Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မေ ၂၁ ရက်မှ ၂၇ ရက်အထိ ကာလအတွင်းကန်ဒေါ်လာ ၁၆ ဒသမ ၇၆၃ သန်းတန်ဖိုးရှိ သကြားဖြူ ၂၉၈၇၃ တန်ကျော်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၇၂ သန်းတန်ဖိုးရှိသကြားဖြူ တန်၁၃၀ တင်ပို့နိုင်ခဲ့ပါတယ်။မေ ၁ ရက်မှ ၂၀ ရက်အတွင်းမှာတော့ မူဆယ်ကုန်သွယ်ရေးဇုန်မှ သကြားဖြူ ၁၃၂၆၄၄ တန် ကျော် တင်ပို့ခဲ့ပြီး လွယ်ဂျယ်စခန်းမှ ယခုသီတင်း ပတ်မှစတင် တင်ပို့နိုင်တာတွေ့ရပါတယ်။တရုတ်ဝယ်လက်ရှိချိန်ဆိုရင် မန္တလေးဈေးကွက်မှာ တစ်ရက်လျှင်သကြားပိဿာဝင် အိတ်ရေ ၄၀၀၀ ကျော်ခန့် တင်ပို့နိုင်ပြီး ပြည်တွင်းအတွက်စားသုံးရန် လုံလောက် တာကြောင့် ယခုလို ပြည် ပသို့ တင်ပို့နို
ယခုတစ်ပတ် ပြည်ဈေးကွက်တွင် မျိုးနှမ်းများအဝယ်ရှိ သဖြင့် နှမ်းဈေးပြန်တက်လာတာတွေ့ရပါတယ်။ အဝင်မရှိဘဲ လှောင်နှမ်းများကို မျိုးသမားများက အဝယ်ရှိနေသဖြင့်ဈေးမှာ ယခင်တစ်ပတ် ထက် မြင့်တက်လာတာေ တွ့ရပါတယ်။
ပခုက္ကူကုန်စည်ဒိုင်တွင် မေလအတွင်း ဆောင်းစိုက် (ပင်စိုက်)ကြက်သွန်နီများ အရောင်းအဝယ် တော်တော်လေး သွက်ခဲ့ပါတယ်။ ပခုက္ကူခရိုင်အတွင်းရှိ ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်ရာဒေသတွေဖြစ်တဲ့ ပေါက်၊ ဆိပ်ဖြူမြို့ နယ်တို့တွင် ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများ မတ်လဆန်းမှ စတင် ၍ ဈေးကွက်အတွင်းဝင်ရောက်လာရာ လက်ကားဈေးနှုန်း တစ်ပိဿာလျှင် ထိပ်စ ကျပ် ၅၀၀၊ လတ်စ ကျပ် ၄၅၀၊ အနိမ့် ကျပ် ၃၇၀ဈေးနှုန်းများဖြင့် တစ်နေ့ လျှင် ပိဿာချိန် ၁၀၀၀၀ မှ ၁၅၀၀၀ ကြား ဝင်ရောက်ခဲ့ပါတယ်။
တစ်ချိန်က အိန္ဒိယဈေးကွက်အတွက် အရေးပါခဲ့တဲ့ ပြည်ပ ပို့ကုန်ကုလားပဲမျိုးစုံဟာ မျိုး၊ အရည်အသွေးနဲ့ပေါက်ဈေး အခြေအနေအရ ပြည်ပအဝယ်ရပ်သွားပြီးတဲ့နောက် ပြည်တွင်းဝယ်လိုအားကြောင့် ဒီနှစ်မှာ ဈေးမြောက် ခဲ့တာ တွေ့ရပါ တယ်။ အဓိကလိုအပ်တဲ့ ဒေသတွင်းလုပ်ငန်းတွေဖြစ်ကြတဲ့ ကြာဆံလုပ်ငန်း၊ ပဲခွဲစက်၊ အမှုန့်ကြိတ်လုပ်ငန်း၊ ပဲလှော်နဲ့ ပဲကြော်လုပ်ငန်းတွေမှာ ကုန်ကြမ်းအဖြစ် နေ့စဉ်လိုအပ်ချက်ရှိတဲ့ အတွက် ဒေသတွင်းဈေးကွ က်မှာ ကုလားပဲက ဆက်လက် ခိုင်မာနေတာ တွေ့ရပါတယ်။
