည် ထိုင်းရော်ဘာအာဏာပိုင် အဖွဲ့ထံမှ ရော်ဘာစိမ်းတန်ချိန် နှစ်သိန်းဝယ်ယူရန် သဘောတူလက်မှတ် ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ ဆိုင်နိုကင်မ်ဂရုပ်သည် ၂၀၁၅ ခုနှစ်က လည်း ရော် ဘာ စိမ်းအများဆုံးမှာယူတဲ့ ကုမ္ပဏီကြီးဖြစ်ပြီး တရုတ်အစိုးရပိုင် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါ တယ်။ ရော်ဘာစိမ်း တန်ချိန်နှစ်သိန်းဝယ်ယူမယ့်အကြောင်းကို တရုတ်နဲ့ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးမြှင့် ပူးပေါ င်းဆောင် ရွက်ရေး ဆွေးနွေးပွဲမှာ ဒီဇင်ဘာလ ၁၇ ရက်က ထိုင်းဝန်ကြီးချုပ်နဲ့ တရုတ်ပြည်နယ်ကောင်စစ်ဝန်တို့ တွေ့ဆုံပြီး ထုတ်ပြန်ကြေညာ ပါတယ်။ထိုင်းဝန်ကြီးချုပ် က ထိုင်းနိုင်ငံတောင်ပိုင်း စီးပွားရေး ဧရ
ဂြိုလ်တုဆက်သွယ်ရေးဆိုင်ရာ နည်းပညာ ဟောပြောပွဲများပါဝင်သည့် Communi Cast 2015 ပြပွဲနှင့်International ICT Exhibition ပြပွဲ ကို နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၁၉ရက်နေ့ အထိ ရန်ကုန်မြို့၊ ရှင်စောပုလမ်းရှိMyanmar Events Park တွင် ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။CommuniCast 2015 ပြပွဲသည် ဒုတိယ အကြိမ်မြောက်ပြသသည့်ပြပွဲ ဖြစ်ပြီး ယခုနှစ်တွင်မူ နိုင်ငံတကာမှ အိုင်စီတီဆိုင်ရာနည်းပညာကုမ္ပဏီ များ ပါ ပါဝင်ပြသမည့် hf International ICT Exhibi-tion ပြပွဲကိုပါ ပူးတွဲကျင်းပမည် ဖြစ်သည်။ယခင်ပြသခဲ့စဉ်က ပြည်တွင်းတွင် လုပ်ကိုင် လျက်ရှိသော အိုင်စီတီကုမ္ပဏီ များသာလာရောက်ပြသရောင်းချခဲ့ခြင်း ဖြစ်သော်လည်း ယခုနှစ်တွင်မူ စင်ကာပူ
၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း အိန္ဒိယမှာ မြေပဲ ဈေးနှုန်းတွေ မြင့်တက်လိမ့်မယ်လို့ အိန္ဒိယ နိုင်ငံ ဂူဂျာရတ်ပြည်နယ်မှ ဂူနာဂတ်လယ် ယာစိုက်ပျိုးရေးတက္ကသိုလ်(JAU) ရဲ့ ဈေး နှုန်းခန့်မှန်း ချက်အစီရင်ခံ စာမှာ ဖော်ပြ ချက်ကို ကိုးကားပြီး ဘိဇနက်စတန်းဒတ် သတင်းမှာ ဖော်ပြပါတယ်။ဈေးနှုန်းမြင့်တက်ရတဲ့ အဓိက အကြောင်းရင်း က အရည်အသွေးမီ သီး နှံတွေ မရနိုင်တာနဲ့ ပြည်တွင်းပြည်ပ ဝယ် လိုအားတွေ တစ်ပြိုင်တည်း မြင့်တက် လာတဲ့အတွက် ဖြစ်ပါတယ်။သီးနှံတွေ ဈေးကောင်းရဖို့အတွက် ၂၀၁၆ ခုနှစ် ဇန်နဝါရီလအထိ မြေပဲ တွေကို ထိန်းထားဖို့လိုကြောင်း JAU တက္ကသိုလ် က လယ်သမားတွေကို အကြံ ပြုထားပါ တယ်။
မုံရွာကုန်စည်ဒိုင် အောက်တိုဘာလဒုတိယပတ်မှာ ကုလားပဲမျိုးစုံအနေနဲ့ ရောင်းသူဈေးကွက်ဆက်လက်ဖြစ်ပေါ်နေလို့ တက်ဈေးအသီးသီးဖြစ်ခဲ့ရာ ကုလားပဲ(ထိုင်ဝမ်)တစ်တင်း ၃၈၀ဝ၀ ကျပ်၊ ကုလားပဲ (V2)တစ်တင်း ၄၀ဝဝဝ ကျပ်နဲ့ ကုလားပဲ (၉၂၉ ) တစ်တင်း ၃၉၄၀ဝ ကျပ် အသီးသီးဈေးမြောက်လာခဲ့တာ တွေ့ ရပါတယ်။ ဒီဈေးမှာ ပြီးခဲ့တဲ့လကထက် တစ်တင်း ၄၀ဝဝကျပ်မှ ၅၀ဝ၀ ကျပ်အထိ တက်ဈေးဖြစ်ခဲ့တာလို့ သိရပါတယ်။
ဩစတြေးလျ စီးပွားရေး ပညာရှင်များ၏ ဆောင်ရွက်ချက်ကို လေ့လာ ကြည့်ခြင်းဖြင့် ကိုရီးယားစီးပွားရေး ဖွံ့ဖြိုးမှုနှုန်း နှေးကွေးလေးလံနေခြင်းကို ကုစားရန်နည်းလမ်းများ ရှာဖွေသင့်ကြောင်း စီးပွားရေးပညာရှင်များအဖွဲ့ တစ်ဖွဲ့က အခိုင်အမာပြောကြားခဲ့ကြသည်။ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း တိုးတက်လာစေရန် အစိုးရ၏စီးပွားရေးဖွံ့ဖြိုးမှု လှုံ့ဆော်တွန်းအားပေး အစီအစဉ်ကိုသာ မှီခိုမနေဘဲ ကော်ပိုရေးရှင်းတစ်ခုချင်းစီ၏ တီထွင်ဆန်းသစ်မှု လုပ်ငန်း များကို အာရုံစိုက်သင့်ကြောင်း ယင်း စီးပွားရေးပညာရှင်အုပ်စုက ဆက်လက် ပြောကြားခဲ့သည်။
ကိုရီးယားသမ္မတနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ Lee Ju-yeol က စီးပွားရေး အခြေအနေမကောင်းသည့်အခိုက် ဝမ်ငွေကျုံ့မှုအန္တရာယ်ကိုပါ ရင်ဆိုင်နေရသဖြင့် ကိုရီးယားငွေစက္ကူတန်ဖိုး ပြန်လည်သတ်မှတ်ရန် (redenomination) လိုအပ်လျက်ရှိသည်ကို သတိပြုမိကြောင်း အမျိုးသား လွှတ်တော်က ဗဟိုဘဏ်အား စာရင်းစစ်ဆေးနေသည့် ကာလအတွင်း ပြောကြားခဲ့သည်။ ဗဟိုဘဏ်ဥက္ကဋ္ဌ၏ ယင်းသတ်မှတ်ချက်သည် ငွေစက္ကူ တန်ဖိုးပြန်လည် သတ်မှတ် ရန် ပထမဆုံးသော မှတ်ချက်တစ်ခု ဖြစ်ခဲ့သည်။
စွမ်းအင်ရောင်းလိုအားနှင့် ဝယ်လိုအား အာမခံချက် တိုးတက်လာစေရန်၊ စွမ်းအင်ကွင်းဆက် (Energy Chain)တစ်ရပ်လုံး၏ စွမ်းဆောင်ရည် အမြင့်ဆုံးသို့ ရောက်ရှိစေရန်၊ စွမ်းအင်ဖူလုံရေးကို မြှင့်တင်ဆောင်ရွက်ရန်နှင့် ပ တ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ အနည်းဆုံးဖြစ်စေရန် အဓိကရည်ရွယ်သော စွမ်းအင်ဆိုင်ရာ နိုင်ငံစုံသဘောတူညီချက်တစ်ခုဖြစ်သည့် International Energy Charter အား ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင် ငံတို့က ၂၀၁၅ ခုနှစ် အတွင်း လက်မှတ်ရေးထိုးသွားရန်ရှိကြောင်း လက်မှတ်ရေးထိုးပြီးပါက အဆိုပါ နိုင်ငံများသည် International Energy Charter ၏ လေ့လာသူ (Observers) အဆင့်နိုင်ငံများ ဖြစ်လာမည်ဖြစ
ကိုရီးယားသမ္မတနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ Lee Ju-yeol က စီးပွားရေး အခြေအနေမကောင်းသည့်အခိုက် ဝမ်ငွေကျုံ့မှုအန္တရာယ်ကိုပါ ရင်ဆိုင်နေရသဖြင့် ကိုရီးယားငွေစက္ကူတန်ဖိုး ပြန်လည်သတ်မှတ်ရန် (redenomination) လိုအပ်လျက်ရှိသည်ကို သတိပြုမိကြောင်း အမျိုးသား လွှတ်တော်က ဗဟိုဘဏ်အား စာရင်းစစ်ဆေးနေသည့် ကာလအတွင်း ပြောကြားခဲ့သည်။ ဗဟိုဘဏ်ဥက္ကဋ္ဌ၏ ယင်းသတ်မှတ်ချက်သည် ငွေစက္ကူ တန်ဖိုးပြန်လည် သတ်မှတ်ရန် ပထမဆုံးသော မှတ်ချက်တစ်ခု ဖြစ်ခဲ့သည်။