မုံရွာကုန်စည်ဒိုင် ဇွန်လဆန်း ပဲဈေးကွက်မှာ ပြီးခဲ့တဲ့မေလကုန်ပတ် ကထက် ပဲအများစုမှာ ပုံမှန်အောက်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဈေးအသီး သီးကျဆင်းသွားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်တွေက ဒိုင်ကိုအဝင် သွက် ခဲ့ တဲ့ နွေပဲတီလည်း ယခုတစ်ပတ်မှာ ဒေသတွင်း မိုးရွာသွန်းမှု ရှိခဲ့လို့ ပဲကောက် ပဲဆွတ် မလုပ်နိုင်တဲ့ အတွက် ပဲအဝင်လျော့ခဲ့တယ်လို့ ပွဲရုံ ရပ်ကွက်ကဆိုပါတယ်။ ဝယ်လက်အနေ နဲ့ တရုတ်ပြည်အတွက် ဝယ်၊ သယ်၊ ပို့တိုက်ရိုက်သာဖြစ်ခဲ့ပြီး၊ မနှစ်ကလို အမြင့်ဈေးမျိုးမှန်းပြီး၊ လှောင်လက် အဝယ်မျိုးမရှိခဲ့လို့ ယခုတစ်ပတ်မှာ စိမ်းကြီးတစ်တင်းကျပ် ၃၀၀၀၀ အထိ အနိမ့်ဆုံးဈေးဖြစ်ပေါ်ခဲ့တာတွေ့ရပါ တယ်။ စိမ်းသေးကတော့ ဒိုင်
ယခုတစ်ပတ်အတွင်း အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းများ ပြည်ဈေးကွက်သို့ ပိဿာ ၃၀ ဝင်အိတ် ၈၀ ခန့်အဝင်ရှိပြီး၊ ယခင်တစ် ပတ်ကထက်အဝင်နည်းလာပါတယ်။ အဝင်နည်းပေမယ့်ဈေးနှုန်းမှာတည်ငြိမ်ပြီး ယခင်တစ် ပတ်အတိုင်းမပြောင်းလဲဘဲအရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါတယ်။ဈေးနှုန်းမှာ ချင်းတစ်ပိဿာ(ရှယ်) ၁၂၀၀ ကျပ်၊ ၁၃၀၀ ကျပ်(ဂျွန်) ၈၀၀ ကျပ်၊ ၉၀၀ ကျပ်နှင့်ဈေးကွက်အတွင်းတစ်နေ့ကို ပိဿာချိန် ၁၅၀ ခန့်အရောင်းအဝယ်ဖြစ်ပြီး ဧရာဝတီ တိုင်းဒေသ ကြီးနှင့် ရခိုင်ပြည်နယ်ဘက်သို့ ဈေးကွက်မှတစ်ဆင့် စားသုံးမှုအဖြစ် ယခုတစ်ပတ် အတွင်း ပိဿာချိန် ၁၅၀ ခန့်တင်ပို့မှုရှိတယ်လို့ ချင်းပွဲရုံများမှသိရပါတယ်။
ဧပြီ ၂၄ ရက်မှ ၃၀ ရက်သီတင်း ပတ်အတွင်း မန်ကျည်း ၇၄၃ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံသို့ ၁၇၅ တန်၊ ပါကစ္စတန်သို့ ၄၂၃တန်၊ စင်ကာပူသို့ ၉၅ တန်နဲ့ ဗီယက် နမ်သို့တန်ချိန် ၅၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က မန်ကျည်း တန်ချိန်၁၂၀ သာ တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့နှိုင်း ယှဉ်ရင် တန်ချိန် ၆၂၀ ကျော်တင်ပို့မှု ပိုခဲ့တယ်လို့ သိရပါတယ်။ မန်ကျည်း တင်ပို့မှုမှ ကန်ဒေါ်လာ ၂၂၅၉၂၀ ဝင် ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ဧပြီလအတွင်း မန်ကျည်းစုစု ပေါင်း ၁၄၉၃ တန် တင်ပို့နိုင်ခဲ့ပြီး တင်ပို့ခဲ့တဲ့ နိုင်ငံများမှာစင်ကာပူ၊ ပါကစ္
မေလဆန်းပြည်ပဲဈေးကွက်မှာ ပြည်ပဝယ်လက်ပဲများ ဈေးပြန်လျော့ သွားပေမယ့် လက်လီပဲအချို့ကတော့ ဈေးမြင့်တက်လာခဲ့တာကိုတွေ့ရပါ တယ်။ ဧပြီလကုန်ရက်က ပဲဈေးကွက်မှာလက်လီဝယ်လက်ဝယ်ယူမှုလောက် သာ ရှိတော့တဲ့ပဲလွန်းဖြူသီးနှံဟာ တစ်တင်း ၂၀၀၀၀ ကျပ်ဖြင့်သာဈေးငြိမ်ခဲ့ ရာမှ ယခုမေလဆန်းမှာ တစ်တင်း ၂၄၀၀၀ ကျပ်ဖြင့်ဈေးမြင့်တက်လာခဲ့ပါတယ်။သို့သော်လည်း ပဲအဝင်မရှိတော့ဘဲလက်ကျန်ပဲသာရှိခဲ့လို့ လက်လီသမား အနည်းငယ်အဝယ် ရှိခဲ့ပါတယ်။ ပဲပေါ် ချိန်၊ ပဲအထွက်လှိုင်ချိန်များတွင်သာ လက်လီသမားအပြင်၊ ရန်ကုန်ဝယ်လက် ဝယ်ယူမှုရှိခဲ့ကြောင်း သိရပါတယ်။
ခင်ဆွေဝင်း-ပြည်
မေလဆန်း ပြည်ဈေးကွက်မှာ ပဲအချို့ဈေးလျော့နည်းခဲ့သော်လည်း လက်လီပဲအချို့ဈေးမြင့်တက်ခဲ့ရာ စားတော်ပဲသီးနှံဈေးကလည်း သြင်္ကန်ပြီး ကာလမှစ၍ ဈေးတရိပ်ရိပ် တက်ခဲ့တာကြောင့် မေပထမပတ်မှာ တစ်တင်း ၄၀၀၀၀ ကျပ်အထိရရှိခဲ့တာကိုတွေ့ရပါတယ်။ ဧပြီလကုန်မှာတစ်တင်း ၃၇၀၀၀ ကျပ်ရရှိပြီးလက်လီပဲဈေးကွက်မှာ ဈေးအမြင့်ဆုံးရနေသလိုယခုတစ် ပတ်မှာ တစ်တင်းကျပ် ၃၀၀၀ ခန့်ပိုရလာလို့ပြည်ပပဲဈေးကွက်တင်ပို့မှုရှိတဲ့ ပဲဈေးများ ကဲ့သို့ ဈေးကောင်းရလာပြီးတစ်ရက်အိတ် ၃၀ ကျော် ၄၀ အထိလက်လီအဝယ်ရှိနေခဲ့ပါတယ်။စားတော်ပဲသီးနှံရဲ့နေ့စဉ်ဈေးနှုန်းများအရ အခြားပဲများနှင့် နှိုင်းယှဉ်ကြည့် လျှင် ပြည်တွင်းဝယ်လက်ပဲထဲ မှာ နှစ်စဉ်ဈေး ကောင်း
ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၈၅၆၅၄၃ တန်ဖိုးရှိ မြေသြဇာ ၂၅၄၁ ဒသမ ၃၁၉ တန်ကို လည်းကောင်း၊ ဧပြီ ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၁၅၈၆၅ တန်ဖိုးရှိ မြေသြဇာ ၅၈၇ တန်ကို လည်းကောင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဧပြီ ပထမသီတင်းပတ်အတွင်း တရုတ်နိုင်ငံမှ ၁၈၃၈ ဒသမ ၅ တန်၊ အိန္ဒိယ မှ ၁၀ တန်နဲ့ စင်ကာပူမှ ၆၉၂ ဒသမ ၈၁၉ တန် တင်သွင်းခဲ့ပြီး နောက်တစ်ပတ်မှာ စင်ကာပူနိုင်ငံမှ ၅၆၇ တန်နဲ့ ဂျပန်နိုင်ငံမှ တန်၂၀ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။